Premier League

လီဗာပူးလ်ဘက်ကနေ ဒိုင်လူကြီးတွေနဲ့ VAR ကို ဝေဖန် ပြောဆိုခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာက လီဗာပူးလ်နဲ့ လူးဝစ္စ ဒီယက်ဇ်တို့ရဲ့ VAR ပြဿနာနဲ့ပတ်သက်ပြီး ဒိုင်လူကြီးတွေဟာ မင်းသားလုပ်နေကြပြီး အော်စကာလိုချင်နေကြတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ စနေနေ့က စပါးစ်နဲ့ ပွဲမှာ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို မှားယွင်းစွာ ပယ်ဖျက်ခံခဲ့ရပြီးနောက် VAR အသံဖိုင်ကို နားထောင်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး PGMOL က သိသာထင်ရှားတဲ့ လူသားအမှားဖြစ်တယ်လို့ အတည်ပြု ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ စပါးစ်တို့ရဲ့ ပွဲစဉ်မှာ VAR ဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဒါရင်း အင်္ဂလန်ဟာ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို ခွင့်ပြုပေးလိမ့်မယ်လို့ မှားယွင်းစွာ ထင်မြင်ခဲ့တယ်လို့ ယုံကြည်ရပြီး လီဗာပူးလ်ကြယ်ပွင့်က လူကျွံအနေအထားမှာ ရှိမနေဘူးဆိုတာကို အတည်ပြုဖို့ စစ်ဆေးမှု ပြီးမြောက်ပြီလို့ ကွင်းထဲက ဒိုင်လူကြီးအဖွဲကို လျင်လျင်မြန်မြန် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကွင်းထဲက ဒိုင်လူကြီးတွေက ၎င်းတို့ရဲ့ မူလ ဆုံးဖြတ်ချက်ဖြစ်တဲ့ လူကျွံဘောက မှန်ကန်တယ်လို့ အတည်ပြုခဲ့တယ်လို့ ယူဆခဲ့ပြီး ပွဲကို ပြန်ကစားခိုင်းခဲ့တာကြောင့် ဆုံးဖြတ်ချက်က ပြန်ပြင်လို့ မရတော့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက လက်ရှိမှာတော့ လီဗာပူးလ်နဲ့ စပါးစ်တို့ပွဲက ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ၎င်းရဲ့ အမြင်ကို မျှဝေခဲ့ပြီး “သူတို့တွေအနေနဲ့ အဓိကဦးဆောင်သူတွေဟာ ကစားသမားတွေနဲ့ ပြိုင်ပွဲဖြစ်မယ့် စနစ်ကို ရှာဖွေရပါလိမ့်မယ်။ ဒီမှာတင်မဟုတ်ဘဲ နိုင်ငံအားလုံးမှာပါ။ ဒိုင်လူကြီးတွေနဲ့ VAR က အဓိက ဦးဆောင်သူအခန်းကဏ္ဍမှာ ရှိနေကြတယ်။ အဲဒီတော့ သူတို့ကို အော်စကာပေးလိုက်ပါ။ သူတို့တွေ နောက်ဆုတ်နေမယ်။ ကစားသမားတွေကပဲ အရေးကြီးတာပါ။ ပွဲအချို့မှာ ပိုပြီး နှိမ့်ချပြီး ကစားသမားတွေ လုပ်စရာရှိတာကို လုပ်ခွင့်ပေးလိုက်ပါ။ သူတို့တွေ ပိုကောင်းမွန်လာပါလိမ့်မယ်။ VAR က ဒိုင်လူကြီးတွေရဲ့အလုပ်ကို အပြောင်းအလဲ ဖြစ်စေခဲ့တယ်။ သူတို့တွေ ဆုံးဖြတ်ချက် မချမှတ်တော့ဘူး။ အခု အဲဒါက VAR ရဲ့အလုပ်ပါ။ သူကမှ အရေးပါတဲ့သူပါ”

“သူတို့တွေ VAR နဲ့ ပတ်သက်ပြီး အမှားလုပ်မိရင် ကျွန်တော်တို့မှာ ပြဿနာရှိလာပါပြီ။ ကျွန်တော် လီဗာပူးလ် အဲဒီကိစ္စမှာ ဘယ်လောက် စိတ်ပျက်ခဲ့မလဲဆိုတာ အပြည့်အဝ နားလည်ပါတယ်။ အဲဒါက တခြားအသင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးတွေရဲ့ တာဝန်ရှိသူတွေက ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်မှာဖြစ်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမှာပါ။ ဒါပါပဲ။ ကျွန်တော် PGMOL က လူတွေကို အားကိုးပါတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်။ ကျွန်တော်က အဲဒီအပိုင်းမှာ ပရော်ဖက်ရှင်နယ်မဟုတ်ဘူး။ ကျွန်တော်လည်း ပါဝင်ပတ်သက်မနေဘူး။ ကျွန်တော် ဂရုမစိုက်ဘူးလို့ ပြောရပါလိမ့်မယ်။ ကျွန်တော် အဲဒီက လူတွေအပေါ်မှာပဲ အားကိုးပါတယ်။ အားလုံးက သူတို့တွေ အမှားလုပ်ခဲ့တယ်ဆိုတာ သိနေပြီး လီဗာပူးလ်က အဲဒီအမှားရဲ့ ကြီးမားတဲ့ အကျိုးဆက်ကို ခံစားခဲ့ရတယ်။ ဒီလို ပွဲစဉ်မျိုးမှာ ဆုံးဖြတ်ချက်က အရမ်းအရေးကြီးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြါဒီယိုလာက လီဗာပူးလ္နဲ႔ လူးဝစၥ ဒီယက္ဇ္တို႔ရဲ႕ VAR ျပႆနာနဲ႔ပတ္သက္ၿပီး ဒိုင္လူႀကီးေတြဟာ မင္းသားလုပ္ေနၾကၿပီး ေအာ္စကာလိုခ်င္ေနၾကတယ္လို႔ စြပ္စြဲခဲ့ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ စေနေန႔က စပါးစ္နဲ႔ ပြဲမွာ ဒီယက္ဇ္ရဲ႕ သြင္းဂိုးကို မွားယြင္းစြာ ပယ္ဖ်က္ခံခဲ့ရၿပီးေနာက္ VAR အသံဖိုင္ကို နားေထာင္ခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး PGMOL က သိသာထင္ရွားတဲ့ လူသားအမွားျဖစ္တယ္လို႔ အတည္ျပဳ ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔ စပါးစ္တို႔ရဲ႕ ပြဲစဥ္မွာ VAR ဒိုင္လူႀကီးအျဖစ္ တာဝန္ယူခဲ့တဲ့ ဒါရင္း အဂၤလန္ဟာ ဒီယက္ဇ္ရဲ႕ သြင္းဂိုးကို ခြင့္ျပဳေပးလိမ့္မယ္လို႔ မွားယြင္းစြာ ထင္ျမင္ခဲ့တယ္လို႔ ယုံၾကည္ရၿပီး လီဗာပူးလ္ၾကယ္ပြင့္က လူကြၽံအေနအထားမွာ ရွိမေနဘူးဆိုတာကို အတည္ျပဳဖို႔ စစ္ေဆးမႈ ၿပီးေျမာက္ၿပီလို႔ ကြင္းထဲက ဒိုင္လူႀကီးအဖြဲကို လ်င္လ်င္ျမန္ျမန္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကြင္းထဲက ဒိုင္လူႀကီးေတြက ၎တို႔ရဲ႕ မူလ ဆုံးျဖတ္ခ်က္ျဖစ္တဲ့ လူကြၽံေဘာက မွန္ကန္တယ္လို႔ အတည္ျပဳခဲ့တယ္လို႔ ယူဆခဲ့ၿပီး ပြဲကို ျပန္ကစားခိုင္းခဲ့တာေၾကာင့္ ဆုံးျဖတ္ခ်က္က ျပန္ျပင္လို႔ မရေတာ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက လက္ရွိမွာေတာ့ လီဗာပူးလ္နဲ႔ စပါးစ္တို႔ပြဲက ျဖစ္ပ်က္ခဲ့တာေတြနဲ႔ပတ္သက္ၿပီး ၎ရဲ႕ အျမင္ကို မွ်ေဝခဲ့ၿပီး “သူတို႔ေတြအေနနဲ႔ အဓိကဦးေဆာင္သူေတြဟာ ကစားသမားေတြနဲ႔ ၿပိဳင္ပြဲျဖစ္မယ့္ စနစ္ကို ရွာေဖြရပါလိမ့္မယ္။ ဒီမွာတင္မဟုတ္ဘဲ ႏိုင္ငံအားလုံးမွာပါ။ ဒိုင္လူႀကီးေတြနဲ႔ VAR က အဓိက ဦးေဆာင္သူအခန္းက႑မွာ ရွိေနၾကတယ္။ အဲဒီေတာ့ သူတို႔ကို ေအာ္စကာေပးလိုက္ပါ။ သူတို႔ေတြ ေနာက္ဆုတ္ေနမယ္။ ကစားသမားေတြကပဲ အေရးႀကီးတာပါ။ ပြဲအခ်ိဳ႕မွာ ပိုၿပီး ႏွိမ့္ခ်ၿပီး ကစားသမားေတြ လုပ္စရာရွိတာကို လုပ္ခြင့္ေပးလိုက္ပါ။ သူတို႔ေတြ ပိုေကာင္းမြန္လာပါလိမ့္မယ္။ VAR က ဒိုင္လူႀကီးေတြရဲ႕အလုပ္ကို အေျပာင္းအလဲ ျဖစ္ေစခဲ့တယ္။ သူတို႔ေတြ ဆုံးျဖတ္ခ်က္ မခ်မွတ္ေတာ့ဘူး။ အခု အဲဒါက VAR ရဲ႕အလုပ္ပါ။ သူကမွ အေရးပါတဲ့သူပါ”

“သူတို႔ေတြ VAR နဲ႔ ပတ္သက္ၿပီး အမွားလုပ္မိရင္ ကြၽန္ေတာ္တို႔မွာ ျပႆနာရွိလာပါၿပီ။ ကြၽန္ေတာ္ လီဗာပူးလ္ အဲဒီကိစၥမွာ ဘယ္ေလာက္ စိတ္ပ်က္ခဲ့မလဲဆိုတာ အျပည့္အဝ နားလည္ပါတယ္။ အဲဒါက တျခားအသင္းလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ဒိုင္လူႀကီးေတြရဲ႕ တာဝန္ရွိသူေတြက ကြၽန္ေတာ္တို႔ ဘာလုပ္ရမလဲဆိုတာ ဆုံးျဖတ္မွာျဖစ္ၿပီး သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္ကို လိုက္နာရမွာပါ။ ဒါပါပဲ။ ကြၽန္ေတာ္ PGMOL က လူေတြကို အားကိုးပါတယ္။ ကြၽန္ေတာ္တို႔ တတ္ႏိုင္သမွ် အေကာင္းဆုံးျဖစ္ေအာင္ လုပ္ရပါမယ္။ ကြၽန္ေတာ္က အဲဒီအပိုင္းမွာ ပေရာ္ဖက္ရွင္နယ္မဟုတ္ဘူး။ ကြၽန္ေတာ္လည္း ပါဝင္ပတ္သက္မေနဘူး။ ကြၽန္ေတာ္ ဂ႐ုမစိုက္ဘူးလို႔ ေျပာရပါလိမ့္မယ္။ ကြၽန္ေတာ္ အဲဒီက လူေတြအေပၚမွာပဲ အားကိုးပါတယ္။ အားလုံးက သူတို႔ေတြ အမွားလုပ္ခဲ့တယ္ဆိုတာ သိေနၿပီး လီဗာပူးလ္က အဲဒီအမွားရဲ႕ ႀကီးမားတဲ့ အက်ိဳးဆက္ကို ခံစားခဲ့ရတယ္။ ဒီလို ပြဲစဥ္မ်ိဳးမွာ ဆုံးျဖတ္ခ်က္က အရမ္းအေရးႀကီးပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.