Premier League

မန်ယူနိုက်တက်သူရဲကောင်းအပေါ် တန်ဟက်ရဲ့ဆက်ဆံပုံကို ကြိမ်းမောင်းလိုက်တဲ့ ရှမိုက်ကယ်

ပီတာ ရှမိုက်ကယ်က စကော့ မက်တော်မီနေးဟာ မန်ချက်စတာယူနိုက်တက်မှာ ဘာကြောင့် အဲရစ် တန်ဟက်ရဲ့ လူစာရင်းထဲမှာ တစ်စိတ်တပိုင်းသာ ပါဝင်ခွင့်ရတဲ့ ကစားသမားအဖြစ် လျှော့ချခံခဲ့ရတာလဲဆိုတာကို နားမလည်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

စကော့တလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ဝက်စ်ဟမ်းရဲ့ စိတ်ဝင်စားမှု ခံခဲ့ရပြီး ယခုနွေရာသီမှာ မိခင်ကလပ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ထားခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း မန်ယူနိုက်တက်က သင့်တော်တဲ့ကမ်းလှမ်းမှု ရရှိခြင်းမရှိခဲ့ဘဲ မော်ရင်ညိုလက်ထက် ပထမအသင်းထဲမှာ ပါဝင်ခွင့် ရရှိခဲ့သူစြဖ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီ တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းထဲမှာ နေရာမရခဲ့ပေမယ့်လည်း ဘရန့်တ်ဖို့ဒ်နဲ့ ပဲွမှာ နာကျင်အချိန်ပို သွင်းဂိုး ၂ ဂိုးနဲ့ အံ့အားသင့်ဖွယ် နိုင်ပွဲ ပြန်လည်ရယူပေးခဲ့ပြီး ၎င်းကို ပစ်ပယ်ခဲ့တဲ့ ဒတ်ချ်လူမျိုးနည်းပြကိုလည်း ကယ်တင်ခဲ့တာဖြစ်နိုင်ပါတယ်။

“သူ့မှာ အဲဒါကို လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်။ နည်းပြတွေ ဘာတွေလုပ်နေလဲဆိုတာ ကျွန်တော် နားမလည်ဘူး။ စကော့ မက်တော်မီနေးက တစ်နွေလုံး အရောင်းစာရင်းတင်ခံထားခဲ့ရပြီး အဲဒါကို ကျွန်တော် နားမလည်ဘူး။ သူက ထူးခြားဆန်းကြယ်တဲ့ကစားသမားပါ။ ခင်ဗျားမှာ ဘက်စုံသုံးကစားသမားတွေ လိုတယ်။ ခင်ဗျားမှာ မတူညီတဲ့နေရာတွေမှာ ကစားနိုင်တဲ့ ကစားသမားတွေ လိုအပ်တယ်။ အဲဒီကစားသမားတွေက အရန်ခုံကနေ ဝင်လာပြီး ပွဲကို ပြောင်းလဲပေးနိုင်တဲ့သူမျိုးပေါ့။ သူက အဲဒီကစားသမားတွေထဲက တစ်ဦးဆိုတာ ကျိန်းသေတယ်။ ခင်ဗျား ကစားသမားတွေကို အသင်းထဲ ခေါ်ပြီး ဘာကြောင့် ဒီကစားသမားက အဲဒီမှာရှိနေရတာလဲဆိုတဲ့ မေးခွန်းထိုင်ထုတ်နေတာလား”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီတာ ရွမိုက္ကယ္က စေကာ့ မက္ေတာ္မီေနးဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ဘာေၾကာင့္ အဲရစ္ တန္ဟက္ရဲ႕ လူစာရင္းထဲမွာ တစ္စိတ္တပိုင္းသာ ပါဝင္ခြင့္ရတဲ့ ကစားသမားအျဖစ္ ေလွ်ာ့ခ်ခံခဲ့ရတာလဲဆိုတာကို နားမလည္ႏိုင္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

စေကာ့တလန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ဝက္စ္ဟမ္းရဲ႕ စိတ္ဝင္စားမႈ ခံခဲ့ရၿပီး ယခုေႏြရာသီမွာ မိခင္ကလပ္ကို စြန႔္ခြာဖို႔ ဆုံးျဖတ္ထားခဲ့ပုံေပၚခဲ့ေပမယ့္လည္း မန္ယူႏိုက္တက္က သင့္ေတာ္တဲ့ကမ္းလွမ္းမႈ ရရွိျခင္းမရွိခဲ့ဘဲ ေမာ္ရင္ညိဳလက္ထက္ ပထမအသင္းထဲမွာ ပါဝင္ခြင့္ ရရွိခဲ့သူျစဖ္ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ ယခုရာသီ တန္ဟက္ရဲ႕ ပြဲထြက္လူစာရင္းထဲမွာ ေနရာမရခဲ့ေပမယ့္လည္း ဘရန႔္တ္ဖို႔ဒ္နဲ႔ ပဲြမွာ နာက်င္အခ်ိန္ပို သြင္းဂိုး ၂ ဂိုးနဲ႔ အံ့အားသင့္ဖြယ္ ႏိုင္ပြဲ ျပန္လည္ရယူေပးခဲ့ၿပီး ၎ကို ပစ္ပယ္ခဲ့တဲ့ ဒတ္ခ်္လူမ်ိဳးနည္းျပကိုလည္း ကယ္တင္ခဲ့တာျဖစ္ႏိုင္ပါတယ္။

“သူ႔မွာ အဲဒါကို လုပ္ႏိုင္တဲ့ အရည္အခ်င္းရွိတယ္။ နည္းျပေတြ ဘာေတြလုပ္ေနလဲဆိုတာ ကြၽန္ေတာ္ နားမလည္ဘူး။ စေကာ့ မက္ေတာ္မီေနးက တစ္ေႏြလုံး အေရာင္းစာရင္းတင္ခံထားခဲ့ရၿပီး အဲဒါကို ကြၽန္ေတာ္ နားမလည္ဘူး။ သူက ထူးျခားဆန္းၾကယ္တဲ့ကစားသမားပါ။ ခင္ဗ်ားမွာ ဘက္စုံသုံးကစားသမားေတြ လိုတယ္။ ခင္ဗ်ားမွာ မတူညီတဲ့ေနရာေတြမွာ ကစားႏိုင္တဲ့ ကစားသမားေတြ လိုအပ္တယ္။ အဲဒီကစားသမားေတြက အရန္ခုံကေန ဝင္လာၿပီး ပြဲကို ေျပာင္းလဲေပးႏိုင္တဲ့သူမ်ိဳးေပါ့။ သူက အဲဒီကစားသမားေတြထဲက တစ္ဦးဆိုတာ က်ိန္းေသတယ္။ ခင္ဗ်ား ကစားသမားေတြကို အသင္းထဲ ေခၚၿပီး ဘာေၾကာင့္ ဒီကစားသမားက အဲဒီမွာရွိေနရတာလဲဆိုတဲ့ ေမးခြန္းထိုင္ထုတ္ေနတာလား”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.