Premier League UCL&UEL

လွန်းစ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲဖျက်ခဲ့ရပြီး လေဆိပ်မှာ သောင်တင်ခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်အဖြစ် လွန်းစ်နဲ့ ကစားရမယ့်ပွဲစဉ်အတွက် ပြင်သစ်ကို ထွက်ခွာဖို့ လူတန်လေဆိပ်မှာ ရာသီဥတုဆိုးရွားမှုကြောင့် ၅ နာရီကြာ သောင်တင်ခဲ့ရတယ်လို့ သိရပါတယ်။

ဂန်းနားတွေဟာ တနင်္လာနေ့ညနေ ၄ နာရီ ၁၅ မိနစ်မှာ လိုင်လီကို ထွက်ခွာဖို့ စီစဉ်ထားတာဖြစ်ပေမယ့်လည်း မုန်တိုင်း တိုက်ခတ်နေမှုကြောင့် ညအထိကို မထွက်ခွာနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ အာတီတာနဲ့အသင်းသားတွေဟာ ပြင်သစ်ကို ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၀ မိနစ်မှ ဆိုက်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် အာတီတာနဲ့ ဝီလီယံ ဆာလီဘာတို့ ပါဝင်ဖို့ စီစဉ်ထားတဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲဟာ ဖျက်သိမ်းခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တာကြောင့် ယူအီးအက်ဖ်အေကိုယ်စားလှယ်တွေက ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ တနင်္လာနေ့ညနေ ပြင်သစ်ကို မထွက်ခွာခင် နံနက်ပိုင်းမှာ လန်ဒန်ကိုလ်နီကွင်းမှာ လေ့ကျင့်ရေး ဆင်းခဲ့ပြီး ဒဏ်ရာရရှိနေတာကြောင့် အနားယူနေခဲ့ရတဲ့ သောမတ်စ် ပါတေး လေ့ကျင့်ရေး ပြန်လည်ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရ​ပြီး ဂါနာကွင်းလယ်လူဟာ ပေါင်ခြံဒဏ်ရာကြောင့် တစ်လကျော်ကြာ လွဲချော်ခဲ့သူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္အျဖစ္ လြန္းစ္နဲ႔ ကစားရမယ့္ပြဲစဥ္အတြက္ ျပင္သစ္ကို ထြက္ခြာဖို႔ လူတန္ေလဆိပ္မွာ ရာသီဥတုဆိုး႐ြားမႈေၾကာင့္ ၅ နာရီၾကာ ေသာင္တင္ခဲ့ရတယ္လို႔ သိရပါတယ္။

ဂန္းနားေတြဟာ တနလၤာေန႔ညေန ၄ နာရီ ၁၅ မိနစ္မွာ လိုင္လီကို ထြက္ခြာဖို႔ စီစဥ္ထားတာျဖစ္ေပမယ့္လည္း မုန္တိုင္း တိုက္ခတ္ေနမႈေၾကာင့္ ညအထိကို မထြက္ခြာႏိုင္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ အာတီတာနဲ႔အသင္းသားေတြဟာ ျပင္သစ္ကို ေဒသစံေတာ္ခ်ိန္ ည ၁၀ နာရီ ၄၀ မိနစ္မွ ဆိုက္ေရာက္ခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ အာတီတာနဲ႔ ဝီလီယံ ဆာလီဘာတို႔ ပါဝင္ဖို႔ စီစဥ္ထားတဲ့ ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲဟာ ဖ်က္သိမ္းခဲ့ၿပီး သဘာဝေဘးအႏၲရာယ္ေၾကာင့္ ျဖစ္တာေၾကာင့္ ယူအီးအက္ဖ္ေအကိုယ္စားလွယ္ေတြက ဘာသက္ေရာက္မႈမွ ရွိမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ တနလၤာေန႔ညေန ျပင္သစ္ကို မထြက္ခြာခင္ နံနက္ပိုင္းမွာ လန္ဒန္ကိုလ္နီကြင္းမွာ ေလ့က်င့္ေရး ဆင္းခဲ့ၿပီး ဒဏ္ရာရရွိေနတာေၾကာင့္ အနားယူေနခဲ့ရတဲ့ ေသာမတ္စ္ ပါေတး ေလ့က်င့္ေရး ျပန္လည္ျပဳလုပ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရ​ၿပီး ဂါနာကြင္းလယ္လူဟာ ေပါင္ၿခံဒဏ္ရာေၾကာင့္ တစ္လေက်ာ္ၾကာ လြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.