Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၅.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြရဲ႕ ကံၾကမၼာကေတာ့ ၿပီးခဲ့တဲ့ညက အေတာ္ေလး ကြဲျပားျခားနားခဲ့ၿပီး အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားတစ္ေယာက္ ဆုံးျဖတ္ခ်က္အမွားေတြေၾကာင့္ ပြဲခ်ိန္ ၃၁ မိနစ္ကတည္းက အနီကတ္ထိခဲ့ခ်ိန္မွာ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ကေတာ့ အသင္းအတြက္ အဖိုးတန္ ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့။

– ေပၚတူဂီအသင္းေဖာ္ ေရာ္နယ္လ္ဒိုနဲ႔ နီးနီးကပ္ကပ္ရွိခဲ့မွဳေၾကာင့္ ယူႏုိက္တက္ကြင္းလယ္လူ ဘ႐ူႏုိ ဖာနန္ဒက္စ္အေနနဲ႔ ယူေကရဲ႕ တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြေၾကာင့္ ကြာရန္တင္း ဝင္ရေတာ့မွာျဖစ္ၿပီး အသင္းရဲ႕ လာမယ့္ပြဲစဥ္ ၄ ပြဲကို လြဲေခ်ာ္ရဖို႔ရွိေန။

– စပါးစ္ကုိ ၆ ဂိုးေပးခဲ့ရတဲ့ ေနာက္တန္းမွာ အမွားမ်ားခဲ့တဲ့အျပင္ အဂၤလန္လက္ေရြးစင္အျဖစ္ ဒိန္းမတ္နဲ႔ပြဲမွာ အထုတ္ပယ္ခံခဲ့ရမွဳေၾကာင့္ မက္ဂြဳိင္းယားကို ေဘာလုံးကၽြမ္းက်င္သူေတြကေတာ့ စိတ္ပုိင္းဆုိင္ရာနဲ႔ အာ႐ုံစူးစိုက္မွဳ တုိးတက္လာေအာင္ အနားယူဖို႔ အႀကံျပဳခဲ့ၾက။

– အသင္းရဲ႕ ရလဒ္ေတြ ဆုိးရြားေနေပမယ့္လည္း မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ကစားသမားေတြဟာ နည္းျပ အုိလီ ဂန္နာ ဆုိးလ္ရွားရဲ႕ ေနာက္မွာ မားမားမတ္မတ္ ေထာက္ခံေပးထားတယ္လို႔ ကြင္းလယ္လူ စေကာ့ မက္ေတာ္မီေနးေျပာၾကား။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ေပၚတူဂီကလပ္ စပုိ႔တင္းလစၥဘြန္းအသင္းက လူငယ္ေနာက္ခံလူ ႏူႏို မန္ဒက္စ္အတြက္ လာမယ့္အေျပာင္းအေရႊ႕ကာလေတြမွာ အာဆင္နယ္၊ လီဗာပူးလ္တုိ႔နဲ႔ ၿပဳိင္ဆုိင္ကမ္းလွမ္းသြားဖြယ္ရွိေန။

– အသင္းကို အသစ္ေရာက္ရွိလာခဲ့တဲ့ ကစားသမားေတြျဖစ္ၾကတဲ့ အက္ဒင္ဆန္ ကာဗာနီ၊ ဖာကန္ဒို ပယ္လစၥထရီနဲ႔ အဲလက္စ္ တဲလက္စ္တုိ႔ဟာ ဘ႐ူႏို ဖာနန္ဒက္စ္ ေရာက္ရွိလာတုန္းကလုိပဲ ခ်က္ခ်င္းဆုိသလို ေျခစြမ္းျပႏုိင္ၾကဖို႔ ေနာက္ခံလူ လုခ္ေရွာ ေမွ်ာ္လင့္။

– ဟာရီ မက္ဂြဳိင္းယားရဲ႕ အဂၤလန္အနီကတ္က ယူႏုိက္တက္အတြက္ေတာ့ စိုးရိမ္ေရမွတ္ ပုိမုိျမင့္တက္လာတယ္လုိ႔ ခံစားမိေနၾကၿပီး လာမယ့္ ဇန္နဝါရီမွာ ဗဟိုခံစစ္မွဴးတစ္ဦး ေခၚသြားဖို႔ ေသခ်ာသေလာက္ရွိေနသလို ဗီလာရီးရဲလ္က ပါအူ ေတာရက္စ္နဲ႔ ဆီဗီလာက ဂ်ဴးလ္ ကြန္ဒီတုိ႔ကို ေစာင့္ၾကည့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်ကစားသမားတွေရဲ့ ကံကြမ္မာကတော့ ပြီးခဲ့တဲ့ညက အတော်လေး ကွဲပြားခြားနားခဲ့ပြီး အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားတစ်ယောက် ဆုံးဖြတ်ချက်အမှားတွေကြောင့် ပွဲချိန် ၃၁ မိနစ်ကတည်းက အနီကတ်ထိခဲ့ချိန်မှာ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ကတော့ အသင်းအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူနိုင်ခဲ့။

– ပေါ်တူဂီအသင်းဖော် ရော်နယ်လ်ဒိုနဲ့ နီးနီးကပ်ကပ်ရှိခဲ့မှုကြောင့် ယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ ယူကေရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် ကွာရန်တင်း ဝင်ရတော့မှာဖြစ်ပြီး အသင်းရဲ့ လာမယ့်ပွဲစဉ် ၄ ပွဲကို လွဲချော်ရဖို့ရှိနေ။

– စပါးစ်ကို ၆ ဂိုးပေးခဲ့ရတဲ့ နောက်တန်းမှာ အမှားများခဲ့တဲ့အပြင် အင်္ဂလန်လက်ရွေးစင်အဖြစ် ဒိန်းမတ်နဲ့ပွဲမှာ အထုတ်ပယ်ခံခဲ့ရမှုကြောင့် မက်ဂွိုင်းယားကို ဘောလုံးကျွမ်းကျင်သူတွေကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ အာရုံစူးစိုက်မှု တိုးတက်လာအောင် အနားယူဖို့ အကြံပြုခဲ့ကြ။

– အသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေဟာ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားရဲ့ နောက်မှာ မားမားမတ်မတ် ထောက်ခံပေးထားတယ်လို့ ကွင်းလယ်လူ စကော့ မက်တော်မီနေးပြောကြား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းက လူငယ်နောက်ခံလူ နူနို မန်ဒက်စ်အတွက် လာမယ့်အပြောင်းအရွှေ့ကာလတွေမှာ အာဆင်နယ်၊ လီဗာပူးလ်တို့နဲ့ ပြိုင်ဆိုင်ကမ်းလှမ်းသွားဖွယ်ရှိနေ။

– အသင်းကို အသစ်ရောက်ရှိလာခဲ့တဲ့ ကစားသမားတွေဖြစ်ကြတဲ့ အက်ဒင်ဆန် ကာဗာနီ၊ ဖာကန်ဒို ပယ်လစ္စထရီနဲ့ အဲလက်စ် တဲလက်စ်တို့ဟာ ဘရူနို ဖာနန်ဒက်စ် ရောက်ရှိလာတုန်းကလိုပဲ ချက်ချင်းဆိုသလို ခြေစွမ်းပြနိုင်ကြဖို့ နောက်ခံလူ လုခ်ရှော မျှော်လင့်။

– ဟာရီ မက်ဂွိုင်းယားရဲ့ အင်္ဂလန်အနီကတ်က ယူနိုက်တက်အတွက်တော့ စိုးရိမ်ရေမှတ် ပိုမိုမြင့်တက်လာတယ်လို့ ခံစားမိနေကြပြီး လာမယ့် ဇန်နဝါရီမှာ ဗဟိုခံစစ်မှူးတစ်ဦး ခေါ်သွားဖို့ သေချာသလောက်ရှိနေသလို ဗီလာရီးရဲလ်က ပါအူ တောရက်စ်နဲ့ ဆီဗီလာက ဂျူးလ် ကွန်ဒီတို့ကို စောင့်ကြည့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.