Premier League

သားသတ်သမားကြီး ကောင်းနေရင် ၁၄ ဂိုးပေးခဲ့ရမှာမဟုတ်ဘူးဆိုတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က လီဆန်ဒရို မာတီနက်ဇ်ဟာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု မပြည့်ဝနေပေမယ့်လည်း ဆက်ကစားခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး လက်ရှိမှာတော့ ၃ လအထိ လွဲချော်မယ့် ဒဏ်ရာဟောင်း ပြန်ထနေပြီဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ဧပြီလတုန်းက ဆီဗီလာနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ခြေချောင်းရိုးကျိုးဒဏ်ရာရရှိခဲ့တာကြောင့် အလွန်ကောင်းမွန်တဲ့ ပွဲဦးထွက်ရာသီဟာ စောစောစီးစီး အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ အာဂျင်တီးနားနောက်ခံလူဟာ ယခုနွေရာသီမှာ အသင်းလူစာရင်းထဲကို ပြန်ရောက်လာခဲ့ပြီး ယခုရာသီ လိဂ် ၅ ပွဲစလုံးနဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဩဂုတ်လက အာဆင်နယ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မာတီနက်ဇ်ဟာ ခြေထောက်ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရပေမယ့်လည်း နိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီး ဘရိုက်တန်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က သောကြာနေ့မှာ မာတီနက်ဇ်ဟာ နောက်ထပ် အနားယူရမယ့်ကာလတိုးမြင့်မယ့်အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပြီး တန်ဟက်က အာဂျင်တီးနားနောက်ခံလူဟာ ဒဏ်ရာပြဿနာအရှင်းမပျောက်သေးဘဲ ကစားပေးခဲ့ရတာဖြစ်တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ သေသေချာချာ စမ်းသပ်ရှာဖွေမှုတွေ ပြုလုပ်ခဲ့သလို သူတို့(အာဂျင်တီးနား)လည်း လုပ်ခဲ့တာပါပဲ။ အခုတော့ ပြဿနာဖြစ်နေတယ်ဆိုတာ ပေါ်လာပြီဖြစ်ပြီး အဲဒါက အရမ်းဝမ်းနည်းစရာကောင်းတယ်။ ပထမဆုံးအနေနဲ့ လီချာအတွက်ပေါ့။ အသင်းအတွက်လည်း အတူတူပါပဲ။ ဘာလို့လဲဆိုတော့ သူက ၁၀၀ ရာခိုင်နှုန်း မကြံ့ခိုင်နေခဲ့လို့ပါ။”

ပြီးခဲ့တဲ့ရာသီ မန်ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပေမယ့်လည်း ယခုရာသီမှာ ၅ ပွဲ ကစားပြီးချိန်မှာ အသင်းက ၁၄ ဂိုးအထိ ခွင့်ပြုခဲ့ရပြီးနောက် ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတဲ့ မာတီနက်ဇ်အပေါ်မှာ တန်ဟက်က “အဲဒီပွဲတွေ(နောက်ဆုံး ၂ ပွဲ)မှာ လီချာ ကစားခဲ့တာက မန်ယူနိုက်တက်မှာ ပထမဆုံးရာသီတုန်းက ကျွန်တော်တို့ မြင်ခဲ့ရတဲ့ မာတီနက်ဇ်နဲ့ ကြီးမားတဲ့ကွာခြားချက်ဖြစ်ခဲ့တယ်လို့ ထင်တယ်။ သူက အသင်းကို ဖြည့်စွက်ပေးရုံတင်မကဘဲ ကျွန်တော်တို့ရဲ့အဆင့်အတန်းကို အားကောင်းတဲ့ ဖြန့်ဝေမှုပေးသူပါ။ ကစားသမားတစ်ယောက်က အဆင့်အတန်းကျဆင်းနေပြီဆိုတာနဲ့ အသင်းရဲ့ စွမ်းဆောင်ရည်အဆင့်အတန်းကလည်း နိမ့်ကျသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က လီဆန္ဒ႐ို မာတီနက္ဇ္ဟာ ၁၀၀ ရာခိုင္ႏႈန္း ႀကံ့ခိုင္မႈ မျပည့္ဝေနေပမယ့္လည္း ဆက္ကစားခဲ့ရတယ္လို႔ ဝန္ခံခဲ့ၿပီး လက္ရွိမွာေတာ့ ၃ လအထိ လြဲေခ်ာ္မယ့္ ဒဏ္ရာေဟာင္း ျပန္ထေနၿပီျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ ဧၿပီလတုန္းက ဆီဗီလာနဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ ေျခေခ်ာင္း႐ိုးက်ိဳးဒဏ္ရာရရွိခဲ့တာေၾကာင့္ အလြန္ေကာင္းမြန္တဲ့ ပြဲဦးထြက္ရာသီဟာ ေစာေစာစီးစီး အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။ အာဂ်င္တီးနားေနာက္ခံလူဟာ ယခုေႏြရာသီမွာ အသင္းလူစာရင္းထဲကို ျပန္ေရာက္လာခဲ့ၿပီး ယခုရာသီ လိဂ္ ၅ ပြဲစလုံးနဲ႔ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဩဂုတ္လက အာဆင္နယ္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ မာတီနက္ဇ္ဟာ ေျခေထာက္ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ထြက္ခြာခဲ့ရေပမယ့္လည္း ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္အၿပီး ဘ႐ိုက္တန္၊ ဘိုင္ယန္ျမဴးနစ္တို႔နဲ႔ပြဲစဥ္ေတြမွာ ျပန္လည္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္က ေသာၾကာေန႔မွာ မာတီနက္ဇ္ဟာ ေနာက္ထပ္ အနားယူရမယ့္ကာလတိုးျမင့္မယ့္အေရးနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္တယ္လို႔ အတည္ျပဳခဲ့တာျဖစ္ၿပီး တန္ဟက္က အာဂ်င္တီးနားေနာက္ခံလူဟာ ဒဏ္ရာျပႆနာအရွင္းမေပ်ာက္ေသးဘဲ ကစားေပးခဲ့ရတာျဖစ္တယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ေသေသခ်ာခ်ာ စမ္းသပ္ရွာေဖြမႈေတြ ျပဳလုပ္ခဲ့သလို သူတို႔(အာဂ်င္တီးနား)လည္း လုပ္ခဲ့တာပါပဲ။ အခုေတာ့ ျပႆနာျဖစ္ေနတယ္ဆိုတာ ေပၚလာၿပီျဖစ္ၿပီး အဲဒါက အရမ္းဝမ္းနည္းစရာေကာင္းတယ္။ ပထမဆုံးအေနနဲ႔ လီခ်ာအတြက္ေပါ့။ အသင္းအတြက္လည္း အတူတူပါပဲ။ ဘာလို႔လဲဆိုေတာ့ သူက ၁၀၀ ရာခိုင္ႏႈန္း မႀကံ့ခိုင္ေနခဲ့လို႔ပါ။”

ၿပီးခဲ့တဲ့ရာသီ မန္ယူႏိုက္တက္ရဲ႕ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ေပမယ့္လည္း ယခုရာသီမွာ ၅ ပြဲ ကစားၿပီးခ်ိန္မွာ အသင္းက ၁၄ ဂိုးအထိ ခြင့္ျပဳခဲ့ရၿပီးေနာက္ ကစားသမားေဟာင္းေတြရဲ႕ ေဝဖန္မႈကို ခံခဲ့ရတဲ့ မာတီနက္ဇ္အေပၚမွာ တန္ဟက္က “အဲဒီပြဲေတြ(ေနာက္ဆုံး ၂ ပြဲ)မွာ လီခ်ာ ကစားခဲ့တာက မန္ယူႏိုက္တက္မွာ ပထမဆုံးရာသီတုန္းက ကြၽန္ေတာ္တို႔ ျမင္ခဲ့ရတဲ့ မာတီနက္ဇ္နဲ႔ ႀကီးမားတဲ့ကြာျခားခ်က္ျဖစ္ခဲ့တယ္လို႔ ထင္တယ္။ သူက အသင္းကို ျဖည့္စြက္ေပး႐ုံတင္မကဘဲ ကြၽန္ေတာ္တို႔ရဲ႕အဆင့္အတန္းကို အားေကာင္းတဲ့ ျဖန႔္ေဝမႈေပးသူပါ။ ကစားသမားတစ္ေယာက္က အဆင့္အတန္းက်ဆင္းေနၿပီဆိုတာနဲ႔ အသင္းရဲ႕ စြမ္းေဆာင္ရည္အဆင့္အတန္းကလည္း နိမ့္က်သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.