Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီး ညသတင္းမ်ား စုစည္းမွဳ

– အဲရစ္ ဂါစီယာကို ေခၚယူဖို႔ ဘာစီလိုနာအသင္းအေနနဲ႔ ပုဂၢဳိလ္ေရးသေဘာတူညီမွဳေတြ ျပဳလုပ္ထားၿပီး ဇန္နဝါရီက်ရင္ မန္ခ်က္စတာစီးတီး တာဝန္ရွိသူေတြရဲ႕ သေဘာထားအေပၚ မူတည္ၿပီး ခ်က္ခ်င္းေခၚယူဖို႔နဲ႔ အႀကဳိသေဘာတူညီမွဳ တစ္ခုခုျပဳလုပ္သြားဖို႔ရွိ။

– အသင္းရဲ႕ ဒုတိယဦးစားေပးတုိက္စစ္မွဴးအျဖစ္ ဆာဂ်ီယုိ အေဂြ႐ိုေနာက္မွာ ရွိေနခဲ့တဲ့ ဘရာဇီးလ္သား ဂါဘရီယယ္လ္ ေဂ်ဆူးစ္အေနနဲ႔ ဒဏ္ရာကေန သက္သာေကာင္းမြန္စျပဳေနၿပီျဖစ္ၿပီး လာမယ့္ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ေတြအမီ ပါဝင္ဖို႔ ရွိလာ။

– ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္ ထရိန္နင္ အျပည့္ဆင္းႏုိင္ၿပီျဖစ္ၿပီး အေဂြ႐ုိလည္း လုိက္ပါလုပ္ေဆာင္ေနႏုိင္တာကို စီးတီးအသင္း ဝက္ဘ္ဆုိက္က ေဖာ္ျပသြားၿပီး အာဆင္နယ္နဲ႔ပြဲမွာ ပါဝင္လာႏုိင္ဖြယ္ရွိေန။

– အဓိကကြင္းလယ္ကစားသမား ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ ဒဏ္ရာရရွိတဲ့အဆင့္ကို မေရာက္ခဲ့ဘဲ ဒီလိုအေျခအေန ျဖစ္မလာဖို႔အတြက္ ကလပ္အသင္းနဲ႔ ႏုိင္ငံအသင္းၾကားမွာ ပူးေပါင္းကာကြယ္ခဲ့တာျဖစ္တယ္လို႔ ဘယ္လ္ဂ်ီယမ္နည္းျပ ေရာဘတ္တုိ မာတီနက္ဇ္ဆို။

– မန္စီးတီးအသင္းရဲ႕ ပစ္မွတ္ ဘုိင္ယန္ျမဴးနစ္ဘယ္ေနာက္ခံလူ ေဒးဗစ္ အလာဘာကို ဂ်ဴဗင္တပ္စ္အသင္း ေခၚယူႏုိင္ၿပီဆုိတာက ႏွဳတ္အားျဖင့္ထက္ မပုိႏိုင္တဲ့ သေဘာတူညီမွဳလို႔ အားလုံးက ရွဳျမင္ေနၾကၿပီး တကယ္တမ္း ဇန္နဝါရီမွာ လက္မွတ္ေရးထိုးႏုိင္ဖို႔ အၿပဳိင္ႀကဳိးစားသြားရဖြယ္ရွိေန။

– ပရိသတ္မပါတဲ့ ကြင္းေတြနဲ႔ ေဘာလုံးကစားနည္းဟာ အသစ္တစ္ခုလိုျဖစ္ေနၿပီး ေျခစမ္းပြဲေနနဲ႔ပဲ တူေနတာေၾကာင့္ ကစားသမားေတြ၊ အသင္းေတြအေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ေငြေၾကးေတြနဲ႔ ထုိက္တန္တဲ့ ပုံစံရရွိဖို႔ မနည္းႀကဳိးစားေနရတယ္လုိ႔ ဂြါဒီယိုလာေျပာ။

– အစ္တီဟတ္မွာ ကစားရမယ့္ အာဆင္နယ္အသင္းရဲ႕ အဓိက ေနာက္ခံလူ ကီရန္ တီယာနီ ပါဝင္မလာႏုိင္တဲ့အတြက္ ဂါဘရီယယ္လ္၊ ဟိုးလ္ဒင္းနဲ႔ ေဒးဗစ္ လူးဝစ္ဇ္တုိ႔ ပြဲထြက္ဖြယ္ရွိေနၿပီး ကစားသမားသစ္ ေသာမတ္စ္ ပါေတးကိုလည္း ခံစစ္ကို ကာကြယ္ႏုိင္ဖို႔ အသုံးျပဳလာဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အဲရစ် ဂါစီယာကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းအနေနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုတွေ ပြုလုပ်ထားပြီး ဇန်နဝါရီကျရင် မန်ချက်စတာစီးတီး တာဝန်ရှိသူတွေရဲ့ သဘောထားအပေါ် မူတည်ပြီး ချက်ချင်းခေါ်ယူဖို့နဲ့ အကြိုသဘောတူညီမှု တစ်ခုခုပြုလုပ်သွားဖို့ရှိ။

– အသင်းရဲ့ ဒုတိယဦးစားပေးတိုက်စစ်မှူးအဖြစ် ဆာဂျီယို အဂွေရိုနောက်မှာ ရှိနေခဲ့တဲ့ ဘရာဇီးလ်သား ဂါဘရီယယ်လ် ဂျေဆူးစ်အနေနဲ့ ဒဏ်ရာကနေ သက်သာကောင်းမွန်စပြုနေပြီဖြစ်ပြီး လာမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေအမီ ပါဝင်ဖို့ ရှိလာ။

– ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ် ထရိန်နင် အပြည့်ဆင်းနိုင်ပြီဖြစ်ပြီး အဂွေရိုလည်း လိုက်ပါလုပ်ဆောင်နေနိုင်တာကို စီးတီးအသင်း ဝက်ဘ်ဆိုက်က ဖော်ပြသွားပြီး အာဆင်နယ်နဲ့ပွဲမှာ ပါဝင်လာနိုင်ဖွယ်ရှိနေ။

– အဓိကကွင်းလယ်ကစားသမား ကီဗင် ဒီဘရိုင်းနားအနေနဲ့ ဒဏ်ရာရရှိတဲ့အဆင့်ကို မရောက်ခဲ့ဘဲ ဒီလိုအခြေအနေ ဖြစ်မလာဖို့အတွက် ကလပ်အသင်းနဲ့ နိုင်ငံအသင်းကြားမှာ ပူးပေါင်းကာကွယ်ခဲ့တာဖြစ်တယ်လို့ ဘယ်လ်ဂျီယမ်နည်းပြ ရောဘတ်တို မာတီနက်ဇ်ဆို။

– မန်စီးတီးအသင်းရဲ့ ပစ်မှတ် ဘိုင်ယန်မြူးနစ်ဘယ်နောက်ခံလူ ဒေးဗစ် အလာဘာကို ဂျူဗင်တပ်စ်အသင်း ခေါ်ယူနိုင်ပြီဆိုတာက နှုတ်အားဖြင့်ထက် မပိုနိုင်တဲ့ သဘောတူညီမှုလို့ အားလုံးက ရှုမြင်နေကြပြီး တကယ်တမ်း ဇန်နဝါရီမှာ လက်မှတ်ရေးထိုးနိုင်ဖို့ အပြိုင်ကြိုးစားသွားရဖွယ်ရှိနေ။

– ပရိသတ်မပါတဲ့ ကွင်းတွေနဲ့ ဘောလုံးကစားနည်းဟာ အသစ်တစ်ခုလိုဖြစ်နေပြီး ခြေစမ်းပွဲနေနဲ့ပဲ တူနေတာကြောင့် ကစားသမားတွေ၊ အသင်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးတွေနဲ့ ထိုက်တန်တဲ့ ပုံစံရရှိဖို့ မနည်းကြိုးစားနေရတယ်လို့ ဂွါဒီယိုလာပြော။

– အစ်တီဟတ်မှာ ကစားရမယ့် အာဆင်နယ်အသင်းရဲ့ အဓိက နောက်ခံလူ ကီရန် တီယာနီ ပါဝင်မလာနိုင်တဲ့အတွက် ဂါဘရီယယ်လ်၊ ဟိုးလ်ဒင်းနဲ့ ဒေးဗစ် လူးဝစ်ဇ်တို့ ပွဲထွက်ဖွယ်ရှိနေပြီး ကစားသမားသစ် သောမတ်စ် ပါတေးကိုလည်း ခံစစ်ကို ကာကွယ်နိုင်ဖို့ အသုံးပြုလာဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.