International

လက်ရွေးစင်မန်နေဂျာဖြစ်လာတော့မယ့် အိုဇေးလ်

အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း မီဆွတ် အိုဇေးလ်ဟာ တူရကီ လက်ရွေးစင်အသင်းရဲ့ အထွေထွေမန်နေဂျာသစ်ဖြစ်လာဖို့ ရှိတယ်လို့ သိရပါတယ်။

တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ၎င်းတို့ရဲ့ နည်းပြချုပ် စတီဖန် ကန့်ဇ်နဲ့ အထွေထွေမန်နေဂျာ ဟာမစ် အယ်လ်တင်တော့ပ်တို့ကို ရာထူးကနေ ထုတ်ပယ်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

တူရကီဘောလုံးအဖွဲ့ချုပ်က နည်းပြ ကန့်ဇ်ကို ထုတ်ပယ်ခဲ့တယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ခဲ့ပေမယ့်လည်း ဗုဒ္ဓဟူးနေ့မှာ ဂျာမန်လူမျိုးနည်းပြက အစည်းအဝေးတက်ရောက်လိမ့်မယ်လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ အတည်ပြုခဲ့ပါတယ်။

ကန့်ဇ်ဟာ တူရကီဘောလုံးအဖွဲ့ချုပ်ဥက္ကဌ မာမက် ဘူယူကက်ဆီနဲ့ လက်ရွေးစင်လေ့ကျင့်ရေးစခန်းမှာ တွေ့ဆုံသွားမှာဖြစ်ပြီး တူရကီဟာ လက်ရှိ ယူရို ၂၀၂၄ ဝင်ခွင့်အတွက် အုပ်စုဒုတိယနေရာမှာ ရပ်တည်ပြီး Play-off နေရာအတွက် အာမခံချက်ရခဲ့ပေမယ့် ခြေစမ်းပွဲမှာ ဂျပန်ကို ၄-၂ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဂျာမန်သတင်းစာ BILD ရဲ့ ဖော်ပြချက်အရ အထွေထွေမန်နေဂျာ အယ်လ်တင်တော့ပ်ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေပြီး တူရကီ ဂန္တဝင်ဟာ နည်းပြ ကန့်ဇ်ကို ခန့်အပ်မှုမှာ အဓိကကျခဲ့တာဖြစ်ပါတယ်။

ဂျာမနီနည်းပြဟောင်း ဂျိုအာချင်လိုးက ကန့်ဇ်ရဲ့ နေရာမှာ အစားထိုးခန့်အပ်ခံရနိုင်သူအဖြစ် ရှုမြင်ခံထားရပြီး ဂျာမနီလက်ရွေးစင်ဟောင်း မီဆွတ် အိုဇေးလ်ကလည်း အယ်လ်တင်တော့ပ်ရဲ့နေရာမှာ အစားထိုးခံရဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နဲ႔ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္း မီဆြတ္ အိုေဇးလ္ဟာ တူရကီ လက္ေ႐ြးစင္အသင္းရဲ႕ အေထြေထြမန္ေနဂ်ာသစ္ျဖစ္လာဖို႔ ရွိတယ္လို႔ သိရပါတယ္။

တူရကီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ၎တို႔ရဲ႕ နည္းျပခ်ဳပ္ စတီဖန္ ကန႔္ဇ္နဲ႔ အေထြေထြမန္ေနဂ်ာ ဟာမစ္ အယ္လ္တင္ေတာ့ပ္တို႔ကို ရာထူးကေန ထုတ္ပယ္ဖို႔ ျပင္ဆင္ေနတာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

တူရကီေဘာလုံးအဖြဲ႕ခ်ဳပ္က နည္းျပ ကန႔္ဇ္ကို ထုတ္ပယ္ခဲ့တယ္ဆိုတဲ့သတင္းေတြကို ျငင္းပယ္ခဲ့ေပမယ့္လည္း ဗုဒၶဟူးေန႔မွာ ဂ်ာမန္လူမ်ိဳးနည္းျပက အစည္းအေဝးတက္ေရာက္လိမ့္မယ္လို႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ အတည္ျပဳခဲ့ပါတယ္။

ကန႔္ဇ္ဟာ တူရကီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ မာမက္ ဘူယူကက္ဆီနဲ႔ လက္ေ႐ြးစင္ေလ့က်င့္ေရးစခန္းမွာ ေတြ႕ဆုံသြားမွာျဖစ္ၿပီး တူရကီဟာ လက္ရွိ ယူ႐ို ၂၀၂၄ ဝင္ခြင့္အတြက္ အုပ္စုဒုတိယေနရာမွာ ရပ္တည္ၿပီး Play-off ေနရာအတြက္ အာမခံခ်က္ရခဲ့ေပမယ့္ ေျခစမ္းပြဲမွာ ဂ်ပန္ကို ၄-၂ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္သတင္းစာ BILD ရဲ႕ ေဖာ္ျပခ်က္အရ အေထြေထြမန္ေနဂ်ာ အယ္လ္တင္ေတာ့ပ္ရဲ႕ အနာဂတ္ဟာ မေရမရာျဖစ္ေနၿပီး တူရကီ ဂႏၲဝင္ဟာ နည္းျပ ကန႔္ဇ္ကို ခန႔္အပ္မႈမွာ အဓိကက်ခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီနည္းျပေဟာင္း ဂ်ိဳအာခ်င္လိုးက ကန႔္ဇ္ရဲ႕ ေနရာမွာ အစားထိုးခန႔္အပ္ခံရႏိုင္သူအျဖစ္ ရႈျမင္ခံထားရၿပီး ဂ်ာမနီလက္ေ႐ြးစင္ေဟာင္း မီဆြတ္ အိုေဇးလ္ကလည္း အယ္လ္တင္ေတာ့ပ္ရဲ႕ေနရာမွာ အစားထိုးခံရဖြယ္ရွိတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.