Premier League

လီဗာပူးလ်နဲ့ပွဲက အမှားကြောင့် တစ်ရာသီလုံး ထပ်မံပွဲကိုင်တွယ်ခွင့်မရှိတော့တဲ့ ဒိုင်လူကြီး

VAR ဒိုင်လူကြီး ဒါရင်း အင်္ဂလန်ဟာ စပါးစ်ကို လီဗာပူးလ်က အငြင်းပွားဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ပတ်သက်ခဲ့ပြီးနောက် ယခုရာသီကုန်တဲ့အထိ လီဗာပူးလ်ပွဲတွေမှာ တာဝန်ယူကိုင်တွယ်ရတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

စနေနေ့က တော့တင်ဟမ်ဟော့စပါးကွင်းမှာ လီဗာပူးလ်တို့ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လူးဝစ္စ ဒီယက်ဇ်ရဲ့ သွင်းဂိုးဟာ လူကျွံဘောအဖြစ် မှားယွင်းပယ်ဖျက်ခြင်းခံခဲ့ရတာဖြစ်ပြီး PGMOL က အဲဒီပွဲအပြီးကတည်းက ဆက်သွယ်ပြောဆိုရာမှာ VAR အသံဖိုင် ချို့ယွင်းမှုကြောင့် အမှားအယွင်းဖြစ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အင်္ဂါနေ့မှာတော့ VAR ဒိုင်တွေဖြစ်တဲ့ ဒါရင်း အင်္ဂလန်နဲ့ ဒန် ကွတ်ခ်တို့ဟာ လူသားအမှားမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ပြီး နောက်ထပ် ပွဲစဉ်တွေအတွက် တာဝန်ကနေ အနားပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒါရင်း အင်္ဂလန်ကတော့ ယခုရာသီကုန်တဲ့အထိ လီဗာပူးလ်ပွဲစဉ်တွေကို တာဝန်ယူကိုင်တွယ်ခွင့် ပိတ်ပင်ခံလိုက်ရတယ်လို့ သိရပြီး The Telegraph က အသက် ၃၇ နှစ်အရွယ် ဒိုင်လူကြီးရဲ့အမှားဟာ ၎င်းကို ငွေကြေးပိုင်းအရလည်း အကျိုးသက်ရောက်မှု ရှိစေလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ဒါရင်း အင်္ဂလန်ဟာ လီဗာပူးလ်ရဲ့ ပွဲစဉ်တွေကို ကိုင်တွယ်ခွင့် ပိတ်ပင်ခံခဲ့ရတာကြောင့် အခြေခံလစာ ခန့်မှန်းခြေ ပေါင် ၁၅၀၀၀၀ ထဲကနေ ပေါင် ၁၂၀၀ ဝန်းကျင် လျော့ကျသွားတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: VAR ဒိုင္လူႀကီး ဒါရင္း အဂၤလန္ဟာ စပါးစ္ကို လီဗာပူးလ္က အျငင္းပြားဖြယ္ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ပတ္သက္ခဲ့ၿပီးေနာက္ ယခုရာသီကုန္တဲ့အထိ လီဗာပူးလ္ပြဲေတြမွာ တာဝန္ယူကိုင္တြယ္ရေတာ့မွာမဟုတ္ဘူးလို႔ သိရပါတယ္။

စေနေန႔က ေတာ့တင္ဟမ္ေဟာ့စပါးကြင္းမွာ လီဗာပူးလ္တို႔ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ လူးဝစၥ ဒီယက္ဇ္ရဲ႕ သြင္းဂိုးဟာ လူကြၽံေဘာအျဖစ္ မွားယြင္းပယ္ဖ်က္ျခင္းခံခဲ့ရတာျဖစ္ၿပီး PGMOL က အဲဒီပြဲအၿပီးကတည္းက ဆက္သြယ္ေျပာဆိုရာမွာ VAR အသံဖိုင္ ခ်ိဳ႕ယြင္းမႈေၾကာင့္ အမွားအယြင္းျဖစ္ခဲ့တာျဖစ္တယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အဂၤါေန႔မွာေတာ့ VAR ဒိုင္ေတြျဖစ္တဲ့ ဒါရင္း အဂၤလန္နဲ႔ ဒန္ ကြတ္ခ္တို႔ဟာ လူသားအမွားမွာ ပါဝင္ပတ္သက္ခဲ့တယ္လို႔ အတည္ျပဳႏိုင္ခဲ့ၿပီး ေနာက္ထပ္ ပြဲစဥ္ေတြအတြက္ တာဝန္ကေန အနားေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒါရင္း အဂၤလန္ကေတာ့ ယခုရာသီကုန္တဲ့အထိ လီဗာပူးလ္ပြဲစဥ္ေတြကို တာဝန္ယူကိုင္တြယ္ခြင့္ ပိတ္ပင္ခံလိုက္ရတယ္လို႔ သိရၿပီး The Telegraph က အသက္ ၃၇ ႏွစ္အ႐ြယ္ ဒိုင္လူႀကီးရဲ႕အမွားဟာ ၎ကို ေငြေၾကးပိုင္းအရလည္း အက်ိဳးသက္ေရာက္မႈ ရွိေစလိမ့္မယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ဒါရင္း အဂၤလန္ဟာ လီဗာပူးလ္ရဲ႕ ပြဲစဥ္ေတြကို ကိုင္တြယ္ခြင့္ ပိတ္ပင္ခံခဲ့ရတာေၾကာင့္ အေျခခံလစာ ခန႔္မွန္းေျခ ေပါင္ ၁၅၀၀၀၀ ထဲကေန ေပါင္ ၁၂၀၀ ဝန္းက်င္ ေလ်ာ့က်သြားတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.