Premier League UCL&UEL

မန္ခ်က္စတာစီးတီးကို လူတုိင္းက ဆန္႔က်င္ေနၾကတယ္လို႔ ေဝဖန္လုိက္တဲ့ ရစ္ခ်တ္စ္

ဘ႑ာေရးစည္းမ်ဥ္းစည္းကမ္းေတြျဖစ္တဲ့ Financial Fair Play – FFP Rule ကို ခ်ိဳးေဖာက္ခဲ့လို႔ မန္ခ်က္စတာစီးတီးအသင္းကို ယူအီးအက္္ဖ္ေအက (၂)ရာသီ ပြဲပယ္ျပစ္ဒဏ္ခ်ခဲ့ၿပီးေနာက္ ေနာက္ခံလူေဟာင္း မီကာ ရစ္ခ်တ္စ္က တစ္ကမၻာလံုးက လူေတြအေနနဲ႔ သူတို႔အသင္းကို ဆန္႔က်င္ေနၾကတယ္လို႔ ဆိုလိုက္ပါတယ္။

မန္စီးတီးဟာ ပြဲပယ္ျပစ္ဒဏ္ကို အားကစားခုံ႐ုံး CAS မွာ အယူခံ၀င္ထားၿပီး အမွဳေဆာင္အရာရွိခ်ဳပ္ ဖယ္ရန္ ဆိုရီယာႏို ဦးေဆာင္တဲ့ အသင္းအႀကီးအကဲေတြကေတာ့ သူတို႔အေနနဲ႔ တစ္စုံတစ္ရာ အမွားလုပ္ေဆာင္ျခင္း မရွိခဲ့လို႔ အယူခံတင္သြင္းရာမွာ ေအာင္ျမင္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

ရစ္ခ်တ္စ္က “တစ္ကမၻာလံုးက ကၽြန္ေတာ္တို႔ကို ဆန္႔က်င္ေနသလုိ ခံစားရပါတယ္။ ရွိတ္မန္ေဆာ္ရဲ႕ ေငြေတြ စတင္ရင္းႏွီးျမႇဳပ္ႏွံလာကတည္းက ကၽြန္ေတာ္တို႔ဟာ မန္ခ်က္စတာယူႏုိက္တက္ေနာက္တစ္သင္းလို ျဖစ္လာပါတယ္။ ကၽြန္ေတာ္တို႔ဟာ ကိုယ့္ကိုယ္ကို ႏွိမ့္ခ်ဆက္ဆံဖို႔ပဲ ႀကိဳးစားခဲ့ေပမယ့္ ဒီတစ္ႀကိမ္ေတာ့ လူတိုင္းက ဆန္႔က်င္ေနသလို ခံစားရလာရပါတယ္”လို႔ ေျပာပါတယ္။

ဒါ့အျပင္ အသက္ ၃၁ ႏွစ္ အရြယ္အဂၤလန္လက္ေရြးစင္ေဟာင္းက လက္ရွိကစားသမားအစုအဖြဲ႕ဟာ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ခြင့္ရႏိုင္တယ္လို႔လည္း ထင္ျမင္ေနၿပီး ပေရာ္ဖက္ရွင္နယ္ ပီသသူေတြျဖစ္လို႔ ကြင္းတြင္းမွာ အေကာင္းဆုံး ဆက္လက္ကစားၾကမယ္လုိ႔လည္း ယုံၾကည္ထားပါတယ္။

“ဒီကစားသမားအင္အားစုက ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္ေလာက္တဲ့ အင္အားအျပည့္ရွိၿပီးသားပါ။ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈယူႏိုင္တဲ့ စရိုက္လကၡဏာေတြလည္း ရွိပါတယ္။ ကြင္းထဲမွာ ဘာလုပ္ရမလဲကို ေကာင္းေကာင္းသိထားၾကသူေတြျဖစ္ၾကၿပီး ကြင္းျပင္ပအေၾကာင္းကို မစဥ္းစားၾကပါဘူး။ မန္စီးတီးအသင္းတာဝန္ရွိသူေတြ ကိုယ္တိုင္ကလည္း ခ်န္ပီယံလိဂ္ေအာင္ျမင္မႈရဖို႔ ပစ္မွတ္ထားေနၾကၿပီး သူတို႔မွာ ေအာင္ျမင္ႏိုင္တဲ့ အခြင့္အေရးအျပည့္ရွိပါတယ္”လို႔ မီကာ ရစ္ခ်တ္စ္က ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: TRIBAL FOOTBALL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေဖြစ်တဲ့ Financial Fair Play – FFP Rule ကို ချိုးဖောက်ခဲ့လို့ မန်ချက်စတာစီးတီးအသင်းကို ယူအီးအက်ဖ်အေက (၂)ရာသီ ပွဲပယ်ပြစ်ဒဏ်ချခဲ့ပြီးနောက် နောက်ခံလူဟောင်း မီကာ ရစ်ချတ်စ်က တစ်ကမ္ဘာလုံးက လူတွေအနေနဲ့ သူတို့အသင်းကို ဆန့်ကျင်နေကြတယ်လို့ ဆိုလိုက်ပါတယ်။

မန်စီးတီးဟာ ပွဲပယ်ပြစ်ဒဏ်ကို အားကစားခုံရုံး CAS မှာ အယူခံဝင်ထားပြီး အမှုဆောင်အရာရှိချုပ် ဖယ်ရန် ဆိုရီယာနို ဦးဆောင်တဲ့ အသင်းအကြီးအကဲတွေကတော့ သူတို့အနေနဲ့ တစ်စုံတစ်ရာ အမှားလုပ်ဆောင်ခြင်း မရှိခဲ့လို့ အယူခံတင်သွင်းရာမှာ အောင်မြင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ရစ်ချတ်စ်က “တစ်ကမ္ဘာလုံးက ကျွန်တော်တို့ကို ဆန့်ကျင်နေသလို ခံစားရပါတယ်။ ရှိတ်မန်ဆော်ရဲ့ ငွေတွေ စတင်ရင်းနှီးမြှုပ်နှံလာကတည်းက ကျွန်တော်တို့ဟာ မန်ချက်စတာယူနိုက်တက်နောက်တစ်သင်းလို ဖြစ်လာပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို နှိမ့်ချဆက်ဆံဖို့ပဲ ကြိုးစားခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ လူတိုင်းက ဆန့်ကျင်နေသလို ခံစားရလာရပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အသက် ၃၁ နှစ် အရွယ်အင်္ဂလန်လက်ရွေးစင်ဟောင်းက လက်ရှိကစားသမားအစုအဖွဲ့ဟာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရနိုင်တယ်လို့လည်း ထင်မြင်နေပြီး ပရော်ဖက်ရှင်နယ် ပီသသူတွေဖြစ်လို့ ကွင်းတွင်းမှာ အကောင်းဆုံး ဆက်လက်ကစားကြမယ်လို့လည်း ယုံကြည်ထားပါတယ်။

“ဒီကစားသမားအင်အားစုက ချန်ပီယံလိဂ်မှာ အောင်မြင်လောက်တဲ့ အင်အားအပြည့်ရှိပြီးသားပါ။ ချန်ပီယံလိဂ်အောင်မြင်မှုယူနိုင်တဲ့ စရိုက်လက္ခဏာတွေလည်း ရှိပါတယ်။ ကွင်းထဲမှာ ဘာလုပ်ရမလဲကို ကောင်းကောင်းသိထားကြသူတွေဖြစ်ကြပြီး ကွင်းပြင်ပအကြောင်းကို မစဉ်းစားကြပါဘူး။ မန်စီးတီးအသင်းတာဝန်ရှိသူတွေ ကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်အောင်မြင်မှုရဖို့ ပစ်မှတ်ထားနေကြပြီး သူတို့မှာ အောင်မြင်နိုင်တဲ့ အခွင့်အရေးအပြည့်ရှိပါတယ်”လို့ မီကာ ရစ်ချတ်စ်က ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: TRIBAL FOOTBALL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.