Premier League UCL&UEL

ရာယာရဲ့အမှားကို တုံ့ပြန်ခဲ့ကြတဲ့ အာတီတာနဲ့ ဆာလီဘာ

အာတီတာနဲ့ ဝီလီယံ ဆာလီဘာတို့ နှစ်ဦးစလုံးဟာ အင်္ဂါနေ့ညက လွန်းစ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ဒေးဗစ် ရာယာက ချေပဂိုးပေးခဲ့ရတဲ့ အမှားကို ကျူးလွန်ခဲ့ပြီးနောက် စပိန်ဂိုးသမားဘက်ကနေ ကာကွယ်ပြောဆိုခဲ့ကြပါတယ်။

ဂန်းနားတွေဟာ လီဂူးဝမ်းကလပ်ကို ပထမပိုင်း ၁၄ မိနစ်မှာ ဂါဘရီယဲလ် ဂျေဆူးစ်ရဲ့ သွင်းဂိုးကြောင့် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အက်ဒရီယန် သော်မတ်ဆန်ရဲ့ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်ကြောင့် ချေပဂိုး ပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပွဲစဉ်တလျှောက်လုံး လွှမ်းမိုးထားနိုင်ခဲ့ပေမယ့်လည်း အယ်လီ ဝါဟီက ၆၉ မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် လွန်းစ်က ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး လီဂူးဝမ်းကလပ်ရဲ့ ပထမပိုင်း ချေပဂိုးဟာ ရာယာရဲ့ ညံ့ဖျင်းတဲ့ ကစားပုံကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။

ရာယာဟာ အာရွန် ရမ်းစ်ဒေးလ်းထက် ပိုမိုကောင်းမွန်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ အသင်းထဲကို ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပေမယ့်လည်း အာတီတာက လွန်းစ်နဲ့ပွဲမှာ အမှားကျူးလွန်ခဲ့ပြီးနောက် ခံစစ်ကနေ ကစားဖို့ ကြိုးပမ်းခြင်းရဲ့ ရလဒ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒါပေမယ့် ဒါမျိုးက ဖြစ်တတ်ပါတယ်။ အမှားတွေက ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူတို့တွေက တစ်ချိန်မဟုတ်တစ်ချိန် ဆက်ဖြစ်နေဦးမှာပါ။ ဒါပေမယ့် ကျွန်တော်ထင်တာက ဒီနေ့ ပင်နယ်တီဧရိယာ ၂ ခုစလုံးထဲမှာ ကျွန်တော်တို့ ကွဲပြားခြားနားမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်မှာ ခင်ဗျား ရှင်းလင်းပြတ်သားတဲ့ အခွင့်အရေးတွေ ၁၀ ကြိမ်လောက် ဖန်တီးနိုင်မှာမဟုတ်ပါဘူး။ ခင်ဗျား အခွင့်အရေးရတဲ့အခါမှာ ဂိုးပေါက်ထဲကို ဘောလုံး ကန်သွင်းယူရပါမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ပင်နယ်တီဧရိယာကို ကျွန်တော်တို့ လုပ်ခဲ့တာထက် အများကြီး ပိုကောင်းအောင် ကာကွယ်ရမှာပါ။”

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ရမ်းစ်ဒေးလ်ရဲ့ နေရာမှာ အဆင့်မြှင့်တင်မှုအဖြစ် ခေါ်ယူခဲ့တာကြောင့် ရာယာရဲ့ အမှားကို မြင်တွေ့ခဲ့ရတာ စိတ်ပျက်စရာဖြစ်ခဲ့လားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အာတီတာက “စိတ်ပျက်စရာမဖြစ်ခဲ့ပါဘူး။ ဟုတ်ပါတယ်။ ကျွန်တော်တို့ အရာအားလုံးကို ရပ်တန့်ချင်ပြီး အသင်းအတွက် နိုင်ပွဲရယူဖို့အတွက် ကြီးမားတဲ့ ဖြစ်နိုင်ခြေတွေ လုပ်ပြချင်တာ သိသာပါတယ်။ ဒါပေမယ့် အမှားတွေက တစိတ်တပိုင်းအဖြစ် ရှိနေမှာဖြစ်ပြီး ဘောလုံးမှာက အမှားတွေက အဆက်မပြတ် ဖြစ်နေမှာပဲ။ ၃၊ ၄ စက္ကန့်တိုင်းမှာ အမှားတွေက ရှိနေပြီး ခင်ဗျားမဟုတ်ရင် ခင်ဗျားရဲ့ ပြိုင်ဘက်ပဲ။ ကျွန်တော်တို့ အဲဒါနဲ့ အသားကျအောင် လုပ်ရမှာပါ။ ကျွန်တော်တို့ ဒီနေ့မှာ ထိန်းချုပ်မှုအများဆုံးရခဲ့တယ်လို့ ထင်တယ်။ အထူးသဖြင့် ပထမဂိုးသွင်းယူပြီးနောက်မှာပါ။ ဂိုးသွင်းပြီးတော့ကျွန်တော်တို့ လွှမ်းမိုးထားနိုင်ခဲ့ပြီး သူတို့ ဂိုးမသွင်းခင်မှာ ဂိုးသွင်းဖို့ ကြီးမားတဲ့အခွင့်အရေး ၂ ကြိမ်ရခဲ့တယ်။ ပြီးတဲ့နောက်မှာ သူတို့တွေ ကျွန်တော်တို့ ပင်နယ်တီဧရိယာနားမှာ ကစားလာတဲ့အခါမှာ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပြီး ကျွန်တော်တို့ ပင်နယ်တီဧရိယာကို တကယ်ကို ဆိုးဆိုးရွားရွား ကာကွယ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက ဖြစ်ခဲ့ပြီးပါပြီ။ အသင်းကြီးတွေက ခင်ဗျားကို အပြစ်ပေးနိုင်တယ်။ ဒီနေ့ ကျွန်တော်တို့ ပီအက်စ်ဗွီကို အပြစ်ပေးခဲ့သလိုမျိုး သူတို့ကို အပြစ်မပေးနိုင်ခဲ့ဘူး။ ဒါက ကွာခြားချက်ဖြစ်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နောက်ခံလူ ဝီလီယံ ဆာလီဘာကလည်း ရာယာကို ကာကွယ်ပြောဆိုခဲ့ပြီး ပထမဂိုးက တစ်သင်းလုံးမှာ တာဝန်ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဟုတ်ပါတယ်။ အမှားတွေက ပြိုင်ပွဲရဲ့အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်တို့အားလုံး အမှားလုပ်ကြတယ်။ အဲဒီတော့ ကျွန်တော်တို့ အားလုံး ဒီအမှားအတွက် အတူတူခံကြမယ်။ ကျွန်တော်တို့ ၂ ဂိုးပေးခဲ့ရလို့ မပျော်ရွှင်ခဲ့ဘူးဆိုတာ အမှန်ပါပဲ။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာတီတာနဲ႔ ဝီလီယံ ဆာလီဘာတို႔ ႏွစ္ဦးစလုံးဟာ အဂၤါေန႔ညက လြန္းစ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ေဒးဗစ္ ရာယာက ေခ်ပဂိုးေပးခဲ့ရတဲ့ အမွားကို က်ဴးလြန္ခဲ့ၿပီးေနာက္ စပိန္ဂိုးသမားဘက္ကေန ကာကြယ္ေျပာဆိုခဲ့ၾကပါတယ္။

ဂန္းနားေတြဟာ လီဂူးဝမ္းကလပ္ကို ပထမပိုင္း ၁၄ မိနစ္မွာ ဂါဘရီယဲလ္ ေဂ်ဆူးစ္ရဲ႕ သြင္းဂိုးေၾကာင့္ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း အက္ဒရီယန္ ေသာ္မတ္ဆန္ရဲ႕ အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္ေၾကာင့္ ေခ်ပဂိုး ျပန္ေပးခဲ့ရတာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ပြဲစဥ္တေလွ်ာက္လုံး လႊမ္းမိုးထားႏိုင္ခဲ့ေပမယ့္လည္း အယ္လီ ဝါဟီက ၆၉ မိနစ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ လြန္းစ္က ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ၿပီး လီဂူးဝမ္းကလပ္ရဲ႕ ပထမပိုင္း ေခ်ပဂိုးဟာ ရာယာရဲ႕ ညံ့ဖ်င္းတဲ့ ကစားပုံေၾကာင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ရာယာဟာ အာ႐ြန္ ရမ္းစ္ေဒးလ္းထက္ ပိုမိုေကာင္းမြန္တဲ့ အကူအညီေတြ ေပးႏိုင္ဖို႔ အသင္းထဲကို ေခၚယူျခင္းခံခဲ့ရတာျဖစ္ေပမယ့္လည္း အာတီတာက လြန္းစ္နဲ႔ပြဲမွာ အမွားက်ဴးလြန္ခဲ့ၿပီးေနာက္ ခံစစ္ကေန ကစားဖို႔ ႀကိဳးပမ္းျခင္းရဲ႕ ရလဒ္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဒါေပမယ့္ ဒါမ်ိဳးက ျဖစ္တတ္ပါတယ္။ အမွားေတြက ေဘာလုံးရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး သူတို႔ေတြက တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ ဆက္ျဖစ္ေနဦးမွာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ထင္တာက ဒီေန႔ ပင္နယ္တီဧရိယာ ၂ ခုစလုံးထဲမွာ ကြၽန္ေတာ္တို႔ ကြဲျပားျခားနားမႈေတြ လုပ္ႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ ခ်န္ပီယံလိဂ္မွာ ခင္ဗ်ား ရွင္းလင္းျပတ္သားတဲ့ အခြင့္အေရးေတြ ၁၀ ႀကိမ္ေလာက္ ဖန္တီးႏိုင္မွာမဟုတ္ပါဘူး။ ခင္ဗ်ား အခြင့္အေရးရတဲ့အခါမွာ ဂိုးေပါက္ထဲကို ေဘာလုံး ကန္သြင္းယူရပါမယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ပင္နယ္တီဧရိယာကို ကြၽန္ေတာ္တို႔ လုပ္ခဲ့တာထက္ အမ်ားႀကီး ပိုေကာင္းေအာင္ ကာကြယ္ရမွာပါ။”

ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ရမ္းစ္ေဒးလ္ရဲ႕ ေနရာမွာ အဆင့္ျမႇင့္တင္မႈအျဖစ္ ေခၚယူခဲ့တာေၾကာင့္ ရာယာရဲ႕ အမွားကို ျမင္ေတြ႕ခဲ့ရတာ စိတ္ပ်က္စရာျဖစ္ခဲ့လားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အာတီတာက “စိတ္ပ်က္စရာမျဖစ္ခဲ့ပါဘူး။ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ အရာအားလုံးကို ရပ္တန႔္ခ်င္ၿပီး အသင္းအတြက္ ႏိုင္ပြဲရယူဖို႔အတြက္ ႀကီးမားတဲ့ ျဖစ္ႏိုင္ေျခေတြ လုပ္ျပခ်င္တာ သိသာပါတယ္။ ဒါေပမယ့္ အမွားေတြက တစိတ္တပိုင္းအျဖစ္ ရွိေနမွာျဖစ္ၿပီး ေဘာလုံးမွာက အမွားေတြက အဆက္မျပတ္ ျဖစ္ေနမွာပဲ။ ၃၊ ၄ စကၠန႔္တိုင္းမွာ အမွားေတြက ရွိေနၿပီး ခင္ဗ်ားမဟုတ္ရင္ ခင္ဗ်ားရဲ႕ ၿပိဳင္ဘက္ပဲ။ ကြၽန္ေတာ္တို႔ အဲဒါနဲ႔ အသားက်ေအာင္ လုပ္ရမွာပါ။ ကြၽန္ေတာ္တို႔ ဒီေန႔မွာ ထိန္းခ်ဳပ္မႈအမ်ားဆုံးရခဲ့တယ္လို႔ ထင္တယ္။ အထူးသျဖင့္ ပထမဂိုးသြင္းယူၿပီးေနာက္မွာပါ။ ဂိုးသြင္းၿပီးေတာ့ကြၽန္ေတာ္တို႔ လႊမ္းမိုးထားႏိုင္ခဲ့ၿပီး သူတို႔ ဂိုးမသြင္းခင္မွာ ဂိုးသြင္းဖို႔ ႀကီးမားတဲ့အခြင့္အေရး ၂ ႀကိမ္ရခဲ့တယ္။ ၿပီးတဲ့ေနာက္မွာ သူတို႔ေတြ ကြၽန္ေတာ္တို႔ ပင္နယ္တီဧရိယာနားမွာ ကစားလာတဲ့အခါမွာ အေျခအေနက ေျပာင္းျပန္ျဖစ္သြားခဲ့ၿပီး ကြၽန္ေတာ္တို႔ ပင္နယ္တီဧရိယာကို တကယ္ကို ဆိုးဆိုး႐ြား႐ြား ကာကြယ္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒါက ျဖစ္ခဲ့ၿပီးပါၿပီ။ အသင္းႀကီးေတြက ခင္ဗ်ားကို အျပစ္ေပးႏိုင္တယ္။ ဒီေန႔ ကြၽန္ေတာ္တို႔ ပီအက္စ္ဗြီကို အျပစ္ေပးခဲ့သလိုမ်ိဳး သူတို႔ကို အျပစ္မေပးႏိုင္ခဲ့ဘူး။ ဒါက ကြာျခားခ်က္ျဖစ္ခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ေနာက္ခံလူ ဝီလီယံ ဆာလီဘာကလည္း ရာယာကို ကာကြယ္ေျပာဆိုခဲ့ၿပီး ပထမဂိုးက တစ္သင္းလုံးမွာ တာဝန္ရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဟုတ္ပါတယ္။ အမွားေတြက ၿပိဳင္ပြဲရဲ႕အစိတ္အပိုင္းတစ္ခုပါ။ ကြၽန္ေတာ္တို႔အားလုံး အမွားလုပ္ၾကတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အားလုံး ဒီအမွားအတြက္ အတူတူခံၾကမယ္။ ကြၽန္ေတာ္တို႔ ၂ ဂိုးေပးခဲ့ရလို႔ မေပ်ာ္႐ႊင္ခဲ့ဘူးဆိုတာ အမွန္ပါပဲ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.