Match Report Premier League

ဝုဝုလေးတွေ ကိုက်လွှတ်လိုက်လို့ ရွှေဖလားဆိုတာ သိခွင့်မရှိတော့တဲ့ မန်စီးတီးရဲ့ ရှုံးပွဲ

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကန်ဂျီ၊ ဝေါ်လ်ကာနဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့ မက်သီယူးစ် နူးနက်စ်နဲ့အတူ ကိုဗာချစ်ကို တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်ဗာရက်ဇ်၊ ဖိုဒန်၊ ဒိုကူးနဲ့ ဟားလန်းတို့ကို ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဝုလ်ဗာဟမ့်ပ်တန်တို့ကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ဒေါ်ဆန်၊ ကေးလ်မန်းနဲ့ တိုတီတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဆီမီဒို၊ ဂျာအို ဂိုမက်စ်၊ လီမီနာနဲ့ အိုက်နူရီတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ပက်ဒရို နီတို၊ ဟွမ်းဟီးချန်းနဲ့ မက်သီယူးစ် ကွန်ညာတို့ကို ပွဲထုတ်လာခဲ့တာပါ။

ဧည့်သည်နည်းပြ ဂွါဒီယိုလာကတော့ ဒီပွဲမတိုင်ခင်မှာ အဝါကတ်သုံးကတ် ထိထားခဲ့လို့ ကြီးကြပ်ခွင့် မရခဲ့ဘဲ ပွဲကြည့်စင်ပေါ်ကနေ အားကစား ဒါရိုက်တာ ဘီဂီရီစတိန်းနဲ့အတူ ကြည့်ခဲ့ရသလို လီဗာပူးလ်ကို အားကျပြီး ၄-၂-၃-၁ ပြောင်းတာလား မသိချိန်မှာ ကွင်းလယ်လူစစ်စစ် သုံးယောက်နဲ့ ကစားမှ ပိုအဆင်ပြေတဲ့ မန်စီးတီးတို့ရဲ့ ကစားကွက်က အရင်လောက် မချောမွေ့ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာတော့ အိမ်ရှင် ဝုလ်ဗ်စ်တို့ ဂိုးစတင်ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ကိုဗာချစ် လူပေးမှားလို့ ပျက်တာကို ဖြတ်ယူသွားပြီး မန်စီးတီးဘက်က ဖျက်ထုတ်ပုံ ညံ့ဖျင်းခဲ့တဲ့ ဖိုဒန်နဲ့ အာကေတို့ကို အရှိန်တင်ပြီး ကျော်ပြေးသွားခဲ့တဲ့ နီတိုက ဧရိယာထဲအထိ ဆွဲဝင်ပြီး ဂိုးရှေ့က ကွန်ညာဆီ အနိမ့်ဘော ချိုးပေးတာကို တားဆီးဖို့ ကြိုးစားတဲ့ ရူဘင် ဒီယက်စ်က အုန်းဂိုးသွင်းမိသွားခဲ့တာပါ။

မန်စီးတီးတို့ ဘောလုံးကိုင်ကစားနေခဲ့ပေမယ့် ဘယ်တောင်ပံက ဒိုကူးအနေနဲ့ တစ်ချိန်လုံး ဖြုန်းတီးနေခဲ့သလို ဖိုဒန်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုနဲ့ ရူဘင် ဒီယက်စ်ရဲ့ ဖရီးကစ်ကနေ ခေါင်းတိုက်ချက်တွေကိုလည်း ဝုလ်ဗ်စ်ခံစစ်နဲ့ ဂိုးသမား ဂျိုဆေးဆားတို့ အမှားအယွင်းမရှိဘဲ ကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ကွင်းလယ်မှာ အလုပ်မဖြစ်ခဲ့တဲ့ နူးနက်စ်အစား အော်စကာ ဘော့ဘ်ကို ထည့်ပြီး တစ်ဖက်သတ် ဘောလုံးကိုင်ထားခဲ့တဲ့ မန်စီးတီးတို့ စွန့်စားလာခဲ့သလို ကွင်းလယ်လူစစ်စစ် ကိုဗာချစ်ချ် တစ်ယောက်တည်းနဲ့ ထိန်းကစားဖို့ ကြိုးစားခဲ့ချိန်မှာ ဒီနေ့ပွဲရဲ့ အညံ့ဆုံးလို့ ပြောလို့ရတဲ့ အာကေကိုတော့ ဝုလ်ဗ်စ်ရဲ့ နီတိုက ကောင်တာတွေကနေ တစ်ချိန်လုံး ဖိအားပေးနေခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ အော်စကာ ဘော့ဘ်ကို ဂျာအို ဂိုမက်ဇ်က နောက်က တွန်းလှဲခဲ့လို့ ရတဲ့ ဧရိယာအစပ်က ဖရီးကစ်ကို အယ်လ်ဗာရက်ဇ်က တိုက်ရိုက်ကန်သွင်းပြီး အာရုံစူးစိုက်မှု လျော့ပါးနေတဲ့ ဂိုးသမား ဂျိုဆေးဆားကို အငိုက်ဖမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးတို့ ပြန်လာတော့မလားလို့ ထင်နေတုန်းမှာပဲ ပွဲချိန် ၆၆ မိနစ်မှာတော့ ဝုလ်ဗ်စ်တို့က ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဆီမီဒို ဖြတ်တင်ပေးတာကို အာကန်ဂျီ ရှင်းထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ဟွမ်းဟီးချန်း ကန်သွင်းရာမှာ ရူဘင် ဒီယက်စ်နဲ့ထိပြီး ပြန်ထွက်ခဲ့ပေမယ့် ကွန်ညာက ထပ်ခင်းပေးခဲ့တာကို ကိုရီးယားသားက နောက်တစ်ကြိမ် အပိုင်ကန်သွင်းပြီး အလဲထိုးသွားနိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ကိုဗာချစ်ချ်အစား ကယ်လ်ဗင် ဖိလစ်၊ အာကေအစား ဂရီးလစ်ရှ်တို့ကို ထည့်ပြီး မန်စီးတီးတို့ တိုက်စစ်မြင့်ခဲ့ပေမယ့် ဝုလ်ဗ်စ်တို့ကလည်း ဂျာအို ဂိုမက်စ်၊ အိုက်နူရီ၊ ကွန်ညာနဲ့ ဟွမ်းဟီးချန်းတို့အစား ဘူဘာကာ ထရာအိုရေး၊ ဒိုဟာတီ၊ ဖာဘီယို ဆေးလ်ဗားနဲ့ ဂျွန်နီတို့ကို ထည့်သွင်းပြီး ပိတ်ကစားသွားခဲ့လို့ ဂိုးပေါက် ၂၃ ကြိမ် ကန်ခွင့်ရခဲ့တဲ့ လက်ရှိချန်ပီယံတွေ ဒူးထောက်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဝုလ်ဗ်စ်တို့က မန်စီးတီးတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့သလို အဆင့် ၁၃ နေရာအထိ တက်လှမ်းလာနိုင်ခဲ့တဲ့နောက်မှာ လက်ရှိချန်ပီယံတွေကတော့ ကွင်းလယ်က ရိုဒရီ မပါဘဲ ဖရိုဖရဲဖြစ်နေချိန်မှာ အာဆင်နယ်အသင်းနဲ့ လာမယ့်တစ်ပတ်မှာ အဝေးကွင်း အမ်းမရိတ်မှာ သွားကစားရတော့မှာကြောင့် ရှုံးပွဲဆက်မလား စိုးရိမ်စရာဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ အာကန္ဂ်ီ၊ ေဝၚလ္ကာနဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္တဲ့ မက္သီယူးစ္ ႏူးနက္စ္နဲ႔အတူ ကိုဗာခ်စ္ကို တြဲေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ အယ္လ္ဗာရက္ဇ္၊ ဖိုဒန္၊ ဒိုကူးနဲ႔ ဟားလန္းတို႔ကို ခင္းက်င္းလာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဝုလ္ဗာဟမ့္ပ္တန္တို႔ကေတာ့ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ေဒၚဆန္၊ ေကးလ္မန္းနဲ႔ တိုတီတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆီမီဒို၊ ဂ်ာအို ဂိုမက္စ္၊ လီမီနာနဲ႔ အိုက္ႏူရီတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ပက္ဒ႐ို နီတို၊ ဟြမ္းဟီးခ်န္းနဲ႔ မက္သီယူးစ္ ကြန္ညာတို႔ကို ပြဲထုတ္လာခဲ့တာပါ။

ဧည့္သည္နည္းျပ ဂြါဒီယိုလာကေတာ့ ဒီပြဲမတိုင္ခင္မွာ အဝါကတ္သုံးကတ္ ထိထားခဲ့လို႔ ႀကီးၾကပ္ခြင့္ မရခဲ့ဘဲ ပြဲၾကည့္စင္ေပၚကေန အားကစား ဒါ႐ိုက္တာ ဘီဂီရီစတိန္းနဲ႔အတူ ၾကည့္ခဲ့ရသလို လီဗာပူးလ္ကို အားက်ၿပီး ၄-၂-၃-၁ ေျပာင္းတာလား မသိခ်ိန္မွာ ကြင္းလယ္လူစစ္စစ္ သုံးေယာက္နဲ႔ ကစားမွ ပိုအဆင္ေျပတဲ့ မန္စီးတီးတို႔ရဲ႕ ကစားကြက္က အရင္ေလာက္ မေခ်ာေမြ႕ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ အိမ္ရွင္ ဝုလ္ဗ္စ္တို႔ ဂိုးစတင္ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန ကိုဗာခ်စ္ လူေပးမွားလို႔ ပ်က္တာကို ျဖတ္ယူသြားၿပီး မန္စီးတီးဘက္က ဖ်က္ထုတ္ပုံ ညံ့ဖ်င္းခဲ့တဲ့ ဖိုဒန္နဲ႔ အာေကတို႔ကို အရွိန္တင္ၿပီး ေက်ာ္ေျပးသြားခဲ့တဲ့ နီတိုက ဧရိယာထဲအထိ ဆြဲဝင္ၿပီး ဂိုးေရွ႕က ကြန္ညာဆီ အနိမ့္ေဘာ ခ်ိဳးေပးတာကို တားဆီးဖို႔ ႀကိဳးစားတဲ့ ႐ူဘင္ ဒီယက္စ္က အုန္းဂိုးသြင္းမိသြားခဲ့တာပါ။

မန္စီးတီးတို႔ ေဘာလုံးကိုင္ကစားေနခဲ့ေပမယ့္ ဘယ္ေတာင္ပံက ဒိုကူးအေနနဲ႔ တစ္ခ်ိန္လုံး ျဖဳန္းတီးေနခဲ့သလို ဖိုဒန္ရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္မႈနဲ႔ ႐ူဘင္ ဒီယက္စ္ရဲ႕ ဖရီးကစ္ကေန ေခါင္းတိုက္ခ်က္ေတြကိုလည္း ဝုလ္ဗ္စ္ခံစစ္နဲ႔ ဂိုးသမား ဂ်ိဳေဆးဆားတို႔ အမွားအယြင္းမရွိဘဲ ကာကြယ္ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ ကြင္းလယ္မွာ အလုပ္မျဖစ္ခဲ့တဲ့ ႏူးနက္စ္အစား ေအာ္စကာ ေဘာ့ဘ္ကို ထည့္ၿပီး တစ္ဖက္သတ္ ေဘာလုံးကိုင္ထားခဲ့တဲ့ မန္စီးတီးတို႔ စြန႔္စားလာခဲ့သလို ကြင္းလယ္လူစစ္စစ္ ကိုဗာခ်စ္ခ်္ တစ္ေယာက္တည္းနဲ႔ ထိန္းကစားဖို႔ ႀကိဳးစားခဲ့ခ်ိန္မွာ ဒီေန႔ပြဲရဲ႕ အညံ့ဆုံးလို႔ ေျပာလို႔ရတဲ့ အာေကကိုေတာ့ ဝုလ္ဗ္စ္ရဲ႕ နီတိုက ေကာင္တာေတြကေန တစ္ခ်ိန္လုံး ဖိအားေပးေနခဲ့တာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ မန္စီးတီးတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေအာ္စကာ ေဘာ့ဘ္ကို ဂ်ာအို ဂိုမက္ဇ္က ေနာက္က တြန္းလွဲခဲ့လို႔ ရတဲ့ ဧရိယာအစပ္က ဖရီးကစ္ကို အယ္လ္ဗာရက္ဇ္က တိုက္႐ိုက္ကန္သြင္းၿပီး အာ႐ုံစူးစိုက္မႈ ေလ်ာ့ပါးေနတဲ့ ဂိုးသမား ဂ်ိဳေဆးဆားကို အငိုက္ဖမ္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးတို႔ ျပန္လာေတာ့မလားလို႔ ထင္ေနတုန္းမွာပဲ ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဝုလ္ဗ္စ္တို႔က ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူသြားခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဆီမီဒို ျဖတ္တင္ေပးတာကို အာကန္ဂ်ီ ရွင္းထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို ဟြမ္းဟီးခ်န္း ကန္သြင္းရာမွာ ႐ူဘင္ ဒီယက္စ္နဲ႔ထိၿပီး ျပန္ထြက္ခဲ့ေပမယ့္ ကြန္ညာက ထပ္ခင္းေပးခဲ့တာကို ကိုရီးယားသားက ေနာက္တစ္ႀကိမ္ အပိုင္ကန္သြင္းၿပီး အလဲထိုးသြားႏိုင္ခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ကိုဗာခ်စ္ခ်္အစား ကယ္လ္ဗင္ ဖိလစ္၊ အာေကအစား ဂရီးလစ္ရွ္တို႔ကို ထည့္ၿပီး မန္စီးတီးတို႔ တိုက္စစ္ျမင့္ခဲ့ေပမယ့္ ဝုလ္ဗ္စ္တို႔ကလည္း ဂ်ာအို ဂိုမက္စ္၊ အိုက္ႏူရီ၊ ကြန္ညာနဲ႔ ဟြမ္းဟီးခ်န္းတို႔အစား ဘူဘာကာ ထရာအိုေရး၊ ဒိုဟာတီ၊ ဖာဘီယို ေဆးလ္ဗားနဲ႔ ဂြၽန္နီတို႔ကို ထည့္သြင္းၿပီး ပိတ္ကစားသြားခဲ့လို႔ ဂိုးေပါက္ ၂၃ ႀကိမ္ ကန္ခြင့္ရခဲ့တဲ့ လက္ရွိခ်န္ပီယံေတြ ဒူးေထာက္ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဝုလ္ဗ္စ္တို႔က မန္စီးတီးတို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့သလို အဆင့္ ၁၃ ေနရာအထိ တက္လွမ္းလာႏိုင္ခဲ့တဲ့ေနာက္မွာ လက္ရွိခ်န္ပီယံေတြကေတာ့ ကြင္းလယ္က ႐ိုဒရီ မပါဘဲ ဖ႐ိုဖရဲျဖစ္ေနခ်ိန္မွာ အာဆင္နယ္အသင္းနဲ႔ လာမယ့္တစ္ပတ္မွာ အေဝးကြင္း အမ္းမရိတ္မွာ သြားကစားရေတာ့မွာေၾကာင့္ ရႈံးပြဲဆက္မလား စိုးရိမ္စရာျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.