မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖုန်းတစ်ဂိုး အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ လင်ဒီလော့ဖ်၊ ဒါလော့နဲ့ အမ်မရာဘတ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ မေဘရီနဲ့ မေဆန်မောင့်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့ကြတာဖြစ်ပါတယ်။
ဧည့်သည် ဂါလာတာစာရေးတို့ကတော့ ဂိုးသမား မူဆလီရာ၊ ခံစစ်မှာ ဒေဗင်ဆင် ဆန်ချက်ဇ်၊ ဘာဒက်ချီ၊ ဘိုယေးနဲ့ အန်ဟဲလီညိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အိုင်ဟန်၊ တော်ရဲရားနဲ့ အက်ခ်တာ့ကိုးလူးတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ တီတီ၊ ဇာဟာနဲ့ အီကာဒီတို့ကို တွဲဖက်ပေးလာခဲ့တာပါ။
ပွဲချိန် ၁၆ မိနစ်မာ မန်ယူတို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မေဆန်မောင့်က ညာတောင်ပံကို ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က လိုက်လံရယူပြီး ဂိုးရှေ့ကို တိုက်ရိုက်ဖြတ်တင်ပေးခဲ့ရာမှာ ဟွိုင်လန်းက ဒေဗင်ဆင် ဆန်ချက်ဇ်ရဲ့နောက်က ပြေးဝင်ပြီး ခက်ခဲတဲ့ အနေအထားကနေ ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၂၃ မိနစ်မှာတော့ ဂါလာတာစာရေးတို့ ချေပဂိုး ပြန်လည်ရရှိခဲ့ကြသလို ဒီဂိုးကတော့ လွယ်လွယ်ကူကူပဲ ပေးလိုက်ရတာဖြစ်ပြီး ခံစစ်ကနေ ဒေဗင်ဆင် ဆန်ချက်ဇ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးက နေရာယူပုံ ညံ့ခဲ့တဲ့ ဗာရွန်းကို ကျော်ပြီး ဧရိယာထဲကို ကျလာခဲ့ရာမှာ မန်ယူဆိုရင် စိတ်ပါလက်ပါ အားပေးနေကျ ဇာဟာက ဒါလော့ရဲ့ ဘော်ဒီခုမှုကို တောင့်ခံပြီး အိုနာနာကို မြေထောက်ကန်သွင်းချက်နဲ့ လှလှပပ ဆုံးမသွားခဲ့တာပါ။
ပထမပိုင်းမှာ မန်ယူတို့ ဖိကစားခဲ့ပေမယ့် ဖန်တီးမှု အားနည်းတဲ့ ကွင်းလယ်ကြောင့် အလုပ်မဖြစ်ခဲ့သလို ဒီနေ့မှာလည်း ၄-၃-၁-၂ ပုံ တည်ထားတဲ့ ကွင်းလယ်က တောင်ပံတွေမှာ ဟိုလူလိုလို ဒီလူလိုလိုနဲ့ အလုပ်မဖြစ်ခဲ့တာကြောင့် ဂါလာတာစာရေးခံစစ်က ပိတ်ဆို့သွားနိုင်ခဲ့ပြီး ပထမပိုင်းမှာတော့ တစ်ဂိုးစီ သရေကျနေခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းအစမှာတော့ တန်ဟတ်အနေနဲ့ ကွင်းလယ်အားနည်းမှုကို ပြင်ဖို့ မေဘရီအစား အဲရစ်ဆန်ကို ထည့်သွင်းလာခဲ့သလို ဘောလုံးဖြန့်ပုံနဲ့ ခင်းကျင်းပုံတွေမှာ တိုးတက်လာခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖြုန်းတီးမှုတွေကြောင့် အလုပ်သိပ်မဖြစ်ခဲ့သလို တန်ပြန်တိုက်စစ်ကနေ ရက်ရှ်ဖို့ဒ်ရဲ့ ဖန်တီးမှုကိုလည်း ပေါ်တူဂီသား ပိတ်မသွင်းနိုင်ခင်မှာ ဂါလာနောက်ခံလူ ဘိုယေးက အသက်ကယ်ရှင်းထုတ်သွားနိုင်ခဲ့တာပါ။
ပွဲချိန် ၆၇ မိနစ်မှာတော့ မန်ယူတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂါလာတာစာရေးတို့ နောက်ပြန်ပေးတာကို တိုင်မင်မှားပြီး ချော်လဲခဲ့တဲ့ ဒေဗင်ဆင် ဆန်ချက်ဇ်ကြောင့် ဟွိုင်လန်းက ဘောလုံးကို ဧရိယာထဲအထိ တောက်လျှောက်ဆွဲပြေးနိုင်ခဲ့ပြီး တစ်ဖက်နောက်ခံလူ ဘာဒက်ချီ လိုက်ဆွဲနေတဲ့ကြားက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အသာလေး Chip သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၇၁ မိနစ်မှာတော့ ဂါလာတာစာရေးတို့ နှစ်ဂိုးစီဖြစ်စေမယ့် ချေပဂိုးကို ထပ်မံရယူသွားခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ လက်ပစ်ဘောကနေ အီကာဒီက တစ်ချက်ထိန်းပြီး ညာတောင်ပံကို ခင်းပေးခဲ့ရာမှာ လူစားဝင်ကစားသမား ယီလ်မက်ဇ်က ဧရိယာထဲအထိ ဆွဲပြေးပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးတဲ့ ဘောလုံးကို အက်ခ်တာ့ကိုးလူးက အိုနာနာရဲ့ ညာဘက်ကို ကန်သွင်းရယူသွားခဲ့တာပါ။
မန်ယူတို့ဘက်က ရက်ရှ်ဖို့ဒ်အစား ဂါနာချိုနဲ့ ဂါလာတာစာရေးတို့ဘက်က ဇာဟာအစား မာတန်းစ်တို့ကို လဲကစားခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာတော့ အိုနာနာ လူပေးမှားတာကို ပွဲတိုင်းကျော် ကာစီမီရိုက နောက်က လိုက်ဖျက်ရင်း ဧရိယာထဲမှာ မာတန်းစ်ကို ဘောလုံးမထိဘဲ ခြေပဲ ချိတ်မိလို့ ဒုတိယ အဝါနဲ့ အထုတ်ခံရပြီး ပင်နယ်တီပါ ပေးခဲ့ရပေမယ့် ဧည့်သည်တိုက်စစ်မှူး အီကာဒီက ဘေးကို ချော်ကန်သွားခဲ့ပါတယ်။
ပွဲချိန် ၈၁ မိနစ်မှာတော့ အီကာဒီက သူ့အမှားကို ပြန်လည်ချေဖျက်သွားခဲ့ပြီး ဂါလာတာစာရေးတို့အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့သလို ဒီဂိုးကိုတော့ ခံစစ်ကနေ ဒေဗင်ဆင် ဆန်ချက်ဇ် ခေါင်းတိုက်ချပေးတာကို မန်ယူနောက်တန်းက မဖျက်ဘဲ လူကျွံဘောဖမ်းရာမှာ ဒလန်ရုပ်နဲ့ အမ်မရာဘတ် တစ်ယောက်တည်း ကျန်နေခဲ့လို့ ထောင်ချောက်ပျက်ခဲ့ရအပြီးမှာတော့ အိုနာနာကို အသာလေးကျော်သွင်းသွားခဲ့တာပါ။
ဒီဂိုးမှာ လူကျွံထောင်ချောက်မှာ မပါဝင်ဘဲ ကျန်နေခဲ့တာက အငှားကြေးကြီးကြီးနဲ့ ဖီအိုရင်တီးနားကနေ ခေါ်ထားတဲ့ အမ်မရာဘတ်ဖြစ်နေခဲ့သလို ပိုဆိုးတာကတော့ ဒေဗင်ဆင် ဆန်ချက်ဇ် ခေါင်းတိုက်ချတဲ့ ဘောလုံးကို ကန်တင်ပေးခဲ့တာကလည်း ဘယ်နောက်ခံ ကစားနေတဲ့ သူပဲဖြစ်နေတာကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ရပြီး တန်ဟတ်ရဲ့ ခံစစ်ပိုင်း တည်ဆောက်မှုကလည်း ဟဟပေးစရာပဲဖြစ်ခဲ့ရပါတယ်။
လက်ကျန်ပွဲချိန်တွေမှာတော့ အမ်မရာဘတ်နဲ့ မေဆန်မောင့်တို့အစား မာစီယယ်လ်နဲ့ အန်တိုနီတို့ ဝင်ကစားခဲ့ပေမယ့် ဂါလာတို့ကလည်း တစ်ယောက်အသာနဲ့ ခံစစ်သမားတွေကိုပါ ထပ်ထည့်ပြီး ထိန်းကစားသွားခဲ့တာကြောင့် အိမ်ကွင်းမှာ မန်ယူတို့ သုံးဂိုး-နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး အုပ်စု(အေ)မှာ ငါးဂိုးသွင်း ခုနစ်ဂိုးပေးရပြီး နှစ်ပွဲရှုံးရလဒ်နဲ့ တစ်မှတ်မှ မရဘဲ ဘဝတွေ ခါးသီးခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဖုန္းတစ္ဂိုး အိုနာနာ၊ ခံစစ္မွာ ဗာ႐ြန္း၊ လင္ဒီေလာ့ဖ္၊ ဒါေလာ့နဲ႔ အမ္မရာဘတ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ ေမဘရီနဲ႔ ေမဆန္ေမာင့္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဟြိဳင္လန္းတို႔ကို ပြဲထုတ္လာခဲ့ၾကတာျဖစ္ပါတယ္။
ဧည့္သည္ ဂါလာတာစာေရးတို႔ကေတာ့ ဂိုးသမား မူဆလီရာ၊ ခံစစ္မွာ ေဒဗင္ဆင္ ဆန္ခ်က္ဇ္၊ ဘာဒက္ခ်ီ၊ ဘိုေယးနဲ႔ အန္ဟဲလီညိဳတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ အိုင္ဟန္၊ ေတာ္ရဲရားနဲ႔ အက္ခ္တာ့ကိုးလူးတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ တီတီ၊ ဇာဟာနဲ႔ အီကာဒီတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။
ပြဲခ်ိန္ ၁၆ မိနစ္မာ မန္ယူတို႔ အဖြင့္ဂိုးကို စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ေမဆန္ေမာင့္က ညာေတာင္ပံကို ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ရက္ရွ္ဖို႔ဒ္က လိုက္လံရယူၿပီး ဂိုးေရွ႕ကို တိုက္႐ိုက္ျဖတ္တင္ေပးခဲ့ရာမွာ ဟြိဳင္လန္းက ေဒဗင္ဆင္ ဆန္ခ်က္ဇ္ရဲ႕ေနာက္က ေျပးဝင္ၿပီး ခက္ခဲတဲ့ အေနအထားကေန ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ဂါလာတာစာေရးတို႔ ေခ်ပဂိုး ျပန္လည္ရရွိခဲ့ၾကသလို ဒီဂိုးကေတာ့ လြယ္လြယ္ကူကူပဲ ေပးလိုက္ရတာျဖစ္ၿပီး ခံစစ္ကေန ေဒဗင္ဆင္ ဆန္ခ်က္ဇ္ ကန္တင္ေပးလိုက္တဲ့ ေဘာလုံးက ေနရာယူပုံ ညံ့ခဲ့တဲ့ ဗာ႐ြန္းကို ေက်ာ္ၿပီး ဧရိယာထဲကို က်လာခဲ့ရာမွာ မန္ယူဆိုရင္ စိတ္ပါလက္ပါ အားေပးေနက် ဇာဟာက ဒါေလာ့ရဲ႕ ေဘာ္ဒီခုမႈကို ေတာင့္ခံၿပီး အိုနာနာကို ေျမေထာက္ကန္သြင္းခ်က္နဲ႔ လွလွပပ ဆုံးမသြားခဲ့တာပါ။
ပထမပိုင္းမွာ မန္ယူတို႔ ဖိကစားခဲ့ေပမယ့္ ဖန္တီးမႈ အားနည္းတဲ့ ကြင္းလယ္ေၾကာင့္ အလုပ္မျဖစ္ခဲ့သလို ဒီေန႔မွာလည္း ၄-၃-၁-၂ ပုံ တည္ထားတဲ့ ကြင္းလယ္က ေတာင္ပံေတြမွာ ဟိုလူလိုလို ဒီလူလိုလိုနဲ႔ အလုပ္မျဖစ္ခဲ့တာေၾကာင့္ ဂါလာတာစာေရးခံစစ္က ပိတ္ဆို႔သြားႏိုင္ခဲ့ၿပီး ပထမပိုင္းမွာေတာ့ တစ္ဂိုးစီ သေရက်ေနခဲ့တာျဖစ္ပါတယ္။
ဒုတိယပိုင္းအစမွာေတာ့ တန္ဟတ္အေနနဲ႔ ကြင္းလယ္အားနည္းမႈကို ျပင္ဖို႔ ေမဘရီအစား အဲရစ္ဆန္ကို ထည့္သြင္းလာခဲ့သလို ေဘာလုံးျဖန႔္ပုံနဲ႔ ခင္းက်င္းပုံေတြမွာ တိုးတက္လာခဲ့ေပမယ့္ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ျဖဳန္းတီးမႈေတြေၾကာင့္ အလုပ္သိပ္မျဖစ္ခဲ့သလို တန္ျပန္တိုက္စစ္ကေန ရက္ရွ္ဖို႔ဒ္ရဲ႕ ဖန္တီးမႈကိုလည္း ေပၚတူဂီသား ပိတ္မသြင္းႏိုင္ခင္မွာ ဂါလာေနာက္ခံလူ ဘိုေယးက အသက္ကယ္ရွင္းထုတ္သြားႏိုင္ခဲ့တာပါ။
ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ မန္ယူတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဂါလာတာစာေရးတို႔ ေနာက္ျပန္ေပးတာကို တိုင္မင္မွားၿပီး ေခ်ာ္လဲခဲ့တဲ့ ေဒဗင္ဆင္ ဆန္ခ်က္ဇ္ေၾကာင့္ ဟြိဳင္လန္းက ေဘာလုံးကို ဧရိယာထဲအထိ ေတာက္ေလွ်ာက္ဆြဲေျပးႏိုင္ခဲ့ၿပီး တစ္ဖက္ေနာက္ခံလူ ဘာဒက္ခ်ီ လိုက္ဆြဲေနတဲ့ၾကားက ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အသာေလး Chip သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ဂါလာတာစာေရးတို႔ ႏွစ္ဂိုးစီျဖစ္ေစမယ့္ ေခ်ပဂိုးကို ထပ္မံရယူသြားခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ လက္ပစ္ေဘာကေန အီကာဒီက တစ္ခ်က္ထိန္းၿပီး ညာေတာင္ပံကို ခင္းေပးခဲ့ရာမွာ လူစားဝင္ကစားသမား ယီလ္မက္ဇ္က ဧရိယာထဲအထိ ဆြဲေျပးၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးတဲ့ ေဘာလုံးကို အက္ခ္တာ့ကိုးလူးက အိုနာနာရဲ႕ ညာဘက္ကို ကန္သြင္းရယူသြားခဲ့တာပါ။
မန္ယူတို႔ဘက္က ရက္ရွ္ဖို႔ဒ္အစား ဂါနာခ်ိဳနဲ႔ ဂါလာတာစာေရးတို႔ဘက္က ဇာဟာအစား မာတန္းစ္တို႔ကို လဲကစားခဲ့ၿပီး ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ အိုနာနာ လူေပးမွားတာကို ပြဲတိုင္းေက်ာ္ ကာစီမီ႐ိုက ေနာက္က လိုက္ဖ်က္ရင္း ဧရိယာထဲမွာ မာတန္းစ္ကို ေဘာလုံးမထိဘဲ ေျခပဲ ခ်ိတ္မိလို႔ ဒုတိယ အဝါနဲ႔ အထုတ္ခံရၿပီး ပင္နယ္တီပါ ေပးခဲ့ရေပမယ့္ ဧည့္သည္တိုက္စစ္မႉး အီကာဒီက ေဘးကို ေခ်ာ္ကန္သြားခဲ့ပါတယ္။
ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ အီကာဒီက သူ႔အမွားကို ျပန္လည္ေခ်ဖ်က္သြားခဲ့ၿပီး ဂါလာတာစာေရးတို႔အတြက္ ဦးေဆာင္ဂိုး ရယူေပးခဲ့သလို ဒီဂိုးကိုေတာ့ ခံစစ္ကေန ေဒဗင္ဆင္ ဆန္ခ်က္ဇ္ ေခါင္းတိုက္ခ်ေပးတာကို မန္ယူေနာက္တန္းက မဖ်က္ဘဲ လူကြၽံေဘာဖမ္းရာမွာ ဒလန္႐ုပ္နဲ႔ အမ္မရာဘတ္ တစ္ေယာက္တည္း က်န္ေနခဲ့လို႔ ေထာင္ေခ်ာက္ပ်က္ခဲ့ရအၿပီးမွာေတာ့ အိုနာနာကို အသာေလးေက်ာ္သြင္းသြားခဲ့တာပါ။
ဒီဂိုးမွာ လူကြၽံေထာင္ေခ်ာက္မွာ မပါဝင္ဘဲ က်န္ေနခဲ့တာက အငွားေၾကးႀကီးႀကီးနဲ႔ ဖီအိုရင္တီးနားကေန ေခၚထားတဲ့ အမ္မရာဘတ္ျဖစ္ေနခဲ့သလို ပိုဆိုးတာကေတာ့ ေဒဗင္ဆင္ ဆန္ခ်က္ဇ္ ေခါင္းတိုက္ခ်တဲ့ ေဘာလုံးကို ကန္တင္ေပးခဲ့တာကလည္း ဘယ္ေနာက္ခံ ကစားေနတဲ့ သူပဲျဖစ္ေနတာေၾကာင့္ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရၿပီး တန္ဟတ္ရဲ႕ ခံစစ္ပိုင္း တည္ေဆာက္မႈကလည္း ဟဟေပးစရာပဲျဖစ္ခဲ့ရပါတယ္။
လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အမ္မရာဘတ္နဲ႔ ေမဆန္ေမာင့္တို႔အစား မာစီယယ္လ္နဲ႔ အန္တိုနီတို႔ ဝင္ကစားခဲ့ေပမယ့္ ဂါလာတို႔ကလည္း တစ္ေယာက္အသာနဲ႔ ခံစစ္သမားေတြကိုပါ ထပ္ထည့္ၿပီး ထိန္းကစားသြားခဲ့တာေၾကာင့္ အိမ္ကြင္းမွာ မန္ယူတို႔ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ရၿပီး အုပ္စု(ေအ)မွာ ငါးဂိုးသြင္း ခုနစ္ဂိုးေပးရၿပီး ႏွစ္ပြဲရႈံးရလဒ္နဲ႔ တစ္မွတ္မွ မရဘဲ ဘဝေတြ ခါးသီးခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.