World Cup

သုံးနိုင်ငံမှာ ကစားမယ့် ၂၀၃၀ ကမ္ဘာ့ဖလားက ဖြစ်နိုင်လား သုံးသပ်ခဲ့တဲ့ အင်္ဂလန်နည်းပြဟောင်း

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဟောင်း ရွိုင်း ဟော့ဒ်ဆန်က နိုင်ငံသုံးနိုင်ငံမှာ ယှဉ်ပြိုင်ကစားသွားမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲပုံစံကို ထောက်ခံခဲ့ပြီး ဖီဖာဟာ ၂၀၃၀ ကမ္ဘာ့ဖလားကို တောင်အမေရိကတိုက်ဖြစ်တဲ့ ဥရုဂွေး၊ ပါရာဂွေး၊ အာဂျင်တီးနားတို့မှာ စတင်ကျင်းပပြီးနောက် စပိန်၊ ပေါ်တူဂီ၊ မော်ရိုကိုတို့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါးရတ် ဆောက်ဂိတ်က ယခုအပတ်မှာ အဲဒီအစီအစဉ်ကို သဘောမကျဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း လက်ရွေးစင်နည်းပြဟောင်း ရွိုင်း ဟော့ဒ်ဆန်ကတော့ အဲဒါက ကမ္ဘာ့ဖလား ကစားတာကို ကမ္ဘာကြီးက ပိုမို မြင်တွေ့နိုင်မှာဖြစ်တာကြောင့် ကောင်းမွန်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အဲဒါက ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လို့ ကမ္ဘာကြီးက အဲဒါကို အနီးကပ်မြင်တွေ့ခွင့်ရှိသင့်တယ်။ အဲဒီတော့ ကျွန်တော်ကတော့ ကမ္ဘာကြီးရဲ့ တခြားအစိတ်အပိုင်းတွေကို ပွဲစဉ်တွေ ပေးအပ်တာနဲ့ပတ်သက်ပြီး ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ပါဘူး။ ဘောလုံးက ဥရောပက ပိုင်တဲ့အရာမဟုတ်သလို တောင်အမေရိကက ပိုင်တဲ့အရာလည်းမဟုတ်ဘူး။ အဲဒီတိုက်ကြီးတွေအတွက် အထူးသီးသန့်ပစ္စည်းမဟုတ်ပါဘူး”

“တကယ်လို့ ဖီဖာက ဒါကို ဖြစ်နိုင်တယ်လို့ ထင်ရင် ဖီဖာအဖွဲ့ဝင်တွေက ဒီအစီအစဉ်အတိုင်း လိုက်လုပ်ဖို့ ပြင်ဆင်ရမယ်။ ဒီဘက်ခေတ်မှာ ခရီးသွားလာရတာတွေက အရမ်းလွယ်ကူတဲ့အတွက် ကျွန်တော့်အတွက်တော့ အထူးအထွေ စိုးရိမ်စရာမရှိပါဘူး။ သူတို့တွေက ပွဲတွေကို စုစည်းမယ်လို့ ယူဆပါတယ်။ အဲဒီတော့ ပွဲတွေက တောင်အမေရိကမှာ အရင်ဆုံးကစားမယ်။ အဲဒီအခါကျရင် ပွဲတွေက တောင်အမေရိကမှာ ပတ်ကစားမယ်။ ပြီးတော့ ဒီကို ပြန်လာမယ်။ အဲဒါက လုပ်လို့ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ အဲဒါက လုပ်ဖို့ မှန်ကန်တဲ့အရာဟုတ်လား၊ မဟုတ်လားဆိုတာတော့ ကျွန်တော် တကယ်မသိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္လက္ေ႐ြးစင္အသင္းနည္းျပေဟာင္း ႐ြိဳင္း ေဟာ့ဒ္ဆန္က ႏိုင္ငံသုံးႏိုင္ငံမွာ ယွဥ္ၿပိဳင္ကစားသြားမယ့္ ၂၀၃၀ ကမာၻ႔ဖလားၿပိဳင္ပြဲပုံစံကို ေထာက္ခံခဲ့ၿပီး ဖီဖာဟာ ၂၀၃၀ ကမာၻ႔ဖလားကို ေတာင္အေမရိကတိုက္ျဖစ္တဲ့ ဥ႐ုေဂြး၊ ပါရာေဂြး၊ အာဂ်င္တီးနားတို႔မွာ စတင္က်င္းပၿပီးေနာက္ စပိန္၊ ေပၚတူဂီ၊ ေမာ္႐ိုကိုတို႔မွာ အဆုံးသတ္မွာျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္နည္းျပ ဂါးရတ္ ေဆာက္ဂိတ္က ယခုအပတ္မွာ အဲဒီအစီအစဥ္ကို သေဘာမက်ဘူးလို႔ ေျပာၾကားခဲ့ေပမယ့္လည္း လက္ေ႐ြးစင္နည္းျပေဟာင္း ႐ြိဳင္း ေဟာ့ဒ္ဆန္ကေတာ့ အဲဒါက ကမာၻ႔ဖလား ကစားတာကို ကမာၻႀကီးက ပိုမို ျမင္ေတြ႕ႏိုင္မွာျဖစ္တာေၾကာင့္ ေကာင္းမြန္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“အဲဒါက ကမာၻ႔ဖလားၿပိဳင္ပြဲျဖစ္လို႔ ကမာၻႀကီးက အဲဒါကို အနီးကပ္ျမင္ေတြ႕ခြင့္ရွိသင့္တယ္။ အဲဒီေတာ့ ကြၽန္ေတာ္ကေတာ့ ကမာၻႀကီးရဲ႕ တျခားအစိတ္အပိုင္းေတြကို ပြဲစဥ္ေတြ ေပးအပ္တာနဲ႔ပတ္သက္ၿပီး ဘယ္ေတာ့မွ ဆန႔္က်င္မွာမဟုတ္ပါဘူး။ ေဘာလုံးက ဥေရာပက ပိုင္တဲ့အရာမဟုတ္သလို ေတာင္အေမရိကက ပိုင္တဲ့အရာလည္းမဟုတ္ဘူး။ အဲဒီတိုက္ႀကီးေတြအတြက္ အထူးသီးသန႔္ပစၥည္းမဟုတ္ပါဘူး”

“တကယ္လို႔ ဖီဖာက ဒါကို ျဖစ္ႏိုင္တယ္လို႔ ထင္ရင္ ဖီဖာအဖြဲ႕ဝင္ေတြက ဒီအစီအစဥ္အတိုင္း လိုက္လုပ္ဖို႔ ျပင္ဆင္ရမယ္။ ဒီဘက္ေခတ္မွာ ခရီးသြားလာရတာေတြက အရမ္းလြယ္ကူတဲ့အတြက္ ကြၽန္ေတာ့္အတြက္ေတာ့ အထူးအေထြ စိုးရိမ္စရာမရွိပါဘူး။ သူတို႔ေတြက ပြဲေတြကို စုစည္းမယ္လို႔ ယူဆပါတယ္။ အဲဒီေတာ့ ပြဲေတြက ေတာင္အေမရိကမွာ အရင္ဆုံးကစားမယ္။ အဲဒီအခါက်ရင္ ပြဲေတြက ေတာင္အေမရိကမွာ ပတ္ကစားမယ္။ ၿပီးေတာ့ ဒီကို ျပန္လာမယ္။ အဲဒါက လုပ္လို႔ ျဖစ္ႏိုင္တယ္လို႔ ထင္ပါတယ္။ အဲဒါက လုပ္ဖို႔ မွန္ကန္တဲ့အရာဟုတ္လား၊ မဟုတ္လားဆိုတာေတာ့ ကြၽန္ေတာ္ တကယ္မသိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.