Match Report Premier League

ဘရိုက်တန်ဆိုတာ အသင်းကြီး မဟုတ်သေးကြောင်း အရှက်ခွဲနိုင်ပွဲယူခဲ့တဲ့ ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ ကွန်ဆာ၊ ပေါ်တောရက်စ်၊ မက်တီကတ်ရှ်နဲ့ ဒီညာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာရာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ မက်ဂင်းတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဇာနျိုလို၊ ဒီယာဘီနဲ့ ဝပ်ကင်းစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘရိုက်တန်တို့ကတော့ ဂိုးသမား စတီးလ်၊ ခံစစ်မှာ ဝက်ဘ်စတာ၊ လူးဝစ္စ ဒန့်ခ်၊ ဗဲ့လ်မန်းနဲ့ အက်စ်တူပီညန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဟင်ရှယ်လ်ဝုဒ်၊ ဂီးလ်မိုး၊ ဆော်လီ မာ့ချ်နဲ့ မီတိုမာတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဖာဂူဆန်နဲ့ ဝဲလ်ဘက်ခ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၁၄ မိနစ်မှာ အိမ်ရှင် ဗီလာတို့ ဦးဆောင်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကိုယ့်နေရာကိုယ်မရှိတဲ့ ဘရိုက်တန် ဘယ်နောက်ခံလူ အက်စ်တူပီညန်ရဲ့ အမှားကို အခွင့်ကောင်းယူပြီး ညာခြမ်းတိုက်စစ်ကနေ မက်တီကတ်ရှ်က ပြေးထွက်သွားပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ဝပ်ကင်းစ်က အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်တို့အနေနဲ့ လယ်လာနာ၊ ဂရော့စ်၊ မီလ်နာနဲ့ အန်စီဆိုတို့လို ကစားသမားတွေ နာနေတာကိုတောင် ကွင်းလယ်မှာ ကစားအားရှိတဲ့ အယ်လ်ဒင်ဂရာ၊ ဒါဟွတ်ဒ်တို့လို လူတွေကို မသုံးဘဲ ဥမမယ် စာမမြောက် ဟင်ရှယ်လ်ဝုဒ်ကို အကောင်သေးတဲ့ ဂီးလ်မိုးနဲ့ တွဲဖက်ပေးရာမှာ အားနည်းချက် ကြီးမားခဲ့ပြီး ဗီလာပါ့ခ်မှာ ဒူးနဲ့ မျက်ရည်သုတ်ရဖို့ အကြောင်းဖန်လာခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာလည်း ဆရာကြီးကွက်နဲ့ပဲ ဘရိုက်တန်တို့ ခံလိုက်ရပြန်ပြီး ဗီလာတို့ ဒုတိယဂိုး သွင်းယူသွားခဲ့သလို ညာနောက်ခံလူ ဗဲ့လ်မန်းရဲ့ ညံ့ဖျင်းတဲ့ ဘောလုံးအထိန်းအသိမ်းနဲ့ ကွင်းလယ်မှာ ပျက်တာကို ဒီယာဘီက ထိန်းတောင်မနေဘဲ ဘယ်တောင်ပံကို ခင်းပေးခဲ့ရာမှာ ဝပ်ကင်းစ်ကပဲ တစ်ကိုယ်တော်ဆွဲပြေးပြီး ဧရိယာထဲမှာ အနိမ့်ဘော ချိုးကန်သွင်းခဲ့တာက ဘယ်ဘက်တိုင်ခြေကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ ဗီလာတို့ တတိယအနိုင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘူးလေးရာ ဖရုံဆင့် ဆိုသလိုပဲ ဘယ်ခြမ်းကနေ ဘောလုံးရလာတဲ့ ဝပ်ကင်းစ်က ဧရိယာထဲမှာ အလယ်ကို ခင်းပေးခဲ့ရာမှာ ဒီယာဘီရဲ့ ကန်ချက်က လူထိပြီး ပြန်ထွက်ခဲ့တာကို သူကပဲ နောက်တစ်ကြိမ် ကန်သွင်းခဲ့ရာမှာတော့ ပိတ်ဆို့ဖို့ ကြိုးစားတဲ့ အက်စ်တူပီညန်က ခလုတ်တိုက်ပြီး ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။

ပထမပိုင်းမှာ စုတ်ပြတ်သတ်နေပြီး ကွင်းလယ်အထိုင်ကလည်း ကလေးလိုဖြစ်နေတဲ့ ဘရိုက်တန်တို့ သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တာကြောင့် နည်းပြ ဒီဇာဘီအနေနဲ့ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ တိုက်စစ်က ဘောလုံးမထိကြတဲ့ ဝဲလ်ဘက်ခ်၊ ဖာဂူဆန်တို့နဲ့ ခံစစ်က အက်စ်တူပီညန်တို့အစား ဂျာအို ပက်ဒရို၊ အန်ဆူ ဖာတီနဲ့ လမ့်ပ်တေတို့ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်လာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာတော့ ဘရိုက်တန်တို့ မျှော်လင့်ချက်ရှိစေမယ့် ချေပဂိုးတစ်ဂိုးကို ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မီတိုမာနဲ့ ဂျာအို ပက်ဒရိုတို့ရဲ့ တွဲလုံးကနေ ဘရာဇီးလ်သားကို ဖျက်ထုတ်တဲ့ ကွန်ဆာရဲ့ ကန်ချက်က ခြေထောက်ကို ကန်မိပြီး ဘောလုံးက ဂိုးရှေ့ကို ပြန်လိမ့်လာခဲ့တာကို လူစားဝင် အန်ဆူ ဖာတီက အနီးကပ် ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဗီလာတို့အတွက် စတုတ္ထဂိုးကို အိုလီ ဝပ်ကင်းစ်က သူ့ရဲ့ ဟက်ထရစ်အဖြစ် သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မက်ဂင်းက သူ့ကို ပိတ်ထားတဲ့ ဘရိုက်တန်ကစားသမား ငါးယောက်လောက်ကြားကနေ ညာခြမ်းကို မ,တင်ပေးခဲ့ရာမှာ ဝပ်ကင်းစ်က တစ်ချက်ထိန်းပြီး ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာက နောက်ခံလူ ဝက်ဘ်စတာနဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဂိုးသမား စတီးလ် ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာ ဗီလာတို့ပဲ ပဉ္စမမြောက် အနိုင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်မှာ ပျက်လာတဲ့ ဘောလုံးကို ဒေါက်ဂလပ်စ် လူးဝစ်ဇ်က ရှေ့ကို ထိုးပေးခဲ့ရာမှာ ဝပ်ကင်းစ်က ရယူပြီး ဘယ်ခြမ်းကို ခင်းပေးခဲ့တဲ့ ပေးပို့မှုကို လူစားဝင်ကစားသမား ရမ်ဆေးက ရယူပြီး ညာဘက်အဝေးတိုင်ခြေကို ဧရိယာထိပ်ကနေ ဝေ့ဝိုက်ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို ၇ မိနစ်မှာတော့ ဒါဇင်ဝက်ပြည့်စေမယ့် ပွဲသိမ်းဂိုးကို ဗီလာတို့ သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မက်ဂင်း ခင်းပေးလိုက်တဲ့ ဘောလုံးကို ဝပ်ကင်းစ်က ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ပြီး ကန်သွင်းရာမှာ မကျော်ဘဲ နောက်ပြန်ကျလာခဲ့တာကို ခြေစွမ်းပြနေတဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်က နောက်ကနေ ပြေးဝင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အက်စ်တန်ဗီလာတို့က ဘရိုက်တန်တို့ကို ခြောက်ဂိုး-တစ်ဂိုးနဲ့ မညှာမတာ အပြတ်အသတ် အနိုင်ယူသွားခဲ့ကြပြီး ဒီလိုမျိုး အခြေအနေကို နားမလည်တဲ့ ပုံစံမျိုးနဲ့တော့ ပရီးမီးယားလိဂ်မှာ အသင်းကြီးလို့ နာမည်ခံဖို့ နှစ်ဘူတာလောက် လိုသေးကြောင်းကို အူနိုင်း အမ်မရီက ရောဘတ်တို ဒီဇာဘီအပေါ် ပညာပေးသွားခဲ့တာလည်းဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္စ္တန္ဗီလာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မာတီနက္ဇ္၊ ခံစစ္မွာ ကြန္ဆာ၊ ေပၚေတာရက္စ္၊ မက္တီကတ္ရွ္နဲ႔ ဒီညာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာရာ၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္နဲ႔ မက္ဂင္းတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဇာန်ိဳလို၊ ဒီယာဘီနဲ႔ ဝပ္ကင္းစ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဘ႐ိုက္တန္တို႔ကေတာ့ ဂိုးသမား စတီးလ္၊ ခံစစ္မွာ ဝက္ဘ္စတာ၊ လူးဝစၥ ဒန႔္ခ္၊ ဗဲ့လ္မန္းနဲ႔ အက္စ္တူပီညန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဟင္ရွယ္လ္ဝုဒ္၊ ဂီးလ္မိုး၊ ေဆာ္လီ မာ့ခ်္နဲ႔ မီတိုမာတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဖာဂူဆန္နဲ႔ ဝဲလ္ဘက္ခ္တို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ပြဲခ်ိန္ ၁၄ မိနစ္မွာ အိမ္ရွင္ ဗီလာတို႔ ဦးေဆာင္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကိုယ့္ေနရာကိုယ္မရွိတဲ့ ဘ႐ိုက္တန္ ဘယ္ေနာက္ခံလူ အက္စ္တူပီညန္ရဲ႕ အမွားကို အခြင့္ေကာင္းယူၿပီး ညာျခမ္းတိုက္စစ္ကေန မက္တီကတ္ရွ္က ေျပးထြက္သြားၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဝပ္ကင္းစ္က အနီးကပ္ ပိတ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္တို႔အေနနဲ႔ လယ္လာနာ၊ ဂေရာ့စ္၊ မီလ္နာနဲ႔ အန္စီဆိုတို႔လို ကစားသမားေတြ နာေနတာကိုေတာင္ ကြင္းလယ္မွာ ကစားအားရွိတဲ့ အယ္လ္ဒင္ဂရာ၊ ဒါဟြတ္ဒ္တို႔လို လူေတြကို မသုံးဘဲ ဥမမယ္ စာမေျမာက္ ဟင္ရွယ္လ္ဝုဒ္ကို အေကာင္ေသးတဲ့ ဂီးလ္မိုးနဲ႔ တြဲဖက္ေပးရာမွာ အားနည္းခ်က္ ႀကီးမားခဲ့ၿပီး ဗီလာပါ့ခ္မွာ ဒူးနဲ႔ မ်က္ရည္သုတ္ရဖို႔ အေၾကာင္းဖန္လာခဲ့တာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာလည္း ဆရာႀကီးကြက္နဲ႔ပဲ ဘ႐ိုက္တန္တို႔ ခံလိုက္ရျပန္ၿပီး ဗီလာတို႔ ဒုတိယဂိုး သြင္းယူသြားခဲ့သလို ညာေနာက္ခံလူ ဗဲ့လ္မန္းရဲ႕ ညံ့ဖ်င္းတဲ့ ေဘာလုံးအထိန္းအသိမ္းနဲ႔ ကြင္းလယ္မွာ ပ်က္တာကို ဒီယာဘီက ထိန္းေတာင္မေနဘဲ ဘယ္ေတာင္ပံကို ခင္းေပးခဲ့ရာမွာ ဝပ္ကင္းစ္ကပဲ တစ္ကိုယ္ေတာ္ဆြဲေျပးၿပီး ဧရိယာထဲမွာ အနိမ့္ေဘာ ခ်ိဳးကန္သြင္းခဲ့တာက ဘယ္ဘက္တိုင္ေျခကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ဗီလာတို႔ တတိယအႏိုင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘူးေလးရာ ဖ႐ုံဆင့္ ဆိုသလိုပဲ ဘယ္ျခမ္းကေန ေဘာလုံးရလာတဲ့ ဝပ္ကင္းစ္က ဧရိယာထဲမွာ အလယ္ကို ခင္းေပးခဲ့ရာမွာ ဒီယာဘီရဲ႕ ကန္ခ်က္က လူထိၿပီး ျပန္ထြက္ခဲ့တာကို သူကပဲ ေနာက္တစ္ႀကိမ္ ကန္သြင္းခဲ့ရာမွာေတာ့ ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ အက္စ္တူပီညန္က ခလုတ္တိုက္ၿပီး ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာပါ။

ပထမပိုင္းမွာ စုတ္ျပတ္သတ္ေနၿပီး ကြင္းလယ္အထိုင္ကလည္း ကေလးလိုျဖစ္ေနတဲ့ ဘ႐ိုက္တန္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့တာေၾကာင့္ နည္းျပ ဒီဇာဘီအေနနဲ႔ ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာ တိုက္စစ္က ေဘာလုံးမထိၾကတဲ့ ဝဲလ္ဘက္ခ္၊ ဖာဂူဆန္တို႔နဲ႔ ခံစစ္က အက္စ္တူပီညန္တို႔အစား ဂ်ာအို ပက္ဒ႐ို၊ အန္ဆူ ဖာတီနဲ႔ လမ့္ပ္ေတတို႔ကို ထည့္သြင္းၿပီး အေျပာင္းအလဲလုပ္လာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဘ႐ိုက္တန္တို႔ ေမွ်ာ္လင့္ခ်က္ရွိေစမယ့္ ေခ်ပဂိုးတစ္ဂိုးကို ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မီတိုမာနဲ႔ ဂ်ာအို ပက္ဒ႐ိုတို႔ရဲ႕ တြဲလုံးကေန ဘရာဇီးလ္သားကို ဖ်က္ထုတ္တဲ့ ကြန္ဆာရဲ႕ ကန္ခ်က္က ေျခေထာက္ကို ကန္မိၿပီး ေဘာလုံးက ဂိုးေရွ႕ကို ျပန္လိမ့္လာခဲ့တာကို လူစားဝင္ အန္ဆူ ဖာတီက အနီးကပ္ ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဗီလာတို႔အတြက္ စတုတၳဂိုးကို အိုလီ ဝပ္ကင္းစ္က သူ႔ရဲ႕ ဟက္ထရစ္အျဖစ္ သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မက္ဂင္းက သူ႔ကို ပိတ္ထားတဲ့ ဘ႐ိုက္တန္ကစားသမား ငါးေယာက္ေလာက္ၾကားကေန ညာျခမ္းကို မ,တင္ေပးခဲ့ရာမွာ ဝပ္ကင္းစ္က တစ္ခ်က္ထိန္းၿပီး ဘယ္ေျခနဲ႔ ကန္သြင္းခဲ့တာက ေနာက္ခံလူ ဝက္ဘ္စတာနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ ဂိုးသမား စတီးလ္ ငုတ္တုတ္ေမ့ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာ ဗီလာတို႔ပဲ ပၪၥမေျမာက္ အႏိုင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္မွာ ပ်က္လာတဲ့ ေဘာလုံးကို ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က ေရွ႕ကို ထိုးေပးခဲ့ရာမွာ ဝပ္ကင္းစ္က ရယူၿပီး ဘယ္ျခမ္းကို ခင္းေပးခဲ့တဲ့ ေပးပို႔မႈကို လူစားဝင္ကစားသမား ရမ္ေဆးက ရယူၿပီး ညာဘက္အေဝးတိုင္ေျခကို ဧရိယာထိပ္ကေန ေဝ့ဝိုက္ကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ၇ မိနစ္မွာေတာ့ ဒါဇင္ဝက္ျပည့္ေစမယ့္ ပြဲသိမ္းဂိုးကို ဗီလာတို႔ သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မက္ဂင္း ခင္းေပးလိုက္တဲ့ ေဘာလုံးကို ဝပ္ကင္းစ္က ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႕ၿပီး ကန္သြင္းရာမွာ မေက်ာ္ဘဲ ေနာက္ျပန္က်လာခဲ့တာကို ေျခစြမ္းျပေနတဲ့ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က ေနာက္ကေန ေျပးဝင္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အက္စ္တန္ဗီလာတို႔က ဘ႐ိုက္တန္တို႔ကို ေျခာက္ဂိုး-တစ္ဂိုးနဲ႔ မညႇာမတာ အျပတ္အသတ္ အႏိုင္ယူသြားခဲ့ၾကၿပီး ဒီလိုမ်ိဳး အေျခအေနကို နားမလည္တဲ့ ပုံစံမ်ိဳးနဲ႔ေတာ့ ပရီးမီးယားလိဂ္မွာ အသင္းႀကီးလို႔ နာမည္ခံဖို႔ ႏွစ္ဘူတာေလာက္ လိုေသးေၾကာင္းကို အူႏိုင္း အမ္မရီက ေရာဘတ္တို ဒီဇာဘီအေပၚ ပညာေပးသြားခဲ့တာလည္းျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.