Match Report Premier League

ဘန်လေကို သူ့ကွင်းမှာ ပက်ပက်စက်စက် ကမ်းဘက်ခဲ့တဲ့ ညီမလေး ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဆန်ချက်ဇ်၊ ခံစစ်မှာ ဒီဆာဆီ၊ သီယာဂို ဆေးလ်ဗား၊ ကူကူရဲလားနဲ့ ကောလ်ဝီလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂါလာဂါနဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပါးလ်မား၊ စတာလင်နဲ့ ဘရိုယာတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘန်လေတို့ကတော့ ဂိုးသမား ထရက်ဖို့ဒ်၊ ခံစစ်မှာ အယ်လ်ဒါခီးလ်၊ ဒဲလ်ခွာ၊ ဗီတင်ညိုနဲ့ တေလာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကာလန်၊ ဘာဂါနဲ့ ဘရောင်းဟေးလ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ထရီဆာ၊ အိုဒိုဘတ်နဲ့ ဖော်စတာတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာ ဘန်လေတို့ အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ဗီတင်ညို ခင်းပေးတာကို တောင်ပံက အတွင်းကို ချိုးဝင်သွားခဲ့တဲ့ ဖော်စတာက ဧရိယာထဲအထိ ဆွဲဝင်ပြီးမှ ခင်းပေးတာကို ဘယ်ခြမ်းမှာ ရှိနေတဲ့ အိုဒိုဘတ်က အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ချဲလ်ဆီးဂိုးသမား ဆန်ချက်ဇ် ညံ့ဖျင်းခဲ့လို့ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ တစ်ကိုယ်တော် ထိုးဖောက်လာခဲ့တဲ့ စတာလင်က ဘန်လေနောက်ခံလူနှစ်ယောက်ကို ကျော်ဖြတ်ပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ အဆင်သင့်မဖြစ်တဲ့ အယ်လ်ဒါခီးလ်ကို မှန်ပြီး ဂိုးထဲ ဝင်သွားခဲ့လို့ ပထမပိုင်းမှာတော့ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဘန်လေတို့ဘက်က အုန်းဂိုးရှင် အယ်လ်ဒါခီးလ်အစား ဒါရာ အိုရှေးကို လဲကစားခဲ့သလို ချဲလ်ဆီးတို့ဘက်ကတော့ ဘရိုယာအစား ဂျက်ဆန်ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်လာခဲ့သလို ဖူလ်ဟမ်နဲ့ပွဲက ပုံစံကောင်းကို ရှေ့ဆက်နိုင်ဖို့ နည်းပြ ပိုချက်တီနိုက ပြင်ဆင်လာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာတော့ ချဲလ်ဆီးတို့ ဒုတိယဂိုးနဲ့ နောက်ကနေ Come Back နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ တစ်ကိုယ်တော် အစွမ်းနဲ့ အတင်းတိုးဝင်လာခဲ့တဲ့ စတာလင်ကို ဗီတင်ညိုက ခြေချိတ်လှဲမိလို့ ရတဲ့ ပင်နယ်တီကို ပါးလ်မားက ညာဘက်တိုင်ခြေကို အနိမ့်ဘောကန်သွင်းပြီး သူ့ရဲ့ မန်စီးတီးလူငယ်အသင်းဖော်ဟောင်း ဂိုးသမား ထရက်ဖို့ဒ်ကို အနိုင်ယူသွားခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ အသင်းအတွက် ရှေ့က နှစ်ဂိုးစလုံးကို ပါဝင်စွမ်းဆောင်ထားခဲ့တဲ့ စတာလင်က တတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ကွင်းလယ်ကနေ ပလာတာရိုက်နေတဲ့ ဘန်လေတို့ဆီက ဖြတ်လုနိုင်ခဲ့တဲ့ ကိုင်စီဒိုရဲ့ အားထုတ်မှုကနေ ဂါလာဂါက ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ ဘယ်တောင်ပံကနေ စတာလင်က ပြေးဝင်ပြီး ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ချဲလ်ဆီးတို့ အနိုင်ပြတ်သားစေမယ့် စတုတ္ထဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေပဲ ကလေးကစားစရာ လုပ်နေတဲ့ စတာလင်ရဲ့ ဆွဲပြေးပြီး ဖြတ်တင်ပေးမှုကို ညာခြမ်းကနေ ဘောလုံးပြန်ရခဲ့တဲ့ ပါးလ်မားက တစ်ချက်ထိန်းပြီး ဂိုးရှေ့ကို ပြန်ချပေးတာကို ဂျက်ဆန်က အနီးကပ် ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့က ဘန်လေတို့ကို လေးဂိုး-တစ်ဂိုးနဲ့ Come Back နိုင်ပွဲ ဆင်နွှဲနိုင်ခဲ့ကြပြီး နောက်ဆုံး အဝေးကွင်းနှစ်ပွဲဆက် အနိုင်ရရှိမှုနဲ့ အဆင့် ၁၁ ကို တက်ရောက်လာနိုင်ခဲ့ကြချိန်မှာ ပိုချက်တီနိုအနေနဲ့ တိုက်စစ်ရဲ့ ပုစ္ဆာကိုတော့ အောင်မှတ်ရအောင် ဖြေရှင်းနိုင်ခဲ့တဲ့နောက် အသင်းကြီးအဆင့် မရှိသေးတဲ့ ခံစစ်ပြဿနာကို အဖြေရှာရဦးမှာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဆန္ခ်က္ဇ္၊ ခံစစ္မွာ ဒီဆာဆီ၊ သီယာဂို ေဆးလ္ဗား၊ ကူကူရဲလားနဲ႔ ေကာလ္ဝီလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ ဂါလာဂါနဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ပါးလ္မား၊ စတာလင္နဲ႔ ဘ႐ိုယာတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘန္ေလတို႔ကေတာ့ ဂိုးသမား ထရက္ဖို႔ဒ္၊ ခံစစ္မွာ အယ္လ္ဒါခီးလ္၊ ဒဲလ္ခြာ၊ ဗီတင္ညိဳနဲ႔ ေတလာတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာလန္၊ ဘာဂါနဲ႔ ဘေရာင္းေဟးလ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ထရီဆာ၊ အိုဒိုဘတ္နဲ႔ ေဖာ္စတာတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာ ဘန္ေလတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန ဗီတင္ညိဳ ခင္းေပးတာကို ေတာင္ပံက အတြင္းကို ခ်ိဳးဝင္သြားခဲ့တဲ့ ေဖာ္စတာက ဧရိယာထဲအထိ ဆြဲဝင္ၿပီးမွ ခင္းေပးတာကို ဘယ္ျခမ္းမွာ ရွိေနတဲ့ အိုဒိုဘတ္က အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ခ်ဲလ္ဆီးဂိုးသမား ဆန္ခ်က္ဇ္ ညံ့ဖ်င္းခဲ့လို႔ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံကေန တစ္ကိုယ္ေတာ္ ထိုးေဖာက္လာခဲ့တဲ့ စတာလင္က ဘန္ေလေနာက္ခံလူႏွစ္ေယာက္ကို ေက်ာ္ျဖတ္ၿပီး ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ အဆင္သင့္မျဖစ္တဲ့ အယ္လ္ဒါခီးလ္ကို မွန္ၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ ပထမပိုင္းမွာေတာ့ တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ ဘန္ေလတို႔ဘက္က အုန္းဂိုးရွင္ အယ္လ္ဒါခီးလ္အစား ဒါရာ အိုေရွးကို လဲကစားခဲ့သလို ခ်ဲလ္ဆီးတို႔ဘက္ကေတာ့ ဘ႐ိုယာအစား ဂ်က္ဆန္ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို ဖူလ္ဟမ္နဲ႔ပြဲက ပုံစံေကာင္းကို ေရွ႕ဆက္ႏိုင္ဖို႔ နည္းျပ ပိုခ်က္တီႏိုက ျပင္ဆင္လာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ခ်ဲလ္ဆီးတို႔ ဒုတိယဂိုးနဲ႔ ေနာက္ကေန Come Back ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံကေန တစ္ကိုယ္ေတာ္ အစြမ္းနဲ႔ အတင္းတိုးဝင္လာခဲ့တဲ့ စတာလင္ကို ဗီတင္ညိဳက ေျခခ်ိတ္လွဲမိလို႔ ရတဲ့ ပင္နယ္တီကို ပါးလ္မားက ညာဘက္တိုင္ေျခကို အနိမ့္ေဘာကန္သြင္းၿပီး သူ႔ရဲ႕ မန္စီးတီးလူငယ္အသင္းေဖာ္ေဟာင္း ဂိုးသမား ထရက္ဖို႔ဒ္ကို အႏိုင္ယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ အသင္းအတြက္ ေရွ႕က ႏွစ္ဂိုးစလုံးကို ပါဝင္စြမ္းေဆာင္ထားခဲ့တဲ့ စတာလင္က တတိယဂိုးကို သြင္းယူေပးႏိုင္ခဲ့ၿပီး ကြင္းလယ္ကေန ပလာတာ႐ိုက္ေနတဲ့ ဘန္ေလတို႔ဆီက ျဖတ္လုႏိုင္ခဲ့တဲ့ ကိုင္စီဒိုရဲ႕ အားထုတ္မႈကေန ဂါလာဂါက ဧရိယာထဲကို ခင္းေပးခဲ့ရာမွာ ဘယ္ေတာင္ပံကေန စတာလင္က ေျပးဝင္ၿပီး ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အႏိုင္ျပတ္သားေစမယ့္ စတုတၳဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေနပဲ ကေလးကစားစရာ လုပ္ေနတဲ့ စတာလင္ရဲ႕ ဆြဲေျပးၿပီး ျဖတ္တင္ေပးမႈကို ညာျခမ္းကေန ေဘာလုံးျပန္ရခဲ့တဲ့ ပါးလ္မားက တစ္ခ်က္ထိန္းၿပီး ဂိုးေရွ႕ကို ျပန္ခ်ေပးတာကို ဂ်က္ဆန္က အနီးကပ္ ကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔က ဘန္ေလတို႔ကို ေလးဂိုး-တစ္ဂိုးနဲ႔ Come Back ႏိုင္ပြဲ ဆင္ႏႊဲႏိုင္ခဲ့ၾကၿပီး ေနာက္ဆုံး အေဝးကြင္းႏွစ္ပြဲဆက္ အႏိုင္ရရွိမႈနဲ႔ အဆင့္ ၁၁ ကို တက္ေရာက္လာႏိုင္ခဲ့ၾကခ်ိန္မွာ ပိုခ်က္တီႏိုအေနနဲ႔ တိုက္စစ္ရဲ႕ ပုစာၦကိုေတာ့ ေအာင္မွတ္ရေအာင္ ေျဖရွင္းႏိုင္ခဲ့တဲ့ေနာက္ အသင္းႀကီးအဆင့္ မရွိေသးတဲ့ ခံစစ္ျပႆနာကို အေျဖရွာရဦးမွာလည္းျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.