Match Report Premier League

ခပ်ညံ့ညံ့ ဖူလ်ဟမ်ကို ဂိုးသွင်းခဲသူတွေရဲ့ နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီး

ရင်ဘတ်စပွန်ဆာအသစ်တပ်လာတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရောဘတ် ဆန်းချက်ဇ်၊ ခံစစ်မှာ ဒီဆာဆီ၊ သီယာဂို ဆေးလ်ဗား၊ ကူကူရဲလားနဲ့ ကောလ်ဝီလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂါလာဂါနဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပါးလ်မား၊ မူဒရစ်ခ်နဲ့ ဘရိုယာတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

မနှစ်ကလို မဟုတ်တော့ဘဲ အစွယ်မရှိသလိုလို သွားကျိုးသလိုလိုဖြစ်နေတဲ့ အိမ်ရှင် ဖူလ်ဟမ်တို့ကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ ရင်းမ်၊ ဒီယော့ပ်၊ ကက်စတာညာနဲ့ ရော်ဘင်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဟာရစ်ဆန် ရိဒ်၊ ဂျာအို ပယ်လင်ညာနဲ့ ပါရဲရားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဝီလ်ဆန်၊ ဝီလီယန်နဲ့ ရာအူးလ် ဟီမီနက်ဇ်တို့ကို တွဲပေးလာခဲ့တာပါ။

ဖူလ်ဟမ်တို့ရဲ့ ပုံစံက စုတ်ပြတ်နေခဲ့ပြီး အသင်းကြီးတွေကို ယှဉ်နိုင်တဲ့ အဆင့်မျိုး မဟုတ်ချိန်မှာ အာဆင်နယ်တို့သာ ဖျင်ယားလွန်းလို့သာ သရေကျခဲ့ရတာ ဖြစ်သလို ဒီနေ့မှာလည်း သူတို့ရဲ့ လုပ်အားနှုန်းကောင်းတဲ့ ဒီကော်ဒိုဗာ-ရိဒ်နဲ့ တီတီတို့ရဲ့ ညာခြမ်းအစား သူဝင်လာရင် ကစားကွက် ပျက်သွားတတ်တဲ့ ဟာရီ ဝီလ်ဆန်နဲ့ အဝင်အထွက် မနပ်တဲ့ လူသစ် ကက်စတာညာတို့ကို တွဲပေးခဲ့ရချိန်မှာ ချဲလ်ဆီးတို့ ရင်တောင် မခုန်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာနောက်ခံလူအဖြစ် ကစားနေတဲ့ ကူကူရဲလားက ဘယ်တောင်ပံကို တင်ပေးခဲ့ရာမှာ ကောလ်ဝီလ်က လိုက်လံရယူပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို နေရာယူပုံ ညံ့ဖျင်းလွန်းတဲ့ ဒီယော့ပ်က ခေါင်းတိုက်မဖျက်နိုင်ဘဲ ကျလာခဲ့ရာမှာ မူဒရစ်ခ်က ဂိုးသမား လီနိုနဲ့ တစ်ဦးချင်းတွေ့ပြီး ဒီအသင်းနဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

စုတ်ပြတ်သတ်နေတဲ့ ဗဟိုခံစစ်မှူးတွေက ဖူလ်ဟမ်ကို ဆက်လက်ဒုက္ခပေးခဲ့ပြန်ပြီး ပွဲချိန် ၁၉ မိနစ်မှာ ဂိုးထပ်ပေးခဲ့ရသလို ဒီဂိုးကိုတော့ အသင်းကပ္ပတိန် ရင်းမ်ရဲ့ လူပေးမှားမှုကို ပါးလ်မားက ပြန်ရပြီး ခင်းပေးတာကို အမေရိကန်ခံစစ်မှူးအနေနဲ့ အူယားဖားယား လိုက်ဖျက်တာက ဘရိုယာရဲ့ ခြေထောက်ကို မှန်ပြီး ဂိုးဝင်သွားခဲ့သလို ဒီဂိုးက အယ်လ်ဘေးနီးယားသားရဲ့ ချဲလ်ဆီးအတွက် ကစားသမားဘဝ ဒုတိယဂိုးလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့အတွက် ဂိုးရော သွင်းဖူးရဲ့လားလို့တောင် မေးယူရမယ့် ကစားသမားနှစ်ယောက်ကို တစ်ဂိုးစီ ရစေခဲ့တာက ဖူလ်ဟမ်တို့ရဲ့ ခံစစ်က ကြီးမားတဲ့ ဖရိုဖရဲဖြစ်မှုကို သိသာစေခဲ့သလို ရိဒ် ပျက်စီးနေတဲ့ ကွင်းလယ်ကပါ ပုံမှန်ခြေ မရဘဲဖြစ်နေခဲ့ပြီး တိုက်စစ်ကတော့ ရှေ့လယ်နောက် သုံးခုထဲမှာ အဆိုးဆုံးပဲ ဖြစ်နေခဲ့လို့ ပထမပိုင်းကို ဧည့်သည်တွေ အေးအေးဆေးဆေးပဲ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ အသင်းနဲ့ ပထမဆုံး ဂိုးရခဲ့တဲ့ မူဒရစ်ခ်အစား မတ်ဆန်ကို ထည့်ပြီး ချဲလ်ဆီးတို့ ခံစစ်ကို ပိုဂရုစိုက်သွားခဲ့သလို ဖူလ်ဟမ်တို့ ပိုဖိကစားခွင့်ရခဲ့ပေမယ့် နည်းပြ မာကို ဆေးလ်ဗားရဲ့ လဒူကျမှုကပဲ ပေါ်လွင်နေခဲ့ပြီး အသင်းကို တိုးတက်လာအောင် ညွှန်ကြားနိုင်ခြင်း မရှိတဲ့ အချိန်မှာ လက်ပတ်ကြီးနဲ့ ခံစစ်မှူး ရင်းမ်ကလည်း အန္တရာယ်ရှိတဲ့ အမှားသုံးကြိမ်ကို ကျူးလွန်ခဲ့ပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာ ရာအူးလ် ဟီမီနက်ဇ်နဲ့ ဝီလ်ဆန်တို့အစား ကားလို့စ် ဗီနီးရှပ်စ်နဲ့ အီဝိုဘီတို့ကို လဲခဲ့ပေမယ့် ကစားသမားနှစ်ယောက်စလုံးရဲ့ ပွဲကြောင်နေမှုနဲ့ ရွေ့လျားပုံ မကောင်းမှုတွေကြောင့် ချဲလ်ဆီးခံစစ်က အလွယ်တကူပဲ ထိန်းချုပ်သွားခဲ့သလို သူတို့ရဲ့ တတိယဂိုးရနိုင်တဲ့ အခွင့်အရေးဖြစ်တဲ့ မတ်ဆန်ရဲ့ ကန်ချက်ကတော့ တိုင်ထိထွက်ခဲ့တာကြောင့် ဂိုးထပ်မရဘဲဖြစ်နေခဲ့ရတာပါ။

ပွဲချိန် ၇၇ မိနစ်မှာ လူစားဝင်ကစားသမား လူကစ်ချ်ရဲ့ အနီးကပ်ပိတ်သွင်းမှုက ဂိုးသမား ဆန်ချက်ဇ်တည့်တည့်ဖြစ်ခဲ့တာကြောင့် သူတို့ရဲ့ ပြန်လာနိုင်ဖို့ အခွင့်အရေးကို ဖူလ်ဟမ်တို့ လက်လွှတ်ခဲ့ရပြီးနောက်မှာတော့ ချဲလ်ဆီးတို့ ခံစစ်ကို ပိုမိုအားပြုဖို့ ပါးလ်မားအစား အူဂိုချူးဝူးကို ထည့်သွင်းခဲ့ပြီး Clean Sheet အတွက် ပြင်ဆင်လာခဲ့တဲ့နောက်မှာတော့ အိမ်ရှင်တွေရဲ့ လဒူတိုက်စစ်ကလည်း ဘာမှ မလုပ်တတ်ဘဲ အလဟဿဖြစ်ခဲ့ကြပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့က ဖူလ်ဟမ်တို့ကို လန်ဒန်ဒါဘီ အဝေးကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အဖိုးတန် သုံးမှတ်ကို သိမ်းပိုက်နိုင်ခဲ့ကြတာကြောင့် ရမှတ် ၈ မှတ်နဲ့ အဆင့် ၁၁ နေရာကို တက်လှမ်းလာနိုင်ခဲ့ကြချိန်မှာ ဖူလ်ဟမ်တို့ကတော့ ရာသီကုန်မှာ တန်းဆင်းဇုန် လွတ်ရုံလောက် ခြေစွမ်းမျိုးနဲ့ အဆင့် ၁၃ ကို ကျဆင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရင္ဘတ္စပြန္ဆာအသစ္တပ္လာတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေရာဘတ္ ဆန္းခ်က္ဇ္၊ ခံစစ္မွာ ဒီဆာဆီ၊ သီယာဂို ေဆးလ္ဗား၊ ကူကူရဲလားနဲ႔ ေကာလ္ဝီလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ ဂါလာဂါနဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ပါးလ္မား၊ မူဒရစ္ခ္နဲ႔ ဘ႐ိုယာတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

မႏွစ္ကလို မဟုတ္ေတာ့ဘဲ အစြယ္မရွိသလိုလို သြားက်ိဳးသလိုလိုျဖစ္ေနတဲ့ အိမ္ရွင္ ဖူလ္ဟမ္တို႔ကေတာ့ ဂိုးသမား လီႏို၊ ခံစစ္မွာ ရင္းမ္၊ ဒီေယာ့ပ္၊ ကက္စတာညာနဲ႔ ေရာ္ဘင္ဆန္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟာရစ္ဆန္ ရိဒ္၊ ဂ်ာအို ပယ္လင္ညာနဲ႔ ပါရဲရားတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဝီလ္ဆန္၊ ဝီလီယန္နဲ႔ ရာအူးလ္ ဟီမီနက္ဇ္တို႔ကို တြဲေပးလာခဲ့တာပါ။

ဖူလ္ဟမ္တို႔ရဲ႕ ပုံစံက စုတ္ျပတ္ေနခဲ့ၿပီး အသင္းႀကီးေတြကို ယွဥ္ႏိုင္တဲ့ အဆင့္မ်ိဳး မဟုတ္ခ်ိန္မွာ အာဆင္နယ္တို႔သာ ဖ်င္ယားလြန္းလို႔သာ သေရက်ခဲ့ရတာ ျဖစ္သလို ဒီေန႔မွာလည္း သူတို႔ရဲ႕ လုပ္အားႏႈန္းေကာင္းတဲ့ ဒီေကာ္ဒိုဗာ-ရိဒ္နဲ႔ တီတီတို႔ရဲ႕ ညာျခမ္းအစား သူဝင္လာရင္ ကစားကြက္ ပ်က္သြားတတ္တဲ့ ဟာရီ ဝီလ္ဆန္နဲ႔ အဝင္အထြက္ မနပ္တဲ့ လူသစ္ ကက္စတာညာတို႔ကို တြဲေပးခဲ့ရခ်ိန္မွာ ခ်ဲလ္ဆီးတို႔ ရင္ေတာင္ မခုန္ခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ညာေနာက္ခံလူအျဖစ္ ကစားေနတဲ့ ကူကူရဲလားက ဘယ္ေတာင္ပံကို တင္ေပးခဲ့ရာမွာ ေကာလ္ဝီလ္က လိုက္လံရယူၿပီး ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့တဲ့ ေဘာလုံးကို ေနရာယူပုံ ညံ့ဖ်င္းလြန္းတဲ့ ဒီေယာ့ပ္က ေခါင္းတိုက္မဖ်က္ႏိုင္ဘဲ က်လာခဲ့ရာမွာ မူဒရစ္ခ္က ဂိုးသမား လီႏိုနဲ႔ တစ္ဦးခ်င္းေတြ႕ၿပီး ဒီအသင္းနဲ႔ ပထမဆုံးဂိုးကို သြင္းယူႏိုင္ခဲ့တာပါ။

စုတ္ျပတ္သတ္ေနတဲ့ ဗဟိုခံစစ္မႉးေတြက ဖူလ္ဟမ္ကို ဆက္လက္ဒုကၡေပးခဲ့ျပန္ၿပီး ပြဲခ်ိန္ ၁၉ မိနစ္မွာ ဂိုးထပ္ေပးခဲ့ရသလို ဒီဂိုးကိုေတာ့ အသင္းကပၸတိန္ ရင္းမ္ရဲ႕ လူေပးမွားမႈကို ပါးလ္မားက ျပန္ရၿပီး ခင္းေပးတာကို အေမရိကန္ခံစစ္မႉးအေနနဲ႔ အူယားဖားယား လိုက္ဖ်က္တာက ဘ႐ိုယာရဲ႕ ေျခေထာက္ကို မွန္ၿပီး ဂိုးဝင္သြားခဲ့သလို ဒီဂိုးက အယ္လ္ေဘးနီးယားသားရဲ႕ ခ်ဲလ္ဆီးအတြက္ ကစားသမားဘဝ ဒုတိယဂိုးလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးတို႔အတြက္ ဂိုးေရာ သြင္းဖူးရဲ႕လားလို႔ေတာင္ ေမးယူရမယ့္ ကစားသမားႏွစ္ေယာက္ကို တစ္ဂိုးစီ ရေစခဲ့တာက ဖူလ္ဟမ္တို႔ရဲ႕ ခံစစ္က ႀကီးမားတဲ့ ဖ႐ိုဖရဲျဖစ္မႈကို သိသာေစခဲ့သလို ရိဒ္ ပ်က္စီးေနတဲ့ ကြင္းလယ္ကပါ ပုံမွန္ေျခ မရဘဲျဖစ္ေနခဲ့ၿပီး တိုက္စစ္ကေတာ့ ေရွ႕လယ္ေနာက္ သုံးခုထဲမွာ အဆိုးဆုံးပဲ ျဖစ္ေနခဲ့လို႔ ပထမပိုင္းကို ဧည့္သည္ေတြ ေအးေအးေဆးေဆးပဲ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ အသင္းနဲ႔ ပထမဆုံး ဂိုးရခဲ့တဲ့ မူဒရစ္ခ္အစား မတ္ဆန္ကို ထည့္ၿပီး ခ်ဲလ္ဆီးတို႔ ခံစစ္ကို ပိုဂ႐ုစိုက္သြားခဲ့သလို ဖူလ္ဟမ္တို႔ ပိုဖိကစားခြင့္ရခဲ့ေပမယ့္ နည္းျပ မာကို ေဆးလ္ဗားရဲ႕ လဒူက်မႈကပဲ ေပၚလြင္ေနခဲ့ၿပီး အသင္းကို တိုးတက္လာေအာင္ ၫႊန္ၾကားႏိုင္ျခင္း မရွိတဲ့ အခ်ိန္မွာ လက္ပတ္ႀကီးနဲ႔ ခံစစ္မႉး ရင္းမ္ကလည္း အႏၲရာယ္ရွိတဲ့ အမွားသုံးႀကိမ္ကို က်ဴးလြန္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာ ရာအူးလ္ ဟီမီနက္ဇ္နဲ႔ ဝီလ္ဆန္တို႔အစား ကားလို႔စ္ ဗီနီးရွပ္စ္နဲ႔ အီဝိုဘီတို႔ကို လဲခဲ့ေပမယ့္ ကစားသမားႏွစ္ေယာက္စလုံးရဲ႕ ပြဲေၾကာင္ေနမႈနဲ႔ ေ႐ြ႕လ်ားပုံ မေကာင္းမႈေတြေၾကာင့္ ခ်ဲလ္ဆီးခံစစ္က အလြယ္တကူပဲ ထိန္းခ်ဳပ္သြားခဲ့သလို သူတို႔ရဲ႕ တတိယဂိုးရႏိုင္တဲ့ အခြင့္အေရးျဖစ္တဲ့ မတ္ဆန္ရဲ႕ ကန္ခ်က္ကေတာ့ တိုင္ထိထြက္ခဲ့တာေၾကာင့္ ဂိုးထပ္မရဘဲျဖစ္ေနခဲ့ရတာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာ လူစားဝင္ကစားသမား လူကစ္ခ်္ရဲ႕ အနီးကပ္ပိတ္သြင္းမႈက ဂိုးသမား ဆန္ခ်က္ဇ္တည့္တည့္ျဖစ္ခဲ့တာေၾကာင့္ သူတို႔ရဲ႕ ျပန္လာႏိုင္ဖို႔ အခြင့္အေရးကို ဖူလ္ဟမ္တို႔ လက္လႊတ္ခဲ့ရၿပီးေနာက္မွာေတာ့ ခ်ဲလ္ဆီးတို႔ ခံစစ္ကို ပိုမိုအားျပဳဖို႔ ပါးလ္မားအစား အူဂိုခ်ဴးဝူးကို ထည့္သြင္းခဲ့ၿပီး Clean Sheet အတြက္ ျပင္ဆင္လာခဲ့တဲ့ေနာက္မွာေတာ့ အိမ္ရွင္ေတြရဲ႕ လဒူတိုက္စစ္ကလည္း ဘာမွ မလုပ္တတ္ဘဲ အလဟႆျဖစ္ခဲ့ၾကပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔က ဖူလ္ဟမ္တို႔ကို လန္ဒန္ဒါဘီ အေဝးကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရၿပီး အဖိုးတန္ သုံးမွတ္ကို သိမ္းပိုက္ႏိုင္ခဲ့ၾကတာေၾကာင့္ ရမွတ္ ၈ မွတ္နဲ႔ အဆင့္ ၁၁ ေနရာကို တက္လွမ္းလာႏိုင္ခဲ့ၾကခ်ိန္မွာ ဖူလ္ဟမ္တို႔ကေတာ့ ရာသီကုန္မွာ တန္းဆင္းဇုန္ လြတ္႐ုံေလာက္ ေျခစြမ္းမ်ိဳးနဲ႔ အဆင့္ ၁၃ ကို က်ဆင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.