Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၅.၁၀.၂၀၂၀

– အာဆင္နယ္နည္းျပေဟာင္း အာဆင္ဝင္းဂါးက သူ႕ရဲ႕ My Life in Red and White စာအုပ္မွာ မန္ခ်က္စတာယူႏုိက္တက္က ထြက္ခြာခ်ိန္မွာ အသင္းကို ျပန္လာခ်င္တဲ့ ေရာ္ဘင္ ဗန္ပါစီကို ကစားသမားဘဝ ကုန္ဆုံးခါနီးျဖစ္ေနလုိ႔ ပယ္ခ်ခဲ့ရေၾကာင္း ထုတ္ေဖာ္သြား။

– အက္သလက္တီကို မက္ဒရစ္အသင္းကို အငွားနဲ႔ သြားေရာက္ကစားေနခဲ့တဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားရဲ႕ ဖခင္ ရီကာဒိုက သူ႕သားအေနနဲ႔ အာဆင္နယ္ကို ျပန္လာဖို႔ဆုိတာက လိုလိုလားလားနဲ႔ ေနရာေပးမယ့္ နည္းျပတစ္ဦးရွိမွပဲျဖစ္လိမ့္မယ္လို႔ ေျပာၾကား။

– ကြင္းလယ္လူသစ္ ေသာမတ္စ္ ပါေတးအေနနဲ႔ အာဆင္နယ္အသင္းနဲ႔ သူ႕ရဲ႕ ပထမဆုံးေန႔မွာ ဓာတ္ပုံ႐ုိက္ကူးမွဳၿပီး အသင္းဂႏၴဝင္ အီယန္႐ိုက္နဲ႔ အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတုိ႔နဲ႔ ေတြ႕ဆုံခဲ့။

– Goal.com ရဲ႕ အာဆင္နယ္အေၾကာင္း ေရးသားသူ ဂ်ာနယ္လစ္ ခ်ားလ္စ္ ဝပ္ထ္က နည္းျပ အာတီတာအေနနဲ႔ သူမသုံးစြဲခ်င္ဘဲ သုံးစြဲေနရတဲ့ ၃-၄-၃ ကစားကြက္ကေန ႐ုန္းထြက္ဖို႔ အျမန္ဆုံးလုပ္ေဆာင္လာႏုိင္ၿပီး ပါေတး ပါဝင္လာတာနဲ႔ ၄-၃-၃ ကစားကြက္ကို ေျပာင္းလိမ့္မယ္လို႔ ခန္႔မွန္း။

– အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ခံထားရတဲ့ ေနာက္ခံလူ ဂါဘရီယယ္လ္ကို ဒီရာသီမွာ လိုင္လီအသင္းဆီ ေပါင္ ၅ သန္းသာ ေပးေခ်ရမယ္ဆုိတဲ့အတြက္ နည္းစနစ္ဒါ႐ိုက္တာ အီဒူးကို ပရိသတ္ေတြ ခ်ီးက်ဴးေနၾက။

– မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားရဲ႕ ညံ့ဖ်င္းတဲ့ ကစားပုံနဲ႔ အနီကတ္ေၾကာင့္ အဂၤလန္အသင္းအတြက္ ပြဲထြက္ခြင့္ ရရွိခဲ့တဲ့ အာဆင္နယ္ကစားသမား မိတ္လန္းႏုိင္းလ္စ္ရဲ႕ ပြဲက ပ်က္စီးခဲ့ရၿပီး ပြဲခ်ိန္ ၃၆ မိနစ္မွာ လူစားလဲခံခဲ့ရ။

– အာဆင္နယ္အသင္းရဲ႕ ဂိုးသမားသစ္ အဲလက္စ္ ႐ူနာဆန္က သူ႕ေရွ႕က အာဂ်င္တီးနားဂိုးသမား အီမီလီယာႏုိ မာတီနက္ဇ္ရဲ႕ အေၾကာင္းဟာ အတုယူစရာနဲ႔ အားက်စရာျဖစ္ၿပီး အရန္အျဖစ္ကေန ကစားခြင့္ရတုိင္း ေအာင္ျမင္မွဳဆီ တက္လွမ္းႏုိင္ဖို႔ ႀကဳိးစားသြားမယ္လုိ႔ဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက သူ့ရဲ့ My Life in Red and White စာအုပ်မှာ မန်ချက်စတာယူနိုက်တက်က ထွက်ခွာချိန်မှာ အသင်းကို ပြန်လာချင်တဲ့ ရော်ဘင် ဗန်ပါစီကို ကစားသမားဘဝ ကုန်ဆုံးခါနီးဖြစ်နေလို့ ပယ်ချခဲ့ရကြောင်း ထုတ်ဖော်သွား။

– အက်သလက်တီကို မက်ဒရစ်အသင်းကို အငှားနဲ့ သွားရောက်ကစားနေခဲ့တဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားရဲ့ ဖခင် ရီကာဒိုက သူ့သားအနေနဲ့ အာဆင်နယ်ကို ပြန်လာဖို့ဆိုတာက လိုလိုလားလားနဲ့ နေရာပေးမယ့် နည်းပြတစ်ဦးရှိမှပဲဖြစ်လိမ့်မယ်လို့ ပြောကြား။

– ကွင်းလယ်လူသစ် သောမတ်စ် ပါတေးအနေနဲ့ အာဆင်နယ်အသင်းနဲ့ သူ့ရဲ့ ပထမဆုံးနေ့မှာ ဓာတ်ပုံရိုက်ကူးမှုပြီး အသင်းဂန္ထဝင် အီယန်ရိုက်နဲ့ အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းတို့နဲ့ တွေ့ဆုံခဲ့။

– Goal.com ရဲ့ အာဆင်နယ်အကြောင်း ရေးသားသူ ဂျာနယ်လစ် ချားလ်စ် ဝပ်ထ်က နည်းပြ အာတီတာအနေနဲ့ သူမသုံးစွဲချင်ဘဲ သုံးစွဲနေရတဲ့ ၃-၄-၃ ကစားကွက်ကနေ ရုန်းထွက်ဖို့ အမြန်ဆုံးလုပ်ဆောင်လာနိုင်ပြီး ပါတေး ပါဝင်လာတာနဲ့ ၄-၃-၃ ကစားကွက်ကို ပြောင်းလိမ့်မယ်လို့ ခန့်မှန်း။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ တစ်လတာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံထားရတဲ့ နောက်ခံလူ ဂါဘရီယယ်လ်ကို ဒီရာသီမှာ လိုင်လီအသင်းဆီ ပေါင် ၅ သန်းသာ ပေးချေရမယ်ဆိုတဲ့အတွက် နည်းစနစ်ဒါရိုက်တာ အီဒူးကို ပရိသတ်တွေ ချီးကျူးနေကြ။

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားရဲ့ ညံ့ဖျင်းတဲ့ ကစားပုံနဲ့ အနီကတ်ကြောင့် အင်္ဂလန်အသင်းအတွက် ပွဲထွက်ခွင့် ရရှိခဲ့တဲ့ အာဆင်နယ်ကစားသမား မိတ်လန်းနိုင်းလ်စ်ရဲ့ ပွဲက ပျက်စီးခဲ့ရပြီး ပွဲချိန် ၃၆ မိနစ်မှာ လူစားလဲခံခဲ့ရ။

– အာဆင်နယ်အသင်းရဲ့ ဂိုးသမားသစ် အဲလက်စ် ရူနာဆန်က သူ့ရှေ့က အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်ရဲ့ အကြောင်းဟာ အတုယူစရာနဲ့ အားကျစရာဖြစ်ပြီး အရန်အဖြစ်ကနေ ကစားခွင့်ရတိုင်း အောင်မြင်မှုဆီ တက်လှမ်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.