Premier League

တောင်းပန်မှ ဗြောင်းဆန်နေတဲ့ လီဗာပူးလ်ကို ဝေဖန်လိုက်တဲ့ နဗီး

ဂယ်ရီ နဗီးက စနေနေ့က တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က VAR ရဲ့ အမှားကို စာထုတ်ပြီး ပြစ်တင်ကြိမ်းမောင်းခဲ့တဲ့ လီဗာပူးလ်ရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး စကားလုံးတွေက အန္တရာယ်ရှိတယ်လို့ ယုံကြည်နေပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ပထမပိုင်းမှာ ကာတစ် ဂျုံးစ် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပေမယ့်လည်း သိပ်မကြာခင်မှာပဲ ဦးဆောင်ဂိုးကို ရရှိခဲ့ပြီလို့ ထင်မြင်ခဲ့တာဖြစ်ပါတယ်။

လူးဝစ္စ ဒီယက်ဇ်က စပါးစ်နောက်ခံလူတွေ ကြားကနေ ပြေးထွက်ခဲ့ပြီးနောက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း စည်းကြပ်ဒိုင်က လူကျွံအလံထောင်ခဲ့ပြီး VAR က ပြန်လည်စစ်ဆေးခဲ့ပြီးနောက် စပါးစ်ကို လူကျွံဘော ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း VAR အဖွဲ့ က ကွင်းတွင်းဆုံးဖြတ်ချက်က ဂိုးဖြစ်ခဲ့တယ်လို့ ထင်မြင်ခဲ့ပြီး လူကျွံခဲ့ခြင်းမရှိဘူးလို့ အတည်ပြုခဲ့တဲ့ စစ်ဆေးမှု ပြီးမြောက်ပြီလို့ ပြောခဲ့ပေမယ့်လည်း ကွင်းထဲက ဒိုင်လူကြီးတွေက ဒီယက်ဇ်က လူကျွံနေခဲ့တယ်လို့ အဓိပ္ပာယ်ကောက်ယူခဲ့တာဖြစ်ပါတယ်။

ပွဲကလည်း ပြန်လည်စတင်ခဲ့ပြီဖြစ်တာကြောင့် VAR အနေနဲ့ ကြားဝင်ဖို့ မဖြစ်နိုင်တော့ဘဲ သိပမကြာခင်မှာ စပါးစ်က ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး သွင်းယူသွားခဲ့တာဖြစ်ပြီး ဂက်ခ်ပိုက လီဗာပူးလ်အတွက် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပေမယ့် ၎င်းရဲ့ နေရာမှာ လူစားဝင်ကစားခဲ့တဲ့ ဂျိုတာက ၂ ဝါ ၁ နီထိခဲ့ပြီးနောက် မာတစ်ပ်ရဲ့ နောက်ကျ အုန်းဂိုးကြောင့် ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က ပွဲအပြီးမှာ PGMOL က သိသာထင်ရှားတဲ့ လူသားအမှားဖြစ်တယ်လို့ အသိပေးခြင်း ခံခဲ့ရပြီးနောက် ဖြစ်စဉ်နဲ့ပတ်သက်ပြီး သတိထားပြီး ပြောဆိုခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းက တနင်္ဂနွေနေ့ညနေ ထုတ်ပြန်ကြေညာချက်ထဲမှာ ပိုမို အလေးအနက်ထားပြီး အဖြေပေးဖို့ တောင်းဆိုခဲ့ပြီး ရွေးချယ်စရာအမြောက်အမြားကို ရှာဖွေသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီ နဗီးက လီဗာပူးလ်ရဲ့ ထုတ်ပြန်ကြေညာချက်ဟာ ရင့်သီးပြီး ရန်လိုတဲ့ စကားလုံးနဲ့အတူ စည်းကျော်သွားခဲ့တယ်လို့ ခံစားခဲ့ရပြီး PGMOL ရဲ့ ပွဲပြီးပြီးချင်း တောင်းပန်မှုက လုံလောက်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ယာဂန် ကလော့ပ်က မနေ့ညက အခြေအနေကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်။ ဘောလုံးပရိသတ်အများစုက ဖြစ်ခဲ့တာတွေအတွက် လီဗာပူးလ်ကို ကရုဏာသက်မိခဲ့ကြပြီး မှားယွင်းခဲ့တယ်ဆိုတာ အသိအမှတ်ပြုခဲ့ကြတယ်။ ဒါပေမယ့်လည်း ဒီည လီဗာပူးလ်ရဲ့ ထုတ်ပြန်ကြေညာချက်က အမှားကြီးပဲ။ ရွေးချယ်စရာတွေ အားလုံးကို ရှာဖွေသွားမယ်လို့ ပြောတယ်။ အဲဒါဘာကိုဆိုလိုတာလဲ။ အားကစား ဂုဏ်သိက္ခာဟာ ရင့်သီးပြီး ရန်လိုတဲ့စကားစုနဲ့အတူ အန္တရာယ်ရှိနေပါတယ်။ စိတ်မကောင်းပါဘူး။ ငါတို့တွေ သောက်တလွဲလုပ်မိခဲ့တယ်ဆိုတာက လုံလောက်ပါတယ်။ ကျွန်တော် ဒါကို မနေ့ညက ပြောခဲ့တယ်။ စိတ်မကောင်းပါဘူးဆိုတာက လေးစားမှုပေးသင့်ပြီး တန်ဖိုးမထားမလုပ်သင့်ပါဘူး။ ဒါက အမြဲတမ်း မှားယွင်းနိုင်တဲ့ လျှပ်တပြက် တုံ့ပြန်မှုဖြစ်ပေမယ့် ကျွန်တော်အဲဒါနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ခံစားမိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂယ္ရီ နဗီးက စေနေန႔က ေတာ့တင္ဟမ္ေဟာ့စပါးကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္က VAR ရဲ႕ အမွားကို စာထုတ္ၿပီး ျပစ္တင္ႀကိမ္းေမာင္းခဲ့တဲ့ လီဗာပူးလ္ရဲ႕ ဆုံးျဖတ္ခ်က္ကို ျပစ္တင္ေဝဖန္ခဲ့ၿပီး စကားလုံးေတြက အႏၲရာယ္ရွိတယ္လို႔ ယုံၾကည္ေနပါတယ္။

ကေလာ့ပ္ရဲ႕အသင္းဟာ ပထမပိုင္းမွာ ကာတစ္ ဂ်ဳံးစ္ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတာျဖစ္ေပမယ့္လည္း သိပ္မၾကာခင္မွာပဲ ဦးေဆာင္ဂိုးကို ရရွိခဲ့ၿပီလို႔ ထင္ျမင္ခဲ့တာျဖစ္ပါတယ္။

လူးဝစၥ ဒီယက္ဇ္က စပါးစ္ေနာက္ခံလူေတြ ၾကားကေန ေျပးထြက္ခဲ့ၿပီးေနာက္ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္လည္း စည္းၾကပ္ဒိုင္က လူကြၽံအလံေထာင္ခဲ့ၿပီး VAR က ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ စပါးစ္ကို လူကြၽံေဘာ ေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း VAR အဖြဲ႕ က ကြင္းတြင္းဆုံးျဖတ္ခ်က္က ဂိုးျဖစ္ခဲ့တယ္လို႔ ထင္ျမင္ခဲ့ၿပီး လူကြၽံခဲ့ျခင္းမရွိဘူးလို႔ အတည္ျပဳခဲ့တဲ့ စစ္ေဆးမႈ ၿပီးေျမာက္ၿပီလို႔ ေျပာခဲ့ေပမယ့္လည္း ကြင္းထဲက ဒိုင္လူႀကီးေတြက ဒီယက္ဇ္က လူကြၽံေနခဲ့တယ္လို႔ အဓိပၸာယ္ေကာက္ယူခဲ့တာျဖစ္ပါတယ္။

ပြဲကလည္း ျပန္လည္စတင္ခဲ့ၿပီျဖစ္တာေၾကာင့္ VAR အေနနဲ႔ ၾကားဝင္ဖို႔ မျဖစ္ႏိုင္ေတာ့ဘဲ သိပမၾကာခင္မွာ စပါးစ္က ဆြန္ေဟာင္မင္ရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ဂိုး သြင္းယူသြားခဲ့တာျဖစ္ၿပီး ဂက္ခ္ပိုက လီဗာပူးလ္အတြက္ ေခ်ပဂိုး ျပန္လည္သြင္းယူေပးခဲ့ေပမယ့္ ၎ရဲ႕ ေနရာမွာ လူစားဝင္ကစားခဲ့တဲ့ ဂ်ိဳတာက ၂ ဝါ ၁ နီထိခဲ့ၿပီးေနာက္ မာတစ္ပ္ရဲ႕ ေနာက္က် အုန္းဂိုးေၾကာင့္ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္က ပြဲအၿပီးမွာ PGMOL က သိသာထင္ရွားတဲ့ လူသားအမွားျဖစ္တယ္လို႔ အသိေပးျခင္း ခံခဲ့ရၿပီးေနာက္ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး သတိထားၿပီး ေျပာဆိုခဲ့ေပမယ့္လည္း လီဗာပူးလ္အသင္းက တနဂၤေႏြေန႔ညေန ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ပိုမို အေလးအနက္ထားၿပီး အေျဖေပးဖို႔ ေတာင္းဆိုခဲ့ၿပီး ေ႐ြးခ်ယ္စရာအေျမာက္အျမားကို ရွာေဖြသြားမယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မန္ယူႏိုက္တက္ေနာက္ခံလူေဟာင္း ဂယ္ရီ နဗီးက လီဗာပူးလ္ရဲ႕ ထုတ္ျပန္ေၾကညာခ်က္ဟာ ရင့္သီးၿပီး ရန္လိုတဲ့ စကားလုံးနဲ႔အတူ စည္းေက်ာ္သြားခဲ့တယ္လို႔ ခံစားခဲ့ရၿပီး PGMOL ရဲ႕ ပြဲၿပီးၿပီးခ်င္း ေတာင္းပန္မႈက လုံေလာက္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ယာဂန္ ကေလာ့ပ္က မေန႔ညက အေျခအေနကို ေကာင္းေကာင္း ကိုင္တြယ္ႏိုင္ခဲ့တယ္။ ေဘာလုံးပရိသတ္အမ်ားစုက ျဖစ္ခဲ့တာေတြအတြက္ လီဗာပူးလ္ကို က႐ုဏာသက္မိခဲ့ၾကၿပီး မွားယြင္းခဲ့တယ္ဆိုတာ အသိအမွတ္ျပဳခဲ့ၾကတယ္။ ဒါေပမယ့္လည္း ဒီည လီဗာပူးလ္ရဲ႕ ထုတ္ျပန္ေၾကညာခ်က္က အမွားႀကီးပဲ။ ေ႐ြးခ်ယ္စရာေတြ အားလုံးကို ရွာေဖြသြားမယ္လို႔ ေျပာတယ္။ အဲဒါဘာကိုဆိုလိုတာလဲ။ အားကစား ဂုဏ္သိကၡာဟာ ရင့္သီးၿပီး ရန္လိုတဲ့စကားစုနဲ႔အတူ အႏၲရာယ္ရွိေနပါတယ္။ စိတ္မေကာင္းပါဘူး။ ငါတို႔ေတြ ေသာက္တလြဲလုပ္မိခဲ့တယ္ဆိုတာက လုံေလာက္ပါတယ္။ ကြၽန္ေတာ္ ဒါကို မေန႔ညက ေျပာခဲ့တယ္။ စိတ္မေကာင္းပါဘူးဆိုတာက ေလးစားမႈေပးသင့္ၿပီး တန္ဖိုးမထားမလုပ္သင့္ပါဘူး။ ဒါက အၿမဲတမ္း မွားယြင္းႏိုင္တဲ့ လွ်ပ္တျပက္ တုံ႔ျပန္မႈျဖစ္ေပမယ့္ ကြၽန္ေတာ္အဲဒါနဲ႔ပတ္သက္ၿပီး ျပင္းျပင္းထန္ထန္ ခံစားမိပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.