Other Leagues Premier League Transfer News

အဂၤလန္ျပည္တြင္းအေျပာင္းအေရႊ႕နဲ႔ ေနာက္ဆုံးရ ကစားသမားသတင္းမ်ား

– လီဗာပူးလ္အသင္းကေန စာခ်ဳပ္ကုန္ခ်ိန္မွာ ထြက္ခြာလာခဲ့ၿပီး အသင္းလက္မဲ့ျဖစ္ေနခဲ့တဲ့ အဂၤလန္လက္ေရြးစင္ေဟာင္း နာသန္နီယယ္လ္ ကလိုင္းကို ခရစၥတယ္လ္ပဲေလ့စ္အသင္းက ကာလတုိ စာခ်ဳပ္နဲ႔ ေခၚယူ။

– ဟတ္ဒါစ္ဖီးလ္ေတာင္းအသင္းနဲ႔ ၿပီးခဲ့တဲ့ ရာသီ ခ်န္ပီယံရွစ္မွာ ၁၉ ဂိုး သြင္းယူႏုိင္ခဲ့တဲ့ တုိက္စစ္မွဴး ကာလန္ ဂရန္႔ကို ေခၚယူဖို႔ ဝက္စ္ဘရြန္းအသင္းက ေပါင္ ၁၅ သန္းနဲ႔ သေဘာတူညီခဲ့ၿပီျဖစ္ၿပီး ယေန႔ ေဆးစစ္မည္။

– နယူးကာဆယ္လ္ယူႏုိက္တက္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္အသင္းႀကီးေတြက စိတ္ဝင္စားလာတဲ့ ေတာင္ပံတုိက္စစ္မွဴး အယ္လန္ စန္မက္ဇီမန္ကို အလြယ္တကူ လက္မလႊတ္ရေစဖို႔ ၂၀၂၆ ခုႏွစ္အထိ ၆ ႏွစ္ သက္တမ္းတုိးစာခ်ဳပ္ခ်ဳပ္ဆို။

– ပရီးမီးယားလိဂ္အသင္းႀကီးေတြဆီက လူငယ္ကစားသမားေကာင္းေတြကို ခ်ိတ္ဆက္ရာမွာ မေအာင္ျမင္ခဲ့တဲ့ ဖူလ္ဟမ္အသင္းအေနနဲ႔ လိဂ္ခ်န္ပီယံရွစ္ကလပ္ ဟတ္ဒါစ္ဖီးလ္အသင္းက ေနာက္ခံလူ တဲရင့္စ္ ကြန္ဂိုလိုကို ၂၄ နာရီအတြင္း အၿပီးသတ္ေခၚယူဖို႔ရွိေန။

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဘရန္႔ဖို႔ဒ္ေတာင္ပံကစားသမား ဆာအိဒ္ ဘင္ရာမာကို ေခၚယူဖို႔ ေပါင္သန္း ၃၀ အထိ က်သင့္ႏုိင္တဲ့ ေျပာင္းေရႊ႕ေၾကးတစ္ရပ္နဲ႔ သေဘာတူညီႏိုင္ခဲ့ၿပီျဖစ္ၿပီး ပုဂၢဳိလ္ေရးေဆြးေႏြးမွဳေတြ ဆက္လက္လုပ္ေဆာင္ေန။

– ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္ကို ေခၚယူဖို႔ ခ်န္ပီယံရွစ္ကလပ္ေတြျဖစ္ၾကတဲ့ ဒါဘီေကာင္တီ၊ ကာဒစ္ဖ္၊ ဆြမ္းဆီးနဲ႔ ေနာ့တင္ဟမ္ ေဖာရက္စ္တုိ႔က စိတ္ဝင္စားေနၾကေပမယ့္ လီဗာပူးလ္ဘက္ ေတာင္းဆုိတဲ့ အငွားေၾကး ေပါင္တစ္သန္းအတြက္ အခက္အခဲေတြ႕ေနၾက။

– မန္ခ်က္စတာစီးတီးေတာင္ပံကစားသမား ပက္ထရစ္ ေရာဘတ္စ္ကို ေနာက္ထပ္တစ္ရာသီ ဆက္လက္အငွားေခၚယူႏုိင္ခဲ့တဲ့ မစ္ဒယ္ဘေရာ့အသင္းအေနနဲ႔ စပါးစ္ေနာက္ခံလူ ဒန္နီ ႐ို႕စ္ကိုပါ အငွားထပ္မံေခၚယူဖို႔ စီစဥ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းကနေ စာချုပ်ကုန်ချိန်မှာ ထွက်ခွာလာခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း နာသန်နီယယ်လ် ကလိုင်းကို ခရစ္စတယ်လ်ပဲလေ့စ်အသင်းက ကာလတို စာချုပ်နဲ့ ခေါ်ယူ။

– ဟတ်ဒါစ်ဖီးလ်တောင်းအသင်းနဲ့ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံရှစ်မှာ ၁၉ ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ကာလန် ဂရန့်ကို ခေါ်ယူဖို့ ဝက်စ်ဘရွန်းအသင်းက ပေါင် ၁၅ သန်းနဲ့ သဘောတူညီခဲ့ပြီဖြစ်ပြီး ယနေ့ ဆေးစစ်မည်။

– နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေက စိတ်ဝင်စားလာတဲ့ တောင်ပံတိုက်စစ်မှူး အယ်လန် စန်မက်ဇီမန်ကို အလွယ်တကူ လက်မလွှတ်ရစေဖို့ ၂၀၂၆ ခုနှစ်အထိ ၆ နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆို။

– ပရီးမီးယားလိဂ်အသင်းကြီးတွေဆီက လူငယ်ကစားသမားကောင်းတွေကို ချိတ်ဆက်ရာမှာ မအောင်မြင်ခဲ့တဲ့ ဖူလ်ဟမ်အသင်းအနေနဲ့ လိဂ်ချန်ပီယံရှစ်ကလပ် ဟတ်ဒါစ်ဖီးလ်အသင်းက နောက်ခံလူ တဲရင့်စ် ကွန်ဂိုလိုကို ၂၄ နာရီအတွင်း အပြီးသတ်ခေါ်ယူဖို့ရှိနေ။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ ဘရန့်ဖို့ဒ်တောင်ပံကစားသမား ဆာအိဒ် ဘင်ရာမာကို ခေါ်ယူဖို့ ပေါင်သန်း ၃၀ အထိ ကျသင့်နိုင်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေ။

– တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်ကို ခေါ်ယူဖို့ ချန်ပီယံရှစ်ကလပ်တွေဖြစ်ကြတဲ့ ဒါဘီကောင်တီ၊ ကာဒစ်ဖ်၊ ဆွမ်းဆီးနဲ့ နော့တင်ဟမ် ဖောရက်စ်တို့က စိတ်ဝင်စားနေကြပေမယ့် လီဗာပူးလ်ဘက် တောင်းဆိုတဲ့ အငှားကြေး ပေါင်တစ်သန်းအတွက် အခက်အခဲတွေ့နေကြ။

– မန်ချက်စတာစီးတီးတောင်ပံကစားသမား ပက်ထရစ် ရောဘတ်စ်ကို နောက်ထပ်တစ်ရာသီ ဆက်လက်အငှားခေါ်ယူနိုင်ခဲ့တဲ့ မစ်ဒယ်ဘရော့အသင်းအနေနဲ့ စပါးစ်နောက်ခံလူ ဒန်နီ ရို့စ်ကိုပါ အငှားထပ်မံခေါ်ယူဖို့ စီစဉ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.