La Liga

ဒိုင်လူကြီးကြောင့် အနိုင် ၃ မှတ်အပြည့်မရခဲ့လို့ ပေါက်ကွဲခဲ့တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက တနင်္ဂနွေနေ့ညမှာ ဂရာနာဒါနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်ပြီးမှာ ၎င်းရဲ့အသင်းက အနိုင် ၃ မှတ်အားလုံးကို ရရှိဖို့ ထိုက်တန်ခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။

ဧည့်သည်တွေဟာ ဘရိုင်ယန် ဇာရာဂိုဇာရဲ့ သွင်းဂိုး ၂ ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် နောက်ကနေ ဂိုးတွေ လိုက်သွင်းပြီး သရေ ၁ မှတ် ရရှိခဲ့တာဖြစ်ပြီး လမိုင်း ယာမယ်နဲ့ ဆာဂျီ ရောဘတ်တိုတို့ရဲ့ ဂိုးတွေကြောင့် ဘာဆာရဲ့ ယခုရာသီ ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ တစ်ပွဲလုံးကို လွှမ်းမိုးထားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ အခွင့်အရေးတွေရခဲ့ပြီး ဒီထက်ပိုတဲ့ရမှတ်တွေနဲ့ ထိုက်တန်ခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ အမှားတွေလည်း ပါပါတယ်။ ကျွန်တော်တို့ ဒီလိုပုံစံမျိုးနဲ့ ကွင်းထဲမှာ ကစားလို့မရပါဘူး။ ကျွန်တော်တို့ သူတို့ အန္တရာယ်ပေးနိုင်တဲ့အကြောင်း ပြောခဲ့ကြတယ်။ ကျွန်တော်တို့ တိုက်ပွဲပြန်ဝင်ခဲ့တယ်။ အဲဒီကနေစပြီး အသင်းက စိတ်ရှည်သည်းခံခဲ့တယ်။ ကျွန်တော်တို့ လွှမ်းမိုးနိုင်ခဲ့ပြီး အဆုံးမှာ ကျွန်တော်တို့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် ရမှတ် ၁ မှတ်ပဲ ရယူနိုင်ခဲ့တာက မလုံလောက်ပါဘူး။”

ဇာဗီက ဘာစီလိုနာရဲ့ နောက်ကျ အနိုင်ဂိုးကို ပယ်ဖျက်ခြင်းခံခဲ့ရတာကိုလည်း မကျေမနပ်ဖြစ်ခဲ့ပြီး ဂျာအို ဖဲလစ်ရဲ့ ခေါင်းတိုက်သွင်းဂိုးကို ဒိုင်လူကြီးက ဖာရန် တောရက်စ် လူကျွံခဲ့တယ်ဆိုပြီး ခွင့်မပြုခဲ့တာဖြစ်ပါတယ်။

“ဂျာအို ဖဲလစ်ရဲ့ ဂိုးကို ဒိုင်လူကြီးက ငြင်းပယ်နိုင်သလို သူ ပေးလို့လည်း ရပါတယ်။ တောရက်စ်က ကြားဝင်ခဲ့ခြင်းမရှိဘူးလို့ ကျွန်တော် ထင်တယ်။ ဖာရန် ခုန်ခုန်၊ မခုန်ခုန် ဘောလုံးက တစ်နေရာတည်းကိုပဲ သွားမှာပါ။ သူက ဘယ်သူ့ကို ဝင်ရောက်စွက်ဖက်ရမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာနည္းျပ ဇာဗီက တနဂၤေႏြေန႔ညမွာ ဂရာနာဒါနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲစဥ္ၿပီးမွာ ၎ရဲ႕အသင္းက အႏိုင္ ၃ မွတ္အားလုံးကို ရရွိဖို႔ ထိုက္တန္ခဲ့တယ္လို႔ ခံစားခဲ့ရပါတယ္။

ဧည့္သည္ေတြဟာ ဘ႐ိုင္ယန္ ဇာရာဂိုဇာရဲ႕ သြင္းဂိုး ၂ ဂိုးကို ခြင့္ျပဳခဲ့ရၿပီးေနာက္ ေနာက္ကေန ဂိုးေတြ လိုက္သြင္းၿပီး သေရ ၁ မွတ္ ရရွိခဲ့တာျဖစ္ၿပီး လမိုင္း ယာမယ္နဲ႔ ဆာဂ်ီ ေရာဘတ္တိုတို႔ရဲ႕ ဂိုးေတြေၾကာင့္ ဘာဆာရဲ႕ ယခုရာသီ ရႈံးပြဲမရွိ စံခ်ိန္ကို ဆက္လက္ ထိန္းသိမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ တစ္ပြဲလုံးကို လႊမ္းမိုးထားႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔မွာ အခြင့္အေရးေတြရခဲ့ၿပီး ဒီထက္ပိုတဲ့ရမွတ္ေတြနဲ႔ ထိုက္တန္ခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ အမွားေတြလည္း ပါပါတယ္။ ကြၽန္ေတာ္တို႔ ဒီလိုပုံစံမ်ိဳးနဲ႔ ကြင္းထဲမွာ ကစားလို႔မရပါဘူး။ ကြၽန္ေတာ္တို႔ သူတို႔ အႏၲရာယ္ေပးႏိုင္တဲ့အေၾကာင္း ေျပာခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ တိုက္ပြဲျပန္ဝင္ခဲ့တယ္။ အဲဒီကေနစၿပီး အသင္းက စိတ္ရွည္သည္းခံခဲ့တယ္။ ကြၽန္ေတာ္တို႔ လႊမ္းမိုးႏိုင္ခဲ့ၿပီး အဆုံးမွာ ကြၽန္ေတာ္တို႔ ႏိုင္ပြဲနဲ႔ ထိုက္တန္ခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အတြက္ ရမွတ္ ၁ မွတ္ပဲ ရယူႏိုင္ခဲ့တာက မလုံေလာက္ပါဘူး။”

ဇာဗီက ဘာစီလိုနာရဲ႕ ေနာက္က် အႏိုင္ဂိုးကို ပယ္ဖ်က္ျခင္းခံခဲ့ရတာကိုလည္း မေက်မနပ္ျဖစ္ခဲ့ၿပီး ဂ်ာအို ဖဲလစ္ရဲ႕ ေခါင္းတိုက္သြင္းဂိုးကို ဒိုင္လူႀကီးက ဖာရန္ ေတာရက္စ္ လူကြၽံခဲ့တယ္ဆိုၿပီး ခြင့္မျပဳခဲ့တာျဖစ္ပါတယ္။

“ဂ်ာအို ဖဲလစ္ရဲ႕ ဂိုးကို ဒိုင္လူႀကီးက ျငင္းပယ္ႏိုင္သလို သူ ေပးလို႔လည္း ရပါတယ္။ ေတာရက္စ္က ၾကားဝင္ခဲ့ျခင္းမရွိဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ ဖာရန္ ခုန္ခုန္၊ မခုန္ခုန္ ေဘာလုံးက တစ္ေနရာတည္းကိုပဲ သြားမွာပါ။ သူက ဘယ္သူ႔ကို ဝင္ေရာက္စြက္ဖက္ရမွာလဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.