Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁၄.၁၀.၂၀၂၀

– ဒဏ္ရာရ ဂိုးသမား ေအဒူယာ မန္ဒီရဲ႕ အေျခအေနကို ခ်ဲလ္ဆီးတာဝန္ရွိသူေတြ ေစာင့္ၾကည့္ေနၿပီး အေရးေပၚ အစားထိုးမွဳအျဖစ္ ေခၚယူရမယ္ ဆုိရင္ေတာ့ ဗီလာနဲ႔ စာခ်ဳပ္ဖ်က္ထားတဲ့ နီလန္း၊ စပါးစ္က ထြက္ခြာလာတဲ့ ဗြန္းနဲ႔ မုိနာကို ဂိုးသမားေဟာင္း ဆူဘာဆစ္ခ်္တုိ႔ ျဖစ္ႏိုင္။

– နည္းျပ ဖရန္႔ လမ္းပတ္နဲ႔ အဆင္မေျပဘူးလို႔ အသံထြက္လာတဲ့ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကို ေခၚယူဖို႔နဲ႔ သူဟာ အသင္းကို တစ္ဆင့္ျမင့္ေအာင္ လုပ္ေပးႏုိင္လိမ့္မယ္လို႔ လီဗာပူးလ္ ပရိသတ္ေတြ ေတာင္းဆုိေနၾက။

– ဆြစ္ဇာလန္ကို သုံးဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ နည္းျပ ဂ်ဳိအာခင္မ္ ေလာ့ဗ္ရဲ႕ အားေပးႏွစ္သိမ့္မွဳအျဖစ္ ပြဲထြက္ကစားထားေစခဲ့တဲ့ ခ်ဲလ္ဆီးေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါရဲ႕ ေပးဂိုးသုံးဂိုးလုံးမွာ ပါဝင္ပတ္သက္မွဳကို ရွဳျမင္ခဲ့ရသလို ေနာက္ဆုံးမိနစ္မွာ ၿပဳိင္ဘက္ကစားသမားကို ရည္ရြယ္ခ်က္ရွိရွိ မ်က္ႏွာကို ႐ိုက္ခဲ့တာကိုလည္း အေရးယူခံရဖြယ္ရွိေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္ခံလူ ကတ္ဇူးမားက အသင္းကို အသစ္ေရာက္ရွိလာတဲ့ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားဟာ အနားမွာ ရွိေနတဲ့ အသင္းေဖာ္တုိင္းကို အႀကံေကာင္းေတြ ေပးႏုိင္သူျဖစ္ၿပီး တစ္သင္းအေနနဲ႔ သူ႕ရဲ႕ အင္အားျဖည့္ဆည္းမွဳအတြက္ စိတ္လွဳပ္ရွားေနတယ္လုိ႔ဆုိ။

– နည္းျပေဟာင္း ကြန္တီ ေခၚယူထားခဲ့ၿပီး ေနာက္ပုိင္းမွာ နည္းျပႏွစ္ေယာက္အထိ အေျပာင္းအလဲလုပ္ခဲ့ခ်ိန္မွာ ႐ုန္းကန္ေနခဲ့ရတဲ့ အီတလီေနာက္ခံလူ အီမာဆန္ ပယ္လ္မီယာရီက ခ်ဲလ္ဆီးအသင္းမွာ မေပ်ာ္ရႊင္ေတာ့ေၾကာင္း ဝန္ခံ။

– အသင္းနဲ႔ အဖုအထစ္ အနည္းငယ္ရွိလာတဲ့ အန္ဂိုလို ကြန္ေတကို တျခားပရီးမီးယားလိဂ္အသင္းႀကီးေတြက ေစာင့္ၾကည့္ေနတဲ့အခ်ိန္မွာ ေရာင္းထုတ္ဖို႔နဲ႔ ရတဲ့ ေငြေၾကးကို အသုံးျပဳၿပီး ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ုိက္စ္ကို ေခၚယူဖို႔ ဒါရင္းဘန္႔ တုိက္တြန္း။

– အေျပာင္းအေရႊ႕ မပိတ္ခင္မွာ ၿမဳိ႕ခံၿပဳိင္ဘက္ အာဆင္နယ္အသင္းနဲ႔ အသံထြက္ခဲ့တဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိအတြက္ စာခ်ဳပ္သစ္ကို မၾကာခင္ကာလအတြင္းမွာ ကမ္းလွမ္းသြားဖို႔ ခ်ဲလ္ဆီးအသင္းစီစဥ္ေနၿပီး ကစားသမားဘက္ကလည္း လက္ခံေဆြးေႏြးဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဒဏ်ရာရ ဂိုးသမား အေဒူယာ မန်ဒီရဲ့ အခြေအနေကို ချဲလ်ဆီးတာဝန်ရှိသူတွေ စောင့်ကြည့်နေပြီး အရေးပေါ် အစားထိုးမှုအဖြစ် ခေါ်ယူရမယ် ဆိုရင်တော့ ဗီလာနဲ့ စာချုပ်ဖျက်ထားတဲ့ နီလန်း၊ စပါးစ်က ထွက်ခွာလာတဲ့ ဗွန်းနဲ့ မိုနာကို ဂိုးသမားဟောင်း ဆူဘာဆစ်ချ်တို့ ဖြစ်နိုင်။

– နည်းပြ ဖရန့် လမ်းပတ်နဲ့ အဆင်မပြေဘူးလို့ အသံထွက်လာတဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို ခေါ်ယူဖို့နဲ့ သူဟာ အသင်းကို တစ်ဆင့်မြင့်အောင် လုပ်ပေးနိုင်လိမ့်မယ်လို့ လီဗာပူးလ် ပရိသတ်တွေ တောင်းဆိုနေကြ။

– ဆွစ်ဇာလန်ကို သုံးဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ နည်းပြ ဂျိုအာခင်မ် လော့ဗ်ရဲ့ အားပေးနှစ်သိမ့်မှုအဖြစ် ပွဲထွက်ကစားထားစေခဲ့တဲ့ ချဲလ်ဆီးနောက်ခံလူ အန်တိုနီယို ရူဒီဂါရဲ့ ပေးဂိုးသုံးဂိုးလုံးမှာ ပါဝင်ပတ်သက်မှုကို ရှုမြင်ခဲ့ရသလို နောက်ဆုံးမိနစ်မှာ ပြိုင်ဘက်ကစားသမားကို ရည်ရွယ်ချက်ရှိရှိ မျက်နှာကို ရိုက်ခဲ့တာကိုလည်း အရေးယူခံရဖွယ်ရှိနေ။

– ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ ကတ်ဇူးမားက အသင်းကို အသစ်ရောက်ရှိလာတဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားဟာ အနားမှာ ရှိနေတဲ့ အသင်းဖော်တိုင်းကို အကြံကောင်းတွေ ပေးနိုင်သူဖြစ်ပြီး တစ်သင်းအနေနဲ့ သူ့ရဲ့ အင်အားဖြည့်ဆည်းမှုအတွက် စိတ်လှုပ်ရှားနေတယ်လို့ဆို။

– နည်းပြဟောင်း ကွန်တီ ခေါ်ယူထားခဲ့ပြီး နောက်ပိုင်းမှာ နည်းပြနှစ်ယောက်အထိ အပြောင်းအလဲလုပ်ခဲ့ချိန်မှာ ရုန်းကန်နေခဲ့ရတဲ့ အီတလီနောက်ခံလူ အီမာဆန် ပယ်လ်မီယာရီက ချဲလ်ဆီးအသင်းမှာ မပျော်ရွှင်တော့ကြောင်း ဝန်ခံ။

– အသင်းနဲ့ အဖုအထစ် အနည်းငယ်ရှိလာတဲ့ အန်ဂိုလို ကွန်တေကို တခြားပရီးမီးယားလိဂ်အသင်းကြီးတွေက စောင့်ကြည့်နေတဲ့အချိန်မှာ ရောင်းထုတ်ဖို့နဲ့ ရတဲ့ ငွေကြေးကို အသုံးပြုပြီး ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့ ဒါရင်းဘန့် တိုက်တွန်း။

– အပြောင်းအရွှေ့ မပိတ်ခင်မှာ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ အသံထွက်ခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုအတွက် စာချုပ်သစ်ကို မကြာခင်ကာလအတွင်းမှာ ကမ်းလှမ်းသွားဖို့ ချဲလ်ဆီးအသင်းစီစဉ်နေပြီး ကစားသမားဘက်ကလည်း လက်ခံဆွေးနွေးဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.