Premier League

ရမ်းစ်ဒေးလ်၊ ဖီးလစ်ပ်စ်တို့နဲ့အတူ ဂေါင်းကြီးကို ပစ်မှတ်ထဲထည့်ထားတဲ့ ပရီးမီးယားလိဂ်ကလပ်

မန်ချက်စတာယူနိုက်တက်အပယ်ခံ ဟာရီ မက်ဂွိုင်ယားကို ဇန်နဝါရီလမှာ အံ့အားသင့်ဖွယ်ခေါ်ယူဖို့ အဲဗာတန်က စီစဉ်နေပြီး ရှောင် ဒိုက်ချ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ပထမဆုံး ၆ ပွဲမှာ ၁၀ ဂိုးအထိ ပေးခဲ့ရပြီးနောက် ခံစစ်ကို အင်အားတိုးမြှင့်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Fichajes ရဲ့ ဖော်ပြချက်အရ မက်ဂွိုင်းယားဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလ ဖွင့်တဲ့အချိန်မှာ အဲဗာတန် ခေါ်ယူမယ့် ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ သိရပြီး ရှောင် ဒိုက်ချ်ဟာ အာဆင်နယ်ကြယ်ပွင့် ရမ်းစ်ဒေးလ်၊ မန်စီးတီးကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ်ပ်စ်တို့ကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားတာဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက်က အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ ပွဲကစားချိန်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်မိတယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း အိုးထရက်ဖို့ဒ်က ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး လက်လျှော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၂၃ မိနစ်သာ ကစားခဲ့ရသေးပေမယ့်လည်း ယခုအပတ် ခရစ္စတယ် ပဲလေ့စ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာတော့ ပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန်ချက်စတာယူနိုက်တက်အပယ်ခံ ဟာရီ မက်ဂွိုင်ယားကို ဇန်နဝါရီလမှာ အံ့အားသင့်ဖွယ်ခေါ်ယူဖို့ အဲဗာတန်က စီစဉ်နေပြီး ရှောင် ဒိုက်ခ်ျရဲ့အသင်းဟာ ပရီးမီးယားလိဂ်ပထမဆုံး ၆ ပွဲမှာ ၁၀ ဂိုးအထိ ပေးခဲ့ရပြီးနောက် ခံစစ်ကို အင်အားတိုးမြှင့်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Fichajes ရဲ့ ဖော်ပြချက်အရ မက်ဂွိုင်းယားဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလ ဖွင့်တဲ့အချိန်မှာ အဲဗာတန် ခေါ်ယူမယ့် ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ သိရပြီး ရှောင် ဒိုက်ခ်ျဟာ အာဆင်နယ်ကြယ်ပွင့် ရမ်းစ်ဒေးလ်၊ မန်စီးတီးကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ်ပ်စ်တို့ကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားတာဖြစ်ပါတယ်။



REF: INTERNET SOURCES
SPORTS A2Z.