Premier League

ဇန်နဝါရီမှာ ပြောင်းရွှေ့မယ့်အသင်းကို ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ ဂျေဒန် ဆန်ချို

မန်ချက်စတာယူနိုက်တက်တောင်ပံကြယ်ပွင့် ဂျေဒန် ဆန်ချိုဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းဟောင်း ဒေ့ါမွန်နဲ့ ပြန်လည် ပေါင်းစည်းချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားဟာ နည်းပြ အဲရစ် တန်ဟက်နဲ့ ပြဿနာတက်ပြီးကတည်းက မန်ချက်စတာယူနိုက်တက် ပထမအသင်းထဲကနေ ဖယ်ရှားခြင်းခံခဲ့ရသူဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြက အင်္ဂလန်ကြယ်ပွင့်ရဲ့ လေ့ကျင့်ရေးက ဆိုးရွားတဲ့စွမ်းဆောင်ရည်ကြောင့် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ စက်တင်ဘာလတုန်းက ပွဲစဉ်အတွက် လူစာရင်းထဲကနေ ချန်လှပ်ခဲ့တာလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂျေဒန် ဆန်ချိုက အဲရစ် တန်ဟက်ရဲ့ ပြောဆိုမှုကို လူမှုကွန်ရက်ပေါ်ကနေ ပြန်လည်တုံ့ပြန်ခဲ့ပြီး ၎င်းအနေနဲ့ အသင်းရဲ့ ရလဒ်ဆိုးတွေအတွက် ခုတုံးလုပ်ခံခဲ့ရတာ ကြာပြီလို့ ပြောဆိုခဲ့ပြီးနောက် အဲဒီပို့စ်ကို လူမှုကွန်ရက်ပေါ်က ပြန်ဖျက်ခဲ့ပေမယ့်လည်း အိုင်းယက်စ်နည်းပြဟောင်းက တောင်းပန်ခိုင်းခဲ့တာဖြစ်ပါတယ်။

ဆန်ချိုက တောင်းပန်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ရလဒ်အနေနဲ့ ကာရင်တန်က မန်ချက်စတာယူနိုက်တက်ပထမအသင်းအတွက် အထောက်အပံ့တွေနဲ့ သက်ဆိုင်တဲ့နေရာတွေကနေ ဝေးဝေးနေဖို့ ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မကြာသေးမီကသတင်းတွေရဲ့ ဖော်ပြချက်အရ ဆန်ချိုဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ မျှော်မှန်းထားပြီး ၂၀၂၁ ခုနှစ်မှာ မန်ယူနိုက်တက်ကို မပြောင်းရွှေ့မီ ၄ နှစ်ကြာ ကစားပေးခဲ့တဲ့ ဒေါ့မွန်ကို ပြန်လည်ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေတယ်လို့ 90min က ဖော်ပြခဲ့ပါတယ်။

ဂျာမန်ကလပ်အများအပြားကလည်း ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသထားပေမယ့်လည်း အင်္ဂလန်တောင်ပံကြယ်ပွင့်က ဒေါ့မွန်ကိုပြန်ဖို့ပဲ ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒေါ့မွန်ကလည်း အသင်းအတွက် ပြိုင်ပွဲစုံ ၁၃၇ ပွဲမှာ သွင်းဂိုး ၅၀ နဲ့ ဂိုးဖန်တီးမှု ၆၄ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တဲ့ ကစားသမားကို ဇန်နဝါရီမှာ ပြန်ခေါ်နိုင်မယ်ဆိုရင် ခေါ်ယူသွားမယ်လို့ ယုံကြည်ရပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အနေနဲ့ ဆန်ချိုအတွက် ပေးခဲ့ရတဲ့ ပေါင် ၇၃ သန်းထဲက အများကြီးတော့ ပြန်ရနိုင်မှာမဟုတ်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ေတာင္ပံၾကယ္ပြင့္ ေဂ်ဒန္ ဆန္ခ်ိဳဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ အသင္းေဟာင္း ေဒ့ါမြန္နဲ႔ ျပန္လည္ ေပါင္းစည္းခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ နည္းျပ အဲရစ္ တန္ဟက္နဲ႔ ျပႆနာတက္ၿပီးကတည္းက မန္ခ်က္စတာယူႏိုက္တက္ ပထမအသင္းထဲကေန ဖယ္ရွားျခင္းခံခဲ့ရသူျဖစ္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပက အဂၤလန္ၾကယ္ပြင့္ရဲ႕ ေလ့က်င့္ေရးက ဆိုး႐ြားတဲ့စြမ္းေဆာင္ရည္ေၾကာင့္ အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တဲ့ စက္တင္ဘာလတုန္းက ပြဲစဥ္အတြက္ လူစာရင္းထဲကေန ခ်န္လွပ္ခဲ့တာလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေဂ်ဒန္ ဆန္ခ်ိဳက အဲရစ္ တန္ဟက္ရဲ႕ ေျပာဆိုမႈကို လူမႈကြန္ရက္ေပၚကေန ျပန္လည္တုံ႔ျပန္ခဲ့ၿပီး ၎အေနနဲ႔ အသင္းရဲ႕ ရလဒ္ဆိုးေတြအတြက္ ခုတုံးလုပ္ခံခဲ့ရတာ ၾကာၿပီလို႔ ေျပာဆိုခဲ့ၿပီးေနာက္ အဲဒီပို႔စ္ကို လူမႈကြန္ရက္ေပၚက ျပန္ဖ်က္ခဲ့ေပမယ့္လည္း အိုင္းယက္စ္နည္းျပေဟာင္းက ေတာင္းပန္ခိုင္းခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳက ေတာင္းပန္ဖို႔ ျငင္းဆန္ခဲ့တာေၾကာင့္ ရလဒ္အေနနဲ႔ ကာရင္တန္က မန္ခ်က္စတာယူႏိုက္တက္ပထမအသင္းအတြက္ အေထာက္အပံ့ေတြနဲ႔ သက္ဆိုင္တဲ့ေနရာေတြကေန ေဝးေဝးေနဖို႔ ေျပာၾကားျခင္းခံခဲ့ရတာျဖစ္ပါတယ္။

မၾကာေသးမီကသတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ဆန္ခ်ိဳဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာဖို႔ ေမွ်ာ္မွန္းထားၿပီး ၂၀၂၁ ခုႏွစ္မွာ မန္ယူႏိုက္တက္ကို မေျပာင္းေ႐ႊ႕မီ ၄ ႏွစ္ၾကာ ကစားေပးခဲ့တဲ့ ေဒါ့မြန္ကို ျပန္လည္ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ 90min က ေဖာ္ျပခဲ့ပါတယ္။

ဂ်ာမန္ကလပ္အမ်ားအျပားကလည္း ဆန္ခ်ိဳကို ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ျပသထားေပမယ့္လည္း အဂၤလန္ေတာင္ပံၾကယ္ပြင့္က ေဒါ့မြန္ကိုျပန္ဖို႔ပဲ ဦးစားေပး လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ေဒါ့မြန္ကလည္း အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၃၇ ပြဲမွာ သြင္းဂိုး ၅၀ နဲ႔ ဂိုးဖန္တီးမႈ ၆၄ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ကစားသမားကို ဇန္နဝါရီမွာ ျပန္ေခၚႏိုင္မယ္ဆိုရင္ ေခၚယူသြားမယ္လို႔ ယုံၾကည္ရေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳအတြက္ ေပးခဲ့ရတဲ့ ေပါင္ ၇၃ သန္းထဲက အမ်ားႀကီးေတာ့ ျပန္ရႏိုင္မွာမဟုတ္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.