Match Report Premier League

အပယ်ခံနှစ်ဦး ရယူပေးခဲ့တဲ့ နိုင်ပွဲနဲ့ ဘရန့်ဖို့ဒ်ကို အချိန်ပိုမှာ အလဲထိုးခဲ့တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ အီဗန်စ်၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်နဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အမ်မရာဘတ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မေဆန်မောင့်၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘရန့်ဖို့ဒ်တို့ကတော့ ဂိုးသမား စထရာကိုရှာ၊ ခံစစ်မှာ အာယေး၊ ကောလင်းစ်၊ ပင်နော့ခ်၊ ရိုအာဆလက်ဗ်နဲ့ ဟစ်ကီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ နော်ဂါ့ဒ်၊ ယန်ဆန်နဲ့ ယန်နဲ့လ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အမ်ဘူးမိုနဲ့ ဝစ်ဆာတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲအစောပိုင်းမှာ မန်ယူတို့ ကစားကွက်တည်မရဘဲဖြစ်နေခဲ့ပြီး ဘရန့်ဖို့ဒ်ကွင်းလယ်နဲ့ တောင်ပံတွေက ပိုမိုစုစည်းမှုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့သလို တည်ကန်ဘောတွေကနေလည်း ခြိမ်းခြောက်ခံနေခဲ့ရပြီး အလုပ်မဖြစ်မတဲ့ အင်္ဂလန်တောင်ပံတွေကြောင့်လည်း တိုက်စစ်ဆင်ဖို့က ခက်ခဲနေခဲ့ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဝစ်ဆာ ထိုးဖောက်လာခဲ့ရာမှာ ဧရိယာထဲကနေ စိတ်မပါလက်မပါဖျက်တဲ့ ကာစီမီရိုကြောင့် ဘေးကို ကျလာခဲ့တဲ့ ဘောလုံးကို ယန်ဆန်က အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ကန်ချက်က သိပ်မကောင်းပေမယ့် အိုနာနာ ဒိုက်ပစ်တာ နှေးနေခဲ့တာကြောင့် သူ့လက်နဲ့ထိပြီး ဝင်သွားခဲ့တာပါ။

ပထမပိုင်းမှာ အခွင့်အရေးတွေကို မန်ယူတို့ အသုံးမချနိုင်ခဲ့သလို ဘရန့်ဖို့ဒ်တိုက်စစ်ကလည်း ကျဆင်းနေတာကြောင့် ဂိုးတွေ ထပ်မရတော့ဘဲ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဧည့်သည်တွေ ဦးဆောင်နေခဲ့ကြသလို ဒုတိယပိုင်း ပြန်အစမှာတော့ စုတ်ပြတ်ပျက်စီးနေတဲ့ ကာစီမီရိုအစား အဲရစ်ဆန်ကို နည်းပြ တန်ဟတ်က ထည့်သွင်းပြီး ကွင်းလယ်အသာစီးယူနိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ဘရန့်ဖို့ဒ်တိုက်စစ်နဲ့ ကွင်းလယ်က မန်ယူတို့ကို Pressing လုပ်နိုင်စွမ်း ကျဆင်းလာခဲ့ပေမယ့် လဒူကျနေတဲ့ အင်္ဂလိပ်နှစ်ကောင်ဖြစ်တဲ့ မောင့်နဲ့ ရက်ရှ်ဖို့ဒ်တို့က အလုပ်မဖြစ်တော့တာကြောင့် ဒီနေရာမှာ ဂါနာချိုနဲ့ ရဲစခန်းက ပြန်လာတဲ့ အန်တိုနီတို့ကို တန်ဟတ်က ထပ်လဲခဲ့ပြန်ပြီး အခွင့်အရေးတွေကို အသုံးချနိုင်ဖို့တော့ လိုအပ်နေခဲ့တာကြောင့် ချေပဂိုးနဲ့ ဝေးနေခဲ့ရတာပါ။

ပွဲချိန် မိနစ် ၈၀ ကျော်မှာ ဘရန့်ဖို့ဒ်တို့ဘက်က လူစားဝင်တိုက်စစ်မှူး မော်ပေရဲ့ ကန်ချက်နဲ့ ထောင့်ကန်ဘောကနေ နော်ဂါ့ဒ်ရဲ့ ခေါင်းတိုက်ချက်ကို အိုနာနာ လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့လို့ သူ့ရဲ့ ပထမပိုင်း အမှားက ခွင့်လွှတ်နိုင်စရာဖြစ်ခဲ့ပြီး မန်ယူတို့ ပွဲပြီးခါနီးအထိ ရှုံးနိမ့်နေခဲ့တာကြောင့် နိုင်ငံမှာ ဂိုးသွင်းကောင်းနေတဲ့ မက်တော်မီနေးကို အမ်မရာဘတ်အစား ထည့်သွင်းပြီး တန်ဟတ်က နောက်ဆုံးအံစာကို ပစ်လာခဲ့ပါတယ်။

ဒါက အလုပ်ဖြစ်သွားခဲ့ပြီး နာကျင်အချိန်ပို ၃ မိနစ်မှာတော့ မန်ယူတို့ ချေပဂိုး ရရှိသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဂါနာချိုရဲ့ လှည့်စားပြီး ချိုးပေးတဲ့ ဘောလုံးကို ဧရိယာထဲကနေ ဒါလော့ ကန်သွင်းရာမှာ ဂိုးသမား ပုတ်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဘရန့်ဖို့ဒ်ခံစစ်က ရှင်းထုတ်ပုံ မပီပြင်ခဲ့တာကို မက်တော်မီနေးက ဖြတ်တားပြီး ဘယ်ဘက်တိုင်ခြေကို ကန်သွင်းယူသွားခဲ့တာပါ။

နာကျင်အချိန်ပို ၇ မိနစ်မှာတော့ အိုးလ်ထရက်ဖို့ဒ်တစ်ကွင်းလုံးကို ပေါက်ကွဲစေမယ့် အနိုင်ဂိုးကို ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ခပ်ဝေးဝေးက ဖရီးကစ်ကို ဧရိယာထဲ ကန်ပို့ရာမှာ နေရာယူမှန်မှန်နဲ့ ခေါင်းတိုက်ချနိုင်ခဲ့တဲ့ မက်ဂွိုင်းယားရဲ့ ပေးပို့မှုကို မက်တော်မီနေးက ထပ်ဆင့် ခေါင်းတိုက်ပြီး ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အသင်းရဲ့ အပယ်ခံနှစ်ဦးဖြစ်တဲ့ ခေါင်းကြီးနဲ့ ပုဇွန်ခေါင်း တုတ်ကြီးတို့ရဲ့ ပူးပေါင်းမှုနဲ့ မန်ယူဖန်တွေ နှစ်ဂိုး-တစ်ဂိုးရလဒ်မှာ ပျော်ရွှင်နိုင်ခဲ့ကြသလို နည်းပြ တန်ဟတ်အတွက်လဲ သူလဲလိုက်တဲ့ လူတွေရဲ့ ကြိုးစားအားထုတ်မှုက နိုင်ပွဲနဲ့ ဝမ်းသာစရာဖြစ်ခဲ့ပြီး ပွဲကို မထိန်းချုပ်တတ်ဘဲ အဖျားရှူးတဲ့ ဘရန့်ဖို့ဒ်တို့ကတော့ ရှုံးပွဲနဲ့ပဲ ထိုက်တန်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ အီဗန္စ္၊ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္နဲ႔ ဒါေလာ့တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အမ္မရာဘတ္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ေမဆန္ေမာင့္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဟြိဳင္လန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ဂိုးသမား စထရာကိုရွာ၊ ခံစစ္မွာ အာေယး၊ ေကာလင္းစ္၊ ပင္ေနာ့ခ္၊ ႐ိုအာဆလက္ဗ္နဲ႔ ဟစ္ကီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေနာ္ဂါ့ဒ္၊ ယန္ဆန္နဲ႔ ယန္နဲ႔လ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အမ္ဘူးမိုနဲ႔ ဝစ္ဆာတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲအေစာပိုင္းမွာ မန္ယူတို႔ ကစားကြက္တည္မရဘဲျဖစ္ေနခဲ့ၿပီး ဘရန႔္ဖို႔ဒ္ကြင္းလယ္နဲ႔ ေတာင္ပံေတြက ပိုမိုစုစည္းမႈေကာင္းတဲ့ ကစားဟန္ကို ျပသႏိုင္ခဲ့သလို တည္ကန္ေဘာေတြကေနလည္း ၿခိမ္းေျခာက္ခံေနခဲ့ရၿပီး အလုပ္မျဖစ္မတဲ့ အဂၤလန္ေတာင္ပံေတြေၾကာင့္လည္း တိုက္စစ္ဆင္ဖို႔က ခက္ခဲေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဝစ္ဆာ ထိုးေဖာက္လာခဲ့ရာမွာ ဧရိယာထဲကေန စိတ္မပါလက္မပါဖ်က္တဲ့ ကာစီမီ႐ိုေၾကာင့္ ေဘးကို က်လာခဲ့တဲ့ ေဘာလုံးကို ယန္ဆန္က အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ကန္ခ်က္က သိပ္မေကာင္းေပမယ့္ အိုနာနာ ဒိုက္ပစ္တာ ေႏွးေနခဲ့တာေၾကာင့္ သူ႔လက္နဲ႔ထိၿပီး ဝင္သြားခဲ့တာပါ။

ပထမပိုင္းမွာ အခြင့္အေရးေတြကို မန္ယူတို႔ အသုံးမခ်ႏိုင္ခဲ့သလို ဘရန႔္ဖို႔ဒ္တိုက္စစ္ကလည္း က်ဆင္းေနတာေၾကာင့္ ဂိုးေတြ ထပ္မရေတာ့ဘဲ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဧည့္သည္ေတြ ဦးေဆာင္ေနခဲ့ၾကသလို ဒုတိယပိုင္း ျပန္အစမွာေတာ့ စုတ္ျပတ္ပ်က္စီးေနတဲ့ ကာစီမီ႐ိုအစား အဲရစ္ဆန္ကို နည္းျပ တန္ဟတ္က ထည့္သြင္းၿပီး ကြင္းလယ္အသာစီးယူႏိုင္ဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

ဘရန႔္ဖို႔ဒ္တိုက္စစ္နဲ႔ ကြင္းလယ္က မန္ယူတို႔ကို Pressing လုပ္ႏိုင္စြမ္း က်ဆင္းလာခဲ့ေပမယ့္ လဒူက်ေနတဲ့ အဂၤလိပ္ႏွစ္ေကာင္ျဖစ္တဲ့ ေမာင့္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔က အလုပ္မျဖစ္ေတာ့တာေၾကာင့္ ဒီေနရာမွာ ဂါနာခ်ိဳနဲ႔ ရဲစခန္းက ျပန္လာတဲ့ အန္တိုနီတို႔ကို တန္ဟတ္က ထပ္လဲခဲ့ျပန္ၿပီး အခြင့္အေရးေတြကို အသုံးခ်ႏိုင္ဖို႔ေတာ့ လိုအပ္ေနခဲ့တာေၾကာင့္ ေခ်ပဂိုးနဲ႔ ေဝးေနခဲ့ရတာပါ။

ပြဲခ်ိန္ မိနစ္ ၈၀ ေက်ာ္မွာ ဘရန႔္ဖို႔ဒ္တို႔ဘက္က လူစားဝင္တိုက္စစ္မႉး ေမာ္ေပရဲ႕ ကန္ခ်က္နဲ႔ ေထာင့္ကန္ေဘာကေန ေနာ္ဂါ့ဒ္ရဲ႕ ေခါင္းတိုက္ခ်က္ကို အိုနာနာ လက္စြမ္းျပ ကာကြယ္သြားႏိုင္ခဲ့လို႔ သူ႔ရဲ႕ ပထမပိုင္း အမွားက ခြင့္လႊတ္ႏိုင္စရာျဖစ္ခဲ့ၿပီး မန္ယူတို႔ ပြဲၿပီးခါနီးအထိ ရႈံးနိမ့္ေနခဲ့တာေၾကာင့္ ႏိုင္ငံမွာ ဂိုးသြင္းေကာင္းေနတဲ့ မက္ေတာ္မီေနးကို အမ္မရာဘတ္အစား ထည့္သြင္းၿပီး တန္ဟတ္က ေနာက္ဆုံးအံစာကို ပစ္လာခဲ့ပါတယ္။

ဒါက အလုပ္ျဖစ္သြားခဲ့ၿပီး နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ မန္ယူတို႔ ေခ်ပဂိုး ရရွိသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဂါနာခ်ိဳရဲ႕ လွည့္စားၿပီး ခ်ိဳးေပးတဲ့ ေဘာလုံးကို ဧရိယာထဲကေန ဒါေလာ့ ကန္သြင္းရာမွာ ဂိုးသမား ပုတ္ၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ဘရန႔္ဖို႔ဒ္ခံစစ္က ရွင္းထုတ္ပုံ မပီျပင္ခဲ့တာကို မက္ေတာ္မီေနးက ျဖတ္တားၿပီး ဘယ္ဘက္တိုင္ေျခကို ကန္သြင္းယူသြားခဲ့တာပါ။

နာက်င္အခ်ိန္ပို ၇ မိနစ္မွာေတာ့ အိုးလ္ထရက္ဖို႔ဒ္တစ္ကြင္းလုံးကို ေပါက္ကြဲေစမယ့္ အႏိုင္ဂိုးကို ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ခပ္ေဝးေဝးက ဖရီးကစ္ကို ဧရိယာထဲ ကန္ပို႔ရာမွာ ေနရာယူမွန္မွန္နဲ႔ ေခါင္းတိုက္ခ်ႏိုင္ခဲ့တဲ့ မက္ဂြိဳင္းယားရဲ႕ ေပးပို႔မႈကို မက္ေတာ္မီေနးက ထပ္ဆင့္ ေခါင္းတိုက္ၿပီး ဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အသင္းရဲ႕ အပယ္ခံႏွစ္ဦးျဖစ္တဲ့ ေခါင္းႀကီးနဲ႔ ပုဇြန္ေခါင္း တုတ္ႀကီးတို႔ရဲ႕ ပူးေပါင္းမႈနဲ႔ မန္ယူဖန္ေတြ ႏွစ္ဂိုး-တစ္ဂိုးရလဒ္မွာ ေပ်ာ္႐ႊင္ႏိုင္ခဲ့ၾကသလို နည္းျပ တန္ဟတ္အတြက္လဲ သူလဲလိုက္တဲ့ လူေတြရဲ႕ ႀကိဳးစားအားထုတ္မႈက ႏိုင္ပြဲနဲ႔ ဝမ္းသာစရာျဖစ္ခဲ့ၿပီး ပြဲကို မထိန္းခ်ဳပ္တတ္ဘဲ အဖ်ားရႉးတဲ့ ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ရႈံးပြဲနဲ႔ပဲ ထိုက္တန္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.