International World Cup

လှပတဲ့ ၂၀၃၀ ကမ္ဘာ့ဖလား အိမ်ရှင်ပလန်ကို တရားဝင် ကြေညာချပြလိုက်တဲ့ ဖီဖာ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာအနေနဲ့ လာမယ့် ၂၀၃၀ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံတွေကို ကြေငြာလိုက်ပြီဖြစ်ပြီး နောက်ဆုံးအဆင့်အဖြစ် စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုတို့က ပူးတွဲကျင်းပဖို့ အောင်မြင်နိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

၂၀၃၀ ကမ္ဘာ့ဖလားကို ဆော်ဒီအာရေးဘီးယားနိုင်ငံက ကျင်းပဖို့ အသည်းအသန် အလိုရှိနေခဲ့ပေမယ့် ကာတာနဲ့တင် ချဉ်သွားတဲ့ ပရိသတ်တွေက ကန့်ကွက်ခဲ့ကြသလို အာရှတိုက်တစ်တိုက်တည်းမှာ နောက်ဆုံးကမ္ဘာ့ဖလား ၃ ကြိမ်ကို ၂ ကြိမ်ကျင်းပဖို့က ဖြစ်နိုင်ခြေနည်းလို့ အားလုံးက ကြိုပြီး “ဆုတောင်းလေ”လို့ပဲ ပြောခဲ့ကြတာပါ။

၂၀၁၄ ကမ္ဘာ့ဖလားကို ဘရာဇီးလ်(တောင်အမေရိက)၊ ၂၀၁၈ ကမ္ဘာ့ဖလားကို ရုရှား(ဥရောပ)၊ ၂၀၂၂ ကမ္ဘာ့ဖလားကို ကာတာ(အာရှ)နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ(မြောက်အမေရိက)တို့မှာ ကျင်းပခဲ့ပြီး ဒီတစ်ခေါက်က အာဖရိကအလှည့်ဖြစ်သင့်ချိန်မှာ ကိုယ်စားပြုဖို့ မော်ရိုကို ပါဝင်လာခဲ့သလို သူနဲ့ အိမ်နီးချင်းတွေလို့ ဆိုနိုင်တဲ့ စပိန်နဲ့ ပေါ်တူဂီတို့လည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။

မော်ရိုကိုနိုင်ငံကတော့ အာဖရိကရဲ့ မြောက်ဖက်အစွန်ဆုံး မြေထဲပင်လယ်ကမ်းခြေမှာ တည်ရှိနေတာဖြစ်ပြီး ရေပြင်ကို ဖြတ်ကူးလိုက်ရင် ဥရောပရဲ့ ဂျီဘရော်လ်တာ နိုင်ငံငယ်လေးနဲ့ ၁၄ ကီလိုမီတာ(၈.၇ မိုင်)သာ ကွာဝေးတာဖြစ်သလို စပိန်ပိုင် နယ်မြေတွေကလည်း မော်ရိုကိုနယ်စပ် အာဖရိကဘက်ခြမ်းမှာ ရှိနေခဲ့တဲ့အတွက် သူတို့တွေရဲ့ ပူးပေါင်းမှုကတော့ လှပတဲ့ တြိဂံပုံ ပေါင်းစပ်မှုလည်းဖြစ်ခဲ့တာပါ။

၂၀၃၀ ကမ္ဘာ့ဖလားအတွက် ၂၀၂၆ ကမ္ဘာ့ဖလားလိုပဲ နိုင်ငံတွေရဲ့ ပူးပေါင်းကျင်းပဖို့ ကမ်းလှမ်းမှုတွေ ရှိခဲ့တာဖြစ်ပြီး ဥရောပ-အာရှ-အာဖရိကအတွဲဖြစ်တဲ့ ဂရိ-ဆော်ဒီ-အီဂျစ်၊ တောင်အမေရိကအတွဲဖြစ်တဲ့ အာဂျင်တီးနား-ချီလီ-ပါရာဂွေး-ဥရုဂွေးတို့ကတော့ ဥရောပ-အာဖရိကအတွဲဖြစ်တဲ့ စပိန်-ပေါ်တူဂီ-မော်ရိုကိုတို့ကို ရှုံးနိမ့်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီပြိုင်ပွဲအတွက် လက်ခံကျင်းပပေးမယ့် နေရာတွေကတော့ စပိန်ရဲ့ လာကရူညာ၊ ဂီဂျွန်၊ ဘီလ်ဘာအို၊ ဆန်ဆီဘက်စ်ရှန်၊ ဗီဂို၊ ဇာရာဂိုဇာ၊ ဘာစီလိုနာ၊ မက်ဒရစ်၊ ဗလင်စီယာ၊ မာစီယာ၊ မာလာဂါနဲ့ ဆီဗီးလ်၊ ပေါ်တူဂီရဲ့ လစ္စဘွန်းနဲ့ ပေါ်တို၊ မော်ရိုကိုရဲ့ တန်ဂျီယေး၊ ဖက်ဇ်၊ ရာဘတ်၊ ကက်ဆာဘလန်ကာ၊ မာရာကက်ရှ်နဲ့ အာဂါဒီယာမြို့တွေဖြစ်တယ်လို့ အဆိုပြုထားပြီး မော်ရိုကိုရဲ့ ပရိသတ် ၉၃၀၀၀ ဆံ့ ကာဆာဘလန်ကာကွင်း၊ စပိန်က တစ်သိန်းနီးပါး ဆံ့တဲ့ နူးကမ့်၊ ၈၁၀၀၀ ဆံ့ ဘာနေဗျူးနဲ့ ၅၀၀၀၀-၆၀၀၀၀ ဝန်းကျင်သာ ဆံ့ပေမယ့် ကွာလတီမြင့်မားတဲ့ ပေါ်တူဂီက အလင်းရောင်ကွင်း၊ နဂါးကွင်းတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာအေနနဲ႔ လာမယ့္ ၂၀၃၀ ခုႏွစ္မွာ က်င္းပမယ့္ ကမာၻ႔ဖလား ေဘာလုံးၿပိဳင္ပြဲအတြက္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ ႏိုင္ငံေတြကို ေၾကျငာလိုက္ၿပီျဖစ္ၿပီး ေနာက္ဆုံးအဆင့္အျဖစ္ စပိန္၊ ေပၚတူဂီနဲ႔ ေမာ္႐ိုကိုတို႔က ပူးတြဲက်င္းပဖို႔ ေအာင္ျမင္ႏိုင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

၂၀၃၀ ကမာၻ႔ဖလားကို ေဆာ္ဒီအာေရးဘီးယားႏိုင္ငံက က်င္းပဖို႔ အသည္းအသန္ အလိုရွိေနခဲ့ေပမယ့္ ကာတာနဲ႔တင္ ခ်ဥ္သြားတဲ့ ပရိသတ္ေတြက ကန႔္ကြက္ခဲ့ၾကသလို အာရွတိုက္တစ္တိုက္တည္းမွာ ေနာက္ဆုံးကမာၻ႔ဖလား ၃ ႀကိမ္ကို ၂ ႀကိမ္က်င္းပဖို႔က ျဖစ္ႏိုင္ေျခနည္းလို႔ အားလုံးက ႀကိဳၿပီး “ဆုေတာင္းေလ”လို႔ပဲ ေျပာခဲ့ၾကတာပါ။

၂၀၁၄ ကမာၻ႔ဖလားကို ဘရာဇီးလ္(ေတာင္အေမရိက)၊ ၂၀၁၈ ကမာၻ႔ဖလားကို ႐ုရွား(ဥေရာပ)၊ ၂၀၂၂ ကမာၻ႔ဖလားကို ကာတာ(အာရွ)နဲ႔ ၂၀၂၆ ကမာၻ႔ဖလားကို အေမရိကန္၊ မကၠဆီကို၊ ကေနဒါ(ေျမာက္အေမရိက)တို႔မွာ က်င္းပခဲ့ၿပီး ဒီတစ္ေခါက္က အာဖရိကအလွည့္ျဖစ္သင့္ခ်ိန္မွာ ကိုယ္စားျပဳဖို႔ ေမာ္႐ိုကို ပါဝင္လာခဲ့သလို သူနဲ႔ အိမ္နီးခ်င္းေတြလို႔ ဆိုႏိုင္တဲ့ စပိန္နဲ႔ ေပၚတူဂီတို႔လည္း ပါဝင္လာခဲ့တာျဖစ္ပါတယ္။

ေမာ္႐ိုကိုႏိုင္ငံကေတာ့ အာဖရိကရဲ႕ ေျမာက္ဖက္အစြန္ဆုံး ေျမထဲပင္လယ္ကမ္းေျခမွာ တည္ရွိေနတာျဖစ္ၿပီး ေရျပင္ကို ျဖတ္ကူးလိုက္ရင္ ဥေရာပရဲ႕ ဂ်ီဘေရာ္လ္တာ ႏိုင္ငံငယ္ေလးနဲ႔ ၁၄ ကီလိုမီတာ(၈.၇ မိုင္)သာ ကြာေဝးတာျဖစ္သလို စပိန္ပိုင္ နယ္ေျမေတြကလည္း ေမာ္႐ိုကိုနယ္စပ္ အာဖရိကဘက္ျခမ္းမွာ ရွိေနခဲ့တဲ့အတြက္ သူတို႔ေတြရဲ႕ ပူးေပါင္းမႈကေတာ့ လွပတဲ့ ႀတိဂံပုံ ေပါင္းစပ္မႈလည္းျဖစ္ခဲ့တာပါ။

၂၀၃၀ ကမာၻ႔ဖလားအတြက္ ၂၀၂၆ ကမာၻ႔ဖလားလိုပဲ ႏိုင္ငံေတြရဲ႕ ပူးေပါင္းက်င္းပဖို႔ ကမ္းလွမ္းမႈေတြ ရွိခဲ့တာျဖစ္ၿပီး ဥေရာပ-အာရွ-အာဖရိကအတြဲျဖစ္တဲ့ ဂရိ-ေဆာ္ဒီ-အီဂ်စ္၊ ေတာင္အေမရိကအတြဲျဖစ္တဲ့ အာဂ်င္တီးနား-ခ်ီလီ-ပါရာေဂြး-ဥ႐ုေဂြးတို႔ကေတာ့ ဥေရာပ-အာဖရိကအတြဲျဖစ္တဲ့ စပိန္-ေပၚတူဂီ-ေမာ္႐ိုကိုတို႔ကို ရႈံးနိမ့္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲအတြက္ လက္ခံက်င္းပေပးမယ့္ ေနရာေတြကေတာ့ စပိန္ရဲ႕ လာက႐ူညာ၊ ဂီဂြၽန္၊ ဘီလ္ဘာအို၊ ဆန္ဆီဘက္စ္ရွန္၊ ဗီဂို၊ ဇာရာဂိုဇာ၊ ဘာစီလိုနာ၊ မက္ဒရစ္၊ ဗလင္စီယာ၊ မာစီယာ၊ မာလာဂါနဲ႔ ဆီဗီးလ္၊ ေပၚတူဂီရဲ႕ လစၥဘြန္းနဲ႔ ေပၚတို၊ ေမာ္႐ိုကိုရဲ႕ တန္ဂ်ီေယး၊ ဖက္ဇ္၊ ရာဘတ္၊ ကက္ဆာဘလန္ကာ၊ မာရာကက္ရွ္နဲ႔ အာဂါဒီယာၿမိဳ႕ေတြျဖစ္တယ္လို႔ အဆိုျပဳထားၿပီး ေမာ္႐ိုကိုရဲ႕ ပရိသတ္ ၉၃၀၀၀ ဆံ့ ကာဆာဘလန္ကာကြင္း၊ စပိန္က တစ္သိန္းနီးပါး ဆံ့တဲ့ ႏူးကမ့္၊ ၈၁၀၀၀ ဆံ့ ဘာေနဗ်ဴးနဲ႔ ၅၀၀၀၀-၆၀၀၀၀ ဝန္းက်င္သာ ဆံ့ေပမယ့္ ကြာလတီျမင့္မားတဲ့ ေပၚတူဂီက အလင္းေရာင္ကြင္း၊ နဂါးကြင္းေတြကလည္း အေရးပါတဲ့ အခန္းက႑ကေန ပါဝင္လာမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.