Match Report Premier League

PGMOL/VAR/EPL ဒိုင်တွေရဲ့ ယုတ်မာမှုအစွမ်းနဲ့ လီဗာပူးလ်ကို အနိုင်ယူခဲ့တဲ့ စပါးစ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ကို အန်းဖီးလ်မှာ ဘယ်သူမှ မယှဉ်နိုင်မှန်းသိလို့ အဝေးကွင်းရောက်တုန်း အခွင့်ကောင်းယူပြီး ဖိနှိပ်မယ်လို့ ဆုံးဖြတ်ထားသလား မသိသူတွေရဲ့ လိုရာကြိုးဆွဲမှုကို ခံခဲ့ရပြီး VAR လို့ ခေါ်ဖို့ထက် ပရီးမီးယားလိဂ်ရဲ့ အလိုဆန္ဒလားလို့ မေးရမယ့် ပွဲမျိုးမှာ စပါးစ်ကွင်းက နောက်ဆုံးမိနစ်မှာတော့ ဖိအားဝင်ပြီး ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် စပါးစ်တို့အနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ ရိုမဲရိုး၊ ဗန်ဒဗင်၊ ပက်ဒရို ပေါ်ရိုနဲ့ အူဒိုဂီတို့ကိုပဲ ဆက်လက်အသုံးပြုလာခဲ့သလို ကွင်းလယ်မှာတော့ ပါပီ မာတာ ဆားရ်၊ ဘီဆူးမားနဲ့ မက်ဒီဆန်တို့ကို အထိုင်ချလာခဲ့ပြီး တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ရစ်ချာလစ်ဆန်နဲ့ ဆွန်ဟောင်မင်တို့ကို ပွဲထုတ်လာခဲ့တာပါ။

ဧည့်သည် လီဗာပူးလ်တို့ကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ မာတစ်ပ်၊ ဂျိုးဂိုမက်ဇ်နဲ့ ရောဘတ်ဆန်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာ မက္ကယ်လစ္စတာ၊ ဆိုဘော့ဆ်လိုင်းနဲ့ ကားတစ်ဂျုံးစ်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာ‌တော့ ဆာလား၊ လူးဝစ် ဒီယက်ဇ်နဲ့ ဂက်ခ်ပိုတို့ကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တို့ ညာခြမ်းခံစစ်က ဂျိုးဂိုမက်ဇ်က နောက်တန်းအစွန်လူထက် အတွင်းလူတစ်ယောက်နဲ့ ပိုတူနေခဲ့တာကြောင့် Wide Area တွေမှာ တစ်ဖက်တိုက်စစ်ကို တားဆီးနိုင်မှု အားနည်းခဲ့တာကို တွေ့မြင်ခဲ့ရပြီး ကလော့ပ်အနေနဲ့ သူ့ရဲ့ တိုက်စစ်ကို ဘယ်တောင်ပံကိုပဲ ပိုမိုအားကိုးခဲ့ရသလို ပွဲချိန် ၁၃ မိနစ်မှာ ဂက်ခ်ပိုနဲ့ ရောဘတ်ဆန်တို့ရဲ့ ကန်ချက်နှစ်ကြိမ်ဆက်တိုက်ကို စပါးစ်ဂိုးသမား ဗီကာရီယို ကာကွယ်နိုင်ခဲ့လို့ အဖွင့်မလှဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၂၄ မိနစ်မှာတော့ ဘီဆူးမားရဲ့ ခြေကျင်းဝတ်အထက်ကို တက်နင်းမိတဲ့ ကားတစ်ဂျုံးစ်ကို VAR က အနီနဲ့ ထုတ်ပယ်ဖို့ အကြံပြုခဲ့တာကြောင့် လီဗာပူးလ်တို့ ဆယ်ယောက်နဲ့ ကစားခဲ့ကြရပြီး ဒီနောက်မှာတော့ ပွဲကို စပါးစ်တို့က ပိုမိုထိန်းချုပ်သွားခဲ့ကြသလို ဧည့်သည်တွေကတော့ ကောင်တာကိုပဲ အားပြုခဲ့ရပြီး အဆင်မပြေမဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာ ညာခြမ်းက လက်ပစ်ဘောကနေ ဆာလားက ဗန်ဒဗင်ကို ဖြတ်ကျော်ပြီး ခင်းပေးလိုက်တဲ့ ဘောလုံးကို လူးဝစ် ဒီယက်ဇ်က စပါးစ်နောက်ခံလူ ပေါ်ရိုနဲ့ ယှဉ်ပြေးပြီး အဝေးတိုင်ဘက်ကို အနိမ့်ဘော ချိုးကန်သွင်းခဲ့ရာမှာ ဂိုးဝင်သွားခဲ့ပေမယ့် VAR ရဲ့ ယုတ်မာမှုကတော့ ပြောစမှတ် တွင်လောက်အောင်ဖြစ်ခဲ့ရသလို ဘယ်လို လိုင်းဆွဲဆွဲ မကျွံတာကို လူကျွံတယ်လုပ်ပြီး ပယ်ချသွားခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာ စပါးစ်တို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ အထူအပါး နားမလည်တဲ့ ဂျိုးဂိုမက်ဇ်ကို အသာလေး ကျော်ပြေးပြီး လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ ရစ်ချာလစ်ဆန်က ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ ညံ့ဖျင်းလွန်းတဲ့ ဗန်ဒိုက်နဲ့ မာတစ်ပ်တို့ နှစ်ယောက်ကြားက ပြေးထွက်သွားခဲ့တဲ့ ဆွန်ဟောင်မင်က အနီးကပ် ပိတ်သွင်းယူသွားနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပို ၄ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ညာခြမ်းကနေ ဆိုဘော့ဆ်လိုင်းက ဂိုးရှေ့ ထောင့်ဖြတ်တင်ပေးခဲ့ရာမှာ အဝေးတိုင်ဘက်မှာ နေရာယူထားခဲ့တဲ့ ဗန်ဒိုက်က ဂိုးရှေ့ကို ခေါင်းတိုက်ချပေးခဲ့တဲ့ ဘောလုံးကို ဂက်ခ်ပိုက ခပ်တုံးတုံး ရိုမဲရိုးနဲ့ ဗန်ဒဗင်တို့ကြားက ရယူပြီး နောက်ပြန်အနေအထားကနေ တစ်ပတ်လှည့်ကန်သွင်းယူသွားခဲ့တာပါ။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ နည်းပြ ကလော့ပ်အနေနဲ့ နံပါတ် ၁၀ ပုံစံ ကစားပြီး ကွင်းလယ်ကို အားဖြည့်ဖို့ ဂိုးသွင်းရှင် ဂက်ခ်ပိုအစား ဂျိုတာကို ထည့်သွင်းခဲ့တဲ့ စွန့်စားမှုကို လုပ်ခဲ့ပြီး ဒါက ပရိသတ်တွေအတွက်တော့ သိပ်ပြီး သဘောကျစရာ မရှိခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့သလို ဆက်တိုက်ပဲ စပါးစ်တို့ ဖိတာခံနေခဲ့ရပြီး ဂိုးသမား အယ်လစ်ဆန် ကောင်းလွန်းနေခဲ့လို့သာ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာ ရစ်ချာလစ်ဆန်က ဘယ်တောင်ပံက ပြေးထွက်ပြီး ချိုးပေးရာမှာ ပထမဂိုးကအတိုင်းပဲ ဆွန်ဟောင်မင်က သွင်းယူနိုင်ခဲ့ပေမယ့် လူကျွံဘောဖြစ်နေခဲ့သလို ကလော့ပ် ထည့်သွင်းလိုက်တဲ့ ဂျိုတာကတော့ နှစ်မိနစ်အတွင်း နှစ်ဝါထိပြီး ပွဲချိန်မိနစ် ၇၀ မှာ ဟောင်းဝပ် ဝက်ဘ် သေလို့ ဝင်စားသလား မသိတဲ့ ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးရဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် လီဗာပူးလ်တို့ ကိုးယောက်ဖြစ်သွားခဲ့တာပါ။

ဒီနောက်မှာတော့ လီဗာပူးလ်တို့ဘက်က လူးဝစ် ဒီယက်ဇ်၊ ဂျိုးဂိုမက်ဇ်၊ ဆာလားနဲ့ မက္ကယ်လစ္စတာတို့အစား အန်ဒို၊ ကိုနာတေ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဂရာဗင်ဘာ့ချ်တို့ကို ထည့်သွင်းပြီး ခံစစ်ကို ပိတ်ကစားဖို့ လုပ်လာခဲ့သလို စပါးစ်တို့ဘက်ကတော့ ဆွန်ဟောင်မင်၊ အူဒိုဂီ၊ ဆားရ်၊ မက်ဒီဆန်နဲ့ ဘီဆူးမားတို့အစား ဆော်လမွန်၊ ဒေးဗီးစ်၊ စကစ်ပ်၊ ဗယ်လစ်ဇ်နဲ့ ဟွိုင်ဘယာ့ဂ်တို့ကို လဲကစားသွားခဲ့ပါတယ်။

နာကျင်အချိန်ပို ၅ မိနစ်မှာတော့ လီဗာပူးလ်တို့ ကံဆိုးသွားခဲ့ပြီး စပါးစ်တို့ကို အနိုင်ဂိုး ပေးခဲ့ရသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ လွတ်နေခဲ့တဲ့ ပေါ်ရိုက ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ စကစ်ပ်ရဲ့ ဂိုးသွင်းယူနိုင်မှုကို တားဆီးတဲ့အနေနဲ့ ရှင်းထုတ်ဖို့ ကြိုးစားတဲ့ မာတစ်ပ်က မက်ဂွိုင်းယားဆန်ဆန် ကန်ချက်နဲ့ အုန်းဂိုးသွင်းယူသွားခဲ့လို့ တစ်ချိန်လုံး လက်စွမ်းပြနေတဲ့ အယ်လစ်ဆန် စိတ်ပျက်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ လုပ်ပွဲဆိုတာ ဒိုင်တွေက ဖန်တီးတာပါဆိုတဲ့ စကားအတိုင်းပဲ လီဗာပူးလ်တို့ကို နည်းလမ်းမျိုးစုံနဲ့ နှိပ်စက်ဆွဲချပြီး မရှုံး ရှုံးအောင်လုပ်ခဲ့တဲ့ ပရီးမီးယားလိဂ်မာဖီးယားတစ်ဖြစ်လဲ PGMOL နဲ့ VAR တို့ကြောင့် စပါးစ်တို့က နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီး ဒုတိယနေရာကို ရယူနိုင်ခဲ့ချိန်မှာ ဒီရာသီ ပထမဆုံးရှုံးပွဲနဲ့ လီဗာပူးလ်တို့ကတော့ စတုတ္ထနေရာကို ဆင်းပေးခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ကို အန္းဖီးလ္မွာ ဘယ္သူမွ မယွဥ္ႏိုင္မွန္းသိလို႔ အေဝးကြင္းေရာက္တုန္း အခြင့္ေကာင္းယူၿပီး ဖိႏွိပ္မယ္လို႔ ဆုံးျဖတ္ထားသလား မသိသူေတြရဲ႕ လိုရာႀကိဳးဆြဲမႈကို ခံခဲ့ရၿပီး VAR လို႔ ေခၚဖို႔ထက္ ပရီးမီးယားလိဂ္ရဲ႕ အလိုဆႏၵလားလို႔ ေမးရမယ့္ ပြဲမ်ိဳးမွာ စပါးစ္ကြင္းက ေနာက္ဆုံးမိနစ္မွာေတာ့ ဖိအားဝင္ၿပီး ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ စပါးစ္တို႔အေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဗီကာရီယို၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ဗန္ဒဗင္၊ ပက္ဒ႐ို ေပၚ႐ိုနဲ႔ အူဒိုဂီတို႔ကိုပဲ ဆက္လက္အသုံးျပဳလာခဲ့သလို ကြင္းလယ္မွာေတာ့ ပါပီ မာတာ ဆားရ္၊ ဘီဆူးမားနဲ႔ မက္ဒီဆန္တို႔ကို အထိုင္ခ်လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ကူလူရွက္ဗ္စကီး၊ ရစ္ခ်ာလစ္ဆန္နဲ႔ ဆြန္ေဟာင္မင္တို႔ကို ပြဲထုတ္လာခဲ့တာပါ။

ဧည့္သည္ လီဗာပူးလ္တို႔ကေတာ့ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ မာတစ္ပ္၊ ဂ်ိဳးဂိုမက္ဇ္နဲ႔ ေရာဘတ္ဆန္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာ မကၠယ္လစၥတာ၊ ဆိုေဘာ့ဆ္လိုင္းနဲ႔ ကားတစ္ဂ်ဳံးစ္တို႔ကို တြဲဖက္ေပးခဲ့ၿပီး တိုက္စစ္မွာ‌ေတာ့ ဆာလား၊ လူးဝစ္ ဒီယက္ဇ္နဲ႔ ဂက္ခ္ပိုတို႔ကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္တို႔ ညာျခမ္းခံစစ္က ဂ်ိဳးဂိုမက္ဇ္က ေနာက္တန္းအစြန္လူထက္ အတြင္းလူတစ္ေယာက္နဲ႔ ပိုတူေနခဲ့တာေၾကာင့္ Wide Area ေတြမွာ တစ္ဖက္တိုက္စစ္ကို တားဆီးႏိုင္မႈ အားနည္းခဲ့တာကို ေတြ႕ျမင္ခဲ့ရၿပီး ကေလာ့ပ္အေနနဲ႔ သူ႔ရဲ႕ တိုက္စစ္ကို ဘယ္ေတာင္ပံကိုပဲ ပိုမိုအားကိုးခဲ့ရသလို ပြဲခ်ိန္ ၁၃ မိနစ္မွာ ဂက္ခ္ပိုနဲ႔ ေရာဘတ္ဆန္တို႔ရဲ႕ ကန္ခ်က္ႏွစ္ႀကိမ္ဆက္တိုက္ကို စပါးစ္ဂိုးသမား ဗီကာရီယို ကာကြယ္ႏိုင္ခဲ့လို႔ အဖြင့္မလွဘဲျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ဘီဆူးမားရဲ႕ ေျခက်င္းဝတ္အထက္ကို တက္နင္းမိတဲ့ ကားတစ္ဂ်ဳံးစ္ကို VAR က အနီနဲ႔ ထုတ္ပယ္ဖို႔ အႀကံျပဳခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ ဆယ္ေယာက္နဲ႔ ကစားခဲ့ၾကရၿပီး ဒီေနာက္မွာေတာ့ ပြဲကို စပါးစ္တို႔က ပိုမိုထိန္းခ်ဳပ္သြားခဲ့ၾကသလို ဧည့္သည္ေတြကေတာ့ ေကာင္တာကိုပဲ အားျပဳခဲ့ရၿပီး အဆင္မေျပမျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာ ညာျခမ္းက လက္ပစ္ေဘာကေန ဆာလားက ဗန္ဒဗင္ကို ျဖတ္ေက်ာ္ၿပီး ခင္းေပးလိုက္တဲ့ ေဘာလုံးကို လူးဝစ္ ဒီယက္ဇ္က စပါးစ္ေနာက္ခံလူ ေပၚ႐ိုနဲ႔ ယွဥ္ေျပးၿပီး အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ခ်ိဳးကန္သြင္းခဲ့ရာမွာ ဂိုးဝင္သြားခဲ့ေပမယ့္ VAR ရဲ႕ ယုတ္မာမႈကေတာ့ ေျပာစမွတ္ တြင္ေလာက္ေအာင္ျဖစ္ခဲ့ရသလို ဘယ္လို လိုင္းဆြဲဆြဲ မကြၽံတာကို လူကြၽံတယ္လုပ္ၿပီး ပယ္ခ်သြားခဲ့တာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာ စပါးစ္တို႔ အဖြင့္ဂိုးကို စတင္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန အထူအပါး နားမလည္တဲ့ ဂ်ိဳးဂိုမက္ဇ္ကို အသာေလး ေက်ာ္ေျပးၿပီး လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားခဲ့တဲ့ ရစ္ခ်ာလစ္ဆန္က ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ ညံ့ဖ်င္းလြန္းတဲ့ ဗန္ဒိုက္နဲ႔ မာတစ္ပ္တို႔ ႏွစ္ေယာက္ၾကားက ေျပးထြက္သြားခဲ့တဲ့ ဆြန္ေဟာင္မင္က အနီးကပ္ ပိတ္သြင္းယူသြားႏိုင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုး ျပန္လည္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ညာျခမ္းကေန ဆိုေဘာ့ဆ္လိုင္းက ဂိုးေရွ႕ ေထာင့္ျဖတ္တင္ေပးခဲ့ရာမွာ အေဝးတိုင္ဘက္မွာ ေနရာယူထားခဲ့တဲ့ ဗန္ဒိုက္က ဂိုးေရွ႕ကို ေခါင္းတိုက္ခ်ေပးခဲ့တဲ့ ေဘာလုံးကို ဂက္ခ္ပိုက ခပ္တုံးတုံး ႐ိုမဲ႐ိုးနဲ႔ ဗန္ဒဗင္တို႔ၾကားက ရယူၿပီး ေနာက္ျပန္အေနအထားကေန တစ္ပတ္လွည့္ကန္သြင္းယူသြားခဲ့တာပါ။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ နည္းျပ ကေလာ့ပ္အေနနဲ႔ နံပါတ္ ၁၀ ပုံစံ ကစားၿပီး ကြင္းလယ္ကို အားျဖည့္ဖို႔ ဂိုးသြင္းရွင္ ဂက္ခ္ပိုအစား ဂ်ိဳတာကို ထည့္သြင္းခဲ့တဲ့ စြန႔္စားမႈကို လုပ္ခဲ့ၿပီး ဒါက ပရိသတ္ေတြအတြက္ေတာ့ သိပ္ၿပီး သေဘာက်စရာ မရွိခဲ့တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့သလို ဆက္တိုက္ပဲ စပါးစ္တို႔ ဖိတာခံေနခဲ့ရၿပီး ဂိုးသမား အယ္လစ္ဆန္ ေကာင္းလြန္းေနခဲ့လို႔သာ ဂိုးမေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာ ရစ္ခ်ာလစ္ဆန္က ဘယ္ေတာင္ပံက ေျပးထြက္ၿပီး ခ်ိဳးေပးရာမွာ ပထမဂိုးကအတိုင္းပဲ ဆြန္ေဟာင္မင္က သြင္းယူႏိုင္ခဲ့ေပမယ့္ လူကြၽံေဘာျဖစ္ေနခဲ့သလို ကေလာ့ပ္ ထည့္သြင္းလိုက္တဲ့ ဂ်ိဳတာကေတာ့ ႏွစ္မိနစ္အတြင္း ႏွစ္ဝါထိၿပီး ပြဲခ်ိန္မိနစ္ ၇၀ မွာ ေဟာင္းဝပ္ ဝက္ဘ္ ေသလို႔ ဝင္စားသလား မသိတဲ့ ဒိုင္လူႀကီး ဆိုင္မြန္ ဟူးပါးရဲ႕ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ လီဗာပူးလ္တို႔ ကိုးေယာက္ျဖစ္သြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ လီဗာပူးလ္တို႔ဘက္က လူးဝစ္ ဒီယက္ဇ္၊ ဂ်ိဳးဂိုမက္ဇ္၊ ဆာလားနဲ႔ မကၠယ္လစၥတာတို႔အစား အန္ဒို၊ ကိုနာေတ၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဂရာဗင္ဘာ့ခ်္တို႔ကို ထည့္သြင္းၿပီး ခံစစ္ကို ပိတ္ကစားဖို႔ လုပ္လာခဲ့သလို စပါးစ္တို႔ဘက္ကေတာ့ ဆြန္ေဟာင္မင္၊ အူဒိုဂီ၊ ဆားရ္၊ မက္ဒီဆန္နဲ႔ ဘီဆူးမားတို႔အစား ေဆာ္လမြန္၊ ေဒးဗီးစ္၊ စကစ္ပ္၊ ဗယ္လစ္ဇ္နဲ႔ ဟြိဳင္ဘယာ့ဂ္တို႔ကို လဲကစားသြားခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ကံဆိုးသြားခဲ့ၿပီး စပါးစ္တို႔ကို အႏိုင္ဂိုး ေပးခဲ့ရသလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန လြတ္ေနခဲ့တဲ့ ေပၚ႐ိုက ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ စကစ္ပ္ရဲ႕ ဂိုးသြင္းယူႏိုင္မႈကို တားဆီးတဲ့အေနနဲ႔ ရွင္းထုတ္ဖို႔ ႀကိဳးစားတဲ့ မာတစ္ပ္က မက္ဂြိဳင္းယားဆန္ဆန္ ကန္ခ်က္နဲ႔ အုန္းဂိုးသြင္းယူသြားခဲ့လို႔ တစ္ခ်ိန္လုံး လက္စြမ္းျပေနတဲ့ အယ္လစ္ဆန္ စိတ္ပ်က္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လုပ္ပြဲဆိုတာ ဒိုင္ေတြက ဖန္တီးတာပါဆိုတဲ့ စကားအတိုင္းပဲ လီဗာပူးလ္တို႔ကို နည္းလမ္းမ်ိဳးစုံနဲ႔ ႏွိပ္စက္ဆြဲခ်ၿပီး မရႈံး ရႈံးေအာင္လုပ္ခဲ့တဲ့ ပရီးမီးယားလိဂ္မာဖီးယားတစ္ျဖစ္လဲ PGMOL နဲ႔ VAR တို႔ေၾကာင့္ စပါးစ္တို႔က ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး ဒုတိယေနရာကို ရယူႏိုင္ခဲ့ခ်ိန္မွာ ဒီရာသီ ပထမဆုံးရႈံးပြဲနဲ႔ လီဗာပူးလ္တို႔ကေတာ့ စတုတၳေနရာကို ဆင္းေပးခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.