Premier League

လန္ဒန္ဒါဘီပြဲကို မ်က္ႏွာဖံုးကာ ဝတ္ဆင္ကစားမယ့္ ခရစၥတင္ဆန္

အီတလီႏုိင္ငံ မီလန္ၿမဳိ႕အထိ သြားေရာက္ခဲ့ၿပီး သူမ်က္ႏွာနဲ႔ အဆင္ေျပမယ့္ မ်က္ႏွာဖံုးအကာတစ္ခုကို သြားေရာက္တပ္ဆင္ေနတယ္လို႔ သတင္းထြက္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးေနာက္ခံလူ အန္ဒရီးယက္စ္ ခရစၥတင္ဆန္ဟာ အခုတစ္ပတ္ ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ကို ပါ၀င္ကစားႏိုင္ေျခရွိတယ္လို႔ သတင္းထြက္လာပါတယ္။

ဒိန္းမတ္လက္ေရြးစင္ေနာက္ခံလူဟာ တနလၤာေန႔ညက ကစားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္နဲ႔ပြဲစဥ္မွာ ၿပိဳင္ဘက္ တုိက္စစ္မွဴး အန္တိုနီ မာစီယယ္လ္နဲ႔ ေဘာလံုးယွဥ္လုရင္း သူ႔မ်က္ႏွာကို တံေတာင္နဲ႔ ထိသြားခဲ့လို႔ ႏွာေခါင္းရိုးက်ဳိး ဒဏ္ရာကို ရရွိသြားခဲ့လည္းျဖစ္ၿပီး ဒီျဖစ္ရပ္ေၾကာင့္ စေနေန႔ လန္ဒန္ဒါဘီပြဲကို သူမပါႏိုင္ေတာ့ဘူးလို႔ေတာင္ သတင္းထြက္ခဲ့ေသးတာပါ။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က အီတလီအထိ သြားေရာက္ၿပီး အထူးကုဆရာ၀န္တစ္ေယာက္နဲ႔ သြားေရာက္ျပသၿပီး ကုသမွဳခံယူခဲ့တယ္လို႔ The Athletic သတင္းဌာနက ေရးသားေဖာ္ျပခဲ့ၿပီး တစ္ဆက္တည္းမွာပဲ သူမ်က္ႏွာနဲ႔ ကိုက္ညီမယ့္ အထူးမ်က္ႏွာဖံုးကာတစ္ခုလည္း ရရွိသြားခဲ့လို႔ အနားယူစရာမလိုဘဲ ၾကာသပေတးေန႔က ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ျပန္လည္ပါ၀င္ႏိုင္ခဲ့ပါတယ္။

ခရစၥတင္ဆန္အေနနဲ႔ မ်က္ႏွာဖံုးကာကို ဘယ္ေလာက္အထိ ၀တ္ကစားရမလဲကိုေတာ့ မသိရေသးဘဲ စိတ္ခ်ရတဲ့ အတုိင္းအတာကာလတစ္ခုအတြင္း သူ႕ရဲ႕ ႏွာေခါင္း႐ိုးအေနနဲ႔ ထိခိုက္မွဳဒဏ္ေတြကို ျပန္လည္ခံႏုိင္ရည္ရွိတဲ့အထိ ဝတ္ဆင္ကစားရႏိုင္တယ္လုိ႔လည္း ခန္႔မွန္းရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း မ်က္ႏွာဖံုးကာ၀တ္ဆင္ၿပီး ကစားခဲ့ရတဲ့ ခ်ဲလ္ဆီးကစားသမားေတြကေတာ့ မ်ားျပားခဲ့ၿပီး ဒီထဲမွာ ပီတာခ်က္၊ ေပၚလို ဖာရဲရား၊ ဂၽြန္တယ္ရီ၊ ဂယ္ရီ ေကးေဟးလ္၊ ဆီဆာ အက္စပီလီေကြတာ၊ နီမန္ဂ်ာ မာတစ္ခ်္၊ ရာမီးရက္စ္၊ ဆက္စ္ ဖာဘရီဂက္စ္၊ ဒမ္ဘာဘား၊ ဖာနန္ဒို ေတာရက္စ္၊ ဒီေယဂို ေကာ္စတာနဲ႔ ပက္ဒ႐ိုတို႔ ပါ၀င္ခဲ့ၿပီး ခရစၥတင္ဆန္ကေတာ့ ေနာက္ဆံုးကစားသမားျဖစ္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
ARSENAL MYANMAR.

UNICODE: အီတလီနိုင်ငံ မီလန်မြို့အထိ သွားရောက်ခဲ့ပြီး သူမျက်နှာနဲ့ အဆင်ပြေမယ့် မျက်နှာဖုံးအကာတစ်ခုကို သွားရောက်တပ်ဆင်နေတယ်လို့ သတင်းထွက်ခဲ့ပြီးနောက် ချဲလ်ဆီးနောက်ခံလူ အန်ဒရီးယက်စ် ခရစ္စတင်ဆန်ဟာ အခုတစ်ပတ် တော့တင်ဟမ်ဟော့စပါးစ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားနိုင်ခြေရှိတယ်လို့ သတင်းထွက်လာပါတယ်။

ဒိန်းမတ်လက်ရွေးစင်နောက်ခံလူဟာ တနင်္လာနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ ပြိုင်ဘက် တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်နဲ့ ဘောလုံးယှဉ်လုရင်း သူ့မျက်နှာကို တံတောင်နဲ့ ထိသွားခဲ့လို့ နှာခေါင်းရိုးကျိုး ဒဏ်ရာကို ရရှိသွားခဲ့လည်းဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် စနေနေ့ လန်ဒန်ဒါဘီပွဲကို သူမပါနိုင်တော့ဘူးလို့တောင် သတင်းထွက်ခဲ့သေးတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အီတလီအထိ သွားရောက်ပြီး အထူးကုဆရာဝန်တစ်ယောက်နဲ့ သွားရောက်ပြသပြီး ကုသမှုခံယူခဲ့တယ်လို့ The Athletic သတင်းဌာနက ရေးသားဖော်ပြခဲ့ပြီး တစ်ဆက်တည်းမှာပဲ သူမျက်နှာနဲ့ ကိုက်ညီမယ့် အထူးမျက်နှာဖုံးကာတစ်ခုလည်း ရရှိသွားခဲ့လို့ အနားယူစရာမလိုဘဲ ကြာသပတေးနေ့က လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပြန်လည်ပါဝင်နိုင်ခဲ့ပါတယ်။

ခရစ္စတင်ဆန်အနေနဲ့ မျက်နှာဖုံးကာကို ဘယ်လောက်အထိ ဝတ်ကစားရမလဲကိုတော့ မသိရသေးဘဲ စိတ်ချရတဲ့ အတိုင်းအတာကာလတစ်ခုအတွင်း သူ့ရဲ့ နှာခေါင်းရိုးအနေနဲ့ ထိခိုက်မှုဒဏ်တွေကို ပြန်လည်ခံနိုင်ရည်ရှိတဲ့အထိ ဝတ်ဆင်ကစားရနိုင်တယ်လို့လည်း ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မျက်နှာဖုံးကာဝတ်ဆင်ပြီး ကစားခဲ့ရတဲ့ ချဲလ်ဆီးကစားသမားတွေကတော့ များပြားခဲ့ပြီး ဒီထဲမှာ ပီတာချက်၊ ပေါ်လို ဖာရဲရား၊ ဂျွန်တယ်ရီ၊ ဂယ်ရီ ကေးဟေးလ်၊ ဆီဆာ အက်စပီလီကွေတာ၊ နီမန်ဂျာ မာတစ်ချ်၊ ရာမီးရက်စ်၊ ဆက်စ် ဖာဘရီဂက်စ်၊ ဒမ်ဘာဘား၊ ဖာနန်ဒို တောရက်စ်၊ ဒီယေဂို ကော်စတာနဲ့ ပက်ဒရိုတို့ ပါဝင်ခဲ့ပြီး ခရစ္စတင်ဆန်ကတော့ နောက်ဆုံးကစားသမားဖြစ်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
ARSENAL MYANMAR.