Premier League

အာတီတာက အန္တရာယ်ရှိတဲ့ကစားပွဲကို ကစားနေတယ်လို့ သတိပေးခဲ့တဲ့ ပိုချက်တီနို

ချဲလ်ဆီးနည်းပြ မူရီဆီယို ပိုချက်တီနိုက အာဆင်နယ်နည်းပြ အာတီတာဟာ အဓိကပွဲထွက်ဂိုးသမား ၂ ဦးဖြစ်တဲ့ ဒေးဗစ် ရာယာနဲ့ အာရွန် ရမ်းစ်ဒေးလ်တို့ကို အလှည့်ကျသုံးပြီး အန္တရာယ်ရှိတဲ့ ကစားပွဲကို ကစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နည်းပြဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဂိုးသမား ၂ ဦးကို အလှည့်ကျပုံစံနဲ့ အပြောင်းအလဲလုပ် ကစားခဲ့ပြီး ဘယ်သူကမှ အလိုအလျောက် နံပါတ် ၁ ပွဲထွက်ဂိုးသမားနေရာအတွက် အာမခံချက်မရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပိုချက်တီနိုက ပီအက်စ်ဂျီမှာတုန်းက အလားအတူ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အန္တရာယ်ရှိတဲ့ ကစားပွဲဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အာဂျင်တီးနားလူမျိုးနည်းပြဟာ ဒွန်နာရမ်းမားနဲ့ ကီလာ နားဗက်စ်တို့ကို အလှည့်ကျ သုံးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

“ပဲရစ်မှာတုန်းက ကျွန်တော်တို့မှာ ထိပ်တန်းဂိုးသမား ၂ ဦးရှိခဲ့ပြီး ဒွန်နာရမ်းမားနဲ့ ၂ ပွဲကစားပြီး နောက် ၂ ပွဲကို နားဗက်စ်နဲ့ ကစားနေကျပါ။ အဲဒါက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အန္တရာယ်ရှိတယ်။ အဲဒါက ကောင်းလား၊ ဆိုးလားဆိုရင် ကျွန်တော် မသိဘူး။ အဲဒါက ရလဒ်တွေပေါ်မူတည်တယ်။ ကစားသမားတွေရဲ့ ပုံစံ၊ အရည်အချင်း၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ ပုဂ္ဂလဓိဌာန်ပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော်ကတော့ အဆင်ပြေပြေ ကစားနိုင်မယ့် အကောင်းဆုံးကစားသမားတွေ ရှိစေချင်ပါတယ်။ ”

“အသင်းတိုင်းမှာ ကျောနံပါတ် ၁ လို့ သတ်မှတ်ထားတဲ့သူရှိတာ ကောင်းပါတယ်။ ဒါပေမယ့် ဘောလုံးမှာက နည်းပြတွေက လူစာရင်းထဲမှာ မတူညီတဲ့ ကစားသမားတွေကို ရှိစေချင်ကြပါတယ်။ ပြီးရင်တော့ ကျောနံပါတ် ၂ အဖြစ်နဲ့ မကစားရတာကို ဘယ်လိုလက်ခံမလဲဆိုတာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးနည္းျပ မူရီဆီယို ပိုခ်က္တီႏိုက အာဆင္နယ္နည္းျပ အာတီတာဟာ အဓိကပြဲထြက္ဂိုးသမား ၂ ဦးျဖစ္တဲ့ ေဒးဗစ္ ရာယာနဲ႔ အာ႐ြန္ ရမ္းစ္ေဒးလ္တို႔ကို အလွည့္က်သုံးၿပီး အႏၲရာယ္ရွိတဲ့ ကစားပြဲကို ကစားေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္နည္းျပဟာ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ဂိုးသမား ၂ ဦးကို အလွည့္က်ပုံစံနဲ႔ အေျပာင္းအလဲလုပ္ ကစားခဲ့ၿပီး ဘယ္သူကမွ အလိုအေလ်ာက္ နံပါတ္ ၁ ပြဲထြက္ဂိုးသမားေနရာအတြက္ အာမခံခ်က္မရွိဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပိုခ်က္တီႏိုက ပီအက္စ္ဂ်ီမွာတုန္းက အလားအတူ အေျခအေနမ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရတာေၾကာင့္ အႏၲရာယ္ရွိတဲ့ ကစားပြဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာ ဒြန္နာရမ္းမားနဲ႔ ကီလာ နားဗက္စ္တို႔ကို အလွည့္က် သုံးဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

“ပဲရစ္မွာတုန္းက ကြၽန္ေတာ္တို႔မွာ ထိပ္တန္းဂိုးသမား ၂ ဦးရွိခဲ့ၿပီး ဒြန္နာရမ္းမားနဲ႔ ၂ ပြဲကစားၿပီး ေနာက္ ၂ ပြဲကို နားဗက္စ္နဲ႔ ကစားေနက်ပါ။ အဲဒါက ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အႏၲရာယ္ရွိတယ္။ အဲဒါက ေကာင္းလား၊ ဆိုးလားဆိုရင္ ကြၽန္ေတာ္ မသိဘူး။ အဲဒါက ရလဒ္ေတြေပၚမူတည္တယ္။ ကစားသမားေတြရဲ႕ ပုံစံ၊ အရည္အခ်င္း၊ ပေရာ္ဖက္ရွင္နယ္ဆန္မႈနဲ႔ ပုဂၢလဓိဌာန္ေပၚမွာလည္း မူတည္ပါတယ္။ ကြၽန္ေတာ္ကေတာ့ အဆင္ေျပေျပ ကစားႏိုင္မယ့္ အေကာင္းဆုံးကစားသမားေတြ ရွိေစခ်င္ပါတယ္။ ”

“အသင္းတိုင္းမွာ ေက်ာနံပါတ္ ၁ လို႔ သတ္မွတ္ထားတဲ့သူရွိတာ ေကာင္းပါတယ္။ ဒါေပမယ့္ ေဘာလုံးမွာက နည္းျပေတြက လူစာရင္းထဲမွာ မတူညီတဲ့ ကစားသမားေတြကို ရွိေစခ်င္ၾကပါတယ္။ ၿပီးရင္ေတာ့ ေက်ာနံပါတ္ ၂ အျဖစ္နဲ႔ မကစားရတာကို ဘယ္လိုလက္ခံမလဲဆိုတာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.