Premier League

၁၅.၁၀.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ေတာ္သလင္းလျပည့္ေက်ာ္ ၁၄ ရက္၊ ၾကာသပေတးေန႔။

၁၅.၁၀.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ေတာ္သလင္းလျပည့္ေက်ာ္ ၁၄ ရက္၊ ၾကာသပေတးေန႔၊ ရက္ရာဇာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၉:၃၂ အထိ တိထီ ၁၃ လုံး။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၅:၅၂ အထိ တိထီ ၁၄ လုံး။ ေက်ာ္လွ်င္ ၁၅ လုံး။ ၁၃ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရရွင္သန္အာင္ျမင္ေစလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ၁၄ လုံးတြင္ မတယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုသည့္အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၈:၅၇ အထိ ဥတၱရဖလဂုဏီနကၡတ္။ ေက်ာ္လွ်င္ ဟႆတနကၡတ္။ နံနက္ ၁၁:၁၈ အထိ ျဗဟၼယုဂ္၊ တန္ခိုးျပည့္စုံျခင္း၊ ပညာရွိျခင္း၊ ဂုဏ္ရွိျခင္း၊ ပညာသင္ၾကားေရးဆုိင္ရာ ကိစၥမ်ားႏွင့္ သင္တန္းမ်ား၊ ေက်ာင္းမ်ား စတင္အပ္ႏွံသင္ၾကားျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဣျႏၵယုဂ္၊ အႀကီးအမွဴးျဖစ္ျခင္း၊ သူတပါးအား ဂ႐ုစိုက္အေလးထား၍ ကူညီေပးရျခင္း၊ နာယကဂုဏ္ႏွင့္ ျပည့္စုံေအာင္လုပ္၍ သူတပါး ခ်စ္ခင္ေလးစားမွဳအား ရယူပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၉:၃၂ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။ ည ၁၉:၄၄ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။ ေက်ာ္လွ်င္ သကုဏိက႐ိုဏ္း၊ အ႐ိုအေသေပးျခင္း၊ အႀကံေပးျခင္း၊ စိတ္တန္ခိုးရွိျခင္း၊ ကုစားႏိုင္ျခင္း၊ အတိုင္ပင္ခံ အႀကံေပးႏုိင္သည့္အခါ ျဖစ္ၿပီး မိမိ၏ ဉာဏ္ပညာအတို္င္း ေစတနာထား၍ အကူအညီေပးပါ။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
နံနက္ ၉:၃၂ အထိ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မုိးျပာေရာင္။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၅:၅၂ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၅.၁၀.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ ကြာသပတေးနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၉:၃၂ အထိ တိထီ ၁၃ လုံး။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၅:၅၂ အထိ တိထီ ၁၄ လုံး။ ကျော်လျှင် ၁၅ လုံး။ ၁၃ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အာင်မြင်စေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၁၄ လုံးတွင် မတယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၈:၅၇ အထိ ဥတ္တရဖလဂုဏီနက္ခတ်။ ကျော်လျှင် ဟဿတနက္ခတ်။ နံနက် ၁၁:၁၈ အထိ ဗြဟ္မယုဂ်၊ တန်ခိုးပြည့်စုံခြင်း၊ ပညာရှိခြင်း၊ ဂုဏ်ရှိခြင်း၊ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စများနှင့် သင်တန်းများ၊ ကျောင်းများ စတင်အပ်နှံသင်ကြားခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဣန္ဒြယုဂ်၊ အကြီးအမှူးဖြစ်ခြင်း၊ သူတပါးအား ဂရုစိုက်အလေးထား၍ ကူညီပေးရခြင်း၊ နာယကဂုဏ်နှင့် ပြည့်စုံအောင်လုပ်၍ သူတပါး ချစ်ခင်လေးစားမှုအား ရယူပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၉:၃၂ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ည ၁၉:၄၄ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ကျော်လျှင် သကုဏိကရိုဏ်း၊ အရိုအသေပေးခြင်း၊ အကြံပေးခြင်း၊ စိတ်တန်ခိုးရှိခြင်း၊ ကုစားနိုင်ခြင်း၊ အတိုင်ပင်ခံ အကြံပေးနိုင်သည့်အခါ ဖြစ်ပြီး မိမိ၏ ဉာဏ်ပညာအတိုင်း စေတနာထား၍ အကူအညီပေးပါ။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၉:၃၂ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၅:၅၂ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)