Match Report Premier League

ဘုန်းမောက်ကွင်းမှာ အနိုင်ယူပြီး မန်စီးတီးကို တစ်မှတ်ကွာနဲ့ ဖိအားပေးတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ ဂျေဆူးစ်နဲ့ နကီးတီးယားတို့ကိုပဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘုန်းမောက်တို့ကတော့ ဂိုးသမား နီတို၊ ခံစစ်မှာ ဆီနက်ဆီ၊ ဇာဘာညီ၊ မက်စ် အာရွန်စ်နဲ့ ကာကက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ လူးဝစ္စ ကွတ်ခ်၊ ခရစ္စတီး၊ တာဗားနီးယာ၊ ဘီလင်းနဲ့ ကလွိုက်ဗတ်တို့ကို ကစားစေခဲ့ပြီး တိုက်စစ်မှာတော့ ဆိုလန်ကီတစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

အာဆင်နယ်တို့ရဲ့ ကစားကွက်တည်မရအောင် ဘုန်းမောက်တို့ တတ်နိုင်သလောက် ရှေ့တက်ပြီး Pressing ကစားသွားခဲ့တာကြောင့် အာတီတာရဲ့ လူတွေ စိတ်ကြိုက်ကစားနိုင်ဖို့ ခက်ခဲနေခဲ့ပြီး တိုက်စစ်ကို သွားဖို့ ရုန်းကန်ခဲ့ရချိန်မှာ ချီးကျူးလောက်သူကတော့ ဂိုးသမား ရာယာပဲဖြစ်သလို ဘောလုံးကို တည်တည်ငြိမ်ငြိမ် ကိုင်ပြီးမှ Killer Pass တချို့ကို လုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ အော်ဒီဂွါဒ်ရဲ့ အဝေးတိုင်ဘက်ဆီ ဖြတ်တင်ပေးပို့မှုကို ဂျေဆူးစ်က ထောင့်ကျဉ်းအနေအထားကနေ ခေါင်းတိုက်သွင်းရာမှာ ဘားထိပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဆာကာက မြေထောက်ပြီး ထပ်ဆင့်ခေါင်းတိုက်သွင်းခဲ့လို့ ဧည့်သည်တွေ ဦးဆောင်နိုင်ခဲ့တာပါ။

ဒီဂိုးရအပြီးမှာ ဘုန်းမောက်တို့ ကစားအားတင်ခဲ့ကြသလို ခပ်ကြမ်းကြမ်း ကစားမှုတွေကိုလည်း မျက်ကွယ်ပြုခဲ့လို့ အဝေးကွင်းလိုက်လာတဲ့ အာဆင်နယ်ပရိသတ်တွေကတော့ ဒိုင်လူကြီး ဆာလစ္စဘာရီကို ဝိုင်းဝန်းလှောင်ပြောင်သွားခဲ့ကြသလို ဂန်းနားတွေကတော့ ဘောင်ထဲကနေပဲ အကောင်းဆုံး တုံ့ပြန်သွားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဇင်ချန်ကို ထိုးပေးလိုက်တဲ့ ဘောလုံးကို ဆွဲပြေးခဲ့တဲ့ နကီးတီးယားကို ဧရိယာထဲမှာ အာရွန်စ်က ခြေထိုးခံခဲ့လို့ ရခဲ့တဲ့ ပင်နယ်တီကို ဆာကာ မကန်ဘဲ အသင်းကပ္ပတိန် အော်ဒီဂွါဒ်က တည်တည်ငြိမ်ငြိမ် ကန်သွင်းပြီး ဂိုးသမား နီတိုကို အနိုင်ယူသွားခဲ့တာပါ။

ပထမပိုင်းကို အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း ဆက်လက်ထိန်းချုပ်ကစားနေကြချိန်မှာ ဘုန်းမောက်တို့အတွက်တော့ နည်းပြ အီရာယိုလာရဲ့ အဖြစ်မရှိမှုက တိုက်စစ်နဲ့ ဂိုးသွင်းလေ့ကျင့်ခန်းရော ထရိန်နင်မှာ ပါရဲ့လားလို့ မေးရအောင်ဖြစ်ခဲ့ပြီး ဆိုလန်ကီတစ်ဦးတည်း ရုန်းကန်နေခဲ့ရပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယ အနိုင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထဲမှာ ဘောလုံးရပြီး ကန်သွင်းဖို့ ကြိုးစားတဲ့ အော်ဒီဂွါဒ်ကို ဘောလုံးမထိဘဲ လျှောထိုးဖျက်ခဲ့တဲ့ ခရစ္စတီးကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဒီတစ်ကြိမ်မှာတော့ ဂိုးပေါက်မတွေ့နိုင်သေးတဲ့ ဟာဗတ်ဇ်က ကန်သွင်းသူဖြစ်ခဲ့ပြီး ပထမ ပင်နယ်တီက ပုံစံအတိုင်းပဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

ဒီနောက်မှာတော့ အာဆင်နယ်တို့ ကစားအားချပြီး ပွဲကို ထိန်းသွားခဲ့သလို နကီးတီးယား၊ ဇင်ချန်ကို၊ ဆာကာ၊ ရိုက်စ်နဲ့ ဟာဗတ်ဇ်တို့အစား နယ်လ်ဆန်၊ တိုမီယာစု၊ ဖာဘီယို ဗီယာရာ၊ ဂျော်ဂျင်ညိုနဲ့ စမစ်ရိုးတို့ကို ထည့်သွင်းသွားခဲ့ပြီး ဘုန်းမောက်တို့ကတော့ ကလွိုက်ဗတ်၊ တာဗားနီးယာ၊ ဘီလင်း၊ ကာကက်ဇ်နဲ့ ခရစ္စတီးတို့အစား ဝက်တာရာ၊ ဆီနီစတယ်ရာ၊ ရော့သ်ဝဲလ်၊ ဆီမင်ညိုနဲ့ အက်ဒမ် စမစ်တို့ကို လဲကစားသွားခဲ့ပါတယ်။

ဘုန်းမောက်တို့ရဲ့ တစ်လုံးတည်းသော ဂိုးပေါက်တည့်မှုကို ရာယာက အေးအေးဆေးဆေး ဖမ်းယူသွားခဲ့သလို အာဆင်နယ်ခံစစ်က ဆာလီဘာနဲ့ ဂါဘရီယယ်လ်တို့ကလည်း လုံခြုံစွာ ပိတ်ဆို့သွားခဲ့ပြီး စမစ်ရိုးရဲ့ ကန်ချက်နှစ်ကြိမ်ကိုတော့ နီတို လက်စွမ်းပြပြီး ပုတ်ထုတ်သွားနိုင်ခဲ့လို့ အိမ်ရှင်တွေ သက်သာခဲ့ရတာပါ။

ဒါပေမယ့် နာကျင်အချိန်ပို ၄ မိနစ်မှာတော့ အာဆင်နယ်တို့ စတုတ္ထ အနိုင်ဂိုးကို ထပ်မံသွင်းယူ ပွဲသိမ်းသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ အော်ဒီဂွါဒ်က တိုင်မင်အနည်းငယ်လှည့်စားပြီးမှ ကန်တင်ပေးခဲ့ရာမှာ ဘုန်းမောက်ခံစစ် ဖရိုဖရဲဖြစ်သွားခဲ့လို့ လွတ်ထွက်သွားခဲ့တဲ့ ဘန်ဝှိုက်က နောက်ပြန်ခေါင်းတိုက်ချက်နဲ့ ဘောလုံးကို ဂိုးထဲ ပို့ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့ ဘုန်းမောက်တို့ကို အဝေးကွင်းမှာ လေးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာအထိ တက်လှမ်းနိုင်ခဲ့ကြသလို ရှုံးနိမ့်သွားခဲ့တဲ့ မန်ချက်စတာစီးတီးတို့ကို လာမယ့်ပွဲမှာ မတွေ့ဆုံခင် တစ်မှတ်အကွာက ဖိအားပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ စပါးစ်နဲ့ ပွဲမှာ သရေကျခဲ့မှုကတော့ ဒီနေ့မှာ အမှတ်ပေးဇယားထိပ် တက်နိုင်ခွင့်ကို လက်လွှတ်ခဲ့ရစေတာကြောင့် နှမြောစရာဖြစ်ခဲ့ရကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ေအာ္ဒီဂြါဒ္နဲ႔ ဟာဗတ္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ ေဂ်ဆူးစ္နဲ႔ နကီးတီးယားတို႔ကိုပဲ ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘုန္းေမာက္တို႔ကေတာ့ ဂိုးသမား နီတို၊ ခံစစ္မွာ ဆီနက္ဆီ၊ ဇာဘာညီ၊ မက္စ္ အာ႐ြန္စ္နဲ႔ ကာကက္ဇ္တို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ လူးဝစၥ ကြတ္ခ္၊ ခရစၥတီး၊ တာဗားနီးယာ၊ ဘီလင္းနဲ႔ ကလြိဳက္ဗတ္တို႔ကို ကစားေစခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆိုလန္ကီတစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

အာဆင္နယ္တို႔ရဲ႕ ကစားကြက္တည္မရေအာင္ ဘုန္းေမာက္တို႔ တတ္ႏိုင္သေလာက္ ေရွ႕တက္ၿပီး Pressing ကစားသြားခဲ့တာေၾကာင့္ အာတီတာရဲ႕ လူေတြ စိတ္ႀကိဳက္ကစားႏိုင္ဖို႔ ခက္ခဲေနခဲ့ၿပီး တိုက္စစ္ကို သြားဖို႔ ႐ုန္းကန္ခဲ့ရခ်ိန္မွာ ခ်ီးက်ဴးေလာက္သူကေတာ့ ဂိုးသမား ရာယာပဲျဖစ္သလို ေဘာလုံးကို တည္တည္ၿငိမ္ၿငိမ္ ကိုင္ၿပီးမွ Killer Pass တခ်ိဳ႕ကို လုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ေအာ္ဒီဂြါဒ္ရဲ႕ အေဝးတိုင္ဘက္ဆီ ျဖတ္တင္ေပးပို႔မႈကို ေဂ်ဆူးစ္က ေထာင့္က်ဥ္းအေနအထားကေန ေခါင္းတိုက္သြင္းရာမွာ ဘားထိၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ဆာကာက ေျမေထာက္ၿပီး ထပ္ဆင့္ေခါင္းတိုက္သြင္းခဲ့လို႔ ဧည့္သည္ေတြ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒီဂိုးရအၿပီးမွာ ဘုန္းေမာက္တို႔ ကစားအားတင္ခဲ့ၾကသလို ခပ္ၾကမ္းၾကမ္း ကစားမႈေတြကိုလည္း မ်က္ကြယ္ျပဳခဲ့လို႔ အေဝးကြင္းလိုက္လာတဲ့ အာဆင္နယ္ပရိသတ္ေတြကေတာ့ ဒိုင္လူႀကီး ဆာလစၥဘာရီကို ဝိုင္းဝန္းေလွာင္ေျပာင္သြားခဲ့ၾကသလို ဂန္းနားေတြကေတာ့ ေဘာင္ထဲကေနပဲ အေကာင္းဆုံး တုံ႔ျပန္သြားခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဇင္ခ်န္ကို ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဆြဲေျပးခဲ့တဲ့ နကီးတီးယားကို ဧရိယာထဲမွာ အာ႐ြန္စ္က ေျခထိုးခံခဲ့လို႔ ရခဲ့တဲ့ ပင္နယ္တီကို ဆာကာ မကန္ဘဲ အသင္းကပၸတိန္ ေအာ္ဒီဂြါဒ္က တည္တည္ၿငိမ္ၿငိမ္ ကန္သြင္းၿပီး ဂိုးသမား နီတိုကို အႏိုင္ယူသြားခဲ့တာပါ။

ပထမပိုင္းကို အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း ဆက္လက္ထိန္းခ်ဳပ္ကစားေနၾကခ်ိန္မွာ ဘုန္းေမာက္တို႔အတြက္ေတာ့ နည္းျပ အီရာယိုလာရဲ႕ အျဖစ္မရွိမႈက တိုက္စစ္နဲ႔ ဂိုးသြင္းေလ့က်င့္ခန္းေရာ ထရိန္နင္မွာ ပါရဲ႕လားလို႔ ေမးရေအာင္ျဖစ္ခဲ့ၿပီး ဆိုလန္ကီတစ္ဦးတည္း ႐ုန္းကန္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တတိယ အႏိုင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထဲမွာ ေဘာလုံးရၿပီး ကန္သြင္းဖို႔ ႀကိဳးစားတဲ့ ေအာ္ဒီဂြါဒ္ကို ေဘာလုံးမထိဘဲ ေလွ်ာထိုးဖ်က္ခဲ့တဲ့ ခရစၥတီးေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဒီတစ္ႀကိမ္မွာေတာ့ ဂိုးေပါက္မေတြ႕ႏိုင္ေသးတဲ့ ဟာဗတ္ဇ္က ကန္သြင္းသူျဖစ္ခဲ့ၿပီး ပထမ ပင္နယ္တီက ပုံစံအတိုင္းပဲ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။

ဒီေနာက္မွာေတာ့ အာဆင္နယ္တို႔ ကစားအားခ်ၿပီး ပြဲကို ထိန္းသြားခဲ့သလို နကီးတီးယား၊ ဇင္ခ်န္ကို၊ ဆာကာ၊ ႐ိုက္စ္နဲ႔ ဟာဗတ္ဇ္တို႔အစား နယ္လ္ဆန္၊ တိုမီယာစု၊ ဖာဘီယို ဗီယာရာ၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ စမစ္႐ိုးတို႔ကို ထည့္သြင္းသြားခဲ့ၿပီး ဘုန္းေမာက္တို႔ကေတာ့ ကလြိဳက္ဗတ္၊ တာဗားနီးယာ၊ ဘီလင္း၊ ကာကက္ဇ္နဲ႔ ခရစၥတီးတို႔အစား ဝက္တာရာ၊ ဆီနီစတယ္ရာ၊ ေရာ့သ္ဝဲလ္၊ ဆီမင္ညိဳနဲ႔ အက္ဒမ္ စမစ္တို႔ကို လဲကစားသြားခဲ့ပါတယ္။

ဘုန္းေမာက္တို႔ရဲ႕ တစ္လုံးတည္းေသာ ဂိုးေပါက္တည့္မႈကို ရာယာက ေအးေအးေဆးေဆး ဖမ္းယူသြားခဲ့သလို အာဆင္နယ္ခံစစ္က ဆာလီဘာနဲ႔ ဂါဘရီယယ္လ္တို႔ကလည္း လုံၿခဳံစြာ ပိတ္ဆို႔သြားခဲ့ၿပီး စမစ္႐ိုးရဲ႕ ကန္ခ်က္ႏွစ္ႀကိမ္ကိုေတာ့ နီတို လက္စြမ္းျပၿပီး ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ သက္သာခဲ့ရတာပါ။

ဒါေပမယ့္ နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ စတုတၳ အႏိုင္ဂိုးကို ထပ္မံသြင္းယူ ပြဲသိမ္းသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းမွာ ရရွိခဲ့တဲ့ ဖရီးကစ္ကေန ေအာ္ဒီဂြါဒ္က တိုင္မင္အနည္းငယ္လွည့္စားၿပီးမွ ကန္တင္ေပးခဲ့ရာမွာ ဘုန္းေမာက္ခံစစ္ ဖ႐ိုဖရဲျဖစ္သြားခဲ့လို႔ လြတ္ထြက္သြားခဲ့တဲ့ ဘန္ဝႈိက္က ေနာက္ျပန္ေခါင္းတိုက္ခ်က္နဲ႔ ေဘာလုံးကို ဂိုးထဲ ပို႔ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔ ဘုန္းေမာက္တို႔ကို အေဝးကြင္းမွာ ေလးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံခဲ့ၿပီး အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာအထိ တက္လွမ္းႏိုင္ခဲ့ၾကသလို ရႈံးနိမ့္သြားခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔ကို လာမယ့္ပြဲမွာ မေတြ႕ဆုံခင္ တစ္မွတ္အကြာက ဖိအားေပးႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ စပါးစ္နဲ႔ ပြဲမွာ သေရက်ခဲ့မႈကေတာ့ ဒီေန႔မွာ အမွတ္ေပးဇယားထိပ္ တက္ႏိုင္ခြင့္ကို လက္လႊတ္ခဲ့ရေစတာေၾကာင့္ ႏွေျမာစရာျဖစ္ခဲ့ရေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.