Premier League

ခပ်ညံ့ညံ့ ဝတ်စုံတွေအတွက် စပွန်ဆာစာချုပ်ကို ဖျက်သိမ်းဖို့ ရှိနေတဲ့ အက်စ်တန်ဗီလာ

အက်စ်တန်ဗီလာအသင်း တာဝန်ရှိသူတွေအပြင် ကစားသမားတွေအနေနဲ့ သူတို့ရဲ့ လက်ရှိရာသီမှာ ဝတ်ဆင်နေတဲ့ ဝတ်စုံကို ထုတ်လုပ်ပေးထားတဲ့ Castore ရဲ့ ထုတ်ကုန် အရည်အသွေးနဲ့ ပတ်သက်လို့ သဘောမကျဘဲဖြစ်နေပြီး ဒီအင်္ကျီကို ဆက်လက်ဝတ်ဆင်မယ့်အစား စောစောစီးစီး စာချုပ်ဖျက်သိမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပွဲကစားချိန် ကြာလာတာနဲ့အမျှ ကြည့်မကောင်းဘဲ ရေတစိုစို ချွေးတရွှဲရွှဲရုပ်နဲ့ ပုံမလာ ပန်းမလာ အင်္ကျီတွေက တာဝန်ရှိသူတွေရဲ့ ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရသလို ပရိသတ်တွေဘက်ကလည်း အမြင်မတင့်တယ်တဲ့ ထုတ်ကုန်တွေကို ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ရှုတ်ချခဲ့ကြပြီး အမျိုးသမီး ကစားသမားတွေနဲ့ဆိုရင် ပိုလို့ အဆင်မပြေဘူးလို့လည်း ဆိုထားကြပါတယ်။

ဗီလိန်တွေအနေနဲ့ Casotre နဲ့ ၂၀၂၂-၂၃ ရာသီမှာ စတင်လက်တွဲခဲ့တာဖြစ်ပြီး အင်္ဂလန်အခြေစိုက် အားကစားဝတ်စုံ ကုမ္ပဏီအနေနဲ့ တစ်နှစ်‌ စောပြီး နယူးကာဆယ်လ်အသင်းကိုလည်း စပွန်ဆာပေးထားခဲ့သလို သူ့နဲ့ စာချုပ်ရှိတဲ့ အသင်းတွေထဲမှာ ဝုလ်ဗ်စ်၊ ချာလ်တန်၊ ပရက်စ်တန်၊ လေဗာကူဆင်၊ အူဒီးနီးစ်၊ ဖေယင်နော့ဒ်၊ တွမ်တီး၊ အူးထရက်ချ်၊ အယ်လ်မီးရီးယား၊ ဘီလ်ဘာအို၊ ဆီဗီလာ၊ ဒီနာမို ဇာဂရက်ဘ်နဲ့ ရိန်းဂျားစ်တို့လည်း ပါဝင်နေခဲ့တာပါ။

ဗီလာအသင်းနဲ့ ပတ်သက်သူတွေအတွက် Castore က ပေးတဲ့ ကွာလတီက မေးခွန်းထုတ်စရာဖြစ်ခဲ့သလို ပြီးခဲ့တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ နယူးကာဆယ်လ်ကစားသမား ဘရူနို ဂီမာရိုင်စ်က ဂိုးသွင်းအပြီးမှာ ကိုယ်ဝန်ရှိနေတဲ့ ဇနီးဖြစ်သူအတွက် ရည်ရွယ်ဂုဏ်ပြုမှုအနေနဲ့ ဘောလုံးကို အင်္ကျီအောက်ထဲ ထည့်ပြီး အောင်ပွဲခံရာမှာလည်း နက်ပြာရောင်အင်္ကျီသားက ဖောက်ထွင်းမြင်ခဲ့ရတာဖြစ်ပါတယ်။

နယူးကာဆယ်လ်တို့ဘက်ကတော့ ဘာသံမှ မကြားခဲ့ရပေမယ့် ဗီလာတို့ဘက်ကတော့ အမည်မဖော်လိုတဲ့ ကစားသမားတစ်ဦးက ဒီအင်္ကျီက သူတို့ကို ရေကူးကန်ထဲ ဆယ်မိနစ်လောက် စိမ်ပြီးမှ ဘောလုံးကစားရတာနဲ့ တူနေတယ်ဆိုပြီး ချွေးစိုမှုအတွက် အဖြေမပါတဲ့ Technology ကို အပြစ်တင် ပြောကြားထားခဲ့သလို အမျိုးသမီး ကစားသမားတွေကလည်း အဆင်မပြေကြောင်း ထုတ်ဖော်ထားခဲ့တယ်လို့လည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္စ္တန္ဗီလာအသင္း တာဝန္ရွိသူေတြအျပင္ ကစားသမားေတြအေနနဲ႔ သူတို႔ရဲ႕ လက္ရွိရာသီမွာ ဝတ္ဆင္ေနတဲ့ ဝတ္စုံကို ထုတ္လုပ္ေပးထားတဲ့ Castore ရဲ႕ ထုတ္ကုန္ အရည္အေသြးနဲ႔ ပတ္သက္လို႔ သေဘာမက်ဘဲျဖစ္ေနၿပီး ဒီအက်ႌကို ဆက္လက္ဝတ္ဆင္မယ့္အစား ေစာေစာစီးစီး စာခ်ဳပ္ဖ်က္သိမ္းသြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

ပြဲကစားခ်ိန္ ၾကာလာတာနဲ႔အမွ် ၾကည့္မေကာင္းဘဲ ေရတစိုစို ေခြၽးတ႐ႊဲ႐ႊဲ႐ုပ္နဲ႔ ပုံမလာ ပန္းမလာ အက်ႌေတြက တာဝန္ရွိသူေတြရဲ႕ ကန႔္ကြက္မႈနဲ႔ ရင္ဆိုင္ေနရသလို ပရိသတ္ေတြဘက္ကလည္း အျမင္မတင့္တယ္တဲ့ ထုတ္ကုန္ေတြကို ဆိုရွယ္မီဒီယာေတြကတစ္ဆင့္ ရႈတ္ခ်ခဲ့ၾကၿပီး အမ်ိဳးသမီး ကစားသမားေတြနဲ႔ဆိုရင္ ပိုလို႔ အဆင္မေျပဘူးလို႔လည္း ဆိုထားၾကပါတယ္။

ဗီလိန္ေတြအေနနဲ႔ Casotre နဲ႔ ၂၀၂၂-၂၃ ရာသီမွာ စတင္လက္တြဲခဲ့တာျဖစ္ၿပီး အဂၤလန္အေျခစိုက္ အားကစားဝတ္စုံ ကုမၸဏီအေနနဲ႔ တစ္ႏွစ္‌ ေစာၿပီး နယူးကာဆယ္လ္အသင္းကိုလည္း စပြန္ဆာေပးထားခဲ့သလို သူ႔နဲ႔ စာခ်ဳပ္ရွိတဲ့ အသင္းေတြထဲမွာ ဝုလ္ဗ္စ္၊ ခ်ာလ္တန္၊ ပရက္စ္တန္၊ ေလဗာကူဆင္၊ အူဒီးနီးစ္၊ ေဖယင္ေနာ့ဒ္၊ တြမ္တီး၊ အူးထရက္ခ်္၊ အယ္လ္မီးရီးယား၊ ဘီလ္ဘာအို၊ ဆီဗီလာ၊ ဒီနာမို ဇာဂရက္ဘ္နဲ႔ ရိန္းဂ်ားစ္တို႔လည္း ပါဝင္ေနခဲ့တာပါ။

ဗီလာအသင္းနဲ႔ ပတ္သက္သူေတြအတြက္ Castore က ေပးတဲ့ ကြာလတီက ေမးခြန္းထုတ္စရာျဖစ္ခဲ့သလို ၿပီးခဲ့တဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ ပြဲစဥ္မွာ နယူးကာဆယ္လ္ကစားသမား ဘ႐ူႏို ဂီမာ႐ိုင္စ္က ဂိုးသြင္းအၿပီးမွာ ကိုယ္ဝန္ရွိေနတဲ့ ဇနီးျဖစ္သူအတြက္ ရည္႐ြယ္ဂုဏ္ျပဳမႈအေနနဲ႔ ေဘာလုံးကို အက်ႌေအာက္ထဲ ထည့္ၿပီး ေအာင္ပြဲခံရာမွာလည္း နက္ျပာေရာင္အက်ႌသားက ေဖာက္ထြင္းျမင္ခဲ့ရတာျဖစ္ပါတယ္။

နယူးကာဆယ္လ္တို႔ဘက္ကေတာ့ ဘာသံမွ မၾကားခဲ့ရေပမယ့္ ဗီလာတို႔ဘက္ကေတာ့ အမည္မေဖာ္လိုတဲ့ ကစားသမားတစ္ဦးက ဒီအက်ႌက သူတို႔ကို ေရကူးကန္ထဲ ဆယ္မိနစ္ေလာက္ စိမ္ၿပီးမွ ေဘာလုံးကစားရတာနဲ႔ တူေနတယ္ဆိုၿပီး ေခြၽးစိုမႈအတြက္ အေျဖမပါတဲ့ Technology ကို အျပစ္တင္ ေျပာၾကားထားခဲ့သလို အမ်ိဳးသမီး ကစားသမားေတြကလည္း အဆင္မေျပေၾကာင္း ထုတ္ေဖာ္ထားခဲ့တယ္လို႔လည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.