Match Report Premier League UCL&UEL

နောက်ကျဂိုးတွေနဲ့ လိုက်ပ်ဇစ်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်နဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ရီကို လူးဝစ္စ၊ ဂရီးလစ်ရှ်နဲ့ ဖိုဒန်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဟားလန်း တစ်ဦးတည်းကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် RB လိုက်ပ်ဇစ်တို့ကတော့ ဂိုးသမား ဘလာစ်ဗစ်ချ်၊ ခံစစ်မှာ ကလိုစတာမန်း၊ လူကီဘာ၊ ဆီမာကန်နဲ့ ရောင်းမ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရှလာဂါ၊ ဆီးဗဲလ်၊ ဖော့စ်ဘတ်နဲ့ ဇာဗီ ဆီမွန်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပေါလ်ဆန်နဲ့ အိုပင်ဒါတို့ကို တွဲဖက်ပေးခဲ့တာပါ။

ဒီနေ့ပွဲမှာ မန်စီးတီးတို့ရဲ့ ကွင်းလယ်တိုက်စစ်မှာ သုံးလာတဲ့ ရီကို လူးဝစ္စက အရင်က ကစားခဲ့တဲ့ ကွင်းလယ်အဖျက်နေရာထက် အများကြီး ပိုမိုပြီး ခြေစွမ်းပြနိုင်ခဲ့သလို သူ့ရဲ့ ဘောလုံးကျွမ်းကျင်မှုနဲ့ သူဟာ တိုက်စစ်သမားတစ်ယောက်သာဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖိုဒန်နဲ့ အတွဲညီခဲ့ချိန်မှာ လိုက်ပ်ဇစ်တို့ ခက်ခက်ခဲခဲ ထိန်းချုပ်သွားခဲ့ရပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘာနာဒို ဆေးလ်ဗားနဲ့ ဝမ်းတူးရိုက်ပြီး တောင်ပံကနေ ဧရိယာထဲကို ချိုးပေးခဲ့တဲ့ ရီကို လူးဝစ္စရဲ့ ပေးပို့မှုကို ဖိုဒန်က ပြေးဝင်ပြီး Volley ကန်သွင်းယူခဲ့ရာမှာ မြေထောက်ကန်ချက်က လိုက်ပ်ဇစ်ခံစစ်နဲ့ ဂိုးသမားတို့ ဘယ်လို ကာကွယ်ရမှန်းမသိအောင်ဖြစ်ခဲ့ရတာပါ။

မန်စီးတီးတိုက်စစ်မှူး ဟားလန်းအနေနဲ့ အတော်လေး လောကြီးနေခဲ့သလို တစ်ကိုယ်ကောင်းဆန်နေခဲ့ပြီး ထောင့်ကျဉ်းအနေအထားကနေ ကန်ချက်တွေကို ပြုလုပ်နေခဲ့သလို ဖန်တီးပေးရင် အသင်းဖော်တွေ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို ဖြုန်းတီးသွားခဲ့တာကြောင့် ပထမပိုင်းမှာတော့ ဧည့်သည်တွေက တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ RB လိုက်ပ်ဇစ်တို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ရှလာဂါ ပေးတဲ့ ဘောလုံးကို ပေါလ်ဆန်က မန်စီးတီးနောက်ခံလူတွေကြားက လှည့်ထွက်ပြီး ကွင်းလယ်ကနေ ခင်းပေးခဲ့ရာမှာ အိုပင်ဒါက လျင်လျင်မြန်မြန် ပြေးထွက်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ကန်သွင်းယူနိုင်ခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

မန်စီးတီးတို့ရဲ့ အခွင့်အရေးတွေကို ဟားလန်းက ဒိုင်ခံဖြုန်းတီးခဲ့အပြီးမှာတော့ ဂိုးထပ်ရဖို့အတွက် အာကန်ဂျီ၊ ဂရီးလစ်ရှ်နဲ့ ဖိုဒန်တို့အစား အာကေ၊ ဒိုကူးနဲ့ အယ်လ်ဗာရက်ဇ်တို့ကို ထည့်သွင်းခဲ့သလို အောက်ကချည်း ကစားနေရတဲ့ လိုက်ပ်ဇစ်တို့ဘက်ကတော့ ဖော့စ်ဘတ်၊ အိုပင်ဒါနဲ့ ပေါလ်ဆန်တို့အစား ရှက်ရှ်ကို၊ တီမို ဗာနာနဲ့ ဘောမ်ဂါတ်နာတို့ကို ပြောင်းလဲသွားခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ အဖိုးတန်အနိုင်ဂိုးကို မန်စီးတီးတို့ ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တစ်ကိုယ်တော် ထိုးဖောက်လာခဲ့တဲ့ ဒိုကူးက လိမ်ခေါက်ဖြတ်ကျော်မယ့် ပုံစံပြထားပြီး ညာဘက်ကို လှမ်းထိုးပေးခဲ့တဲ့ ဘောလုံးကို အယ်လ်ဗာရက်ဇ်က တစ်ချက်ထိန်းပြီး အဝေးတိုင် ညာဘက်ထောင့်ကို တိကျတဲ့ ကန်ချက်နဲ့ ဝေ့ဝိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဖြုန်းတစ်လိုင်း ဟားလန်းကတော့ တစ်ကိုယ်ကောင်းဆန်မှုတွေကို မလျှော့ချနိုင်ရင် ပရိသတ်တွေ ငြိုငြင်ခံရဖို့ ဖြစ်လာနိုင်ချိန်မှာ ခေါင်းငုံ့ပြီး ကိုယ့်အလုပ် ကိုယ်လုပ်တတ်တဲ့ အယ်လ်ဗာရက်ဇ်ကတော့ ပိုမိုလေးစားစရာကောင်းနေခဲ့တာဖြစ်ပြီး မန်စီးတီးတို့အနေနဲ့ ပွဲကို ထိန်းသိမ်းဖို့ ဘာနာဒို ဆေးလ်ဗားအစား မက်သီယူးစ် နူးနက်စ်ကို ထပ်လဲသွားခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ လူစားဝင်ကစားသမားတွေရဲ့ ဒုတိယသွင်းဂိုးနဲ့ မန်စီးတီးတို့ အနိုင်သေချာစေမယ့် တတိယဂိုးကို ရှာဖွေနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ အယ်လ်ဗာရက်ဇ်က တောက်လျှောက်ဆွဲပြေးပြီး တစ်ဖက်ဂိုးနားရောက်မှာ ဘယ်ခြမ်းကို ခင်းပေးခဲ့ရာမှာ အားကုန် ပြေးလွှားလာခဲ့တဲ့ ဒိုကူးက ဂိုးသမား ဘလာစ်ဗစ်ချ်နဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က RB လိုက်ပ်ဇစ်အသင်းကို အဝေးကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး နှစ်ပွဲကစား နှစ်ပွဲနိုင်၊ ရမှတ် ၆ မှတ်နဲ့ အုပ်စု(G)ကို ဆက်လက်ဦးဆောင်သွားခဲ့ကြသလို အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်တက်ဖို့ အယ်လ်ဗာရက်ဇ်ရဲ့ နှစ်ပွဲမှာ သုံးဂိုး ရယူနိုင်ခဲ့မှုနဲ့ အခြေအနေ ကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ေဝၚလ္ကာ၊ အာကန္ဂ်ီ၊ ႐ူဘင္ ဒီယက္စ္နဲ႔ ဂြါဒီေယာလ္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗား၊ ရီကို လူးဝစၥ၊ ဂရီးလစ္ရွ္နဲ႔ ဖိုဒန္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟားလန္း တစ္ဦးတည္းကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ RB လိုက္ပ္ဇစ္တို႔ကေတာ့ ဂိုးသမား ဘလာစ္ဗစ္ခ်္၊ ခံစစ္မွာ ကလိုစတာမန္း၊ လူကီဘာ၊ ဆီမာကန္နဲ႔ ေရာင္းမ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရွလာဂါ၊ ဆီးဗဲလ္၊ ေဖာ့စ္ဘတ္နဲ႔ ဇာဗီ ဆီမြန္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ေပါလ္ဆန္နဲ႔ အိုပင္ဒါတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ဒီေန႔ပြဲမွာ မန္စီးတီးတို႔ရဲ႕ ကြင္းလယ္တိုက္စစ္မွာ သုံးလာတဲ့ ရီကို လူးဝစၥက အရင္က ကစားခဲ့တဲ့ ကြင္းလယ္အဖ်က္ေနရာထက္ အမ်ားႀကီး ပိုမိုၿပီး ေျခစြမ္းျပႏိုင္ခဲ့သလို သူ႔ရဲ႕ ေဘာလုံးကြၽမ္းက်င္မႈနဲ႔ သူဟာ တိုက္စစ္သမားတစ္ေယာက္သာျဖစ္ေၾကာင္း သက္ေသျပခဲ့ၿပီး ဖိုဒန္နဲ႔ အတြဲညီခဲ့ခ်ိန္မွာ လိုက္ပ္ဇစ္တို႔ ခက္ခက္ခဲခဲ ထိန္းခ်ဳပ္သြားခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဘာနာဒို ေဆးလ္ဗားနဲ႔ ဝမ္းတူး႐ိုက္ၿပီး ေတာင္ပံကေန ဧရိယာထဲကို ခ်ိဳးေပးခဲ့တဲ့ ရီကို လူးဝစၥရဲ႕ ေပးပို႔မႈကို ဖိုဒန္က ေျပးဝင္ၿပီး Volley ကန္သြင္းယူခဲ့ရာမွာ ေျမေထာက္ကန္ခ်က္က လိုက္ပ္ဇစ္ခံစစ္နဲ႔ ဂိုးသမားတို႔ ဘယ္လို ကာကြယ္ရမွန္းမသိေအာင္ျဖစ္ခဲ့ရတာပါ။

မန္စီးတီးတိုက္စစ္မႉး ဟားလန္းအေနနဲ႔ အေတာ္ေလး ေလာႀကီးေနခဲ့သလို တစ္ကိုယ္ေကာင္းဆန္ေနခဲ့ၿပီး ေထာင့္က်ဥ္းအေနအထားကေန ကန္ခ်က္ေတြကို ျပဳလုပ္ေနခဲ့သလို ဖန္တီးေပးရင္ အသင္းေဖာ္ေတြ ဂိုးရႏိုင္တဲ့ အခြင့္အေရးေတြကို ျဖဳန္းတီးသြားခဲ့တာေၾကာင့္ ပထမပိုင္းမွာေတာ့ ဧည့္သည္ေတြက တစ္ဂိုး-ဂိုးမရွိနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ RB လိုက္ပ္ဇစ္တို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ရွလာဂါ ေပးတဲ့ ေဘာလုံးကို ေပါလ္ဆန္က မန္စီးတီးေနာက္ခံလူေတြၾကားက လွည့္ထြက္ၿပီး ကြင္းလယ္ကေန ခင္းေပးခဲ့ရာမွာ အိုပင္ဒါက လ်င္လ်င္ျမန္ျမန္ ေျပးထြက္ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ကန္သြင္းယူႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

မန္စီးတီးတို႔ရဲ႕ အခြင့္အေရးေတြကို ဟားလန္းက ဒိုင္ခံျဖဳန္းတီးခဲ့အၿပီးမွာေတာ့ ဂိုးထပ္ရဖို႔အတြက္ အာကန္ဂ်ီ၊ ဂရီးလစ္ရွ္နဲ႔ ဖိုဒန္တို႔အစား အာေက၊ ဒိုကူးနဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို ထည့္သြင္းခဲ့သလို ေအာက္ကခ်ည္း ကစားေနရတဲ့ လိုက္ပ္ဇစ္တို႔ဘက္ကေတာ့ ေဖာ့စ္ဘတ္၊ အိုပင္ဒါနဲ႔ ေပါလ္ဆန္တို႔အစား ရွက္ရွ္ကို၊ တီမို ဗာနာနဲ႔ ေဘာမ္ဂါတ္နာတို႔ကို ေျပာင္းလဲသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ အဖိုးတန္အႏိုင္ဂိုးကို မန္စီးတီးတို႔ ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန တစ္ကိုယ္ေတာ္ ထိုးေဖာက္လာခဲ့တဲ့ ဒိုကူးက လိမ္ေခါက္ျဖတ္ေက်ာ္မယ့္ ပုံစံျပထားၿပီး ညာဘက္ကို လွမ္းထိုးေပးခဲ့တဲ့ ေဘာလုံးကို အယ္လ္ဗာရက္ဇ္က တစ္ခ်က္ထိန္းၿပီး အေဝးတိုင္ ညာဘက္ေထာင့္ကို တိက်တဲ့ ကန္ခ်က္နဲ႔ ေဝ့ဝိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အျဖဳန္းတစ္လိုင္း ဟားလန္းကေတာ့ တစ္ကိုယ္ေကာင္းဆန္မႈေတြကို မေလွ်ာ့ခ်ႏိုင္ရင္ ပရိသတ္ေတြ ၿငိဳျငင္ခံရဖို႔ ျဖစ္လာႏိုင္ခ်ိန္မွာ ေခါင္းငုံ႔ၿပီး ကိုယ့္အလုပ္ ကိုယ္လုပ္တတ္တဲ့ အယ္လ္ဗာရက္ဇ္ကေတာ့ ပိုမိုေလးစားစရာေကာင္းေနခဲ့တာျဖစ္ၿပီး မန္စီးတီးတို႔အေနနဲ႔ ပြဲကို ထိန္းသိမ္းဖို႔ ဘာနာဒို ေဆးလ္ဗားအစား မက္သီယူးစ္ ႏူးနက္စ္ကို ထပ္လဲသြားခဲ့တာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ လူစားဝင္ကစားသမားေတြရဲ႕ ဒုတိယသြင္းဂိုးနဲ႔ မန္စီးတီးတို႔ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ရွာေဖြႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန အယ္လ္ဗာရက္ဇ္က ေတာက္ေလွ်ာက္ဆြဲေျပးၿပီး တစ္ဖက္ဂိုးနားေရာက္မွာ ဘယ္ျခမ္းကို ခင္းေပးခဲ့ရာမွာ အားကုန္ ေျပးလႊားလာခဲ့တဲ့ ဒိုကူးက ဂိုးသမား ဘလာစ္ဗစ္ခ်္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔က RB လိုက္ပ္ဇစ္အသင္းကို အေဝးကြင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္၊ ရမွတ္ ၆ မွတ္နဲ႔ အုပ္စု(G)ကို ဆက္လက္ဦးေဆာင္သြားခဲ့ၾကသလို အုပ္စုဗိုလ္နဲ႔ ေနာက္တစ္ဆင့္တက္ဖို႔ အယ္လ္ဗာရက္ဇ္ရဲ႕ ႏွစ္ပြဲမွာ သုံးဂိုး ရယူႏိုင္ခဲ့မႈနဲ႔ အေျခအေန ေကာင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.