Bundesliga Match Report Premier League UCL&UEL

ဖရိုင်းဘတ်ကို အဝေးကွင်းနိုင်ပွဲယူပြီး အုပ်စုဗိုလ် ဆက်ထိန်းတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ မာဗရိုပါနို့စ်၊ အာဂွါဒ်၊ ဆိုဖာလ်နဲ့ ခယ်ရာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အယ်လ်ဗာရက်ဇ်၊ ဝါ့ဒ်-ပရောက်စ်နဲ့ ပါကေးတာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကူဒူးစ်၊ ဖော်နယ်လ်စ်နဲ့ ဘိုဝင်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဖရိုင်းဘတ်တို့ကတော့ ဂိုးသမား အာတူဘိုလူး၊ ခံစစ်မှာ ဂင်တာ၊ လိုင်ဟတ်၊ ဆီလ်ဒီလီယာနဲ့ ကူးဘလားတို့ကို ခင်းကျင်းလာခဲ့ကြပြီး ကွင်းလယ်မှာတော့ အဂ္ဂါစတိုင်း၊ ဟိုးဖလာ၊ ဆယ်လာအီနဲ့ ဂရီဖိုတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ အဒါမူနဲ့ ဟိုးလားတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာကတည်းက ဝက်စ်ဟမ်းတို့ အဝေးကွင်းမှာ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဆိုဖာလ် ခင်းပေးတဲ့ ဘောလုံးကို ရယူပြီး တောင်ပံကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးလိုက်တဲ့ ဘိုဝင်ရဲ့ ပေးပို့မှုကို ကွင်းလယ်တိုက်စစ်ကစားတဲ့ ပါကေးတာက ခေါင်းတိုက်သွင်းပြီး ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ကူဒူးစ်ရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့သလို ပါကေးတာ ဂိုးထပ်သွင်းခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ဝက်စ်ဟမ်းတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ကြပြီး ဖရိုင်းဘတ်တို့ကတော့ အိမ်ကွင်းမှာ မျက်နှာမပျက်ရအောင် ဒုတိယပိုင်းအစမှာ ဂျပန်တိုက်စစ်မှူး ရစ်ဆု ဒိုအန်ကို အဒါမူ အစား ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၄၉ မိနစ်မှာတော့ ဖရိုင်းဘတ်တို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဒိုအန်ပေးတဲ့ ဘောလုံးကို ဧရိယာထဲမှာ ဆာလာအီနဲ့ ကူးဘလားတို့က ဆက်တိုက်ကန်သွင်းခဲ့ကြရာမှာ နှစ်ကြိမ်ဆက်ပြီး ဖာဘီယန်စကီးက ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ဆာလာအီရဲ့ နောက်တစ်ကြိမ် အနီးကပ် ကန်သွင်းမှုကိုတော့ မကာကွယ်နိုင်ခဲ့တော့လို့ တစ်ဂိုးစီသရေပြန်ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ဒုတိယသွင်းဂိုးနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဝါ့ဒ်-ပရောက်စ်ရဲ့ ဘယ်ထောင့်ကန်ဘောကနေ တိကျတဲ့ ဖြတ်တင်ပေးပို့မှုကို စောစောစီးစီး ရှေ့ထွက်ဖို့ ပျက်ကွက်ခဲ့တဲ့ ဂိုးသမား အာတူဘိုလူးရဲ့ ညံ့ဖျင်းမှုကြောင့် ဂိုးရှေ့တည့်တည့်မှာ အမြင့်ဆုံး ခုန်နိုင်ခဲ့တဲ့ မော်ရိုကိုခံစစ်မှူး အာဂွါဒ်က အနီးကပ် ခေါင်းတိုက် ရယူပေးခဲ့တာပါ။

ဒီနောက်မှာတော့ ဝက်စ်ဟမ်းတို့ ခံစစ်ကို ပိုမိုအားပြုပြီး ကစားသွားခဲ့သလို ဖရိုင်းဘတ်တို့ရဲ့ တိုက်စစ်ကို ကြံ့ကြံ့ခံသွားခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ အဝေးကွင်းမှာ အဖိုးတန်နိုင်ပွဲကို ရယူနိုင်ခဲ့သလို ယူရိုပါလိဂ် အုပ်စု(အေ)မှာ နှစ်ပွဲကစား နှစ်ပွဲနိုင်၊ ရမှတ် ၆ မှတ်နဲ့ ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဖာဘီယန္စကီး၊ ခံစစ္မွာ မာဗ႐ိုပါႏို႔စ္၊ အာဂြါဒ္၊ ဆိုဖာလ္နဲ႔ ခယ္ရာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အယ္လ္ဗာရက္ဇ္၊ ဝါ့ဒ္-ပေရာက္စ္နဲ႔ ပါေကးတာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ကူဒူးစ္၊ ေဖာ္နယ္လ္စ္နဲ႔ ဘိုဝင္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဖ႐ိုင္းဘတ္တို႔ကေတာ့ ဂိုးသမား အာတူဘိုလူး၊ ခံစစ္မွာ ဂင္တာ၊ လိုင္ဟတ္၊ ဆီလ္ဒီလီယာနဲ႔ ကူးဘလားတို႔ကို ခင္းက်င္းလာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ အဂၢါစတိုင္း၊ ဟိုးဖလာ၊ ဆယ္လာအီနဲ႔ ဂရီဖိုတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ အဒါမူနဲ႔ ဟိုးလားတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာကတည္းက ဝက္စ္ဟမ္းတို႔ အေဝးကြင္းမွာ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဆိုဖာလ္ ခင္းေပးတဲ့ ေဘာလုံးကို ရယူၿပီး ေတာင္ပံကေန ဂိုးေရွ႕ကို ျဖတ္တင္ေပးလိုက္တဲ့ ဘိုဝင္ရဲ႕ ေပးပို႔မႈကို ကြင္းလယ္တိုက္စစ္ကစားတဲ့ ပါေကးတာက ေခါင္းတိုက္သြင္းၿပီး ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ကူဒူးစ္ရဲ႕ ကန္ခ်က္က တိုင္ထိထြက္ခဲ့သလို ပါေကးတာ ဂိုးထပ္သြင္းခဲ့ေပမယ့္ လူကြၽံေနခဲ့တာေၾကာင့္ ဝက္စ္ဟမ္းတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဖ႐ိုင္းဘတ္တို႔ကေတာ့ အိမ္ကြင္းမွာ မ်က္ႏွာမပ်က္ရေအာင္ ဒုတိယပိုင္းအစမွာ ဂ်ပန္တိုက္စစ္မႉး ရစ္ဆု ဒိုအန္ကို အဒါမူ အစား ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ဖ႐ိုင္းဘတ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဒိုအန္ေပးတဲ့ ေဘာလုံးကို ဧရိယာထဲမွာ ဆာလာအီနဲ႔ ကူးဘလားတို႔က ဆက္တိုက္ကန္သြင္းခဲ့ၾကရာမွာ ႏွစ္ႀကိမ္ဆက္ၿပီး ဖာဘီယန္စကီးက ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ဆာလာအီရဲ႕ ေနာက္တစ္ႀကိမ္ အနီးကပ္ ကန္သြင္းမႈကိုေတာ့ မကာကြယ္ႏိုင္ခဲ့ေတာ့လို႔ တစ္ဂိုးစီသေရျပန္ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ ဒုတိယသြင္းဂိုးနဲ႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဝါ့ဒ္-ပေရာက္စ္ရဲ႕ ဘယ္ေထာင့္ကန္ေဘာကေန တိက်တဲ့ ျဖတ္တင္ေပးပို႔မႈကို ေစာေစာစီးစီး ေရွ႕ထြက္ဖို႔ ပ်က္ကြက္ခဲ့တဲ့ ဂိုးသမား အာတူဘိုလူးရဲ႕ ညံ့ဖ်င္းမႈေၾကာင့္ ဂိုးေရွ႕တည့္တည့္မွာ အျမင့္ဆုံး ခုန္ႏိုင္ခဲ့တဲ့ ေမာ္႐ိုကိုခံစစ္မႉး အာဂြါဒ္က အနီးကပ္ ေခါင္းတိုက္ ရယူေပးခဲ့တာပါ။

ဒီေနာက္မွာေတာ့ ဝက္စ္ဟမ္းတို႔ ခံစစ္ကို ပိုမိုအားျပဳၿပီး ကစားသြားခဲ့သလို ဖ႐ိုင္းဘတ္တို႔ရဲ႕ တိုက္စစ္ကို ႀကံ့ႀကံ့ခံသြားခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အေဝးကြင္းမွာ အဖိုးတန္ႏိုင္ပြဲကို ရယူႏိုင္ခဲ့သလို ယူ႐ိုပါလိဂ္ အုပ္စု(ေအ)မွာ ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္၊ ရမွတ္ ၆ မွတ္နဲ႔ ဆက္လက္ဦးေဆာင္ထားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.