UCL&UEL

ဖရိုင်းဘတ်နဲ့ပွဲမှာ စီးတီးတောင် မရသေးတဲ့ ဥရောပစံချိန်ရခဲ့တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းဟာ အင်္ဂလိပ်ကလပ်အသင်းတစ်သင်းအနေနဲ့ ဥရောပပြိုင်ပွဲမှာ ရှုံးပွဲမရှိ စံချိန် အရှည်လျားဆုံး စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ ကြာသပတေးနေ့ညနေက ဖရိုင်းဘတ်ကို ၂-၁ နဲ့ အဝေးကွင်းနိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ယူရိုပါကွန်းဖရင့်လိဂ်နဲ့ ယူရိုပါလိဂ်တို့မှာ ၁၇ ပွဲအထိ ရှုံးပွဲမရှိတဲ့အသင်းဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ လူးကပ်စ် ပါကေးတာက အရှေ့လန်ဒန်သားတွေအတွက် ဂျာမနီမှာ အစောပိုင်း ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ရိုလန်း ဆာလာအီက ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် သိပ်မကြာခင်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး နေယက်ဖ် အာဂွါဒ်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် ဝက်စ်ဟမ်းတို့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်း ပရိသတ်တွေဟာ အသင်းရဲ့ နိုင်ပွဲနဲ့ မှတ်တမ်းသစ်ကို ပြီးခဲ့တဲ့ရာသီ ပရက်ဂ်မြို့က ယူရိုပါကွန်းဖရင့်လိဂ်ဗိုလ်လုပွဲအတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အပြီး ယူအီးအက်ဖ်အေရဲ့ ပွဲကြည့်ရှုခွင့်ပိတ်ခံထားရတာကြောင့် ကိုယ်တိုင်ကိုယ်ကျ အောင်ပွဲခံနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းရဲ့ ရှုံးပွဲမရှိ စံချိန်ဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစပြီး ဒေးဗစ် မွိုက်စ်ရဲ့အသင်းက ၁၇ ပွဲမှာ ၁၆ ပွဲအထိ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဥရောပမှာ ရှုံးပွဲမရှိပွဲစဉ် အများဆုံး စံချိန်ကို ၁၉၆၈ ခုနှစ်တုန်းက ဒွန် ရိဗီရဲ့ လိဒ်စ်ယူနိုက်တက်က တင်နိုင်ခဲ့ပြီး ၁၉၇၂ မိနစ်မှာ ဘီလ် နီကိုလ်ဆင်ရဲ့ စပါးစ်က လိုက်မီခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကလည်း ဗုဒ္ဓဟူးနေ့ညက လိုက်ပ်ဇစ်ကို ချန်ပီယံလိဂ်မှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိမှာ ဥရောပ ၁၆ ပွဲအထိ ရှုံးပွဲမရှိတဲ့အသင်းဖြစ်လာပြီဖြစ်ပြီး ပွဲအပြီးမှာ ဝက်စ်ဟမ်းနည်းပြက နှစ်ပေါင်း ၅၀ ကျော်ကြာ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တဲ့အသင်းဖြစ်လာတဲ့အပေါ်မှာ ပီတိဖြစ်မိပေမယ့် နိုင်ပွဲရရှိခဲ့တာက အသင်းအတွက် တကယ်အရေးကြီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“အင်း။ သူတို့(ရီဗီနဲ့ နီကိုလ်ဆင်)တို့က ဂန္တဝင်တွေအဖြစ်နဲ့ မှတ်ကျောက်တင်ခံထားရတဲ့ နာမည်တွေဖြစ်ပြီး အတိတ်တုန်းက သူတို့တွေ ကိုယ်စားပြုပေးခဲ့တဲ့ အသင်းအတွက် တကယ်ကို အရေးပါခဲ့ပါတယ်။ ကျွန်တော် ပြန်စဉ်းစားလိုက်တဲ့အခါကျတော့ သူတို့မှာ ကျွန်တော်တို့လို အုပ်စုပွဲစဉ်ပမာဏက သိပ်မများခဲ့ဘူး။ သူတို့တွေက ရှုံးထွက်ပွဲတွေလိုမျိုးကနေ နောက်တဆင့် တက်နိုင်ခဲ့ကြတာပါ။ အဲဒီအချိန်တုန်း ဥရောပပြိုင်ပွဲက ၂ ခု ရှိနေခဲ့ပြီလားဆိုတာ ကျွန်တော် မသေချာပါဘူး။ ရှိခဲ့ချင်လည်း ရှိခဲ့ပါလိမ့်မယ်။ အဲဒီတော့ ကျွန်တော့်နာမည်ကို သူတို့နဲ့ တစ်တန်းတည်း မထည့်ချင်ပါဘူး။ ဒါပေမယ့် ပြိုင်ပွဲရဲ့အဆင့်အတန်းကတော့ ပိုပြီး ခက်ခဲလာပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျွန်တော့်အနေနဲ့ အဲဒီစံချိန်ရခဲ့တဲ့အတွက် ပီတိဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီည နိုင်ပွဲရခဲ့လို့ ပိုပြီးတော့ ပီတိဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော်တို့အတွက် တကယ်ကို အရေးပါခဲ့လို့ပါ။ ”လို့ ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းဟာ ယူရိုပါလိဂ်အုပ်စုအေမှာ ၂ ပွဲကစားပြီးနောက် အုပ်စုဗိုလ်အဖြစ် ရပ်တည်နေပြီး တတိယပွဲစဉ်အဖြစ် အောက်တိုဘာ ၂၈ ရက်နေ့မှာ အိုလင်ပီယာကော့စ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းဟာ အဂၤလိပ္ကလပ္အသင္းတစ္သင္းအေနနဲ႔ ဥေရာပၿပိဳင္ပြဲမွာ ရႈံးပြဲမရွိ စံခ်ိန္ အရွည္လ်ားဆုံး စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဝက္စ္ဟမ္းဟာ ၾကာသပေတးေန႔ညေနက ဖ႐ိုင္းဘတ္ကို ၂-၁ နဲ႔ အေဝးကြင္းႏိုင္ပြဲရရွိခဲ့တာျဖစ္ၿပီး ယူ႐ိုပါကြန္းဖရင့္လိဂ္နဲ႔ ယူ႐ိုပါလိဂ္တို႔မွာ ၁၇ ပြဲအထိ ရႈံးပြဲမရွိတဲ့အသင္းျဖစ္လာခဲ့တာ ျဖစ္ပါတယ္။ လူးကပ္စ္ ပါေကးတာက အေရွ႕လန္ဒန္သားေတြအတြက္ ဂ်ာမနီမွာ အေစာပိုင္း ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ ႐ိုလန္း ဆာလာအီက ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္ သိပ္မၾကာခင္မွာ သြင္းယူေပးခဲ့တာျဖစ္ၿပီး ေနယက္ဖ္ အာဂြါဒ္ရဲ႕ ေခါင္းတိုက္သြင္းဂိုးေၾကာင့္ ဝက္စ္ဟမ္းတို႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္း ပရိသတ္ေတြဟာ အသင္းရဲ႕ ႏိုင္ပြဲနဲ႔ မွတ္တမ္းသစ္ကို ၿပီးခဲ့တဲ့ရာသီ ပရက္ဂ္ၿမိဳ႕က ယူ႐ိုပါကြန္းဖရင့္လိဂ္ဗိုလ္လုပြဲအတြင္း ျဖစ္ပြားခဲ့တဲ့ျဖစ္စဥ္အၿပီး ယူအီးအက္ဖ္ေအရဲ႕ ပြဲၾကည့္ရႈခြင့္ပိတ္ခံထားရတာေၾကာင့္ ကိုယ္တိုင္ကိုယ္က် ေအာင္ပြဲခံႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းရဲ႕ ရႈံးပြဲမရွိ စံခ်ိန္ဟာ ၂၀၂၂ ခုႏွစ္ ဩဂုတ္လမွာ စတင္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကစၿပီး ေဒးဗစ္ မြိဳက္စ္ရဲ႕အသင္းက ၁၇ ပြဲမွာ ၁၆ ပြဲအထိ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ဥေရာပမွာ ရႈံးပြဲမရွိပြဲစဥ္ အမ်ားဆုံး စံခ်ိန္ကို ၁၉၆၈ ခုႏွစ္တုန္းက ဒြန္ ရိဗီရဲ႕ လိဒ္စ္ယူႏိုက္တက္က တင္ႏိုင္ခဲ့ၿပီး ၁၉၇၂ မိနစ္မွာ ဘီလ္ နီကိုလ္ဆင္ရဲ႕ စပါးစ္က လိုက္မီခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးကလည္း ဗုဒၶဟူးေန႔ညက လိုက္ပ္ဇစ္ကို ခ်န္ပီယံလိဂ္မွာ ၃-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ လက္ရွိမွာ ဥေရာပ ၁၆ ပြဲအထိ ရႈံးပြဲမရွိတဲ့အသင္းျဖစ္လာၿပီျဖစ္ၿပီး ပြဲအၿပီးမွာ ဝက္စ္ဟမ္းနည္းျပက ႏွစ္ေပါင္း ၅၀ ေက်ာ္ၾကာ စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့တဲ့အသင္းျဖစ္လာတဲ့အေပၚမွာ ပီတိျဖစ္မိေပမယ့္ ႏိုင္ပြဲရရွိခဲ့တာက အသင္းအတြက္ တကယ္အေရးႀကီးခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“အင္း။ သူတို႔(ရီဗီနဲ႔ နီကိုလ္ဆင္)တို႔က ဂႏၲဝင္ေတြအျဖစ္နဲ႔ မွတ္ေက်ာက္တင္ခံထားရတဲ့ နာမည္ေတြျဖစ္ၿပီး အတိတ္တုန္းက သူတို႔ေတြ ကိုယ္စားျပဳေပးခဲ့တဲ့ အသင္းအတြက္ တကယ္ကို အေရးပါခဲ့ပါတယ္။ ကြၽန္ေတာ္ ျပန္စဥ္းစားလိုက္တဲ့အခါက်ေတာ့ သူတို႔မွာ ကြၽန္ေတာ္တို႔လို အုပ္စုပြဲစဥ္ပမာဏက သိပ္မမ်ားခဲ့ဘူး။ သူတို႔ေတြက ရႈံးထြက္ပြဲေတြလိုမ်ိဳးကေန ေနာက္တဆင့္ တက္ႏိုင္ခဲ့ၾကတာပါ။ အဲဒီအခ်ိန္တုန္း ဥေရာပၿပိဳင္ပြဲက ၂ ခု ရွိေနခဲ့ၿပီလားဆိုတာ ကြၽန္ေတာ္ မေသခ်ာပါဘူး။ ရွိခဲ့ခ်င္လည္း ရွိခဲ့ပါလိမ့္မယ္။ အဲဒီေတာ့ ကြၽန္ေတာ့္နာမည္ကို သူတို႔နဲ႔ တစ္တန္းတည္း မထည့္ခ်င္ပါဘူး။ ဒါေပမယ့္ ၿပိဳင္ပြဲရဲ႕အဆင့္အတန္းကေတာ့ ပိုၿပီး ခက္ခဲလာပါတယ္။ ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ပါ။ ကြၽန္ေတာ့္အေနနဲ႔ အဲဒီစံခ်ိန္ရခဲ့တဲ့အတြက္ ပီတိျဖစ္မိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီည ႏိုင္ပြဲရခဲ့လို႔ ပိုၿပီးေတာ့ ပီတိျဖစ္မိပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက ကြၽန္ေတာ္တို႔အတြက္ တကယ္ကို အေရးပါခဲ့လို႔ပါ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဝက္စ္ဟမ္းဟာ ယူ႐ိုပါလိဂ္အုပ္စုေအမွာ ၂ ပြဲကစားၿပီးေနာက္ အုပ္စုဗိုလ္အျဖစ္ ရပ္တည္ေနၿပီး တတိယပြဲစဥ္အျဖစ္ ေအာက္တိုဘာ ၂၈ ရက္ေန႔မွာ အိုလင္ပီယာေကာ့စ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.