La Liga

အံ့အားသင့်ဖွယ်သွင်းဂိုး ၂ ဂိုးနဲ့ ဘာနေဗျူး တစ်ကွင်းလုံး ပွင့်လျှံသွားစေခဲ့တဲ့ ဘယ်လင်ဟမ်

ဂျုဒ် ဘယ်လင်ဟမ်ဟာ အိုဆာဆူနာကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးသွင်းယူခဲ့ပြီး နောက်ထပ်တစ်ကြိမ် ဘာနေဗျူးက ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ချီးမြှောက်ခြင်းကို ခံခဲ့ရပါတယ်။

အင်္ဂလန်ကွင်းလယ်လူဟာ ယခုနွေရာသီမှာ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက လာလီဂါမှာ ခြေစွမ်း ပြသနေသူဖြစ်ပြီး ဂျာမနီမှာတုန်းက ဂိုးသွင်းစွမ်းရည်ကို ပုံမှန်သာ ပြသနေခဲ့တာကြောင့် မက်ဒရစ်မှာတော့ ဒီလောက်ကြီး အားကောင်းတဲ့စတင်မှု ပြုလုပ်နိုင်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြတာ အမှန်ပဲဖြစ်ပါတယ်။

အမှန်တကယ်လည်း အသက် ၂၀ အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံး သွင်းယူခဲ့တဲ့ လိဂ်သွင်းဂိုးကို လိုက်မီခဲ့ပြီးဖြစ်ပြီး ၈ ပွဲ ကစားခဲ့ရာမှာ ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်ရဲ့ ဒုတိယသွင်းဂိုးဟာ အင်္ဂလန်ကွင်းလယ်လူရဲ့ ကောင်းခြင်းအဖြာဖြာကို ထင်ဟပ်စေခဲ့တာဖြစ်နိုင်ပြီး ကိုက် ၃၀ အကွာကနေ ဘောလုံးကို ရယူပြီးနောက် ဗယ်လ်ဗာဒီနဲ့ ဝမ်းတူးရိုက် နောက်ခံကစားသမားတွေကြားက ဖြတ်ကျော်ပြီး ဂိုးသမားပေါင်ကြားထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ ၇၂ မိနစ်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရတာကြောင့် ဟက်ထရစ်မရခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က ဗင်နီးရှပ်စ် ဂျူနီယာ၊ ဂျိုဆေးလူတို့ရဲ့ သွင်းဂိုးတွေကြောင့် ၄-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပြီးနောက် ဘာနေဗျူးကွင်းထဲက ပရိသတ်တွေဟာ ဘယ်လင်ဟမ်ကို ဂုဏ်ပြုတဲ့ သီချင်းဖြစ်တဲ့ ‘Hey Jude’ကို ဟစ်ကြွေးခဲ့ပြီး ချီးကျူး ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ ဗင်နီးရှပ်စ်က ရီးရဲလ်မက်ဒရစ်အတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူဖို့ ပြေးလွှားသွားချိန်ကတည်းက အောင်ပွဲခံနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဒီနိုင်ပွဲကြောင့် အန်ဆယ်လော့တီရဲ့အသင်းဟာ ရာသီအစောပိုင်းမှာ အံ့အားသင့်ဖွယ်တွေ လုပ်ပြခဲ့တဲ့ ဂျီနိုအာရဲ့အထက် လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂီရိုနာဟာ ပြီးခဲ့တဲ့အပတ်က ရီးရဲလ်မက်ဒရစ်ကို ၃-၀ နဲ့ မရှုံးနိမ့်ခင်အထိ လာလီဂါ ၇ ပွဲမှာ ၆ ပွဲအထိ အနိုင်ရရှိခဲ့တာဖြစ်ပေမယ့်လည်း စနေနေ့အစောပိုင်းမှာ ကဒစ်ဇ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂျုဒ် ဘယ်လင်ဟမ်ဟာ အိုဆာဆူနာကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးသွင်းယူခဲ့ပြီး နောက်ထပ်တစ်ကြိမ် ဘာနေဗျူးက ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ချီးမြှောက်ခြင်းကို ခံခဲ့ရပါတယ်။






REF: INTERNET SOURCES
SPORTS A2Z.