Match Report Premier League UCL&UEL

အဆုံးသတ်တိကျမှုနဲ့ PSG ကို ရေနံချင်း ဇာတ်တူသားစားလိုက်တဲ့ နယူးကာဆယ်လ်

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ လာဆယ်လက်စ်၊ ဖာဘီယန် ရှား၊ ထရစ်ပီယာနဲ့ ဒန်ဘန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ တိုနာလီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ပီအက်စ်ဂျီတို့ကတော့ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ရှကရီညာ၊ ဟာကီမီနဲ့ လူကာ ဟာနန်ဒက်ဇ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အူဂါတေးနဲ့ ဇိုင်ယာ-အမ်မရီတို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ဒမ်ဘီလီ၊ ကိုလို မူအာနီ၊ အမ်ဘာပေနဲ့ ဂွန်ဆာလို ရာမို့စ်တို့ကို တင်ကစားလာခဲ့တာပါ။

အင်္ဂလန်ကို လာကစားပြီး ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ရင်ဆိုင်ခဲ့တဲ့ ပီအက်စ်ဂျီနည်းပြ လူးဝစ် အန်ရီကေရဲ့ ဗျူဟာကတော့ လေးစားမှု ကင်းမဲ့ပြီး ရဲတင်းလွန်းခဲ့သလို ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှုသာ ရခဲ့ပြီး အာဆင်နယ်၊ မန်စီးတီးတို့ကိုတောင် မျက်လုံးပြူးအောင် လုပ်ပြထားပြီး အသင်းကြီး အထာနပ်တဲ့ အက်ဒီဟောင်းရဲ့ ငှက်ကျားတွေကို ဂိုးသွင်းနိုင်ဖို့တော့ မဖြစ်နိုင်ခဲ့တာပါ။

ပွဲချိန် ၁၇ မိနစ်မှာ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး စတင်ရယူသွားခဲ့သလို ဒီဂိုးကိုတော့ အမှတ်မရှိဘဲ ဘောလုံးကို ပေးချင်သလို ပေးနေတဲ့ ပီအက်စ်ဂျီကပ္ပတိန် မားကင်ညို့စ်ရဲ့ ပေးပို့မှုကို ဘရူနို ဂီမာရိုင်စ်က ခေါင်းခုန်တိုက်ပြီး တားဆီးလို့ ပြန်ကျလာတဲ့ ဘောလုံးကို အီဆက်ခ်က ဧရိယာထဲက အနီးကပ်ကန်သွင်းရာမှာ ဂိုးသမား ဒွန်နာရမ်မာ ကာကွယ်နိုင်ခဲ့ပေမယ့် ညာခြမ်းက ပြေးဝင်လာတဲ့ အယ်လ်မီရွန်က ထပ်ဆင့်ပိတ်သွင်းသွားတာဖြစ်ပါတယ်။

ဒီဂိုးမတိုင်ခင် သုံးမိနစ်မှာလည်း ဟာကီမီရဲ့ ပေါပေါပဲပဲ အညံ့စားလူပေးမှုကနေ အခွင့်အရေးရပြီး ကန်သွင်းရာမှာ မအောင်မြင်ခဲ့တဲ့ ပါရာဂွေး တောင်ပံသမားအနေနဲ့ နယူးကာဆယ်လ်တို့အတွက် ဂန္ထဝင်တိုက်စစ်မှူးကြီး အလန် ရှီးရားရဲ့ ၂၀၀၃ ခုနှစ် မတ်လမှာ သွင်းယူခဲ့တဲ့ ဂိုးနောက်ပိုင်းမှာတော့ နှစ်ပေါင်း ၂၀ ကျော်ကြာမှ သမိုင်း တစ်ခေတ်ကို ပြန်လည်ရေးထိုးပေးနိုင်ခဲ့တာပါ။

ချန်ပီယံလိဂ်ကစားခွင့်ရထားတဲ့ အင်္ဂလန်အသင်းတွေထဲမှာ အနိမ့်ဆုံး အဆင့်မှာသာ ရှိနေတဲ့ အသင်းမျိုးလို့ နယူးကာဆယ်လ်ကို လျှော့တွက်တဲ့ ပီအက်စ်ဂျီတို့အနေနဲ့ တစ်ပွဲလုံးမှာ ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်းသာ ရခဲ့ပေမယ့် ဂိုးပေါက်နှစ်ကြိမ်သာ ကန်သွင်းနိုင်ခဲ့တာက ရှက်ဖွယ်လိလိဖြစ်ခဲ့သလို အမ်ဘာပေနဲ့ လူးဝစ် အန်ရီကေတို့ကတော့ မင်းတို့အဆင့်က ဒီလောက်ပဲလားလို့ လှောင်ပြောင်စရာလည်းဖြစ်သွားခဲ့ရပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ထရစ်ပီယာ တင်ပေးတဲ့ ဖရီးကစ်ကို တိုက်စစ်ဆင်ရာမှာ ရှုပ်ယှက်ခတ်နေတဲ့ကြားကနေ ဘရူနို ဂီမာရိုင်စ်က ဧရိယာထဲမှာ ပြန်ရပြီး နောက်တစ်ကြိမ် ဖြတ်တင်ပေးတဲ့ ဘောလုံးကို အရှည်ကြီး ဒန်ဘန်းက ပီအက်စ်ဂျီနောက်ခံလူ ရှကရီညာအပေါ်ကနေ အရပ်အမောင်း အသာစီးယူပြီး ခေါင်းတိုက်သွင်းသွားခဲ့တာပါ။

ပထမပိုင်းမှာတော့ နယူးကာဆယ်လ်တို့က ထိရောက်တဲ့ အဆုံးသတ်မှုတွေနဲ့ ဂိုးပေါက်တည့်အောင် လုပ်နိုင်ခဲ့ကြရာမှာ ပီအက်စ်ဂျီတို့ ဟိုအတန်း မီးလောင်သလိုဖြစ်ခဲ့ပြီး ဖရိုဖရဲခံစစ်က ဂိုးတွေ ပေးခဲ့ရတာကြောင့် အိမ်ရှင်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့သလို ကွင်းလယ်လူ နှစ်ယောက်သာပါတဲ့ ဧည့်သည်တွေအနေနဲ့ ဗျူဟာအမှားမှာ ပြိုလဲခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် မိနစ် ၅၀ မှာ နယူးကာဆယ်လ်တို့ပဲ တတိယဂိုးကို သွင်းယူနိုင်ခဲ့ကြပြန်ပြီး နောက်ထပ် ဆရာကြီးတစ်ပါးဖြစ်တဲ့ ကိုလို မူအာနီ ဘောလုံးပျက်ရာကနေ တိုက်စစ်ကို အမြန်ဆုံး ပြန်စခဲ့တဲ့ အိမ်ရှင်တွေရဲ့ ညာခြမ်းတိုက်စစ်ကနေ ထရစ်ပီယာရဲ့ ဧရိယာထဲ ခင်းပေးတဲ့ ဘောလုံးကို လောင်းစတပ်ဖ်က အနိမ့်ဘော ကန်သွင်းရာမှာ ခါးရှည်ကြီးနဲ့ နှေးကွေးနေတဲ့ ဒွန်နာရမ်မာရဲ့ လက်အောက်ကနေ ဝင်သွားခဲ့တာပါ။

ဒီတော့မှ ပီအက်စ်ဂျီတို့ ပူထူသွားပြီး ပြန်ညှစ်ရုန်းခဲ့ရာမှာတော့ ပွဲချိန် ၅၆ မိနစ်မှာ တစ်ဂိုးပြန်ရခဲ့သလို ဒီဂိုးကိုတော့ နယူးကာဆယ်လ်တို့ရဲ့ ခံစစ်ပေါ်ကနေ ဧရိယာထဲကို ဇိုင်ယာ-အမ်မရီက ကျော်တင်ပေးလိုက်တဲ့ ဘောလုံးကို လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ ဟာနန်ဒက်ဇ်က ဂိုးသမားနဲ့ အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ်တို့ဘက်က တိုနာလီ၊ အယ်လ်မီရွန်နဲ့ ဂေါ်ဒန်တို့အစား အန်ဒါဆန်၊ မာဖီနဲ့ တားဂက်တို့ကို လဲကစားသွားခဲ့ပြီး ပီအက်စ်ဂျီတို့ကတော့ ကိုလို မူအာနီနဲ့ အူဂါတေးတို့အစား ဘားကိုလာနဲ့ ဗီတင်ညာတို့ကို လဲပြီး အပြောင်းအလဲ လုပ်သွားခဲ့ပေမယ့် System ချင်း ကွာခြားမှုမှာ တိုက်စစ်ကို ထိထိရောက်ရောက်ကစားနိုင်တဲ့ အိမ်ရှင်တွေပဲ သာလွန်ခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ပါရီသားတွေကို အသည်းခွဲမယ့် စတုတ္ထအနိုင်ဂိုးကို ငှက်ကျားတွေပဲ သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဗီတင်ညာရဲ့ ကျောပေးပြီး အေးဆေးလုပ်နေမှုကို နောက်ကနေ တက်လာပြီး လုယူသွားခဲ့တဲ့ ဖာဘီယန် ရှားက ရှေ့မှာ ရှိနေတဲ့ အသင်းဖော် မာဖီနဲ့ ဝမ်းတူးရိုက်ပြီး ကန်သွင်းယူခဲ့ရာမှာ ဂိုးညာဘက်အပေါ်ထောင့်ကို လှလှပပ ဝင်သွားခဲ့တာကြောင့် ဒွန်နာရမ်မာ ကြေကွဲခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နယူးကာဆယ်လ်တို့က ပီအက်စ်ဂျီတို့ကို လေးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံသွားခဲ့သလို တိုက်စစ်ဆိုတာ ဘယ်လိုမျိုး ထိထိရောက်ရောက် ကစားရတယ်လို့ ဂိုးပေါက် ၁၂ ကြိမ်ကန်၊ ၈ ကြိမ်တည့်၊ ၄ ဂိုးရခဲ့တဲ့ ပုံစံကောင်းနဲ့ ပညာပေးသွားခဲ့ပြီး လူးဝစ် အန်ရီကေအတွက်တော့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ အက်ဒီဟောင်းရဲ့ အိုးမည်းသုတ်မှုကို ခံခဲ့ရတာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ လာဆယ္လက္စ္၊ ဖာဘီယန္ ရွား၊ ထရစ္ပီယာနဲ႔ ဒန္ဘန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ေလာင္းစတပ္ဖ္နဲ႔ တိုနာလီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ အီဆက္ခ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ပီအက္စ္ဂ်ီတို႔ကေတာ့ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ မားကင္ညိဳ႕စ္၊ ရွကရီညာ၊ ဟာကီမီနဲ႔ လူကာ ဟာနန္ဒက္ဇ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အူဂါေတးနဲ႔ ဇိုင္ယာ-အမ္မရီတို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဒမ္ဘီလီ၊ ကိုလို မူအာနီ၊ အမ္ဘာေပနဲ႔ ဂြန္ဆာလို ရာမို႔စ္တို႔ကို တင္ကစားလာခဲ့တာပါ။

အဂၤလန္ကို လာကစားၿပီး ပရီးမီးယားလိဂ္အသင္းတစ္သင္းကို ရင္ဆိုင္ခဲ့တဲ့ ပီအက္စ္ဂ်ီနည္းျပ လူးဝစ္ အန္ရီေကရဲ႕ ဗ်ဴဟာကေတာ့ ေလးစားမႈ ကင္းမဲ့ၿပီး ရဲတင္းလြန္းခဲ့သလို ပြဲကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေဘာလုံးပိုင္ဆိုင္မႈသာ ရခဲ့ၿပီး အာဆင္နယ္၊ မန္စီးတီးတို႔ကိုေတာင္ မ်က္လုံးျပဴးေအာင္ လုပ္ျပထားၿပီး အသင္းႀကီး အထာနပ္တဲ့ အက္ဒီေဟာင္းရဲ႕ ငွက္က်ားေတြကို ဂိုးသြင္းႏိုင္ဖို႔ေတာ့ မျဖစ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၇ မိနစ္မွာ နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး စတင္ရယူသြားခဲ့သလို ဒီဂိုးကိုေတာ့ အမွတ္မရွိဘဲ ေဘာလုံးကို ေပးခ်င္သလို ေပးေနတဲ့ ပီအက္စ္ဂ်ီကပၸတိန္ မားကင္ညိဳ႕စ္ရဲ႕ ေပးပို႔မႈကို ဘ႐ူႏို ဂီမာ႐ိုင္စ္က ေခါင္းခုန္တိုက္ၿပီး တားဆီးလို႔ ျပန္က်လာတဲ့ ေဘာလုံးကို အီဆက္ခ္က ဧရိယာထဲက အနီးကပ္ကန္သြင္းရာမွာ ဂိုးသမား ဒြန္နာရမ္မာ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ညာျခမ္းက ေျပးဝင္လာတဲ့ အယ္လ္မီ႐ြန္က ထပ္ဆင့္ပိတ္သြင္းသြားတာျဖစ္ပါတယ္။

ဒီဂိုးမတိုင္ခင္ သုံးမိနစ္မွာလည္း ဟာကီမီရဲ႕ ေပါေပါပဲပဲ အညံ့စားလူေပးမႈကေန အခြင့္အေရးရၿပီး ကန္သြင္းရာမွာ မေအာင္ျမင္ခဲ့တဲ့ ပါရာေဂြး ေတာင္ပံသမားအေနနဲ႔ နယူးကာဆယ္လ္တို႔အတြက္ ဂႏၴဝင္တိုက္စစ္မႉးႀကီး အလန္ ရွီးရားရဲ႕ ၂၀၀၃ ခုႏွစ္ မတ္လမွာ သြင္းယူခဲ့တဲ့ ဂိုးေနာက္ပိုင္းမွာေတာ့ ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာမွ သမိုင္း တစ္ေခတ္ကို ျပန္လည္ေရးထိုးေပးႏိုင္ခဲ့တာပါ။

ခ်န္ပီယံလိဂ္ကစားခြင့္ရထားတဲ့ အဂၤလန္အသင္းေတြထဲမွာ အနိမ့္ဆုံး အဆင့္မွာသာ ရွိေနတဲ့ အသင္းမ်ိဳးလို႔ နယူးကာဆယ္လ္ကို ေလွ်ာ့တြက္တဲ့ ပီအက္စ္ဂ်ီတို႔အေနနဲ႔ တစ္ပြဲလုံးမွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၄ ရာခိုင္ႏႈန္းသာ ရခဲ့ေပမယ့္ ဂိုးေပါက္ႏွစ္ႀကိမ္သာ ကန္သြင္းႏိုင္ခဲ့တာက ရွက္ဖြယ္လိလိျဖစ္ခဲ့သလို အမ္ဘာေပနဲ႔ လူးဝစ္ အန္ရီေကတို႔ကေတာ့ မင္းတို႔အဆင့္က ဒီေလာက္ပဲလားလို႔ ေလွာင္ေျပာင္စရာလည္းျဖစ္သြားခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ထရစ္ပီယာ တင္ေပးတဲ့ ဖရီးကစ္ကို တိုက္စစ္ဆင္ရာမွာ ရႈပ္ယွက္ခတ္ေနတဲ့ၾကားကေန ဘ႐ူႏို ဂီမာ႐ိုင္စ္က ဧရိယာထဲမွာ ျပန္ရၿပီး ေနာက္တစ္ႀကိမ္ ျဖတ္တင္ေပးတဲ့ ေဘာလုံးကို အရွည္ႀကီး ဒန္ဘန္းက ပီအက္စ္ဂ်ီေနာက္ခံလူ ရွကရီညာအေပၚကေန အရပ္အေမာင္း အသာစီးယူၿပီး ေခါင္းတိုက္သြင္းသြားခဲ့တာပါ။

ပထမပိုင္းမွာေတာ့ နယူးကာဆယ္လ္တို႔က ထိေရာက္တဲ့ အဆုံးသတ္မႈေတြနဲ႔ ဂိုးေပါက္တည့္ေအာင္ လုပ္ႏိုင္ခဲ့ၾကရာမွာ ပီအက္စ္ဂ်ီတို႔ ဟိုအတန္း မီးေလာင္သလိုျဖစ္ခဲ့ၿပီး ဖ႐ိုဖရဲခံစစ္က ဂိုးေတြ ေပးခဲ့ရတာေၾကာင့္ အိမ္ရွင္ေတြ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့သလို ကြင္းလယ္လူ ႏွစ္ေယာက္သာပါတဲ့ ဧည့္သည္ေတြအေနနဲ႔ ဗ်ဴဟာအမွားမွာ ၿပိဳလဲခဲ့ရတာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာ နယူးကာဆယ္လ္တို႔ပဲ တတိယဂိုးကို သြင္းယူႏိုင္ခဲ့ၾကျပန္ၿပီး ေနာက္ထပ္ ဆရာႀကီးတစ္ပါးျဖစ္တဲ့ ကိုလို မူအာနီ ေဘာလုံးပ်က္ရာကေန တိုက္စစ္ကို အျမန္ဆုံး ျပန္စခဲ့တဲ့ အိမ္ရွင္ေတြရဲ႕ ညာျခမ္းတိုက္စစ္ကေန ထရစ္ပီယာရဲ႕ ဧရိယာထဲ ခင္းေပးတဲ့ ေဘာလုံးကို ေလာင္းစတပ္ဖ္က အနိမ့္ေဘာ ကန္သြင္းရာမွာ ခါးရွည္ႀကီးနဲ႔ ေႏွးေကြးေနတဲ့ ဒြန္နာရမ္မာရဲ႕ လက္ေအာက္ကေန ဝင္သြားခဲ့တာပါ။

ဒီေတာ့မွ ပီအက္စ္ဂ်ီတို႔ ပူထူသြားၿပီး ျပန္ညႇစ္႐ုန္းခဲ့ရာမွာေတာ့ ပြဲခ်ိန္ ၅၆ မိနစ္မွာ တစ္ဂိုးျပန္ရခဲ့သလို ဒီဂိုးကိုေတာ့ နယူးကာဆယ္လ္တို႔ရဲ႕ ခံစစ္ေပၚကေန ဧရိယာထဲကို ဇိုင္ယာ-အမ္မရီက ေက်ာ္တင္ေပးလိုက္တဲ့ ေဘာလုံးကို လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားတဲ့ ဟာနန္ဒက္ဇ္က ဂိုးသမားနဲ႔ အနီးကပ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္လ္တို႔ဘက္က တိုနာလီ၊ အယ္လ္မီ႐ြန္နဲ႔ ေဂၚဒန္တို႔အစား အန္ဒါဆန္၊ မာဖီနဲ႔ တားဂက္တို႔ကို လဲကစားသြားခဲ့ၿပီး ပီအက္စ္ဂ်ီတို႔ကေတာ့ ကိုလို မူအာနီနဲ႔ အူဂါေတးတို႔အစား ဘားကိုလာနဲ႔ ဗီတင္ညာတို႔ကို လဲၿပီး အေျပာင္းအလဲ လုပ္သြားခဲ့ေပမယ့္ System ခ်င္း ကြာျခားမႈမွာ တိုက္စစ္ကို ထိထိေရာက္ေရာက္ကစားႏိုင္တဲ့ အိမ္ရွင္ေတြပဲ သာလြန္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ပါရီသားေတြကို အသည္းခြဲမယ့္ စတုတၳအႏိုင္ဂိုးကို ငွက္က်ားေတြပဲ သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဗီတင္ညာရဲ႕ ေက်ာေပးၿပီး ေအးေဆးလုပ္ေနမႈကို ေနာက္ကေန တက္လာၿပီး လုယူသြားခဲ့တဲ့ ဖာဘီယန္ ရွားက ေရွ႕မွာ ရွိေနတဲ့ အသင္းေဖာ္ မာဖီနဲ႔ ဝမ္းတူး႐ိုက္ၿပီး ကန္သြင္းယူခဲ့ရာမွာ ဂိုးညာဘက္အေပၚေထာင့္ကို လွလွပပ ဝင္သြားခဲ့တာေၾကာင့္ ဒြန္နာရမ္မာ ေၾကကြဲခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ နယူးကာဆယ္လ္တို႔က ပီအက္စ္ဂ်ီတို႔ကို ေလးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံသြားခဲ့သလို တိုက္စစ္ဆိုတာ ဘယ္လိုမ်ိဳး ထိထိေရာက္ေရာက္ ကစားရတယ္လို႔ ဂိုးေပါက္ ၁၂ ႀကိမ္ကန္၊ ၈ ႀကိမ္တည့္၊ ၄ ဂိုးရခဲ့တဲ့ ပုံစံေကာင္းနဲ႔ ပညာေပးသြားခဲ့ၿပီး လူးဝစ္ အန္ရီေကအတြက္ေတာ့ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ အက္ဒီေဟာင္းရဲ႕ အိုးမည္းသုတ္မႈကို ခံခဲ့ရတာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.