MLS Messi

မက်ဆီမပါရင် ဘာကောင်မှမဟုတ်ဘူးဆိုတာ ယူအက်စ်အိုးပင်းဖလားနဲ့ရင်းပြီး ပြသခဲ့တဲ့ မိုင်ယာမီ

ယနေ့ နံနက် ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ ဟူစတန် ဒိုင်နမိုတို့ရဲ့ ယူအက်စ်အိုးပင်းဖလားဗိုလ်လုပွဲစဉ်မှာ ဟူစတန် ဒိုင်နမိုက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အင်တာ မိုင်ယာမီနည်းပြ ဂျရတ် မာတီနိုဟာ ဒဏ်ရာရရှိထားတဲ့ လီယွန်နယ် မက်ဆီနဲ့ ယော်ဒီ အယ်လ်ဘာတို့ကို လူစာရင်းကနေ ချန်လှပ်ထားခဲ့ပြီး တိုက်စစ်မှာ ကမ်ဘာပါ၊ တေလာ၊ ဖားရီးယပ်စ်တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ဟူစတန် ဒိုင်နမိုက ပထမပိုင်း ၂၄ မိနစ်မှာ အာတာရဲ့ ပေးပို့မှုကနေတဆင့် ဂရစ်ဖင် ဒေါ်ဆီက ညာခြေနဲ့ အပြင်းကန်သွင်းပြီး အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၁၀ မိနစ်အကြာမှာ ဟူစတန် ဒိုင်နမိုကပဲ နောက်ထပ် ဦးဆောင်ဂိုးကို ပင်နယ်တီကနေတဆင့် ဘက်ဆီက အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့ပြီး ပထမပိုင်းအပြီးမှာ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်တာ မိုင်ယာမီဟာ ဒုတိယပိုင်းမှာ ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဂိုးပေါက်ရှာတွေ့ခြင်းမရှိခဲ့ဘဲ လီယွန်နယ် မက်ဆီ မပါဝင်တဲ့ အသင်းဟာ မတူညီတဲ့အသင်းတစ်သင်းပုံစံဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၀+၂ မိနစ်ရောက်မှ ဒုတိယပိုင်းမှာ လူစားဝင်ကစားပေးခဲ့တဲ့ ဂျိုးဆက်ဖ် မာတီနက်ဇ်က အင်တာမိုင်ယာမီအတွက် ချေပဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဖာရီးယပ်စ်ရဲ့ မျှောထိုးပေးပို့မှုကို ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အင်တာ မိုင်ယာမီဟာ ပွဲကစားချိန် နောက်ဆုံးမိနစ်တွေမှာ နောက်ထပ် ချေပဂိုး ရရှိဖို့ အသည်းအသန် ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး ဖားရီးယပ်စ်၊ ကမ်ပါနာ၊ စတီဖာနယ်လီတို့ရဲ့ ခေါင်းတိုက်ချက်တွေ ပိတ်ဆို့ခံခဲ့ရတာကြောင့် နောက်ထပ်ချေပဂိုးမရခဲ့ဘဲ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယေန႔ နံနက္ ၇ နာရီမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အင္တာမိုင္ယာမီနဲ႔ ဟူစတန္ ဒိုင္နမိုတို႔ရဲ႕ ယူအက္စ္အိုးပင္းဖလားဗိုလ္လုပြဲစဥ္မွာ ဟူစတန္ ဒိုင္နမိုက ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

အင္တာ မိုင္ယာမီနည္းျပ ဂ်ရတ္ မာတီႏိုဟာ ဒဏ္ရာရရွိထားတဲ့ လီယြန္နယ္ မက္ဆီနဲ႔ ေယာ္ဒီ အယ္လ္ဘာတို႔ကို လူစာရင္းကေန ခ်န္လွပ္ထားခဲ့ၿပီး တိုက္စစ္မွာ ကမ္ဘာပါ၊ ေတလာ၊ ဖားရီးယပ္စ္တို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ဟူစတန္ ဒိုင္နမိုက ပထမပိုင္း ၂၄ မိနစ္မွာ အာတာရဲ႕ ေပးပို႔မႈကေနတဆင့္ ဂရစ္ဖင္ ေဒၚဆီက ညာေျခနဲ႔ အျပင္းကန္သြင္းၿပီး အဖြင့္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ ဟူစတန္ ဒိုင္နမိုကပဲ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ပင္နယ္တီကေနတဆင့္ ဘက္ဆီက အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့ၿပီး ပထမပိုင္းအၿပီးမွာ ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အင္တာ မိုင္ယာမီဟာ ဒုတိယပိုင္းမွာ ကစားပုံပိုမိုေကာင္းမြန္လာခဲ့ၿပီး တိုက္စစ္ဆင္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း ဂိုးေပါက္ရွာေတြ႕ျခင္းမရွိခဲ့ဘဲ လီယြန္နယ္ မက္ဆီ မပါဝင္တဲ့ အသင္းဟာ မတူညီတဲ့အသင္းတစ္သင္းပုံစံျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၉၀+၂ မိနစ္ေရာက္မွ ဒုတိယပိုင္းမွာ လူစားဝင္ကစားေပးခဲ့တဲ့ ဂ်ိဳးဆက္ဖ္ မာတီနက္ဇ္က အင္တာမိုင္ယာမီအတြက္ ေခ်ပဂိုး တစ္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဖာရီးယပ္စ္ရဲ႕ ေမွ်ာထိုးေပးပို႔မႈကို ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ဘယ္ေျခနဲ႔ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အင္တာ မိုင္ယာမီဟာ ပြဲကစားခ်ိန္ ေနာက္ဆုံးမိနစ္ေတြမွာ ေနာက္ထပ္ ေခ်ပဂိုး ရရွိဖို႔ အသည္းအသန္ ဖိအားေပးတိုက္စစ္ဆင္ခဲ့ၿပီး ဖားရီးယပ္စ္၊ ကမ္ပါနာ၊ စတီဖာနယ္လီတို႔ရဲ႕ ေခါင္းတိုက္ခ်က္ေတြ ပိတ္ဆို႔ခံခဲ့ရတာေၾကာင့္ ေနာက္ထပ္ေခ်ပဂိုးမရခဲ့ဘဲ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.