Premier League

ချန်ပီယံလိဂ်ပွဲမတိုင်ခင် ပရိသတ်တွေကို စပရိုက်တိုက်ခဲ့တဲ့ နယူးကာဆယ်

နယူးကာဆယ်ဟာ တနင်္လာနေ့ည စိန့်ဂျိမ်းစ်ပါ့ခ်မှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပြန်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဒရုန်းအမြောက်အမြား ကွင်းအထက်မှာ ပျံသန်းပြပြီး ပရိသတ်တွေကို အံ့အားသင့်အောင် ပြုလုပ်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်က အီတလီထိပ်သီးအသင်းကြီး အေစီမီလန်နဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် နယူးကာဆယ်ဟာ ဗုဒ္ဓဟူးနေ့ညမှာ ပြင်သစ်လီဂူးဝမ်းထိပ်သီးအသင်းကြီးဖြစ်တဲ့ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

နယူးကာဆယ်ရဲ့ ဝတ်စုံစပွန်ဆာဖြစ်တဲ့ Sela က အဲဒီအခိုက်အတန့်ကို အမှတ်တရဖြစ်အောင် စိန့်ဂျိမ်းစ်ပါ့ခ်ရဲ့ အထက်မှာ ဒရုန်း အစင်း ၅၀၀ ဝန်းကျင်နဲ့ ငါတို့တွေ ပြန်လာပြီဆိုတဲ့ စာတမ်းပုံစံပြုလုပ်ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ် ယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့ည ၈ နာရီကစားရမယ့်ပွဲမတိုင်ခင် လေ့ကျင့်ရေး ပြုလုပ်ပြုလုပ်နေကြပြီး ပရိသတ်တွေဟာ ပွဲမကစားခင် ၄၈ နာရီအလို တနင်္လာနေ့မှာ ထူးခြားဆန်းကြယ်တဲ့ ပြကွက်ကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒရုန်းအစင်း ၅၀၀ ဟာ နယူးကာဆယ်ရဲ့အသင်းတံဆိပ်၊ ကစားသမားတွေရဲ့ နာမည်၊ နံပါတ်တို့အပြင် အသင်းခေါင်းဆောင် ကီရန် ထရစ်ပီယာ၊ ကစားသမားသစ် ဆန်ဒရို တိုနာလီနဲ့ ကွင်းလယ်ကြယ်ပွင့် ဘရူနို ဂီမာရေးစ်တို့ရဲ့ နာမည်တွေကို ပြသခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္ဟာ တနလၤာေန႔ည စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ႏွစ္ေပါင္း ၂၀ အတြင္း ပထမဆုံးအႀကိမ္ ျပန္ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္ခင္ ဒ႐ုန္းအေျမာက္အျမား ကြင္းအထက္မွာ ပ်ံသန္းျပၿပီး ပရိသတ္ေတြကို အံ့အားသင့္ေအာင္ ျပဳလုပ္ျပခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂ ပတ္က အီတလီထိပ္သီးအသင္းႀကီး ေအစီမီလန္နဲ႔ ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္ နယူးကာဆယ္ဟာ ဗုဒၶဟူးေန႔ညမွာ ျပင္သစ္လီဂူးဝမ္းထိပ္သီးအသင္းႀကီးျဖစ္တဲ့ ပီအက္စ္ဂ်ီကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

နယူးကာဆယ္ရဲ႕ ဝတ္စုံစပြန္ဆာျဖစ္တဲ့ Sela က အဲဒီအခိုက္အတန႔္ကို အမွတ္တရျဖစ္ေအာင္ စိန႔္ဂ်ိမ္းစ္ပါ့ခ္ရဲ႕ အထက္မွာ ဒ႐ုန္း အစင္း ၅၀၀ ဝန္းက်င္နဲ႔ ငါတို႔ေတြ ျပန္လာၿပီဆိုတဲ့ စာတမ္းပုံစံျပဳလုပ္ၿပီး ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္ ယူႏိုက္တက္ဟာ ဗုဒၶဟူးေန႔ည ၈ နာရီကစားရမယ့္ပြဲမတိုင္ခင္ ေလ့က်င့္ေရး ျပဳလုပ္ျပဳလုပ္ေနၾကၿပီး ပရိသတ္ေတြဟာ ပြဲမကစားခင္ ၄၈ နာရီအလို တနလၤာေန႔မွာ ထူးျခားဆန္းၾကယ္တဲ့ ျပကြက္ကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဒ႐ုန္းအစင္း ၅၀၀ ဟာ နယူးကာဆယ္ရဲ႕အသင္းတံဆိပ္၊ ကစားသမားေတြရဲ႕ နာမည္၊ နံပါတ္တို႔အျပင္ အသင္းေခါင္းေဆာင္ ကီရန္ ထရစ္ပီယာ၊ ကစားသမားသစ္ ဆန္ဒ႐ို တိုနာလီနဲ႔ ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူႏို ဂီမာေရးစ္တို႔ရဲ႕ နာမည္ေတြကို ျပသခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.