MLS Messi

မက်ဆီ ကယ်မှ ဖြစ်မယ့်အချိန်ရောက်နေချိန်မှာ ဒဏ်ရာအခြေအနေကို သဲလွန်စပေးခဲ့တဲ့ မိုင်ယာမီ

လီယွန်နယ် မက်ဆီဟာ Play-off ကစားခွင့် မျှော်လင့်ချက်က တဖြည်းဖြည်း မှေးမှိန်လာနေပြီဖြစ်တဲ့ အင်တာ မိုင်ယာမီအတွက် အချိန်မီ ပြန်လည်ပါဝင်ကစားပေးဖို့ ပြင်ဆင်နေပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ နိုင်ငံတကာပွဲစဉ်ကနေ ဒဏ်ရာနဲ့ ပြန်လာခဲ့တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ အင်တာမိုင်ယာမီရဲ့ နောက်ဆုံး ၅ ပွဲမှာ ၃၇ မိနစ်သာ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပြီး အင်တာ မိုင်ယာမီက စင်စင်နာတီနဲ့ ကစားရမယ့် မေဂျာလိဂ်ပွဲစဉ်မတိုင်ခင် မက်ဆီ လေ့ကျင့်ရေး ပြန်ဆင်းနေတဲ့သတင်းကြောင့် ပရိသတ်တွေ ပျော်ရွှင်ခဲ့ကြတာဖြစ်ပါတယ်။

အာဂျင်တီးနားဝါရင့်တိုက်စစ်မှူးဟာ အင်တာ မိုင်ယာမီရဲ့ လေ့ကျင့်ရေးစခန်းမှာ သောကြာနေ့က အသင်းဖော်တွေနဲ့အတူ မြက်ခင်းစိမ်းပေါ်မှာ လေ့ကျင့်နေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး လူမှုကွန်ရက်ပေါ်က အင်တာမိုင်ယာမီ အင်စတာဂရမ်အက်ဒမင်က ဘလွန်ဒေါ ၇ ဆုရှင်ရဲ့ ဓာတ်ပုံနဲ့အတူ မနက်ဖြန်ကျရင် တွေ့ကြမယ်ဆိုတဲ့ စာသားကို ရေးတင်ခဲ့တာကြောင့် ပရိသတ်တွေက ပိုလို့တောင် ပျော်ရွှင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီသဲလွန်စဟာ သေချာလားဆိုတာကို နည်းပြ ဂျရာဒို တာတာ မာရီနိုအနေနဲ့ DRV PNK ကွင်းမှာ ကစားရမယ့် လာမယ့်ပွဲစဉ်မှာ အာဂျင်တီးနားကြယ်ပွင့်ကို ပွဲထွက်ကစားစေမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပေမယ့်လည်း မက်ဆီအနေနဲ့ အင်တာ မိုင်ယာမီရဲ့ မေဂျာလိဂ်ရာသီကို ကယ်တင်ပေးဖို့အတွက် ဒဏ်ရာမရခင်တုန်းက ခြေစွမ်းမျိုး ချက်ချင်းပြသဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ယခုရာသီမှာ အင်တာ မိုင်ယာမီက ဖလားဗိုလ်လုပွဲ ၂ ပွဲအထိ ရောက်ရှိခဲ့ပေမယ့်လည်း အရှေ့ပိုင်းကွန်းဖရင့်ဇုန်မှာ ရုန်းကန်နေရပြီး အမှတ်ပေးဇယား အောက်ခြေကနေ ရေတွက်ရင် ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

နောက်ဆုံး ပလေးအော့ဖ်နေရာမှာ ရပ်တည်နေတဲ့ မွန်ထရီရယ်နဲ့ ၆ မှတ်အထိ ကွာဟနေပြီး အဲဒီကွာဟချက်ကို လိုက်မီအောင် လုပ်ဖို့အတွက် ၃ ပွဲသာ ကစားဖို့ လိုတော့တာဖြစ်တာကြောင့် ၃ ပွဲစလုံးမှာ အနိုင်ကစားနိုင်ဖို့ မက်ဆီကို လိုအပ်မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ Play-off ကစားခြင့္ ေမွ်ာ္လင့္ခ်က္က တျဖည္းျဖည္း ေမွးမွိန္လာေနၿပီျဖစ္တဲ့ အင္တာ မိုင္ယာမီအတြက္ အခ်ိန္မီ ျပန္လည္ပါဝင္ကစားေပးဖို႔ ျပင္ဆင္ေနၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ ႏိုင္ငံတကာပြဲစဥ္ကေန ဒဏ္ရာနဲ႔ ျပန္လာခဲ့တာျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အင္တာမိုင္ယာမီရဲ႕ ေနာက္ဆုံး ၅ ပြဲမွာ ၃၇ မိနစ္သာ ပါဝင္ကစားေပးႏိုင္ခဲ့တာျဖစ္ၿပီး အင္တာ မိုင္ယာမီက စင္စင္နာတီနဲ႔ ကစားရမယ့္ ေမဂ်ာလိဂ္ပြဲစဥ္မတိုင္ခင္ မက္ဆီ ေလ့က်င့္ေရး ျပန္ဆင္းေနတဲ့သတင္းေၾကာင့္ ပရိသတ္ေတြ ေပ်ာ္႐ႊင္ခဲ့ၾကတာျဖစ္ပါတယ္။

အာဂ်င္တီးနားဝါရင့္တိုက္စစ္မႉးဟာ အင္တာ မိုင္ယာမီရဲ႕ ေလ့က်င့္ေရးစခန္းမွာ ေသာၾကာေန႔က အသင္းေဖာ္ေတြနဲ႔အတူ ျမက္ခင္းစိမ္းေပၚမွာ ေလ့က်င့္ေနတဲ့ ဓာတ္ပုံေတြ ထြက္ေပၚလာခဲ့တာျဖစ္ၿပီး လူမႈကြန္ရက္ေပၚက အင္တာမိုင္ယာမီ အင္စတာဂရမ္အက္ဒမင္က ဘလြန္ေဒါ ၇ ဆုရွင္ရဲ႕ ဓာတ္ပုံနဲ႔အတူ မနက္ျဖန္က်ရင္ ေတြ႕ၾကမယ္ဆိုတဲ့ စာသားကို ေရးတင္ခဲ့တာေၾကာင့္ ပရိသတ္ေတြက ပိုလို႔ေတာင္ ေပ်ာ္႐ႊင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီသဲလြန္စဟာ ေသခ်ာလားဆိုတာကို နည္းျပ ဂ်ရာဒို တာတာ မာရီႏိုအေနနဲ႔ DRV PNK ကြင္းမွာ ကစားရမယ့္ လာမယ့္ပြဲစဥ္မွာ အာဂ်င္တီးနားၾကယ္ပြင့္ကို ပြဲထြက္ကစားေစမလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ေပမယ့္လည္း မက္ဆီအေနနဲ႔ အင္တာ မိုင္ယာမီရဲ႕ ေမဂ်ာလိဂ္ရာသီကို ကယ္တင္ေပးဖို႔အတြက္ ဒဏ္ရာမရခင္တုန္းက ေျခစြမ္းမ်ိဳး ခ်က္ခ်င္းျပသဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

ယခုရာသီမွာ အင္တာ မိုင္ယာမီက ဖလားဗိုလ္လုပြဲ ၂ ပြဲအထိ ေရာက္ရွိခဲ့ေပမယ့္လည္း အေရွ႕ပိုင္းကြန္းဖရင့္ဇုန္မွာ ႐ုန္းကန္ေနရၿပီး အမွတ္ေပးဇယား ေအာက္ေျခကေန ေရတြက္ရင္ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ေနာက္ဆုံး ပေလးေအာ့ဖ္ေနရာမွာ ရပ္တည္ေနတဲ့ မြန္ထရီရယ္နဲ႔ ၆ မွတ္အထိ ကြာဟေနၿပီး အဲဒီကြာဟခ်က္ကို လိုက္မီေအာင္ လုပ္ဖို႔အတြက္ ၃ ပြဲသာ ကစားဖို႔ လိုေတာ့တာျဖစ္တာေၾကာင့္ ၃ ပြဲစလုံးမွာ အႏိုင္ကစားႏိုင္ဖို႔ မက္ဆီကို လိုအပ္မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.