Match Report UCL&UEL

ပေါ်တူဂီမြေမှာ ခက်ခက်ခဲခဲ အဝေးကွင်းနိုင်ပွဲရယူပြီး အုပ်စု H ကို ဦးဆောင်ခဲ့တဲ့ ဘာဆာ

ဘာစီလိုနာဟာ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ်အုပ်စု H ဒုတိယပွဲစဉ်မှာ ပေါ်တိုကို ခက်ခက်ခဲခဲ တိုက်ပွဲဝင်ပြီးနောက် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဖာရန် တောရက်စ်က ကတ်တလန်အသင်းအတွက် လိုအပ်နေတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပေါ်တိုဟာ မက်ဒီ တာရေမီ၊ စတီဖန် အူစတာကွီယို၊ ပီပီတို့ ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတွေကို လွဲချော်ခဲ့တာကြောင့်သာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပထမပိုင်း တစ်ပိုင်းလုံးမှာ ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။

တောရက်စ်ဟာ ၃၄ မိနစ်မှာ ဒဏ်ရာရသွားခဲ့တဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးရဲ့ နေရာမှာ လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်ကစားပေးခဲ့ပြီး ပထမပိုင်းပွဲကစားချိန်ပြီးဆုံးခါနီး ၄၅+၁ မိနစ်မှာ ပေါ်တိုကွင်းလယ်လူ ရိုမာရီယို ဘာရိုရဲ့ နောက်ပြန်ပေးပို့မှုကို ကြားဖြတ်ရယူပြီးနောက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တိုဟာ ဒုတိယပိုင်းမှာ ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး ၅၃ မိနစ်မှာ ဘာစီလိုနာနောက်ခံလူ ဂျူးစ် ကွန်ဒေးက အိမ်ရှင်တွေရဲ့ ချေပဂိုးကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တို တိုက်စစ်မှူး ပီပီက လျင်မြန်တဲ့ တန်ပြန်တိုက်စစ်အပြီး ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ပြင်သစ်နောက်ခံလူက အံ့အားသင့်ဖွယ် နောက်ဆုံးအချိန်မှာ ဘောလုံးကို ရှင်းထုတ်ဖို့ ကြိုးပမ်းခဲ့မှုဟာ ခြေဖျားလေးနဲ့ ထိသွားခဲ့တာကြောင့် ဂိုးတိုင်ထိထွက်သွားခဲ့တာဖြစ်ပါတယ်။

ပေါ်တိုဟာ ၇၇ မိနစ်မှာ ဘာစီလိုနာနောက်ခံလူ ဂျာအို ကန်ဆယ်လို ပင်နယ်တီဧရိယာထဲမှာ လက်ထိခဲ့တဲ့အတွက် ပင်နယ်တီပေးခြင်းခံခဲ့ရပြီလို့ ထင်ခဲ့ပေမယ့်လည်း ဒိုင်လူကြီးက VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် အူစတာကွီယိုက တိုက်စစ်စချိန်ကတည်းက ဘယ်ဖက်လက်နဲ့ ဘောလုံးကို ထိန်းသိမ်းခဲ့တာ မြင်တွေ့ခဲ့တာကြောင့် ၎င်းရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာဟာ ဗုဒၶဟူးေန႔ညက ခ်န္ပီယံလိဂ္အုပ္စု H ဒုတိယပြဲစဥ္မွာ ေပၚတိုကို ခက္ခက္ခဲခဲ တိုက္ပြဲဝင္ၿပီးေနာက္ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ဖာရန္ ေတာရက္စ္က ကတ္တလန္အသင္းအတြက္ လိုအပ္ေနတဲ့ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ေပၚတိုဟာ မက္ဒီ တာေရမီ၊ စတီဖန္ အူစတာကြီယို၊ ပီပီတို႔ ပထမပိုင္းမွာ ဂိုးသြင္းယူႏိုင္မယ့္ အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့တာေၾကာင့္သာ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ပထမပိုင္း တစ္ပိုင္းလုံးမွာ ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့တယ္ဆိုတာ ျငင္းလို႔မရပါဘူး။

ေတာရက္စ္ဟာ ၃၄ မိနစ္မွာ ဒဏ္ရာရသြားခဲ့တဲ့ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးရဲ႕ ေနရာမွာ လူစားဝင္ကစားသမားအျဖစ္ ဝင္ေရာက္ကစားေပးခဲ့ၿပီး ပထမပိုင္းပြဲကစားခ်ိန္ၿပီးဆုံးခါနီး ၄၅+၁ မိနစ္မွာ ေပၚတိုကြင္းလယ္လူ ႐ိုမာရီယို ဘာ႐ိုရဲ႕ ေနာက္ျပန္ေပးပို႔မႈကို ၾကားျဖတ္ရယူၿပီးေနာက္ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတိုဟာ ဒုတိယပိုင္းမွာ ကစားပုံ ပိုမိုေကာင္းမြန္လာခဲ့ၿပီး ၅၃ မိနစ္မွာ ဘာစီလိုနာေနာက္ခံလူ ဂ်ဴးစ္ ကြန္ေဒးက အိမ္ရွင္ေတြရဲ႕ ေခ်ပဂိုးကို ျငင္းပယ္ခဲ့တာ ျဖစ္ပါတယ္။ ေပၚတို တိုက္စစ္မႉး ပီပီက လ်င္ျမန္တဲ့ တန္ျပန္တိုက္စစ္အၿပီး ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ျပင္သစ္ေနာက္ခံလူက အံ့အားသင့္ဖြယ္ ေနာက္ဆုံးအခ်ိန္မွာ ေဘာလုံးကို ရွင္းထုတ္ဖို႔ ႀကိဳးပမ္းခဲ့မႈဟာ ေျခဖ်ားေလးနဲ႔ ထိသြားခဲ့တာေၾကာင့္ ဂိုးတိုင္ထိထြက္သြားခဲ့တာျဖစ္ပါတယ္။

ေပၚတိုဟာ ၇၇ မိနစ္မွာ ဘာစီလိုနာေနာက္ခံလူ ဂ်ာအို ကန္ဆယ္လို ပင္နယ္တီဧရိယာထဲမွာ လက္ထိခဲ့တဲ့အတြက္ ပင္နယ္တီေပးျခင္းခံခဲ့ရၿပီလို႔ ထင္ခဲ့ေပမယ့္လည္း ဒိုင္လူႀကီးက VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးေနာက္ အူစတာကြီယိုက တိုက္စစ္စခ်ိန္ကတည္းက ဘယ္ဖက္လက္နဲ႔ ေဘာလုံးကို ထိန္းသိမ္းခဲ့တာ ျမင္ေတြ႕ခဲ့တာေၾကာင့္ ၎ရဲ႕ ဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.