Match Report Premier League UCL&UEL

လူတွေ အနားပေးပြီး ယူနီယံကို သာသာယာယာပဲ နိုင်ပွဲယူတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ကွမ်ဆား၊ ကိုနာတေနဲ့ ဆီမီကတ်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒို၊ ဂရာဗင်ဘာ့ချ်နဲ့ အဲလီးယော့တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ ဒါဝင် နူးညက်ဇ်နဲ့ ဂျိုတာတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ယူနီယံ စန်ဂယ်လွာအသင်းကတော့ ဂိုးသမား မောရစ်၊ ခံစစ်မှာ ဘာ့ဂျက်စ်၊ မာချီဒါ၊ ကီဗင် မက္ကယ်လစ္စတာ၊ ကက်စ်ထရို-မွန်တက်စ်နဲ့ တာဟိုတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဗန်ဟူးထ်၊ လာဇာရီနဲ့ ပူအာတာစ်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ နီးလ်ဆန်နဲ့ အမူရာတို့ကို တင်ကစားလာခဲ့ပါတယ်။

ဒီအသင်းနဲ့ ဒီအသင်း ပြိုင်ဘက် မဟုတ်ချိန်မှာ ဧည့်သည်တွေအနေနဲ့ ခံစစ်ပိတ်ပြီး ကောင်တာကစားဖို့ကိုပဲ ကြိုးစားလာခဲ့ပြီး ဒီနေ့မှာတော့ ယူနီယံနောက်ခံလူ ကီဗင် မက္ကယ်လစ္စတာအနေနဲ့ သူ့ရဲ့ ညီဖြစ်သူ လီဗာပူးလ်ကွင်းလယ်လူ အလက်ဆစ်နဲ့ ယှဉ်ပြိုင်ကစားဖို့ ကြုံခဲ့ရပေမယ့် ကလော့ပ်ရဲ့ အနားပေးမှုကြောင့် ပထမပိုင်းမှာတော့ မဆုံဆည်းဖြစ်ခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာ လူကျွံထောင်ချောက်ကို ဖြတ်ထွက်သွားတဲ့ ဆာလားရဲ့ ကန်ချက်က ဂိုးသမားနဲ့ ထိထွက်ခဲ့တာကြောင့် အဖွင့်ဂိုးနဲ့လွဲခဲ့ရသလို ပွဲချိန် ၁၇ မိနစ်မှာ ဆာလားရဲ့ ဖန်တီးမှုကနေ ငှက်ပျောသီး အခွံနွှာစားသလောက် လွယ်ကူတဲ့ အခွင့်အရေးကို နူးညက်ဇ်က ဘေးကိုပဲ အချိုးလွန်သွားခဲ့လို့ လီဗာပူးလ်တို့ ဂိုးရဖို့ ခက်နေခဲ့ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ အိမ်ရှင်တွေ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ အလျင်အမြန် ကောင်တာစတင်လာခဲ့ပြီး ဘယ်တောင်ပံကနေ နူးညက်ဇ်နဲ့ အပေးအယူလုပ်လာခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ကန်ချက်ကို ယူနီယံဂိုးသမား မောရစ် မဖမ်းနိုင်ဘဲ ပြန်ထွက်လာခဲ့ရာမှာ ဂရာဗင်ဘာ့ချ်က စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲပြီး ပိတ်သွင်းယူနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ လီဗာပူးလ်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြသလို ဒုတိယပိုင်းအစမှာတော့ ဆာလား၊ အန်ဒိုနဲ့ နူးညက်ဇ်တို့အစား ကားတစ်ဂျုံးစ်၊ မက္ကယ်လစ္စတာနဲ့ လူးဝစ် ဒီယက်ဇ်တို့ကို ထည့်သွင်းလာခဲ့ပြီး ဖိကစားခဲ့ကြပေမယ့် ပွဲချိန် ၅၁ မိနစ်မှာ ဂျိုတာရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ခက်ခက်ခဲခဲ ပုတ်ထုတ်သွားခဲ့တာကြောင့် အိမ်ရှင်တွေ စိတ်ပျက်ခဲ့ရပါတယ်။

ဂိုးပေးလိုက်ရတဲ့ အမှားကလွဲလို့ ခက်ရာခက်ဆစ်တွေကို ကာကွယ်နိုင်ခဲ့တဲ့အထိ ယူနီယံဂိုးသမား မောရစ်က လက်စွမ်းပြနေခဲ့ပြီး လီဗာပူးလ်တို့ အဆုံးသတ်ပိုင်းတွေကလည်း အားရစရာတော့ မရှိခဲ့သလို လူးဝစ် ဒီယက်ဇ်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်ကန်သွင်းမှုကလည်း တိုင်ထိထွက်ခဲ့လို့ တစ်ဂိုးနဲ့ပဲ ပွဲပြီးတော့မယ်လို့ ထင်ချင်စရာဖြစ်ခဲ့ရတာပါ။

ဒါပေမယ့် နာကျင်အချိန်ပို ၂ မိနစ်မှာ လီဗာပူးလ်တို့ ဒုတိယဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ယူနီယံတို့ရဲ့ တိုက်စစ်ကို ဧရိယာထဲမှာ တားဆီးရင်း ရှင်းထုတ်ခဲ့တဲ့ ကိုနာတေရဲ့ ကန်ချက်ကို လိုက်လံရယူခဲ့ကြတဲ့ ဂျိုတာနဲ့ လူးဝစ် ဒီယက်ဇ်တို့ရဲ့ ဖိအားကို တောင့်မခံနိုင်ဘဲ ပြန်မှားခဲ့ကြတဲ့ ဧည့်သည်ခံစစ်ကြောင့် ဂျိုတာက ဘယ်ခြေနဲ့ အနိမ့်ဘောကန်သွင်းပြီး ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့က ယူနီယံစန်ဂယ်လွာတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ယူရိုပါလိဂ် အုပ်စု(အီး)မှာ နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ထိပ်ဆုံးက ဆက်လက်ဦးဆောင်သွားခဲ့သလို ပရီးမီးယားလိဂ်အတွက် လူအင်အား ချွေတာခဲ့ပေမယ့်လည်း ပရိသတ်တွေအတွက် စိတ်ကျေနပ်အောင် စွမ်းဆောင်နိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ကြမ္ဆား၊ ကိုနာေတနဲ႔ ဆီမီကတ္စ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဒို၊ ဂရာဗင္ဘာ့ခ်္နဲ႔ အဲလီးေယာ့တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ ဒါဝင္ ႏူးညက္ဇ္နဲ႔ ဂ်ိဳတာတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ယူနီယံ စန္ဂယ္လြာအသင္းကေတာ့ ဂိုးသမား ေမာရစ္၊ ခံစစ္မွာ ဘာ့ဂ်က္စ္၊ မာခ်ီဒါ၊ ကီဗင္ မကၠယ္လစၥတာ၊ ကက္စ္ထ႐ို-မြန္တက္စ္နဲ႔ တာဟိုတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ဗန္ဟူးထ္၊ လာဇာရီနဲ႔ ပူအာတာစ္တို႔ကို တြဲဖက္ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ နီးလ္ဆန္နဲ႔ အမူရာတို႔ကို တင္ကစားလာခဲ့ပါတယ္။

ဒီအသင္းနဲ႔ ဒီအသင္း ၿပိဳင္ဘက္ မဟုတ္ခ်ိန္မွာ ဧည့္သည္ေတြအေနနဲ႔ ခံစစ္ပိတ္ၿပီး ေကာင္တာကစားဖို႔ကိုပဲ ႀကိဳးစားလာခဲ့ၿပီး ဒီေန႔မွာေတာ့ ယူနီယံေနာက္ခံလူ ကီဗင္ မကၠယ္လစၥတာအေနနဲ႔ သူ႔ရဲ႕ ညီျဖစ္သူ လီဗာပူးလ္ကြင္းလယ္လူ အလက္ဆစ္နဲ႔ ယွဥ္ၿပိဳင္ကစားဖို႔ ႀကဳံခဲ့ရေပမယ့္ ကေလာ့ပ္ရဲ႕ အနားေပးမႈေၾကာင့္ ပထမပိုင္းမွာေတာ့ မဆုံဆည္းျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာ လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ထြက္သြားတဲ့ ဆာလားရဲ႕ ကန္ခ်က္က ဂိုးသမားနဲ႔ ထိထြက္ခဲ့တာေၾကာင့္ အဖြင့္ဂိုးနဲ႔လြဲခဲ့ရသလို ပြဲခ်ိန္ ၁၇ မိနစ္မွာ ဆာလားရဲ႕ ဖန္တီးမႈကေန ငွက္ေပ်ာသီး အခြံႏႊာစားသေလာက္ လြယ္ကူတဲ့ အခြင့္အေရးကို ႏူးညက္ဇ္က ေဘးကိုပဲ အခ်ိဳးလြန္သြားခဲ့လို႔ လီဗာပူးလ္တို႔ ဂိုးရဖို႔ ခက္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ အိမ္ရွင္ေတြ အဖြင့္ဂိုးကို စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန အလ်င္အျမန္ ေကာင္တာစတင္လာခဲ့ၿပီး ဘယ္ေတာင္ပံကေန ႏူးညက္ဇ္နဲ႔ အေပးအယူလုပ္လာခဲ့တဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ကန္ခ်က္ကို ယူနီယံဂိုးသမား ေမာရစ္ မဖမ္းႏိုင္ဘဲ ျပန္ထြက္လာခဲ့ရာမွာ ဂရာဗင္ဘာ့ခ်္က စားရကံႀကဳံလို႔ မုတ္ဆိတ္ပ်ားစြဲၿပီး ပိတ္သြင္းယူႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ လီဗာပူးလ္တို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကသလို ဒုတိယပိုင္းအစမွာေတာ့ ဆာလား၊ အန္ဒိုနဲ႔ ႏူးညက္ဇ္တို႔အစား ကားတစ္ဂ်ဳံးစ္၊ မကၠယ္လစၥတာနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ကို ထည့္သြင္းလာခဲ့ၿပီး ဖိကစားခဲ့ၾကေပမယ့္ ပြဲခ်ိန္ ၅၁ မိနစ္မွာ ဂ်ိဳတာရဲ႕ ေခါင္းတိုက္ခ်က္ကို ဂိုးသမား ခက္ခက္ခဲခဲ ပုတ္ထုတ္သြားခဲ့တာေၾကာင့္ အိမ္ရွင္ေတြ စိတ္ပ်က္ခဲ့ရပါတယ္။

ဂိုးေပးလိုက္ရတဲ့ အမွားကလြဲလို႔ ခက္ရာခက္ဆစ္ေတြကို ကာကြယ္ႏိုင္ခဲ့တဲ့အထိ ယူနီယံဂိုးသမား ေမာရစ္က လက္စြမ္းျပေနခဲ့ၿပီး လီဗာပူးလ္တို႔ အဆုံးသတ္ပိုင္းေတြကလည္း အားရစရာေတာ့ မရွိခဲ့သလို လူးဝစ္ ဒီယက္ဇ္ရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္ကန္သြင္းမႈကလည္း တိုင္ထိထြက္ခဲ့လို႔ တစ္ဂိုးနဲ႔ပဲ ပြဲၿပီးေတာ့မယ္လို႔ ထင္ခ်င္စရာျဖစ္ခဲ့ရတာပါ။

ဒါေပမယ့္ နာက်င္အခ်ိန္ပို ၂ မိနစ္မွာ လီဗာပူးလ္တို႔ ဒုတိယဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ယူနီယံတို႔ရဲ႕ တိုက္စစ္ကို ဧရိယာထဲမွာ တားဆီးရင္း ရွင္းထုတ္ခဲ့တဲ့ ကိုနာေတရဲ႕ ကန္ခ်က္ကို လိုက္လံရယူခဲ့ၾကတဲ့ ဂ်ိဳတာနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ရဲ႕ ဖိအားကို ေတာင့္မခံႏိုင္ဘဲ ျပန္မွားခဲ့ၾကတဲ့ ဧည့္သည္ခံစစ္ေၾကာင့္ ဂ်ိဳတာက ဘယ္ေျခနဲ႔ အနိမ့္ေဘာကန္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔က ယူနီယံစန္ဂယ္လြာတို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ၿပီး ယူ႐ိုပါလိဂ္ အုပ္စု(အီး)မွာ ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္ ရမွတ္ ၆ မွတ္နဲ႔ ထိပ္ဆုံးက ဆက္လက္ဦးေဆာင္သြားခဲ့သလို ပရီးမီးယားလိဂ္အတြက္ လူအင္အား ေခြၽတာခဲ့ေပမယ့္လည္း ပရိသတ္ေတြအတြက္ စိတ္ေက်နပ္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.