Premier League

လိုက်ပ်ဇစ်ကို အနိုင်ရပြီးနောက် အာဆင်နယ်ကို သတိပေးလိုက်တဲ့ ဂွါဒီယိုလာ

ပပ် ဂွါဒီယိုလာက လိုက်ပ်ဇစ်ကို အနိုင်ယူပြီး ၂ ပွဲဆက် ရှုံးပွဲကနေ ပြန်လာနိုင်ခဲ့ပြီးနောက် ၎င်းရဲ့ အသင်းနဲ့ပတ်သက်ပြီး ဘာသံသယမှမရှိခဲ့ဖူးဘူးလို့ ပြောဆိုလိုက်ပြီး လက်ရှိမှာတော့ အာဆင်နယ်နဲ့ ပွဲအတွက် သတိပေးပြောဆိုမှုတွေ ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။

ဖလား ၃ လုံးတပြိုင်နက် ရရှိခဲ့တဲ့ မန်စီးတီးဟာ ပြီးခဲ့တဲ့အပတ်မှာ နယူးကာဆယ်ကို ရှုံးနိမ့်ပြီး ကာရာဘောင်းဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ပရီးမီးယားလိဂ်မှာလည်း ဝုလ်ဗ်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာစီးတီးက အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့အတူ ၃-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ကြိမ်အထိ ရက်ဘူးကွင်းမှာ လာရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်မရရှိခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအပြီး သိပ်မကြာခင်မှာပဲ လူးဝစ္စ အိုပန်ဒါက ချေပဂိုး သွင်းယူသွားခဲ့ပြီးနောက် စိတ်လှုပ်ရှားစရာအခိုက်အတန့်အနည်းငယ်ရှိခဲ့ပေမယ့်လည်း လူစားဝင်ကစားသမား ယူလီယန် အယ်လ်ဗာရက်ဇ်နဲ့ ဂျယ်ရမီး ဒိုကုတို့က အနိုင် ၃မှတ်အားလုံး ရယူနိုင်စေမယ့် သွင်းဂိုးတွေကို အရန်ခုံကနေ ဝင်ကစားပြီး သွင်းယူပေးသွားခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်စီးတီးဟာ တနင်္ဂနွေနေ့ အမ်းမရိတ်စ်ကို သွားရောက်ပြီး ဆုဖလားပြိုင်ဘက် အာဆင်နယ်နဲ့ ရင်ဆိုင်သွားရတော့မှာဖြစ်ပြီး ဂွါဒီယိုလာက အဲဒီပွဲမတိုင်ခင်မှာ မကြာသေးမီက ဆိုးရွားတဲ့ရလဒ်တွေရှိခဲ့ပေမယ့်လည်း အသင်းအပေါ်မှာ အပြည့်အဝ ယုံကြည်မှု အမြဲတမ်းရှိခဲ့ပြီး မြောက်လန်ဒန်မှာ ကစားနေကျပုံစံအတိုင်း ကစားသွားချင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင် ဒီလိုမျိုး အားကောင်းတဲ့စွမ်းဆောင်ရည် ပြသနိုင်ခဲ့တာက အရေးပါလားလို့ မေးမြန်းခဲ့ရာမှာ ဂွါဒီယိုလာက“ အရေးပါတာပေါ့။ ဒါပေမယ့် ကျွန်တော့်အသင်းကို ရလဒ်တွေအပေါ်မှာ ဆုံးဖြတ်သွားမှာမဟုတ်ပါဘူး။ နှစ်ပွဲစလုံး(နယူးကာဆယ်၊ ဝုလ်ဗ်စ်)မှာ အကောင်းဆုံး စွမ်းဆောင်ရည် မဟုတ်ခဲ့ပေမယ့်လည်း ကစားသမား ၁၀ ဦးစလုံးက ပင်နယ်တီဧရိယာထဲမှာ ခုခံနေတဲ့အခါကျရင် ကစားရတာ မလွယ်ကူပါဘူး။ ကစားသမား ၁၀ ဦးက ခံစစ်ကစားနေတယ်။ ၅ ယောက်၊ ၄ ယောက်နဲ့ တိုက်စစ်မှူး၊ ကွင်းလယ်အထိုင်ကစားသမားတွေအားလုံးက ပင်နယ်တီဧရိယာထဲ ရောက်နေတော့ မလွယ်ကူပါဘူး။ အဲဒီအတိုင်း ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ ပထမဂိုးမှာ ကံမကောင်းခဲ့ဘဲ ထက်မြက်သင့်သလောက် မထက်မြက်ခဲ့ဘူး။ အဲဒီလို ဖြစ်ခဲ့တယ်”

“ပွဲတွေက အများကြီးဆိုတော့ ကျွန်တော် အဲဒါကို နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ဖြစ်လို့ ကျွန်တော်က ကစားသမားတွေနဲ့ ပတ်သက်ပြီး ဒါမှမဟုတ် ဒီရာသီ ကျွန်တော်တို့ လုပ်သွားမယ့်ဟာနဲ့ပတ်သက်ပြီး သံသယဝင်မိနေတယ်လို့ ခင်ဗျား ထင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ ကျွန်တော်တို့ ထပ်ပြီးတော့ ရှုံးနိမ့်သွားနိုင်တယ်ဆိုရင် ခင်ဗျားမှားသွားပြီ။ ခင်ဗျားက ဒီလို မေးခွန်းတွေကို ထုတ်ဖို့အတွက် သင့်တော်တဲ့သူမဟုတ်ပါဘူး။။ ကျွန်တော် ဒီကောင်လေးတွေအပေါ်မှာ အားကိုးမှုက အခြေအနေအချိန်အခါအလိုက် ပြောင်းလဲမသွားပါဘူး။ နိုင်နိုင်၊ ရှုံးရှုံးပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် လေ့ကျင့်ရေးအစီအစဉ်ကို သိနေပြီး သူတို့တွေမှာရှိတဲ့ စိတ်ဓာတ်နဲ့ အဲဒါကို သူတို့ သက်သေပြမယ်ဆိုတာ သိနေလို့ပါ။ အခု ကျွန်တော်တို့ အာဆင်နယ်နဲ့ပွဲကို ကစားသွားရတော့မှာပါ။ အနားယူပြီး ကျွန်တော်တို့ မတ်၊ ဧပြီ၊ မေလမှာ ဆုဖလားပြိုင်ပွဲထဲ ရှိနေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့က အနိုင်ယူဖို့ လွယ်ကူတဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုး ရှိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပပ္ ဂြါဒီယိုလာက လိုက္ပ္ဇစ္ကို အႏိုင္ယူၿပီး ၂ ပြဲဆက္ ရႈံးပြဲကေန ျပန္လာႏိုင္ခဲ့ၿပီးေနာက္ ၎ရဲ႕ အသင္းနဲ႔ပတ္သက္ၿပီး ဘာသံသယမွမရွိခဲ့ဖူးဘူးလို႔ ေျပာဆိုလိုက္ၿပီး လက္ရွိမွာေတာ့ အာဆင္နယ္နဲ႔ ပြဲအတြက္ သတိေပးေျပာဆိုမႈေတြ ျပဳလုပ္လိုက္ၿပီျဖစ္ပါတယ္။

ဖလား ၃ လုံးတၿပိဳင္နက္ ရရွိခဲ့တဲ့ မန္စီးတီးဟာ ၿပီးခဲ့တဲ့အပတ္မွာ နယူးကာဆယ္ကို ရႈံးနိမ့္ၿပီး ကာရာေဘာင္းဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ ပရီးမီးယားလိဂ္မွာလည္း ဝုလ္ဗ္စ္ကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ည ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ လိုက္ပ္ဇစ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲစဥ္မွာ မန္ခ်က္စတာစီးတီးက အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔အတူ ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂ ႀကိမ္အထိ ရက္ဘူးကြင္းမွာ လာေရာက္ယွဥ္ၿပိဳင္ခဲ့ရာမွာ အႏိုင္မရရွိခဲ့ျခင္း မရွိခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းအၿပီး သိပ္မၾကာခင္မွာပဲ လူးဝစၥ အိုပန္ဒါက ေခ်ပဂိုး သြင္းယူသြားခဲ့ၿပီးေနာက္ စိတ္လႈပ္ရွားစရာအခိုက္အတန႔္အနည္းငယ္ရွိခဲ့ေပမယ့္လည္း လူစားဝင္ကစားသမား ယူလီယန္ အယ္လ္ဗာရက္ဇ္နဲ႔ ဂ်ယ္ရမီး ဒိုကုတို႔က အႏိုင္ ၃မွတ္အားလုံး ရယူႏိုင္ေစမယ့္ သြင္းဂိုးေတြကို အရန္ခုံကေန ဝင္ကစားၿပီး သြင္းယူေပးသြားခဲ့ၾကတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္စီးတီးဟာ တနဂၤေႏြေန႔ အမ္းမရိတ္စ္ကို သြားေရာက္ၿပီး ဆုဖလားၿပိဳင္ဘက္ အာဆင္နယ္နဲ႔ ရင္ဆိုင္သြားရေတာ့မွာျဖစ္ၿပီး ဂြါဒီယိုလာက အဲဒီပြဲမတိုင္ခင္မွာ မၾကာေသးမီက ဆိုး႐ြားတဲ့ရလဒ္ေတြရွိခဲ့ေပမယ့္လည္း အသင္းအေပၚမွာ အျပည့္အဝ ယုံၾကည္မႈ အၿမဲတမ္းရွိခဲ့ၿပီး ေျမာက္လန္ဒန္မွာ ကစားေနက်ပုံစံအတိုင္း ကစားသြားခ်င္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ ရင္ဆိုင္ရမယ့္ပြဲမတိုင္ခင္ ဒီလိုမ်ိဳး အားေကာင္းတဲ့စြမ္းေဆာင္ရည္ ျပသႏိုင္ခဲ့တာက အေရးပါလားလို႔ ေမးျမန္းခဲ့ရာမွာ ဂြါဒီယိုလာက“ အေရးပါတာေပါ့။ ဒါေပမယ့္ ကြၽန္ေတာ့္အသင္းကို ရလဒ္ေတြအေပၚမွာ ဆုံးျဖတ္သြားမွာမဟုတ္ပါဘူး။ ႏွစ္ပြဲစလုံး(နယူးကာဆယ္၊ ဝုလ္ဗ္စ္)မွာ အေကာင္းဆုံး စြမ္းေဆာင္ရည္ မဟုတ္ခဲ့ေပမယ့္လည္း ကစားသမား ၁၀ ဦးစလုံးက ပင္နယ္တီဧရိယာထဲမွာ ခုခံေနတဲ့အခါက်ရင္ ကစားရတာ မလြယ္ကူပါဘူး။ ကစားသမား ၁၀ ဦးက ခံစစ္ကစားေနတယ္။ ၅ ေယာက္၊ ၄ ေယာက္နဲ႔ တိုက္စစ္မႉး၊ ကြင္းလယ္အထိုင္ကစားသမားေတြအားလုံးက ပင္နယ္တီဧရိယာထဲ ေရာက္ေနေတာ့ မလြယ္ကူပါဘူး။ အဲဒီအတိုင္း ျဖစ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ ပထမဂိုးမွာ ကံမေကာင္းခဲ့ဘဲ ထက္ျမက္သင့္သေလာက္ မထက္ျမက္ခဲ့ဘူး။ အဲဒီလို ျဖစ္ခဲ့တယ္”

“ပြဲေတြက အမ်ားႀကီးဆိုေတာ့ ကြၽန္ေတာ္ အဲဒါကို နားလည္ေပးႏိုင္ပါတယ္။ ဒါေပမယ့္လည္း အဲဒီလို ျဖစ္လို႔ ကြၽန္ေတာ္က ကစားသမားေတြနဲ႔ ပတ္သက္ၿပီး ဒါမွမဟုတ္ ဒီရာသီ ကြၽန္ေတာ္တို႔ လုပ္သြားမယ့္ဟာနဲ႔ပတ္သက္ၿပီး သံသယဝင္မိေနတယ္လို႔ ခင္ဗ်ား ထင္လိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ဒီေန႔ ကြၽန္ေတာ္တို႔ ထပ္ၿပီးေတာ့ ရႈံးနိမ့္သြားႏိုင္တယ္ဆိုရင္ ခင္ဗ်ားမွားသြားၿပီ။ ခင္ဗ်ားက ဒီလို ေမးခြန္းေတြကို ထုတ္ဖို႔အတြက္ သင့္ေတာ္တဲ့သူမဟုတ္ပါဘူး။။ ကြၽန္ေတာ္ ဒီေကာင္ေလးေတြအေပၚမွာ အားကိုးမႈက အေျခအေနအခ်ိန္အခါအလိုက္ ေျပာင္းလဲမသြားပါဘူး။ ႏိုင္ႏိုင္၊ ရႈံးရႈံးပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ေလ့က်င့္ေရးအစီအစဥ္ကို သိေနၿပီး သူတို႔ေတြမွာရွိတဲ့ စိတ္ဓာတ္နဲ႔ အဲဒါကို သူတို႔ သက္ေသျပမယ္ဆိုတာ သိေနလို႔ပါ။ အခု ကြၽန္ေတာ္တို႔ အာဆင္နယ္နဲ႔ပြဲကို ကစားသြားရေတာ့မွာပါ။ အနားယူၿပီး ကြၽန္ေတာ္တို႔ မတ္၊ ဧၿပီ၊ ေမလမွာ ဆုဖလားၿပိဳင္ပြဲထဲ ရွိေနႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ္တို႔က အႏိုင္ယူဖို႔ လြယ္ကူတဲ့ ၿပိဳင္ဘက္မဟုတ္ဘူးဆိုတဲ့ ခံစားခ်က္မ်ိဳး ရွိပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.