UCL&UEL

ဖုန်းတစ်ဂိုးရှင် အိုနာနာကို ကာကွယ်ပြောဆိုခဲ့ပြန်တဲ့ တန်ဟက်

အဲရစ် တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်ဂိုးသမားရဲ့ ဆိုးရွားတဲ့ လက်စွမ်းကြောင့် ချန်ပီယံမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အိုနာနာဘက်ကနေ နောက်ထပ်တစ်ကြိမ် ကာကွယ် ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂါနေ့ညက ဂလာတာဆာရေးကို ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ၃ ဂိုးအထိ ပြန်ပေးခဲ့ရပြီးနောက် ယခုရာသီ ပထမဆုံး ၁၀ ပွဲမှာ ၆ ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ အိုနာနာဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲစဉ်တိုင်းမှာ ပါဝင်ကစားပေးခဲ့ပြီး လက်ရှိအချိန်အထိ ၃ ပွဲသာ ကလင်းရှစ်တ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ချိန်မှာ ၁၈ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး ဖြစ်ပါတယ်။

တန်ဟက်က အိုင်းယက်စ်က တပည့်ဟောင်းကို ယခုနွေရာသီမှာ အင်တာမီလန်ကနေ ပေါင် ၄၇ သန်းနဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အသင်းဂန္တဝင် ဒေးဗစ် ဒဟေးယားဟာ ပြီးခဲ့တဲ့ရာသီမှာ ရွှေလက်အိတ်ဆုကို ရရှိခဲ့ပေမယ့်လည်း အငြင်းပွားဖွယ် ကန်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ တန်ဟက်ရဲ့ ဆုံးဖြတ်ချက်ဟာ တော်တော်လေး ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး ကင်မရွန်းလက်ရွေးစင်ဂိုးသမားဟာ အမှားတွေ အများအပြား ပြုလုပ်ပြီး ယုံကြည်အားထားရတဲ့ဂိုးသမားတစ်ယောက်ပုံစံမျိုး မဟုတ်နေတာဖြစ်ပါတယ်။

အိုနာနာအနေနဲ့ ဂလာတာဆာရေးရဲ့ သွင်းဂိုး ၂ ဂိုးအထိကို ကာကွယ်နိုင်ခဲ့သင့်သလို နောက်တန်းကနေ တိုက်စစ်ပုံဖော်ဖို့ ကြိုးပမ်းနေချိန်အတွင်း ပြိုင်ဘက်ကစားသမားကို ဘောလုံး လက်ဆောင်ပေးခဲ့ပြီးနောက် ကာစီမီရို ထုတ်ခံခဲ့ရသလို ပင်နယ်တီ ပေးခဲ့ရတဲ့ကိစ္စမှာ အပြစ်ရှိခဲ့တာဖြစ်ပါတယ်။

ပရိသတ်အများစုဟာ ဖုန်းတစ်ဂိုးရှင် အိုနာနာကို တော်တော်လေး စိတ်ကုန်နေကြပြီဖြစ်ပြီး တန်ဟက်ကတော့ တပည့်ကျော်ဘက်က ရပ်တည်နေဆဲဖြစ်ပေမယ့်လည်း ကင်မရွန်းဂိုးသမားအနေနဲ့ ၎င်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပြောစရာ စကားလုံးတွေ ရှိလိမ့်မယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ကစားသမားတွေနဲ့ စကားပြောရမယ်။ အန်ဒရီနဲ့လည်း ပြောမှာပါ။ ကျွန်တော် သူ့ကို အားပေးခဲ့ပြီး ထောက်ခံခဲ့တယ်။ သူက အရမ်းကောင်းတဲ့ ဂိုးသမားပါ။ ကျွန်တော်တို့ အားလုံးအခြေတကျဖြစ်အောင် လုပ်ရမှာဖြစ်ပြီး ရှေ့ကိုပဲ မျှော်ကြည့်ရမှာပါ။ ကျွန်တော်တို့ လုပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာအမှားတွေက ဒီလိုအဆင့်အတန်းမျိုးမှာ ခင်ဗျား ဖြစ်ခွင့်ပေးလို့မရဘူး။ ခင်ဗျား အပြစ်ပေးခံရမယ်။ ဒါက ထိန်းချုပ်ဖို့ ခက်ပါတယ်။ ကျွန်တော်တို့အားလုံး ဒီရှုံးပွဲမှာ အတူတူရှိနေပါတယ်။ ကျွန်တော်တို့ ၂ ဂိုးအထိ ဦးဆောင်ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ အတူတူပိုပြီးတော့ မျှော်မှန်းထားပါတယ်။”

ယခုရာသီ အိုးထရက်ဖို့ဒ်က ရှုံးပွဲတွေအပြီး အိမ်ကွင်းပရိသတ်တွေဟာ အသင်းကို ကွင်းပြင်ပမှာ ကျယ်ကျယ်လောင်လောင် လှောင်ပြောင်ခဲ့ကြပြီး တန်ဟက်က အဲဒါကို နားလည်တယ်လို့ ဝန်ခံခဲ့ပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ သူတို့တွေ မျှော်လင့်နိုင်ပါတယ်။ ကျွန်တော်က ဒီအသင်းအတွက် တာဝန်ရှိတယ်။ စွမ်းဆောင်ရည်အတွက်၊ ရလဒ်အတွက် ကျွန်တော့်လူစာရင်းနဲ့အတူ တာဝန်ရှိပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ ရလဒ်ကောင်းတွေ မရနေဘူးဆိုတော့ သူတို့တွေ စိတ်ပျက်ခဲ့မှာပါ။ ကျွန်တော် အဲဒါကို နားလည်ပေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ရမှာပါ။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော် အရမ်းကောင်းမွန်တဲ့စိတ်ဓာတ်နဲ့ အသင်းကို မြင်တွေ့ခဲ့တယ်။ အစကနေ အဆုံးအထိ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကိုလည်း အသင်းက ရရှိခဲ့တယ်။ ဟုတ်တာပေါ့။ အဆုံးမှာ ကျွန်တော်တို့လိုပဲ ပရိသတ်တွေလည်း စိတ်ပျက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အရမ်း စိတ်ပျက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒါက လောင်စာအဖြစ် အသုံးပြုရမှာပါ။ ဒါက ဒီအသင်းနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အရာပါ။ အချိန်တိုင်း ပွဲစဉ်တိုင်း၊ ပွဲအစတိုင်းမှာ သူတို့တွေ စွမ်းအင်ကို ရှာတွေ့တယ်။ ပွဲကစားဖို့အတွက် ကောင်းမွန်တဲ့ စိတ်ဓာတ်ခွန်အားနဲ့အတူ စွမ်းအင်တွေ အများကြီးနဲ့ အသင်း ရှိခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲရစ္ တန္ဟက္ဟာ မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားရဲ႕ ဆိုး႐ြားတဲ့ လက္စြမ္းေၾကာင့္ ခ်န္ပီယံမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အိုနာနာဘက္ကေန ေနာက္ထပ္တစ္ႀကိမ္ ကာကြယ္ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အဂၤါေန႔ညက ဂလာတာဆာေရးကို ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ၃ ဂိုးအထိ ျပန္ေပးခဲ့ရၿပီးေနာက္ ယခုရာသီ ပထမဆုံး ၁၀ ပြဲမွာ ၆ ပြဲေျမာက္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။ ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ အိုနာနာဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပြဲစဥ္တိုင္းမွာ ပါဝင္ကစားေပးခဲ့ၿပီး လက္ရွိအခ်ိန္အထိ ၃ ပြဲသာ ကလင္းရွစ္တ္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ခ်ိန္မွာ ၁၈ ဂိုးအထိ ခြင့္ျပဳခဲ့ရၿပီး ျဖစ္ပါတယ္။

တန္ဟက္က အိုင္းယက္စ္က တပည့္ေဟာင္းကို ယခုေႏြရာသီမွာ အင္တာမီလန္ကေန ေပါင္ ၄၇ သန္းနဲ႔ ေခၚယူဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး အသင္းဂႏၲဝင္ ေဒးဗစ္ ဒေဟးယားဟာ ၿပီးခဲ့တဲ့ရာသီမွာ ေ႐ႊလက္အိတ္ဆုကို ရရွိခဲ့ေပမယ့္လည္း အျငင္းပြားဖြယ္ ကန္ထုတ္ခံခဲ့ရတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ တန္ဟက္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ ေတာ္ေတာ္ေလး ဆိုး႐ြားတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ၿပီး ကင္မ႐ြန္းလက္ေ႐ြးစင္ဂိုးသမားဟာ အမွားေတြ အမ်ားအျပား ျပဳလုပ္ၿပီး ယုံၾကည္အားထားရတဲ့ဂိုးသမားတစ္ေယာက္ပုံစံမ်ိဳး မဟုတ္ေနတာျဖစ္ပါတယ္။

အိုနာနာအေနနဲ႔ ဂလာတာဆာေရးရဲ႕ သြင္းဂိုး ၂ ဂိုးအထိကို ကာကြယ္ႏိုင္ခဲ့သင့္သလို ေနာက္တန္းကေန တိုက္စစ္ပုံေဖာ္ဖို႔ ႀကိဳးပမ္းေနခ်ိန္အတြင္း ၿပိဳင္ဘက္ကစားသမားကို ေဘာလုံး လက္ေဆာင္ေပးခဲ့ၿပီးေနာက္ ကာစီမီ႐ို ထုတ္ခံခဲ့ရသလို ပင္နယ္တီ ေပးခဲ့ရတဲ့ကိစၥမွာ အျပစ္ရွိခဲ့တာျဖစ္ပါတယ္။

ပရိသတ္အမ်ားစုဟာ ဖုန္းတစ္ဂိုးရွင္ အိုနာနာကို ေတာ္ေတာ္ေလး စိတ္ကုန္ေနၾကၿပီျဖစ္ၿပီး တန္ဟက္ကေတာ့ တပည့္ေက်ာ္ဘက္က ရပ္တည္ေနဆဲျဖစ္ေပမယ့္လည္း ကင္မ႐ြန္းဂိုးသမားအေနနဲ႔ ၎ရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ေျပာစရာ စကားလုံးေတြ ရွိလိမ့္မယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ကစားသမားေတြနဲ႔ စကားေျပာရမယ္။ အန္ဒရီနဲ႔လည္း ေျပာမွာပါ။ ကြၽန္ေတာ္ သူ႔ကို အားေပးခဲ့ၿပီး ေထာက္ခံခဲ့တယ္။ သူက အရမ္းေကာင္းတဲ့ ဂိုးသမားပါ။ ကြၽန္ေတာ္တို႔ အားလုံးအေျခတက်ျဖစ္ေအာင္ လုပ္ရမွာျဖစ္ၿပီး ေရွ႕ကိုပဲ ေမွ်ာ္ၾကည့္ရမွာပါ။ ကြၽန္ေတာ္တို႔ လုပ္ေနတဲ့ စိတ္ပိုင္းဆိုင္ရာအမွားေတြက ဒီလိုအဆင့္အတန္းမ်ိဳးမွာ ခင္ဗ်ား ျဖစ္ခြင့္ေပးလို႔မရဘူး။ ခင္ဗ်ား အျပစ္ေပးခံရမယ္။ ဒါက ထိန္းခ်ဳပ္ဖို႔ ခက္ပါတယ္။ ကြၽန္ေတာ္တို႔အားလုံး ဒီရႈံးပြဲမွာ အတူတူရွိေနပါတယ္။ ကြၽန္ေတာ္တို႔ ၂ ဂိုးအထိ ဦးေဆာင္ၿပီး ပြဲကို ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ အတူတူပိုၿပီးေတာ့ ေမွ်ာ္မွန္းထားပါတယ္။”

ယခုရာသီ အိုးထရက္ဖို႔ဒ္က ရႈံးပြဲေတြအၿပီး အိမ္ကြင္းပရိသတ္ေတြဟာ အသင္းကို ကြင္းျပင္ပမွာ က်ယ္က်ယ္ေလာင္ေလာင္ ေလွာင္ေျပာင္ခဲ့ၾကၿပီး တန္ဟက္က အဲဒါကို နားလည္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

“ဟုတ္ပါတယ္။ ကြၽန္ေတာ္ နားလည္ေပးႏိုင္ပါတယ္။ သူတို႔ေတြ ေမွ်ာ္လင့္ႏိုင္ပါတယ္။ ကြၽန္ေတာ္က ဒီအသင္းအတြက္ တာဝန္ရွိတယ္။ စြမ္းေဆာင္ရည္အတြက္၊ ရလဒ္အတြက္ ကြၽန္ေတာ့္လူစာရင္းနဲ႔အတူ တာဝန္ရွိပါတယ္။ အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔ ရလဒ္ေကာင္းေတြ မရေနဘူးဆိုေတာ့ သူတို႔ေတြ စိတ္ပ်က္ခဲ့မွာပါ။ ကြၽန္ေတာ္ အဲဒါကို နားလည္ေပးႏိုင္ပါတယ္။ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ ပိုေကာင္းေအာင္ လုပ္ရမွာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ ေျပာခဲ့သလိုပဲ ကြၽန္ေတာ္ အရမ္းေကာင္းမြန္တဲ့စိတ္ဓာတ္နဲ႔ အသင္းကို ျမင္ေတြ႕ခဲ့တယ္။ အစကေန အဆုံးအထိ ပရိသတ္ေတြရဲ႕ အားေပးေထာက္ခံမႈကိုလည္း အသင္းက ရရွိခဲ့တယ္။ ဟုတ္တာေပါ့။ အဆုံးမွာ ကြၽန္ေတာ္တို႔လိုပဲ ပရိသတ္ေတြလည္း စိတ္ပ်က္ခဲ့ၾကပါတယ္။ ကြၽန္ေတာ္တို႔ အရမ္း စိတ္ပ်က္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒါက ေလာင္စာအျဖစ္ အသုံးျပဳရမွာပါ။ ဒါက ဒီအသင္းနဲ႔ပတ္သက္ၿပီး ေကာင္းမြန္တဲ့အရာပါ။ အခ်ိန္တိုင္း ပြဲစဥ္တိုင္း၊ ပြဲအစတိုင္းမွာ သူတို႔ေတြ စြမ္းအင္ကို ရွာေတြ႕တယ္။ ပြဲကစားဖို႔အတြက္ ေကာင္းမြန္တဲ့ စိတ္ဓာတ္ခြန္အားနဲ႔အတူ စြမ္းအင္ေတြ အမ်ားႀကီးနဲ႔ အသင္း ရွိခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.