Premier League

ဝုလ်ဗ်စ်ကို မနိုင်တဲ့ မန်စီးတီးနဲ့ပတ်သက်ပြီး ပြောလိုက်တဲ့ အော်ဒီဂွါဒ်

မာတင် အော်ဒီဂွါဒ်က စနေနေ့မှာ မန်စီးတီးရဲ့ ဝုလ်ဗ်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့မှုကြောင့် စိတ်လှုပ်ရှားခြင်းမရှိဘဲ အာဆင်နယ်ဟာ လာမယ့်အပတ် တွေ့ဆုံရမယ့်ပွဲစဉ်မတိုင်ခင် ကိုယ့်ဘာသာကိုယ်ပဲ အာရုံစိုက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ လာမယ့် တနင်္ဂနွေနေ့ ပွဲစဉ်ကို ယခုရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းအဖြစ်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်ကလည်း လိဂ်မှာ ရှုံးပွဲမရှိသေးပေမယ့်လည်း ကာရာဘောင်းဖလားပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘုန်းမောက်ကို ၄-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ချိန်မှာ လက်ရှိ ချန်ပီယံ မန်စီးတီးက ဝုလ်ဗ်စ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းက ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ဒုတိယနေရာက စပါးစ်နဲ့ တတိယနေရာက အာဆင်နယ်တို့ထက် ၁ မှတ်အသာနဲ့ ရပ်တည်နေဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးဟာ လာမယ့်အပတ်မှာ အဓိကကစားကွက်ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနားနဲ့ အားထားရတဲ့ ကွင်းလယ်ကြယ်ပွင့် ရိုဒရီမပါဝင်ဘဲ အမ်းမရိတ်စ်ကို လာရောက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးနဲ့ ပွဲစဉ်မတိုင်ခင် အင်္ဂါနေ့ညမှာ လွန်းစ်အိမ်ကွင်းကို ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အော်ဒီဂွါဒ်က မန်စီးတီးနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီးဖြစ်ပါတယ်။

ဝုလ်ဗ်စ်နဲ့ပွဲမှာ မန်စီးတီး ခြေချော်သွားခဲ့တဲ့အကြောင်း သိလိုက်ရလားလို့ မေးမြန်းခဲ့ရာမှာ အော်ဒီဂွါဒ်က ပြုံးပြီး “ကျွန်တော် ကြားခဲ့ပါတယ်။ ဒါပေမယ့် ထပ်ပြောရရင် ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ပဲ အာရုံစိုက်ရမယ်။ ဒီလိဂ်က အရမ်းခက်ခဲတယ်။ ခင်ဗျားကို အားလုံးကို အနိုင်ယူနိုင်တယ်လို့ ပြောရမယ်။ ခင်ဗျား ထက်မြက်နေရမယ်။ ပွဲတိုင်းအတွက် အဆင်သင့်ဖြစ်နေရမှာဖြစ်ပြီး အခုဆိုရင် အလုပ်များတဲ့ ပွဲချိန်စာရင်းဖြစ်နေပါပြီ။ အဲဒီတော့ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ပဲ အာရုံစိုက်ရမယ်။ ကျွန်တော်တို့ လာမယ့်အပတ်အတွက် အဆင်သင့်ဖြစ်နေအောင် လုပ်ရမယ်။ ပွဲအားလုံးက ကြီးမားတဲ့ပွဲလို့ ထင်တယ်။ ပထမဆုံး ကျွန်တော်တို့ ချန်ပီယံလိဂ်ကစားရမယ်။ ကျွန်တော်တို့ အဲဒီပွဲကိုလည်း အဆင်သင့်ဖြစ်နေအောင် လုပ်ရမယ်။ ပြီးရင်တော့ ကျွန်တော်တို့ ကြည့်ကြတာပေ့ါ။ ဒါပေမယ့် ကျွန်တော်တို့အတွက် ပွဲတိုင်းက ပွဲကြီးပွဲကောင်းတွေပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မာတင္ ေအာ္ဒီဂြါဒ္က စေနေန႔မွာ မန္စီးတီးရဲ႕ ဝုလ္ဗ္စ္ကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့မႈေၾကာင့္ စိတ္လႈပ္ရွားျခင္းမရွိဘဲ အာဆင္နယ္ဟာ လာမယ့္အပတ္ ေတြ႕ဆုံရမယ့္ပြဲစဥ္မတိုင္ခင္ ကိုယ့္ဘာသာကိုယ္ပဲ အာ႐ုံစိုက္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ လာမယ့္ တနဂၤေႏြေန႔ ပြဲစဥ္ကို ယခုရာသီ ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိေသးတဲ့ အသင္းအျဖစ္နဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ေျမာက္လန္ဒန္ၿပိဳင္ဘက္ စပါးစ္ကလည္း လိဂ္မွာ ရႈံးပြဲမရွိေသးေပမယ့္လည္း ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဘုန္းေမာက္ကို ၄-၀ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ရရွိခဲ့ခ်ိန္မွာ လက္ရွိ ခ်န္ပီယံ မန္စီးတီးက ဝုလ္ဗ္စ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းက ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း အမွတ္ေပးဇယားထိပ္ဆုံးမွာ ဒုတိယေနရာက စပါးစ္နဲ႔ တတိယေနရာက အာဆင္နယ္တို႔ထက္ ၁ မွတ္အသာနဲ႔ ရပ္တည္ေနဆဲျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္စီးတီးဟာ လာမယ့္အပတ္မွာ အဓိကကစားကြက္ဖန္တီးရွင္ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ အားထားရတဲ့ ကြင္းလယ္ၾကယ္ပြင့္ ႐ိုဒရီမပါဝင္ဘဲ အမ္းမရိတ္စ္ကို လာေရာက္ယွဥ္ၿပိဳင္ရေတာ့မွာျဖစ္ပါတယ္။ အာဆင္နယ္ဟာ မန္စီးတီးနဲ႔ ပြဲစဥ္မတိုင္ခင္ အဂၤါေန႔ညမွာ လြန္းစ္အိမ္ကြင္းကို ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ေအာ္ဒီဂြါဒ္က မန္စီးတီးနဲ႔ပြဲအတြက္ အဆင္သင့္ျဖစ္ေနၿပီးျဖစ္ပါတယ္။

ဝုလ္ဗ္စ္နဲ႔ပြဲမွာ မန္စီးတီး ေျခေခ်ာ္သြားခဲ့တဲ့အေၾကာင္း သိလိုက္ရလားလို႔ ေမးျမန္းခဲ့ရာမွာ ေအာ္ဒီဂြါဒ္က ၿပဳံးၿပီး “ကြၽန္ေတာ္ ၾကားခဲ့ပါတယ္။ ဒါေပမယ့္ ထပ္ေျပာရရင္ ကြၽန္ေတာ္တို႔ ကိုယ့္ဘာသာကိုယ္ပဲ အာ႐ုံစိုက္ရမယ္။ ဒီလိဂ္က အရမ္းခက္ခဲတယ္။ ခင္ဗ်ားကို အားလုံးကို အႏိုင္ယူႏိုင္တယ္လို႔ ေျပာရမယ္။ ခင္ဗ်ား ထက္ျမက္ေနရမယ္။ ပြဲတိုင္းအတြက္ အဆင္သင့္ျဖစ္ေနရမွာျဖစ္ၿပီး အခုဆိုရင္ အလုပ္မ်ားတဲ့ ပြဲခ်ိန္စာရင္းျဖစ္ေနပါၿပီ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ကိုယ့္ဘာသာကိုယ္ပဲ အာ႐ုံစိုက္ရမယ္။ ကြၽန္ေတာ္တို႔ လာမယ့္အပတ္အတြက္ အဆင္သင့္ျဖစ္ေနေအာင္ လုပ္ရမယ္။ ပြဲအားလုံးက ႀကီးမားတဲ့ပြဲလို႔ ထင္တယ္။ ပထမဆုံး ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္ကစားရမယ္။ ကြၽန္ေတာ္တို႔ အဲဒီပြဲကိုလည္း အဆင္သင့္ျဖစ္ေနေအာင္ လုပ္ရမယ္။ ၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ ၾကည့္ၾကတာေပ့ါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အတြက္ ပြဲတိုင္းက ပြဲႀကီးပြဲေကာင္းေတြပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.