Premier League

VAR ကြောင့် အနိုင်ရခဲ့ပြီးနောက် အံ့အားသင့်ဖွယ် မှတ်ချက်ပေးလိုက်တဲ့ ပေါ်စတီကိုဂလူ

အန်ဂီ ပေါ်စတီကိုဂလူက လီဗာပူးလ်ကို အငြင်းပွားဖွယ် အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း လက်ရှိမှာ ပြဿနာတက်နေတဲ့ VAR ကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ပျော်ရွှင်မိလိမ့်မယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က လူးဝစ္စ ဒီယက်ဇ်ရဲ့ သွင်းဂိုးဟာ မှားယွင်းစွာ ပယ်ဖျက်ခြင်းခံခဲ့ရတာဖြစ်ပြီး VAR ဒိုင်လူကြီးက ကွင်းအတွင်းက စည်းကြပ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ခြင်းမရှိခဲ့တဲ့နောက် လီဗာပူးလ်က ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

PGMOL က သိသာထင်ရှားတဲ့ လူသားအမှားဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီးနောက် VAR အခန်းထဲက အသံဖိုင်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဆက်သွယ်ပြောဆိုမှု ပြဿနာကို အပြစ်တင်ရမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က အဲဒီဖြစ်စဉ်ကြောင့် ဒေါသထွက်ခဲ့ပြီး စပါးစ်နဲ့ပွဲကို ပြန်ကန်ခွင့်ပေးစေချင်တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း ပြန်လည်ပြင်ဆင်လို့ မရတော့ဘူးဆိုတာကို လက်ခံခဲ့ရတာဖြစ်ပါတယ်။

PGMOL က လက်ရှိမှာ ယခုအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမတိုင်ခင် VAR လမ်းညွှန်ချက်အသစ်တွေကို မိတ်ဆက်လိုက်ပြီဖြစ်ပေမယ့်လည်း ပေါ်စတီကိုဂလူက VAR ဟာ ဘောလုံးကို ပိုပြီး ဆိုးရွားအောင်ပဲ လုပ်နေတယ်လို့ ယုံကြည်နေပြီး နည်းပညာပိုင်းက လိုအပ်တဲ့ အဆင့်အတန်းမှာ မရှိမချင်း မသုံးဘဲ ဖယ်ရှားထားတာ ပိုကောင်းတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“လက်ရှိပုံစံနဲ့ဆိုရင် ကျွန်တော်ကတော့ VAR ကို ဖျက်ပစ်မှာပါ။ နည်းပညာက ကျွန်တော်တို့ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်ပြီလို့ မထင်ပါဘူး။ ကျွန်တော် ဂိုးစည်း နည်းပညာနဲ့ ဘာမှ ဆန့်ကျင်ဘက်ပြောစရာလုံးဝမရှိပါဘူး။ ဒါက ရှင်းပါတယ်။ VAR ကျတော့ အဲဒါက အမှားအယွင်းတွေ ဖြစ်စေပြီး ကျွန်တော်တို့ အဲဒါကို သုံးလေလေ အခြေအနေက ပိုဆိုးလာလေလေဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် အင်္ဂလန်နဲ့ပတ်သက်ပြီး အမြဲတမ်း နှစ်သက်ခဲ့တာက ဘောလုံးရဲ့ အရှိန်အဟုန်ပါ။ ဘာကြောင့် ကျွန်တော်တို့ အဲဒါကို ဖယ်ရှားပစ်ဖို့ ကြိုးစားနေတာလဲ။ ကျွန်တော်တို့ထဲက ဘယ်သူကမှ ဆုံးဖြတ်ချက်ချဖို့ အချိန်အကြာကြီးယူတာကို မနှစ်သက်ကြပါဘူး။ ပြီးခဲ့တဲ့အပတ်က သူတို့တွေက မသိရင် အလျင်စလို လုပ်လိုက်တဲ့ပုံစံမျိုးပါပဲ။ ကျွန်တော်ကတော့ နည်းပညာက ပြိုင်ပွဲနဲ့ သင့်တော်တယ်လို့ မထင်ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အန္ဂီ ေပၚစတီကိုဂလူက လီဗာပူးလ္ကို အျငင္းပြားဖြယ္ အႏိုင္ရရွိခဲ့ၿပီးေနာက္ပိုင္း လက္ရွိမွာ ျပႆနာတက္ေနတဲ့ VAR ကို ဖ်က္သိမ္းလိုက္မယ္ဆိုရင္ ေပ်ာ္႐ႊင္မိလိမ့္မယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က လူးဝစၥ ဒီယက္ဇ္ရဲ႕ သြင္းဂိုးဟာ မွားယြင္းစြာ ပယ္ဖ်က္ျခင္းခံခဲ့ရတာျဖစ္ၿပီး VAR ဒိုင္လူႀကီးက ကြင္းအတြင္းက စည္းၾကပ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္ကို ေျပာင္းလဲႏိုင္ျခင္းမရွိခဲ့တဲ့ေနာက္ လီဗာပူးလ္က ၂-၁ နဲ႔ ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။

PGMOL က သိသာထင္ရွားတဲ့ လူသားအမွားျဖစ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီးေနာက္ VAR အခန္းထဲက အသံဖိုင္ကို ထုတ္ျပန္ေၾကညာခဲ့ၿပီး ဆက္သြယ္ေျပာဆိုမႈ ျပႆနာကို အျပစ္တင္ရမွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က အဲဒီျဖစ္စဥ္ေၾကာင့္ ေဒါသထြက္ခဲ့ၿပီး စပါးစ္နဲ႔ပြဲကို ျပန္ကန္ခြင့္ေပးေစခ်င္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း ျပန္လည္ျပင္ဆင္လို႔ မရေတာ့ဘူးဆိုတာကို လက္ခံခဲ့ရတာျဖစ္ပါတယ္။

PGMOL က လက္ရွိမွာ ယခုအပတ္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမတိုင္ခင္ VAR လမ္းၫႊန္ခ်က္အသစ္ေတြကို မိတ္ဆက္လိုက္ၿပီျဖစ္ေပမယ့္လည္း ေပၚစတီကိုဂလူက VAR ဟာ ေဘာလုံးကို ပိုၿပီး ဆိုး႐ြားေအာင္ပဲ လုပ္ေနတယ္လို႔ ယုံၾကည္ေနၿပီး နည္းပညာပိုင္းက လိုအပ္တဲ့ အဆင့္အတန္းမွာ မရွိမခ်င္း မသုံးဘဲ ဖယ္ရွားထားတာ ပိုေကာင္းတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“လက္ရွိပုံစံနဲ႔ဆိုရင္ ကြၽန္ေတာ္ကေတာ့ VAR ကို ဖ်က္ပစ္မွာပါ။ နည္းပညာက ကြၽန္ေတာ္တို႔ ၿပိဳင္ပြဲအတြက္ အဆင္သင့္ျဖစ္ၿပီလို႔ မထင္ပါဘူး။ ကြၽန္ေတာ္ ဂိုးစည္း နည္းပညာနဲ႔ ဘာမွ ဆန႔္က်င္ဘက္ေျပာစရာလုံးဝမရွိပါဘူး။ ဒါက ရွင္းပါတယ္။ VAR က်ေတာ့ အဲဒါက အမွားအယြင္းေတြ ျဖစ္ေစၿပီး ကြၽန္ေတာ္တို႔ အဲဒါကို သုံးေလေလ အေျခအေနက ပိုဆိုးလာေလေလျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္ အဂၤလန္နဲ႔ပတ္သက္ၿပီး အၿမဲတမ္း ႏွစ္သက္ခဲ့တာက ေဘာလုံးရဲ႕ အရွိန္အဟုန္ပါ။ ဘာေၾကာင့္ ကြၽန္ေတာ္တို႔ အဲဒါကို ဖယ္ရွားပစ္ဖို႔ ႀကိဳးစားေနတာလဲ။ ကြၽန္ေတာ္တို႔ထဲက ဘယ္သူကမွ ဆုံးျဖတ္ခ်က္ခ်ဖို႔ အခ်ိန္အၾကာႀကီးယူတာကို မႏွစ္သက္ၾကပါဘူး။ ၿပီးခဲ့တဲ့အပတ္က သူတို႔ေတြက မသိရင္ အလ်င္စလို လုပ္လိုက္တဲ့ပုံစံမ်ိဳးပါပဲ။ ကြၽန္ေတာ္ကေတာ့ နည္းပညာက ၿပိဳင္ပြဲနဲ႔ သင့္ေတာ္တယ္လို႔ မထင္ပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.