Saudi League

အယ်လ်ဟီလာလ်ရောက်ပြီးကတည်းက အလွဲကြီးလွဲနေတဲ့ နေမာ

နေမာဟာ သောကြာနေ့ညက အယ်လ်ရှာဘတ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ပင်နယ်တီကနေ ဂိုးကန်သွင်းခဲ့ရာမှာ အံ့အားသင့်ဖွယ် လွဲချော်သွားခဲ့ပါတယ်။

နေမာဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီကနေ ပေါင် ၇၇ သန်းနဲ့ ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းသစ်နဲ့အတူ ခက်ခဲတဲ့ စတင်မှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ကြီးမားတဲ့ ငွေကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီးကတည်းက ဂိုးသွင်းယူနိုင်ခြင်းမရှိသေးဘဲ နည်းပြ ဂျော့ဂျ် ဂျီးဆပ်နဲ့လည်း အဝတ်လဲခန်းထဲမှာ ပြဿနာတက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နေမာဟာ အယ်လ်ရှာဘတ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပင်နယ်တီ ကန်သွင်းမှုကို တလွဲလုပ်ခဲ့ပြီးနောက် ၎င်းရဲ့ ဆိုးရွားတဲ့ ခြေစွမ်းကို ဆက်လက်ပြသခဲ့ပြီး အယ်လ် ဟီလာလ်ဟာ ပထမပိုင်းမပြီးခင်မှာ ပင်နယ်တီ ရရှိခဲ့တာဖြစ်ပါတယ်။

ယခုရာသီ အစောပိုင်းမှာ ပင်နယ်တီ ကန်သွင်းသူအဖြစ် တာဝန်ယူခဲ့တဲ့ အယ်လ်ဟီလာလ် ဂန္တဝင်ကစားသမား ဆာလမ် အယ်လ်-ဒေါ်စာရီမဟုတ်ဘဲ နေမာက ပင်နယ်တီကို ကန်သွင်းခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်ရဲ့ ကန်ချက်က တိုင်ထိသွားခဲ့ပြီးနောက် ဘိုနိုက ဘောလုံးကို ကောက်ယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လညး် အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒုတိယပိုင်းမှာ အပြစ်ကို ပြန်လည်ပေးဆပ်ခဲ့ပြီး ကူလီဘေလီ ခေါင်းတိုက်သွင်းယူခဲ့တဲ့ အဖွင့်ဂိုးရရှိစေမယ့် ထောင့်ကန်ဘောကို ရရှိအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ နေမာဟာ ဖူလ်ဟမ်ကြယ်ပွင့်ဟောင်း အလက်ဆန်းဒါး မီထရိုဗစ် ဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးခဲ့ပြီး ၂-၀ နိုင်ပွဲကြောင့် အယ်လ်ဟီလာလ်ဟာ ရမှတ် ၂၀ နဲ့ အယ်လ်အစ်တီဟတ်ကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေနမာဟာ ေသာၾကာေန႔ညက အယ္လ္ရွာဘတ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ ပင္နယ္တီကေန ဂိုးကန္သြင္းခဲ့ရာမွာ အံ့အားသင့္ဖြယ္ လြဲေခ်ာ္သြားခဲ့ပါတယ္။

ေနမာဟာ ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီကေန ေပါင္ ၇၇ သန္းနဲ႔ ေဆာ္ဒီ ပ႐ိုလိဂ္ကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး အသင္းသစ္နဲ႔အတူ ခက္ခဲတဲ့ စတင္မႈကို ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ႀကီးမားတဲ့ ေငြေၾကးနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးကတည္းက ဂိုးသြင္းယူႏိုင္ျခင္းမရွိေသးဘဲ နည္းျပ ေဂ်ာ့ဂ်္ ဂ်ီးဆပ္နဲ႔လည္း အဝတ္လဲခန္းထဲမွာ ျပႆနာတက္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေနမာဟာ အယ္လ္ရွာဘတ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ပင္နယ္တီ ကန္သြင္းမႈကို တလြဲလုပ္ခဲ့ၿပီးေနာက္ ၎ရဲ႕ ဆိုး႐ြားတဲ့ ေျခစြမ္းကို ဆက္လက္ျပသခဲ့ၿပီး အယ္လ္ ဟီလာလ္ဟာ ပထမပိုင္းမၿပီးခင္မွာ ပင္နယ္တီ ရရွိခဲ့တာျဖစ္ပါတယ္။

ယခုရာသီ အေစာပိုင္းမွာ ပင္နယ္တီ ကန္သြင္းသူအျဖစ္ တာဝန္ယူခဲ့တဲ့ အယ္လ္ဟီလာလ္ ဂႏၲဝင္ကစားသမား ဆာလမ္ အယ္လ္-ေဒၚစာရီမဟုတ္ဘဲ ေနမာက ပင္နယ္တီကို ကန္သြင္းခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ရဲ႕ ကန္ခ်က္က တိုင္ထိသြားခဲ့ၿပီးေနာက္ ဘိုႏိုက ေဘာလုံးကို ေကာက္ယူသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လညး္ အသက္ ၃၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဒုတိယပိုင္းမွာ အျပစ္ကို ျပန္လည္ေပးဆပ္ခဲ့ၿပီး ကူလီေဘလီ ေခါင္းတိုက္သြင္းယူခဲ့တဲ့ အဖြင့္ဂိုးရရွိေစမယ့္ ေထာင့္ကန္ေဘာကို ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ေနမာဟာ ဖူလ္ဟမ္ၾကယ္ပြင့္ေဟာင္း အလက္ဆန္းဒါး မီထ႐ိုဗစ္ ဂိုးသြင္းယူႏိုင္ေအာင္ ဖန္တီးေပးခဲ့ၿပီး ၂-၀ ႏိုင္ပြဲေၾကာင့္ အယ္လ္ဟီလာလ္ဟာ ရမွတ္ ၂၀ နဲ႔ အယ္လ္အစ္တီဟတ္ကို ေက်ာ္ျဖတ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.