Saudi League

ဆော်ဒီသွားတဲ့ကောင်တွေ ဒုက္ခရောက်မယ်လို့ သတိပေးလိုက်တဲ့ မာ့ခ် ကလတ်တန်ဘာ့ဂ်

ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း မာ့ခ် ကလတ်တန်ဘာ့ဂ်က ဒိုင်လူကြီးတွေကို ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ယူကိုင်တွယ်ခွင့်ရဖို့ မသေချာဘူးလို့ သတိပေးခဲ့ပါတယ်။

ယခုနွေရာသီမှာ ဆော်ဒီ ပရော်ဖက်ရှင်နယ်လိဂ်က ကလပ်အသင်းတွေဟာ ကြီးမားတဲ့ ငွေကြေးပမာဏသုံးစွဲပြီး ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေထဲက အချို့ကို ခေါ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

ကာရင် ဘန်ဇီးမား၊ ရောဘတ်တို ဖာမီနို၊ မာရက်ဇ်၊ အန်ဂိုလို ကွန်တေတို့အားလုံးဟာ ယခုနွေရာသီမှာ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ ဆော်ဒီ အာရေဗျဟာ ပရီးမီးယားလိဂ်နဲ့ ဥရောပတလွှားက နာမည်ကြီး ဒိုင်လူကြီးတွေကိုပါ ပစ်မှတ်ထားခေါ်ယူဖို့ လုပ်ဆောင်နေပြီလို့ The Times က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီသတင်းထွက်လာတာကြောင့် ၂၀၁၇ ကနေ ၂၀၁၈ ခုနှစ်အထိ ဆော်ဒီအာရေဗျရဲ့ ဒိုင်လူကြီးအဖွဲ့ ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ကလတ်တန်ဘာ့ဂ်က သတိပေးပြောဆိုမှုတွေ ပြုလုပ်လိုက်တာဖြစ်ပါတယ်။

“ဥရောပကနေ အချိန်ပြည့်ဒိုင်လူကြီးတွေ အဲဒီကို သွားဖို့ ကိစ္စနဲ့ပတ်သက်ပြီး တစ်ခုရှိတာက ဒိုင်လူကြီးတွေအနေနဲ့ သူတို့ ဒိုင်လူကြီးဘဝ နောက်ဆုံးအချိန်မှာရှိမနေဘူးဆိုရင် ချန်ပီယံလိဂ်၊ ယူရိုပွဲတွေ ဒါမှမဟုတ် ကမ္ဘာ့ဖလားကို ကိုင်တွယ်ဖို့ အခွင့်အရေးကို လက်လျှော့လိုက်တာလို့ မြင်ပါတယ်။ ကျွန်တော်ကတော့ ဥရောပက နေရာတစ်နေရာမှာပဲနေပြီး ကမ္ဘာ့ဖလားကို သွားနိုင်သေးတယ်လို့ တွေးမိခဲ့ပါတယ်။ ဒါပေမယ့် ဖီဖာနဲ့ ယူအီးအက်ဖ်အေက အဲဒီပြိုင်ပွဲကနေ တခြား ဘယ်သူ့ရဲ့နေရာကိုမှ မယူချင်ဘူးဆိုရင်တော့ ဆော်ဒီကို ဒိုင်အဖြစ်နဲ့ သွားသင့်တယ်လို့ ပြောခဲ့တယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေဟာ တစ်နှစ်လုပ်ခလစာ ပေါင် ၁၂၀၀၀၀ ကနေ ပေါင် ၃၀၀၀၀၀ ကြား ရရှိနေကြပြီး ဆော်ဒီ ပရိုလိဂ်က ကြီးမားတဲ့ လုပ်ခလစာ တိုးမြှင့်ပေးပြီး ကမ်းလှမ်းသွားချင်တဲ့ဆန္ဒရှိနေတယ်လို့ ယုံကြည်ရပါတယ်။ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းဒိုင်လူကြီးတွေထဲက တစ်ဦးဖြစ်တဲ့ မိုက်ကယ် အိုလီဗာဟာ အယ်လ်ဟီလာလ်နဲ့ ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာတို့ ကစားခဲ့တဲ့ပွဲတစ်ပွဲတည်း တာဝန်ယူကိုင်တွယ်ခဲ့ရုံနဲ့ ပေါင် ၃၀၀၀ ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း မာ့ခ္ ကလတ္တန္ဘာ့ဂ္က ဒိုင္လူႀကီးေတြကို ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕မယ္ဆိုရင္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ တာဝန္ယူကိုင္တြယ္ခြင့္ရဖို႔ မေသခ်ာဘူးလို႔ သတိေပးခဲ့ပါတယ္။

ယခုေႏြရာသီမွာ ေဆာ္ဒီ ပေရာ္ဖက္ရွင္နယ္လိဂ္က ကလပ္အသင္းေတြဟာ ႀကီးမားတဲ့ ေငြေၾကးပမာဏသုံးစြဲၿပီး ဥေရာပရဲ႕ အေကာင္းဆုံးကစားသမားေတြထဲက အခ်ိဳ႕ကို ေခၚယူခဲ့ၾကတာ ျဖစ္ပါတယ္။

ကာရင္ ဘန္ဇီးမား၊ ေရာဘတ္တို ဖာမီႏို၊ မာရက္ဇ္၊ အန္ဂိုလို ကြန္ေတတို႔အားလုံးဟာ ယခုေႏြရာသီမွာ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕ခဲ့ၾကတာျဖစ္ၿပီး လက္ရွိမွာေတာ့ ေဆာ္ဒီ အာေရဗ်ဟာ ပရီးမီးယားလိဂ္နဲ႔ ဥေရာပတလႊားက နာမည္ႀကီး ဒိုင္လူႀကီးေတြကိုပါ ပစ္မွတ္ထားေခၚယူဖို႔ လုပ္ေဆာင္ေနၿပီလို႔ The Times က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဒီသတင္းထြက္လာတာေၾကာင့္ ၂၀၁၇ ကေန ၂၀၁၈ ခုႏွစ္အထိ ေဆာ္ဒီအာေရဗ်ရဲ႕ ဒိုင္လူႀကီးအဖြဲ႕ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူေဆာင္႐ြက္ခဲ့တဲ့ ကလတ္တန္ဘာ့ဂ္က သတိေပးေျပာဆိုမႈေတြ ျပဳလုပ္လိုက္တာျဖစ္ပါတယ္။

“ဥေရာပကေန အခ်ိန္ျပည့္ဒိုင္လူႀကီးေတြ အဲဒီကို သြားဖို႔ ကိစၥနဲ႔ပတ္သက္ၿပီး တစ္ခုရွိတာက ဒိုင္လူႀကီးေတြအေနနဲ႔ သူတို႔ ဒိုင္လူႀကီးဘဝ ေနာက္ဆုံးအခ်ိန္မွာရွိမေနဘူးဆိုရင္ ခ်န္ပီယံလိဂ္၊ ယူ႐ိုပြဲေတြ ဒါမွမဟုတ္ ကမာၻ႔ဖလားကို ကိုင္တြယ္ဖို႔ အခြင့္အေရးကို လက္ေလွ်ာ့လိုက္တာလို႔ ျမင္ပါတယ္။ ကြၽန္ေတာ္ကေတာ့ ဥေရာပက ေနရာတစ္ေနရာမွာပဲေနၿပီး ကမာၻ႔ဖလားကို သြားႏိုင္ေသးတယ္လို႔ ေတြးမိခဲ့ပါတယ္။ ဒါေပမယ့္ ဖီဖာနဲ႔ ယူအီးအက္ဖ္ေအက အဲဒီၿပိဳင္ပြဲကေန တျခား ဘယ္သူ႔ရဲ႕ေနရာကိုမွ မယူခ်င္ဘူးဆိုရင္ေတာ့ ေဆာ္ဒီကို ဒိုင္အျဖစ္နဲ႔ သြားသင့္တယ္လို႔ ေျပာခဲ့တယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ ပရီးမီးယားလိဂ္ဒိုင္လူႀကီးေတြဟာ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၂၀၀၀၀ ကေန ေပါင္ ၃၀၀၀၀၀ ၾကား ရရွိေနၾကၿပီး ေဆာ္ဒီ ပ႐ိုလိဂ္က ႀကီးမားတဲ့ လုပ္ခလစာ တိုးျမႇင့္ေပးၿပီး ကမ္းလွမ္းသြားခ်င္တဲ့ဆႏၵရွိေနတယ္လို႔ ယုံၾကည္ရပါတယ္။ပရီးမီးယားလိဂ္ရဲ႕ထိပ္တန္းဒိုင္လူႀကီးေတြထဲက တစ္ဦးျဖစ္တဲ့ မိုက္ကယ္ အိုလီဗာဟာ အယ္လ္ဟီလာလ္နဲ႔ ေရာ္နယ္လ္ဒိုရဲ႕ အယ္လ္နာဆာတို႔ ကစားခဲ့တဲ့ပြဲတစ္ပြဲတည္း တာဝန္ယူကိုင္တြယ္ခဲ့႐ုံနဲ႔ ေပါင္ ၃၀၀၀ ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.