Premier League

နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးလာနေပြီဖြစ်တဲ့ တန်ဟက်

အဲရစ် တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်က အနာဂတ်အတွက် တိုက်ပွဲဝင်နေချိန်မှာ ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရပြီး စနေနေ့က အိုးထရက်ဖို့ဒ်မှာနောက်ထပ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ပရိသတ်တွေကြားမှာ မကျေမနပ်ဖြစ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတယ် ပဲလေ့စ်ကို အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီပွဲစဉ်ဟာ ယခုရာသီ ပြိုင်ပွဲစုံမှာ ၅ ပွဲမြောက် ရှုံးပွဲဖြစ်လာခဲ့တာကြောင့် ၃၄ နှစ်အတွင်း အဆိုးရွားဆုံး လိဂ်စတင်မှု ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကြားက ဒေါသအတိုင်းအတာကလည်း ပွဲအပြီးမှာ လူမှုကွန်ရက်ပေါ်မှာ တန်ဟက်ထွက်ဆိုတဲ့ လှုံ့ဆော်မှုကို ကြည့်ရင် သိနိုင်ပြီး ဒတ်ချ်လူမျိုးနည်းပြဟာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တဲ့ ၁၈ လတောင် မပြည့်သေးချိန်မှာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂါနေ့မှာ ဂလာတာဆာရေးနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ မဖြစ်မနေ နိုင်ပွဲရယူသွားရတော့မှာဖြစ်ပြီး ပြီးတဲ့နောက် ၄ ရက်အကြာမှာ ဘရန့်တ်ဖို့ဒ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တန်ဟက်ဟာ ယခုရာသီမှာ အာရုံနောက်စရာကိစ္စတွေ အများအပြားနဲ့ ရင်ဆိုင်နေရပြီး လုခ် ရှောက ကာလရှည် အနားယူနေရသလို ကစားသမားသစ်တွေဖြစ်တဲ့ အမ်မရာဘတ်၊ မေဆန် မောင့်တို့ကလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ကြတာဖြစ်ပါတယ်။

ဂျေဒန် ဆန်ချိုနဲ့ အန်တိုနီတို့ကလည်း ကွင်းပြင်ပ ပြဿနာတွေကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ကြဘဲ အဲဒီပြဿနာတွေကို ပိုပြီး ဆိုးရွားသွားစေခဲ့တာကတော့ အဓိကနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းကို လွဲချော်ခဲ့တဲ့ ခြေချောင်းရိုးကျိုးဒဏ်ရာကို ဒုတိယအကြိမ် ထပ်မံ ခွဲစိတ်ကုသရတော့မှာ ဖြစ်ပါတယ်။

အာဂျင်တီးနားနောက်ခံလူဟာ အာဆင်နယ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီးနောက် ဘရိုက်တန်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ပွဲမှာ ပြန်လည်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ယခုအပတ် စမ်းသပ်မှုတွေအရ ဒဏ်ရာဟောင်း ပြန်ဖြစ်နေပြီလို့ အတည်ပြုနိုင်ခဲ့ပြီး လက်ရှိမှာတော့ ၃ လအထိ အနားယူရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

တန်ဟက်အနေနဲ့ ၂၀၂၂-၂၀၂၃ ရာသီမှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသခဲ့တဲ့ အဓိကကစားသမားတွေထဲက တစ်ဦးမပါဝင်ဘဲ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခက်ခဲတော့မှာဖြစ်ပြီး ရလဒ်တွေသာ ဆက်တိုက် ဆိုးရွားနေမယ်ဆိုရင် ခရစ္စမတ်မတိုင်ခင် ရာထူးကနေ ထုတ်ပယ်ခံရဖွယ် ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲရစ္ တန္ဟက္ဟာ မန္ခ်က္စတာယူႏိုက္တက္က အနာဂတ္အတြက္ တိုက္ပြဲဝင္ေနခ်ိန္မွာ ႀကီးမားတဲ့ ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရၿပီး စေနေန႔က အိုးထရက္ဖို႔ဒ္မွာေနာက္ထပ္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ ပရိသတ္ေတြၾကားမွာ မေက်မနပ္ျဖစ္မႈေတြ ျမင့္တက္လာခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ခရစၥတယ္ ပဲေလ့စ္ကို အိမ္ကြင္းမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဒီပြဲစဥ္ဟာ ယခုရာသီ ၿပိဳင္ပြဲစုံမွာ ၅ ပြဲေျမာက္ ရႈံးပြဲျဖစ္လာခဲ့တာေၾကာင့္ ၃၄ ႏွစ္အတြင္း အဆိုး႐ြားဆုံး လိဂ္စတင္မႈ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြၾကားက ေဒါသအတိုင္းအတာကလည္း ပြဲအၿပီးမွာ လူမႈကြန္ရက္ေပၚမွာ တန္ဟက္ထြက္ဆိုတဲ့ လႈံ႕ေဆာ္မႈကို ၾကည့္ရင္ သိႏိုင္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပဟာ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာခဲ့တဲ့ ၁၈ လေတာင္ မျပည့္ေသးခ်ိန္မွာ ရာထူးကေန ထုတ္ပယ္ခံရဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အဂၤါေန႔မွာ ဂလာတာဆာေရးနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ မျဖစ္မေန ႏိုင္ပြဲရယူသြားရေတာ့မွာျဖစ္ၿပီး ၿပီးတဲ့ေနာက္ ၄ ရက္အၾကာမွာ ဘရန႔္တ္ဖို႔ဒ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

တန္ဟက္ဟာ ယခုရာသီမွာ အာ႐ုံေနာက္စရာကိစၥေတြ အမ်ားအျပားနဲ႔ ရင္ဆိုင္ေနရၿပီး လုခ္ ေရွာက ကာလရွည္ အနားယူေနရသလို ကစားသမားသစ္ေတြျဖစ္တဲ့ အမ္မရာဘတ္၊ ေမဆန္ ေမာင့္တို႔ကလည္း ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ၾကတာျဖစ္ပါတယ္။

ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ အန္တိုနီတို႔ကလည္း ကြင္းျပင္ပ ျပႆနာေတြေၾကာင့္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့ၾကဘဲ အဲဒီျပႆနာေတြကို ပိုၿပီး ဆိုး႐ြားသြားေစခဲ့တာကေတာ့ အဓိကေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္က ၿပီးခဲ့တဲ့ရာသီေႏွာင္းပိုင္းကို လြဲေခ်ာ္ခဲ့တဲ့ ေျခေခ်ာင္း႐ိုးက်ိဳးဒဏ္ရာကို ဒုတိယအႀကိမ္ ထပ္မံ ခြဲစိတ္ကုသရေတာ့မွာ ျဖစ္ပါတယ္။

အာဂ်င္တီးနားေနာက္ခံလူဟာ အာဆင္နယ္နဲ႔ပြဲမွာ ဒဏ္ရာရခဲ့ၿပီးေနာက္ ဘ႐ိုက္တန္၊ ဘိုင္ယန္ျမဴးနစ္တို႔နဲ႔ပြဲမွာ ျပန္လည္ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ယခုအပတ္ စမ္းသပ္မႈေတြအရ ဒဏ္ရာေဟာင္း ျပန္ျဖစ္ေနၿပီလို႔ အတည္ျပဳႏိုင္ခဲ့ၿပီး လက္ရွိမွာေတာ့ ၃ လအထိ အနားယူရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

တန္ဟက္အေနနဲ႔ ၂၀၂၂-၂၀၂၃ ရာသီမွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ျပသခဲ့တဲ့ အဓိကကစားသမားေတြထဲက တစ္ဦးမပါဝင္ဘဲ ရလဒ္ေကာင္းေတြ ရယူႏိုင္ဖို႔ ခက္ခဲေတာ့မွာျဖစ္ၿပီး ရလဒ္ေတြသာ ဆက္တိုက္ ဆိုး႐ြားေနမယ္ဆိုရင္ ခရစၥမတ္မတိုင္ခင္ ရာထူးကေန ထုတ္ပယ္ခံရဖြယ္ ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.