ခရစ္စတယ်လ်ပဲလေ့စ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ကြားရက်မှာ မန်ချက်စတာယူနိုက်တက်ကို သုံးဂိုးပေးပြီး ကာရာဘောင်းဖလားကနေ ထွက်ခဲ့ရမှုကို ဒူးပျံတစ်လုံးနဲ့ အပိုင်ချုပ်တိုက်လိုက်တဲ့ လက်ဝှေ့သမားလိုမျိုးပဲ စိတ်မကြေပွဲမှာ ပြန်ထိုးချိန်မှာ ထိထိရောက်ရောက် တုံ့ပြန်သွားခဲ့သလို ဒီနေ့မှာတော့ အဝေးကွင်း အိုးလ်ထရက်ဖို့ဒ်က ပရီးမီးယားလိဂ်ပွဲစဉ်မှာ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။
အိမ်ရှင် မန်ယူတို့အနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ လင်ဒီလော့ဖ်၊ ဒါလော့နဲ့ အမ်မရာဘတ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ မေဆန်မောင့်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပယ်လစ္စထရီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာပါ။
ဧည့်သည် ပဲလေ့စ်တို့ကတော့ ဂိုးသမား ဂျွန်စတုန်း၊ ခံစစ်မှာ အန်ဒါဆန်၊ ဂေးဟီ၊ ဂျိုးလ် ဝါ့ဒ်နဲ့ မစ်ချဲလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရှိတ်ခ် ဒူကူရေး၊ ဝေလ် ဟယူးချ်၊ ဂျော်ဒန် အာယူး၊ အီဇီနဲ့ ရှလု(ပ်)တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မာတက်တာ တစ်ဦးတည်းကို အထောင် ထားကစားခဲ့တာဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ နှစ်သင်းစလုံးက ကစားသမားအင်အား ချို့တဲ့နေခဲ့သလို ဝန်ဘစ်ဆာကာ၊ လုခ်ရှော၊ မာလာစီယာ၊ ရက်ဂီလွန်နဲ့ မာတီနက်ဇ်တို့ ဒဏ်ရာ ရနေတဲ့ မန်ယူတို့ ဘယ်နောက်ခံမှာ လူမရှိလို့ အမ်မရာဘတ်ကို သုံးခဲ့ရချိန်မှာ ပဲလေ့စ်တို့ဘက်ကတော့ အိုလီဆေး၊ အေဒူယာ၊ လာမာ၊ တွမ်ကင်းစ်၊ အာဟာမာဒါတို့လို ကစားသမားတွေ မပါနိုင်ခဲ့ဘဲ တန်ဟတ်ရော ရွိုင်းဟော့ဆန်ပါ ခေါင်းကိုက်ခဲ့ကြရတာပါ။
မန်ယူခံစစ်သမားတွေက လေးလံလွန်းနေတာကို တွေ့ရပြီး ပဲလေ့စ်ဘက်က ဖြတ်တင်ဘောတွေကို အချိန်ကိုက် ခုခံကာကွယ်ရာမှာ ပြဿနာ များနေခဲ့သလို ပဲလေ့စ်ဘက်ကတော့ အေဒူယာ မပါနိုင်ချိန်မှာ မြားဦးကျိုးသလိုဖြစ်နေခဲ့ပြီး ပွဲချိန် ၁၂ မိနစ်မှာတော့ အိမ်ရှင်တွေအတွက် အကောင်းဆုံး အခွင့်အရေးအဖြစ် ဟွိုင်လန်းက လွတ်ထွက်သွားပြီး ဂိုးသမားကို ကျော်ကန်သွင်းနိုင်ခဲ့တာကို မစ်ချဲလ်က ဂိုးစည်းရှေ့က ရှင်းထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၂၅ မိနစ်မှာတော့ ပဲလေ့စ်တို့ အဖွင့်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းမှာ ရတဲ့ ဖရီးကစ်ကို အီဇီက ကန်တင်ပေးရာမှာ မန်ယူခံစစ်က ခေါင်းတိုက်မရှင်းနိုင်ဘဲ ရှပ်ထိရုံလောက်သာ လုပ်နိုင်ခဲ့လို့ ဧရိယာထဲကို ကျလာခဲ့တဲ့ ဘောလုံးကို နောက်ခံလူ အန်ဒါဆန်က Volley ကန်ချက် ခပ်ပြင်းပြင်းနဲ့ ကန်သွင်းခဲ့ရာမှာ ဖုန်းတစ်ဂိုး အိုနာနာရဲ့ လက်နားကနေပဲ ဝင်သွားခဲ့တာပါ။
မန်ယူခံစစ်က ပိန်းခဲ့ပေမယ့် ပဲလေ့စ်အထောင်တိုက်စစ်မှူး မာတက်တာကတော့ ပိုပိန်းခဲ့တာကြောင့် အခွင့်အရေးတွေကို ဖြုန်းတီးပစ်နေခဲ့ပြီး အိမ်ရှင်တွေဘက်က ကာစီမီရိုရဲ့ အဝေးကန်ချက်နဲ့ ခေါင်းတိုက်ချက်တွေကတော့ ဘားပေါ်တိုင်ဘေးနဲ့ ထိုင်ငေးနေခဲ့ရတာကြောင့် ဟင်ဟာတောက်ကျွတ်နဲ့ ပရိသတ်တွေ စိတ်ပျက်ခဲ့ရပြီး ပထမပိုင်းကို ဧည့်သည်တွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပါတယ်။
ဒုတိယပိုင်းမှာလည်း မန်ယူတို့ပဲ ဖိကစားခဲ့သလို ပဲလေ့စ်တို့ကတော့ တစ်ခါတစ်လေမှ ခြိမ်းခြောက်နိုင်ခဲ့ပြီး ဝေလ် ဟယူးချ်ရဲ့ ကန်ချက်ကိုတော့ ဂိုးပေါက်တည့်တိုင်း ဂိုးတာ မဟုတ်ဘဲ သူ့ဆီ တည့်တည့်လာလို့ ရှောင်မရရင်တော့ မဂိုးကြောင်း အိုနာနာက ပြသွားခဲ့တဲ့နောက် ပယ်လစ္စထရီ၊ ရက်ရှ်ဖို့ဒ်၊ မောင့်၊ ဗာရွန်းနဲ့ လင်ဒီလော့ဖ်တို့အစား ဂါနာချို၊ အဲရစ်ဆန်၊ မာစီယယ်လ်၊ မက်ဂွိုင်းယားနဲ့ ဗန်ဒဘိခ်တို့ကို လဲပြီး အိမ်ရှင်တွေ တိုက်စစ်မြှင့်ခဲ့ကြတာပါ။
သို့သော်ငြားလည်း အနိုင်ဆိုတာ မြန်မာအဆိုတော်သာဖြစ်ပြီး မန်ယူပရိသတ် မဟုတ်တာကြောင့် အိမ်ကွင်းမှာ အရှုံးနဲ့သာ ကျေနပ်ခဲ့ကြရသလို ကာရာဘောင်းဖလားမှာ အချိုရည်သုံးလုံးတိုက်ခဲ့ရတဲ့ ပဲလေ့စ်တို့အနေနဲ့ အိပ်မက်ကဇာတ်ရုံမှာ နန်းတော်ရှေ့က အိုးထွက်ဖုတ် ဇာတ်ထုပ်ကို ကပြခဲ့ကြပြီး အဆင့် ၉ အထိ တက်လှမ်းခဲ့ကြချိန်မှာ တန်ဟတ်ကတော့ ဒီရာသီ ၇ ပွဲမှာ ၄ ပွဲမြောက် အရှုံးနဲ့ နေကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ခရစၥတယ္လ္ပဲေလ့စ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ၾကားရက္မွာ မန္ခ်က္စတာယူႏိုက္တက္ကို သုံးဂိုးေပးၿပီး ကာရာေဘာင္းဖလားကေန ထြက္ခဲ့ရမႈကို ဒူးပ်ံတစ္လုံးနဲ႔ အပိုင္ခ်ဳပ္တိုက္လိုက္တဲ့ လက္ေဝွ႔သမားလိုမ်ိဳးပဲ စိတ္မေၾကပြဲမွာ ျပန္ထိုးခ်ိန္မွာ ထိထိေရာက္ေရာက္ တုံ႔ျပန္သြားခဲ့သလို ဒီေန႔မွာေတာ့ အေဝးကြင္း အိုးလ္ထရက္ဖို႔ဒ္က ပရီးမီးယားလိဂ္ပြဲစဥ္မွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။
အိမ္ရွင္ မန္ယူတို႔အေနနဲ႔ ဒီေန႔မွာ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ ဗာ႐ြန္း၊ လင္ဒီေလာ့ဖ္၊ ဒါေလာ့နဲ႔ အမ္မရာဘတ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ ေမဆန္ေမာင့္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ပယ္လစၥထရီ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဟြိဳင္လန္းတို႔ကို ပြဲထုတ္လာခဲ့တာပါ။
ဧည့္သည္ ပဲေလ့စ္တို႔ကေတာ့ ဂိုးသမား ဂြၽန္စတုန္း၊ ခံစစ္မွာ အန္ဒါဆန္၊ ေဂးဟီ၊ ဂ်ိဳးလ္ ဝါ့ဒ္နဲ႔ မစ္ခ်ဲလ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရွိတ္ခ္ ဒူကူေရး၊ ေဝလ္ ဟယူးခ်္၊ ေဂ်ာ္ဒန္ အာယူး၊ အီဇီနဲ႔ ရွလု(ပ္)တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မာတက္တာ တစ္ဦးတည္းကို အေထာင္ ထားကစားခဲ့တာျဖစ္ပါတယ္။
ဒီေန႔ပြဲမွာ ႏွစ္သင္းစလုံးက ကစားသမားအင္အား ခ်ိဳ႕တဲ့ေနခဲ့သလို ဝန္ဘစ္ဆာကာ၊ လုခ္ေရွာ၊ မာလာစီယာ၊ ရက္ဂီလြန္နဲ႔ မာတီနက္ဇ္တို႔ ဒဏ္ရာ ရေနတဲ့ မန္ယူတို႔ ဘယ္ေနာက္ခံမွာ လူမရွိလို႔ အမ္မရာဘတ္ကို သုံးခဲ့ရခ်ိန္မွာ ပဲေလ့စ္တို႔ဘက္ကေတာ့ အိုလီေဆး၊ ေအဒူယာ၊ လာမာ၊ တြမ္ကင္းစ္၊ အာဟာမာဒါတို႔လို ကစားသမားေတြ မပါႏိုင္ခဲ့ဘဲ တန္ဟတ္ေရာ ႐ြိဳင္းေဟာ့ဆန္ပါ ေခါင္းကိုက္ခဲ့ၾကရတာပါ။
မန္ယူခံစစ္သမားေတြက ေလးလံလြန္းေနတာကို ေတြ႕ရၿပီး ပဲေလ့စ္ဘက္က ျဖတ္တင္ေဘာေတြကို အခ်ိန္ကိုက္ ခုခံကာကြယ္ရာမွာ ျပႆနာ မ်ားေနခဲ့သလို ပဲေလ့စ္ဘက္ကေတာ့ ေအဒူယာ မပါႏိုင္ခ်ိန္မွာ ျမားဦးက်ိဳးသလိုျဖစ္ေနခဲ့ၿပီး ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ အိမ္ရွင္ေတြအတြက္ အေကာင္းဆုံး အခြင့္အေရးအျဖစ္ ဟြိဳင္လန္းက လြတ္ထြက္သြားၿပီး ဂိုးသမားကို ေက်ာ္ကန္သြင္းႏိုင္ခဲ့တာကို မစ္ခ်ဲလ္က ဂိုးစည္းေရွ႕က ရွင္းထုတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ပဲေလ့စ္တို႔ အဖြင့္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းမွာ ရတဲ့ ဖရီးကစ္ကို အီဇီက ကန္တင္ေပးရာမွာ မန္ယူခံစစ္က ေခါင္းတိုက္မရွင္းႏိုင္ဘဲ ရွပ္ထိ႐ုံေလာက္သာ လုပ္ႏိုင္ခဲ့လို႔ ဧရိယာထဲကို က်လာခဲ့တဲ့ ေဘာလုံးကို ေနာက္ခံလူ အန္ဒါဆန္က Volley ကန္ခ်က္ ခပ္ျပင္းျပင္းနဲ႔ ကန္သြင္းခဲ့ရာမွာ ဖုန္းတစ္ဂိုး အိုနာနာရဲ႕ လက္နားကေနပဲ ဝင္သြားခဲ့တာပါ။
မန္ယူခံစစ္က ပိန္းခဲ့ေပမယ့္ ပဲေလ့စ္အေထာင္တိုက္စစ္မႉး မာတက္တာကေတာ့ ပိုပိန္းခဲ့တာေၾကာင့္ အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ေနခဲ့ၿပီး အိမ္ရွင္ေတြဘက္က ကာစီမီ႐ိုရဲ႕ အေဝးကန္ခ်က္နဲ႔ ေခါင္းတိုက္ခ်က္ေတြကေတာ့ ဘားေပၚတိုင္ေဘးနဲ႔ ထိုင္ေငးေနခဲ့ရတာေၾကာင့္ ဟင္ဟာေတာက္ကြၽတ္နဲ႔ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရၿပီး ပထမပိုင္းကို ဧည့္သည္ေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကပါတယ္။
ဒုတိယပိုင္းမွာလည္း မန္ယူတို႔ပဲ ဖိကစားခဲ့သလို ပဲေလ့စ္တို႔ကေတာ့ တစ္ခါတစ္ေလမွ ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ေဝလ္ ဟယူးခ်္ရဲ႕ ကန္ခ်က္ကိုေတာ့ ဂိုးေပါက္တည့္တိုင္း ဂိုးတာ မဟုတ္ဘဲ သူ႔ဆီ တည့္တည့္လာလို႔ ေရွာင္မရရင္ေတာ့ မဂိုးေၾကာင္း အိုနာနာက ျပသြားခဲ့တဲ့ေနာက္ ပယ္လစၥထရီ၊ ရက္ရွ္ဖို႔ဒ္၊ ေမာင့္၊ ဗာ႐ြန္းနဲ႔ လင္ဒီေလာ့ဖ္တို႔အစား ဂါနာခ်ိဳ၊ အဲရစ္ဆန္၊ မာစီယယ္လ္၊ မက္ဂြိဳင္းယားနဲ႔ ဗန္ဒဘိခ္တို႔ကို လဲၿပီး အိမ္ရွင္ေတြ တိုက္စစ္ျမႇင့္ခဲ့ၾကတာပါ။
သို႔ေသာ္ျငားလည္း အႏိုင္ဆိုတာ ျမန္မာအဆိုေတာ္သာျဖစ္ၿပီး မန္ယူပရိသတ္ မဟုတ္တာေၾကာင့္ အိမ္ကြင္းမွာ အရႈံးနဲ႔သာ ေက်နပ္ခဲ့ၾကရသလို ကာရာေဘာင္းဖလားမွာ အခ်ိဳရည္သုံးလုံးတိုက္ခဲ့ရတဲ့ ပဲေလ့စ္တို႔အေနနဲ႔ အိပ္မက္ကဇာတ္႐ုံမွာ နန္းေတာ္ေရွ႕က အိုးထြက္ဖုတ္ ဇာတ္ထုပ္ကို ကျပခဲ့ၾကၿပီး အဆင့္ ၉ အထိ တက္လွမ္းခဲ့ၾကခ်ိန္မွာ တန္ဟတ္ကေတာ့ ဒီရာသီ ၇ ပြဲမွာ ၄ ပြဲေျမာက္ အရႈံးနဲ႔ ေနေကာင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.