La Liga Premier League

လာဘ်ထိုးတဲ့ကိစ္စ ဇာဗီရဲ့မှတ်ချက်ကို တုံ့ပြန်ခဲ့တဲ့ အာဆင်နယ်ပရိသတ်

ဘာစီလိုနာနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ဟာ ၎င်းရဲ့အသင်းက စပိန်တရားသူကြီးရဲ့ လာဘ်ထိုးမှု သံသယရှိမှုနဲ့ စွဲချက်တင်ခံခဲ့ရပြီးနောက် တုံ့ပြန်ခဲ့ပြီး အဲဒီ မှတ်ချက်ကို အာဆင်နယ်ပရိသတ်တွေက တုံ့ပြန်ခဲ့ကြပါတယ်။

ဘာစီလိုနာဟာ ၂၀၀၁ ကနေ ၂၀၁၈ ခုနှစ်ကြားမှာ ဒိုင်လူကြီးကော်မတီဒုဥက္ကဌဟောင်း နီဂရေရာပိုင်ဆိုင်တဲ့ ကုမ္ပဏီကို ပေါင် ၇.၅ သန်းပေးချေခဲ့တာဖြစ်ပြီး ဘာစီလိုနာရော လာပေါ်တာကပါ အဲဒီကိစ္စမှာ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌဟောင်း ဘာတိုမြူ၊ ဆန်ခရို ရိုဆဲလ်တို့အပြင် နီဂရေရာနဲ့ ၎င်းရဲ့သားတို့အားလုံးဟာ စွဲချက်တင်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ဇာဗီက အဲဒီစွဲချက်ကို ကြေညာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တာဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြက အဲဒီစွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး ဘယ်တုန်းကမှ ဘာစီလိုနာကို ဒိုင်လူကြီးတွေက မျက်နှာသာပေးခဲ့တာမျိုး ရှိကို မရှိခဲ့ဖူးဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တစ်ဦးက အဲဒီမှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ၂၀၀၉ ခုနှစ်တုန်းက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တုန်းက အာဆင်နယ်နဲ့ ဘာစီလိုနာတို့ပွဲစဉ်အတွင်းက အဖြစ်အပျက်ကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

ဂန်းနားတိုက်စစ်မှူး ရော်ဘင် ဗန်ပါစီဟာ အာဆင်နယ်က ၂ ကျော့ပေါင်း ၃-၂ နဲ့ ဦးဆောင်နေချိန်မှာ ဘာစီလိုနာ ခံစစ်ကို ချိုးဖောက်ပြီး ဂိုးသွင်းယူဖို့ လုပ်နေချိန်မှာ ဒိုင်လူကြီးက လူကျွံဘောဆိုပြီး ဝီစီမှုတ်ခဲ့ပြီးနောက် ဒတ်ချ်တိုက်စစ်မှူးက ဘောလုံးကို ကန်ထုတ်ခဲ့တာဖြစ်ပါတယ်။

ဗန်ပါစီဟာ ဘောလုံးကို ကန်ထုတ်ခဲ့တဲ့အတွက် ဒုတိယအဝါကတ်ပြား ပြသခြင်းခံခဲ့ရပြီး အာဆင်နယ်က တစ်ယောက်လျော့နဲ့ ဘာစီလိုနာကို ဆက်လက် ယှဉ်ပြိုင်ခဲ့ရတာကြောင့် ၂ ကျော့ပေါင်း ၄-၃ နဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ ဗန်ပါစီက နောက်ပိုင်းမှာ ဒိုင်လူကြီးက ပွဲကို သတ်ပစ်လိုက်တာဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး ဘာစီလိုနာက အဲဒီနှစ်မှာ ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာနည္းျပ ဇာဗီ ဟာနန္ဒက္ဇ္ဟာ ၎ရဲ႕အသင္းက စပိန္တရားသူႀကီးရဲ႕ လာဘ္ထိုးမႈ သံသယရွိမႈနဲ႔ စြဲခ်က္တင္ခံခဲ့ရၿပီးေနာက္ တုံ႔ျပန္ခဲ့ၿပီး အဲဒီ မွတ္ခ်က္ကို အာဆင္နယ္ပရိသတ္ေတြက တုံ႔ျပန္ခဲ့ၾကပါတယ္။

ဘာစီလိုနာဟာ ၂၀၀၁ ကေန ၂၀၁၈ ခုႏွစ္ၾကားမွာ ဒိုင္လူႀကီးေကာ္မတီဒုဥကၠဌေဟာင္း နီဂေရရာပိုင္ဆိုင္တဲ့ ကုမၸဏီကို ေပါင္ ၇.၅ သန္းေပးေခ်ခဲ့တာျဖစ္ၿပီး ဘာစီလိုနာေရာ လာေပၚတာကပါ အဲဒီကိစၥမွာ ဘာအမွားမွ မလုပ္ခဲ့ဘူးလို႔ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဥကၠဌေဟာင္း ဘာတိုျမဴ၊ ဆန္ခ႐ို ႐ိုဆဲလ္တို႔အျပင္ နီဂေရရာနဲ႔ ၎ရဲ႕သားတို႔အားလုံးဟာ စြဲခ်က္တင္ခံခဲ့ရတာျဖစ္ၿပီး လက္ရွိမွာေတာ့ ဇာဗီက အဲဒီစြဲခ်က္ကို ေၾကညာခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ တိတ္ဆိတ္မႈကို ၿဖိဳခြဲလိုက္တာျဖစ္ပါတယ္။

စပိန္လူမ်ိဳးနည္းျပက အဲဒီစြဲခ်က္ေတြကို ျငင္းဆန္ခဲ့ၿပီး ဘယ္တုန္းကမွ ဘာစီလိုနာကို ဒိုင္လူႀကီးေတြက မ်က္ႏွာသာေပးခဲ့တာမ်ိဳး ရွိကို မရွိခဲ့ဖူးဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ပရိသတ္တစ္ဦးက အဲဒီမွတ္ခ်က္ကို တုံ႔ျပန္တဲ့အေနနဲ႔ ၂၀၀၉ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္တုန္းက အာဆင္နယ္နဲ႔ ဘာစီလိုနာတို႔ပြဲစဥ္အတြင္းက အျဖစ္အပ်က္ကို လူမႈကြန္ရက္ေပၚမွာ တင္ခဲ့တာျဖစ္ပါတယ္။

ဂန္းနားတိုက္စစ္မႉး ေရာ္ဘင္ ဗန္ပါစီဟာ အာဆင္နယ္က ၂ ေက်ာ့ေပါင္း ၃-၂ နဲ႔ ဦးေဆာင္ေနခ်ိန္မွာ ဘာစီလိုနာ ခံစစ္ကို ခ်ိဳးေဖာက္ၿပီး ဂိုးသြင္းယူဖို႔ လုပ္ေနခ်ိန္မွာ ဒိုင္လူႀကီးက လူကြၽံေဘာဆိုၿပီး ဝီစီမႈတ္ခဲ့ၿပီးေနာက္ ဒတ္ခ်္တိုက္စစ္မႉးက ေဘာလုံးကို ကန္ထုတ္ခဲ့တာျဖစ္ပါတယ္။

ဗန္ပါစီဟာ ေဘာလုံးကို ကန္ထုတ္ခဲ့တဲ့အတြက္ ဒုတိယအဝါကတ္ျပား ျပသျခင္းခံခဲ့ရၿပီး အာဆင္နယ္က တစ္ေယာက္ေလ်ာ့နဲ႔ ဘာစီလိုနာကို ဆက္လက္ ယွဥ္ၿပိဳင္ခဲ့ရတာေၾကာင့္ ၂ ေက်ာ့ေပါင္း ၄-၃ နဲ႔ ရႈံးနိမ့္သြားခဲ့တာ ျဖစ္ပါတယ္။ ဗန္ပါစီက ေနာက္ပိုင္းမွာ ဒိုင္လူႀကီးက ပြဲကို သတ္ပစ္လိုက္တာျဖစ္တယ္လို႔ စြပ္စြဲခဲ့ၿပီး ဘာစီလိုနာက အဲဒီႏွစ္မွာ ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.